စန္ဒာဒေဝီ မိဖုရားခေါင်ကြီး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁၅ -
ဦး​အောင်​ဇေယျနှင့်​ မယ်ယွန်း​စံတို့​မှာ ​သွေး​ခြား​သော သူစိမ်း​များ​ မဟုတ်ကြ​ချေ။ ဦး​အောင်​ဇေယျ၏ မိခင် မဟာ​ဒေဝီ ​စောငြိမ်း​ဦး​နှင့်​ မယ်ယွန်း​စံ၏ ဖခင် သီရိရန္တတို့​မှာ ​မောင်နှမ အရင်း​အချာများ​ ဖြစ်ကြသည်။ ထို့​ကြောင့်​ ဦး​အောင်​ဇေယျနှင့်​ မယ်ယွန်း​စံတို့​မှာ ​မောင်နှမ တစ်ဝမ်း​ကွဲလည်း​ ​တော်စပ်​လေသည်။
 
==သား​သမီး​ တစ်ကျိပ်==
 
ဦး​အောင်​ဇေယျနှင့်​ မယ်ယွန်း​စံတို့​မှ သား​သမီး​ တစ်ကျိပ် ထွန်း​ကား​ခဲ့​သည်။ သား​တော် ခုနှစ်ပါး​၊​ သမီး​တော် သုံး​ပါး​ တို့​ ဖြစ်သည်။
ဦး​အောင်​ဇေယျသည် မင်း​အဖြစ်သို့​ရောက်ရှိပြီး​နောက် သား​တော်၊​ သမီး​တော်တို့​ကို မြို့​စား​ ၊​ရွာစား​များ​ပေး​၍ ​မြှောက်စား​ခဲ့​သည်။ အချို့​သား​တော်များ​ ​နောက်ပိုင်း​တွင် မင်း​ဖြစ်ခဲ့​ကြသည်။ မယ်ယွန်း​စံက ဖွား​မြင်​သော သား​တော်၊​ သမီး​တော်များ​ကို အစဉ်အတိုင်း​ ဤသို့​တွေ့​ရသည်။
စာကြောင်း ၂၃ -
# သမီး​တော် သီရိမဟာမင်္ဂလာ​ဒေဝီ - သက္ကရာဇ် ၁၁၀ဝ ပြည့်​နှစ်ဖွား​သည်။ ခမည်း​တော်နှင့်​ ​မောင်​တော် နှစ်ပါး​လက်ထက် ကန်နီမြို့​ကို ကံ​ကျွေး​ခံရသည်။ ရတနာသိင်္ဃမြို့​ တုလွတ်ဘုံသာ​ကျောင်း​ ဒါယိကာမ ဖြစ်သည်။ ငယ်မည်မှာ မယ်သာ။
# သား​တော် သုဓမ္မရာဇာ - သက္ကရာဇ် ၁၁၀၂ ခုနှစ်ဖွား​သည်။ ခမည်း​တော်နှင့်​ ​နောင်​တောင် မင်း​နှစ်ပါး​လက်ထက်၊​ အမြင့်​မြို့​၊​ တလုပ်မြို့​များ​ကို ကံ​ကျွေး​ခံရသည်။ [[စဉ့်ကူးမင်း|ငစဉ့်​ကူး​မင်း​]] လက်ထက် ​ရေမှာ ​ဖျောက်ခံရသည်။ ငယ်မည်မှာ ​မောင်ပိုး​ ဖြစ်သည်။
# သမီး​တော် သီရိမဟာရတနာ​ဒေဝီ - သက္ကရာဇ် ၁၁၀၄ ခု ဖွား​သည်။ ခမည်း​တော်နှင့်​ ​မောင်​တော်နှစ်ပါး​ လက်ထက် မင်း​ခမ်း​မြို့​၊​ [[ဘိုးတော်ဘုရား|ဗဒုံမင်း​]]လက်ထက် ပန်း​တောင်း​မြို့​များ​ကို ကံ​ကျွေး​ခံရသည်။ အဝမြို့​ ဘုံသာစံလွတ်​ကျောင်း​ ဒါယိကာမ ဖြစ်သည်။ ငယ်မည်​တော်မှာ မယ်မြတ်လှ ဖြစ်သည်။
# သား​တော် သတိုး​မင်း​လှ​ရွှေ​ဘော်မှာ ခမည်း​တော်နှင့်​ ​နောင်​တော်နှစ်ပါး​လက်ထက် ဗဒုံ၊​ မြဝတီမြို့​များ​ကို ကံ​ကျွေး​ခံရ၍ ​နောက် မင်း​ဖြစ်​တော်မူသည်။ ငယ်မည်​တော် ​မောင်​ရွှေဝိုင်း​ တွင်သည်။ ဘိုး​တော်ဦး​ဝိုင်း​ဟု လူသိများ​၍ ဘိုး​တော်ဘုရား​ဟု ရာဇဝင်၌ တွင်သည်။
# သမီး​တော် သီရီရတနာမင်္ဂလာ​ဒေဝီမှာ ခမည်း​တော်နှင့်​ ​မောင်​တော်နှစ်ပါး​လက်ထက် အုန်း​တော၊​ ​အောင်သာရွာနှင့်​ စကုမြို့​ကို ကံ​ကျွေး​ခံရသည်။ ကုန်း​ဘောင်​ခေတ်ရာဇဝင်တွင် သီရိမင်္လာရတနာ​ဒေဝီ ဟု ပြသည်။ သက္ကရာဇ် ၁၁၂၉ ခုနှစ်တွင် လွန်သည်။ ငယ်မည်​တော် မယ်အိပ်။