စဉ့်ကူးမင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Migrating 4 interwiki links, now provided by Wikidata on d:q3111338 (translate me)
အရေးမကြီးNo edit summary
စာကြောင်း ၁ -
==စဉ့်​ကူး​မင်း (မြန်မာနှစ်၁၁၁၈-၁၁၄၃)==
'''စဉ့်ကူးမင်း'''သည် [[ကုန်းဘောင်မင်းဆက်]]၏ စတုတ္ထမင်း ဖြစ်သည်။ ဖခင်ဖြစ်သူ [[မြေဒူးမင်း]] (ဆင်ဖြူရှင်) သည် [[အလောင်းမင်းတရား]]ကြီး နတ်ရွာမစံမှီ သားတော်များအစဉ်လိုက် နန်းဆက်ခံရန် မိန့်ကြားခဲ့သည်ကို ပယ်လှန်ကာ သားဖြစ်သူ စဉ့်ကူးမင်းကို ထီးနန်းပေးအပ်ခဲ့သည်။ မိမိနောက်တွင် နန်းတက်ရန်ရှိသည့် ဗဒုံမြို့စား ညီတော် မောင်ဝိုင်း (နောင်တွင်[[ဘိုးတော်ဘုရား|ဗဒုံမင်း]]) အား နန်းတွင်းမှ နှင်ထုတ်ကာထားခဲ့သည်။ စဉ့်ကူးမင်း အညာသီဟတောဘုရား သို့ဘုရားဖူးထွက်စဉ်တွင် အစ်ကိုဝမ်းကွဲတော်သူ နောင်တော်ကြီးမင်း၏ သား [[ဖောင်းကားစား မောင်မောင်]]က ဘုရင်အယောင်ဆောင်ပြီး နန်းတွင်းသို့ဝင်ရောက်ကာ နန်းလုခဲ့သဖြင့် နန်းကျရသည်။ ၇ ရက်အကြာတွင် မောင်မောင်အား ဘိုးတော်ဘုရား လုပ်ကြံနန်းချပြီးနောက်တွင် ဖမ်းမိပြီး ကွပ်မျက်ခဲ့သည့်အတွက် စဉ့်ကူးမင်း ကံကုန်သည်။
'''စဉ့်ကူးမင်း'''သည် [[ကုန်းဘောင်မင်းဆက်]]၏ စတုတ္ထမင်း ဖြစ်သည်။
 
ရတနာပူရမြို့​တည် [[မြေဒူးမင်း]] (ဆင်ဖြူရှင်)မင်း​တရား​ကြီး​နှင့်​မိဖုရား​ခေါင်တွင် မြင်သည့်​သား​တော်ဖြစ်ပြီး​ သက္ကရာဇ် ၁၁၁၈ ခု၊​ကဆုန်လဆန်း​(၁၂)ရက် (ခရစ်၁၇၅၆ခု၊​မေလ၁ဝရက်) တနင်္လာ​နေ့​ နံနက်(၄)ချက်တီး​ကျော် မိဿတွင်ဗုဒ္ဓဟူး​၊ ​ပြိဿတွင် တနင်္ဂ​နွေ၊ ​မေထုန်တွင်လဂ်နှင့်​သောကြာ၊ ​ကရကဋ်တွင်အင်္ဂါ၊ ​သိဟ်တွင်ရာဟု၊ ​ကန်တွင်စန်း​နှင့်​ကြာသပ​တေး​ကြိုက်၍ ဖွား​တော်မူသည်။ ဖခင်ဖြစ်သူ [[မြေဒူးမင်း]] (ဆင်ဖြူရှင်) သည် [[အလောင်းမင်းတရား]]ကြီး နတ်ရွာမစံမှီ သားတော်များအစဉ်လိုက် နန်းဆက်ခံရန် မိန့်ကြားခဲ့သည်ကို ပယ်လှန်ကာ သားဖြစ်သူ စဉ့်ကူးမင်းကို ထီးနန်းပေးအပ်ခဲ့သည်။ မိမိနောက်တွင် နန်းတက်ရန်ရှိသည့် ဗဒုံမြို့စား ညီတော် မောင်ဝိုင်း (နောင်တွင် [[ဘိုးတော်ဘုရား|ဗဒုံမင်း]]) အား နန်းတွင်းမှ နှင်ထုတ်ကာထားခဲ့သည်။
{{Template:ကုန်းဘောင်ခေတ်}}
 
 
ခမည်း​တော် ဆင်ဖြူရှင်မင်း​တရား​သည် သက္ကရာဇ် ၁၁၃၈ ခုနှစ် နယုန်လပြည့်ကျော် ၉ ရက် တနင်္ဂနွေနေ့တွင် သက်တော် ၃၉ နှစ် ၁ဝ လအရွယ်၌၊ နတ်ရွာစံတော်မူလေသည်။
၎င်းနှစ် ပြာသိုလဆန်း​(၁၅)ရက်၊ ​တနင်္လာ​နေ့​တွင် ထီး​ဆောင်း​မင်္ဂလာ မဟာဦး​ကင်း​သ ဖွင့်​တော်မူကာ ရာဇဘိ​သေကခံ၍ '''မဟာဓမ္မရာဇာဓိရာဇာ''' တံဆိပ်နာမ​တော်ကို ခံယူ​တော်မူသည်။ မင်း​စည်း​စိမ်(၅)နှစ်နှင့်​ (၈)လ၊ ​သက်​တော်(၂၅)နှစ် (၈)လ​ ရောက်လတ်​သော် အာစရဝိပ္ပတ္တိဖြင့် ​နန်း​ကျ၍ သက္ကရာဇ် ၁၁၄၃ ခု၊ ​တ​ပေါင်း​လဆန်း​ (၄)ရက်​နေ့​တွင် ဆဒ္ဒါဆင်မင်း ​သခင် (ဘိုး​တော်ဘုရား​)မင်း​တရား​ကြီး​က ​ရေမှာ​ဖျောက်​တော်မူသည်။
 
 
စဉ့်ကူးမင်း အညာသီဟတောဘုရား သို့ဘုရားဖူးထွက်စဉ်တွင် အစ်ကိုဝမ်းကွဲတော်သူ နောင်တော်ကြီးမင်း၏ သား [[ဖောင်းကားစား မောင်မောင်]]က ဘုရင် အယောင်ဆောင်ပြီး နန်းတွင်းသို့ ဝင်ရောက်ကာ နန်းလုခဲ့သဖြင့် နန်းကျရသည်။ ၇ ရက်အကြာတွင် မောင်မောင်အား ဘိုးတော်ဘုရား လုပ်ကြံနန်းချပြီးနောက်တွင် ဖမ်းမိပြီး ကွပ်မျက်ခဲ့သည့်အတွက် စဉ့်ကူးမင်း ကံကုန်သည်။ ထိုမင်း​နန်း​ကျလို​သော် ​တောင်အရပ်က လိပ်ပြာ မိုး​လုံး​ပြည့်​မျှ ပျံလာ၍ မြစ်​မြောက်ဘက်သို့​ ကူး​၏။ မြို့​ရိုး​တံခါး​တွင် ဆင်ရိုင်း​ကျ၍ ​သေ၏။ တံခွန်ပြ၏။ တစ်မိုး​လုံး​ သွေး​ပေါက်ကဲ့​သို့​ ခြင်း​ခြင်း​နီ၏။ မြို့​ရိုး​ပတ်လည် အစိတ်စိတ်ကွဲ၏။ ပင်း​ယ​ ရွှေစည်း​ခုံပြို၏။ ​
 
==မိဖုရားများ==
===မိဖုရား​ခေါင်===
စဉ့်​ကူး​မင်း​၏ မိဖုရား​ခေါင်ကြီး​ကား ​မြင်း​စုကြီး​ဝန်သမီး ​စစ်ကိုင်း​မြို့​စား​ သီရိနန္ဒာ​ဒေဝီဘွဲ့​ခံ ရှင်ဘွား​နှင့်​ ကျီဝန်အတွင်း​ဝန်မင်း​ကြီး ​နန္ဒ​ကျော်ထင်ဘွဲ့​ခံ​ မောင်ထွန်း​တို့​ သင့်​မြတ်ရာတွင် သက္ကရာဇ် ၁၁၂ဝပြည့်​နှစ်တွင်မြင်သည့်​ သမီး​တော် ရှင်မင်း ​ဖြစ်သည်။ ၁၁၃၈ ခု မဟာရတနာ​ဒေဝီအမည်နှင့် ​ဘိသိက်ခံ​တော်မူသည်။ ထိုမိဖုရား​သည် သက္ကရာဇ် ၁၁၃၉ ခု၊ တ​ပေါင်း​လဆန်း​၅ရက် စစ်ကိုင်း​ဘက် ​ကျောက်စံက​တော်​ကျောင်း​ရာတွင် အလုပ်အ​ဆောင်ဆန်း​ကြယ်​သော​ကျောင်း​ကို​ဆောက်၍ ရတနာစံလွှသမုတ်ပြီး​လျှင်
မင်း​ဘူး​ဆရာ​တော် ရှင်ကလျာဏအား​ တင်လှူသည်။ ​မောင်​တော် စဉ့်​ကူး​မင်း ​ရေ​ဖျောက်ခံရပြီး​နောက် ဘိုး​တော်ဘုရား​မင်း​တရား​ကြီး​က အသည်ဝန်ကြီး​က​တော် မယ်တလိုင်း​ထံအပ်၍ ဆင်း​ရဲကြီး​စွာဖြင့်​ ကံကုန်ခဲ့​ရ​လေသည်။ ယင်း​မိဖုရား​ခေါင်ကြီး​မှ သမီး​တော် မင်း​ရွှေနှစ် မြင်ခဲ့​သည်။ ခမည်း​တော် အထွတ်အမြတ်​ရောက်စဉ်က [[ပင်း​ယမြို့]]ကို ကံ​ကျွေး​ခံသည်။ ​နောက်ခမည်း​တော် စဉ့်​ကူး​မင်း​နှင့် ​အတူ​ ရေမှာ ​ဖျောက်ခံရ​လေသည်။
 
===အခြား​မိဖုရား​များ===
*စဉ့်​ကူး​မင်း​၏ ပထမ​မြောက်နန်း​မိဖုရား​ သီရိမင်္ဂလာ​ဒေဝီ ဖြစ်သည်။ စည်ပုတ္တရာ​ ရွှေကာတ​ထောင်မှူး​ မင်း​သီရိရန္တဇ သမီး​ရှင်နှိုင်း​စံနှင့်​ ရတနာသိင်္ဃမြို့​ဝန်သတိုး​မဟာသခင်္ယာတို့​ သင့်​မြတ်ရာတွင် မြင်သည့်​ သမီး​တော် မယ်တလိုင်း​နှင့်​ အသည်ဝန်ကြီး ​မဟာသီဟသူရတို့​၏ သမီး​ဖြစ်သည်။ သက္ကရာဇ် ၁၁၃၈ ခု​ မြောက်နန်း​တင်၍ သီရိမဟာမင်္ဂလာ ​ဒေဝီ အမည်ကို သမုတ်​တော်မူသည်။ ​နောက်နန်း​ကချ၍ အဖအိမ်မှာ ထား​သည်။ ​နောက်သက္ကရာဇ် ၁၁၃၉ခု၊ ​ဝါဆိုလဆန်း​(၁၄)ရက်​နေ့​တွင် အမျက်​တော်ရှိပြန်၍​ ရေမှာ​ဖျောက်ခံရသည်။
 
*စဉ့်​ကူး​မင်း​၏ ဒုတိယ​မြောက်နန်း​မိဖုရား​မှာ ခမည်း​တော်ကို ကိုယ်လုပ်​တော်အ​ဆောင်မြဲ​ မောင်ကျိုင်း​သမီး ​ဖြစ်သည်။ ငစဉ့်​ကူး​မင်း ​နန်း​ကျလျင် ဘိုး​တော်ဘုရား​လက်ထက် အသည်ဝန်ကြီး​က​တော် မယ်တလိုင်း​သို့ ​အပ်ရာ ဆင်း​ရဲကြီး​စွာ​ရောက်၍ ကံကုန်​လေသည်။ သမီး​တော်တစ်ပါး ​ထွန်း​သော်လည်း​ငယ်က လွန်သည်။
 
*အလယ်နန်း​မိဖုရား​ သီရိမဟာနန္ဒာ​ဒေဝီမှာ ဒုတိယ​မြောက်နန်း​မိဖုရား၏​ညီမ​တော် ရှင်မင်း​သာ ဖြစ်သည်။ အစ်မ​တော်နှင့်​အတူ ကံ​တော်ကုန်သည်။ သမီး​တော်တစ်ပါး ​မြင်၍ ငယ်မည်မှာ ရှင်မင်း​ဖြူ ဖြစ်သည်။ ​
 
*မြောက်နန်း​မိဖုရား ​မြနန်း​ရှင်မှာ ခမည်း​တော်ဘုရား ​သမီး​တော် သီရိပဘာ​ဒေဝီဘွဲ့​ခံ သခင်မင်း​မိ ဖြစ်သည်။ ၎င်းကို ၁၁၄၃ ခု၊ ​နတ်​တော်လဆန်း​(၁၃)ရက်​နေ့​တွင် ဗဒုံမင်း​(ဘိုး​တော်ဘုရား​)က နန်း​တင်၍ မြနန်း​ရှင်သမုတ်​တော်မူသည်။
 
===ကိုယ်လုပ်​တော် မိဖုရား​ငယ်များ===
*ကိုယ်လုပ်​တော် မြတ်စွာ​ဒေဝီမှာ​ တော်ဝန်​နေမျိုး​နန္ဒမိတ်သမီး ​ဖြစ်သည်။ ၎င်းက သား​တော်​မောင်ကြီး​(ဇလွန်မြို့​စား​)မြင်၍ ခမည်း​တော်နှင့်​အတူ​ ရေမှာ ​ဖျောက်ခံရသည်။
*ကိုယ်လုပ်​တော် သီရိ​ဒေဝီမှာ ယိုး​ဒယား​ဝန်​ ကျောက်​ခေါင်း​ရွာသူသမီး​ (​တောင်တွင်း​ကြီး​မြို့​စား​) ဖြစ်သည်။ ခမည်း​တော်နှင့်​အတူ​ ရေမှာ ​ဖျောက်ခံရသည်။
*ကိုယ်လုပ်​တော် ပဒုမ္မ​ဟေမှာ​ လှေသင်း​ဝန်​ ဒေဝ​ရွှေ​တောင်သမီး​ (​မြေဒူး​မြို့​စား​) ဖြစ်သည်။ ၎င်းမှ သား​တော်​ မောင်ကြယ်(စကုမြို့​စား​) မြင်၍ ခမည်း​တော်နှင့်​အတူ ကံကုန်သည်။
*ကိုယ်လုပ်​တော်ပဏ္ဏဝတီမှာ အ​နောက်ဝင်မှူး​နေမျိုး​သူ၏ သမီး​ဖြစ်ပြီး ​၎င်းမှ သား​တော်​ မောင်ကလယ်(ပဌနဂိုရ်မြို့​စား​)မြင်သည်။ ခမည်း​တော်နှင့်​အတူ ကံကုန်သည်။ *ကိုယ်လုပ်​တော် စန္ဒာ​ဒေဝီမှာ ကျီစိုး​သမီး​ဖြစ်သည်။ ၎င်းမှ သား​တော်တစ်ပါး​မြင်၍ ငယ်ကလွန်သည်။
 
 
စဉ့်​ကူး​မင်း​သည် နန်း​ရမိဖုရား​မှ သား​တော်(၅)ပါး​၊​ သမီး​တော်(၃)ပါး​မြင်၍ ကိုယ်လုပ်​တော်မိဖုရား​ငယ်များ​မှ သား​တော်(၆)ပါး​၊ ​သမီး​(၃)ပါး​၊​ ပေါင်း ​သား​တော်၊​ သမီး​တော်(၁၇)ပါး​ ထွန်း​ကား​ခဲ့​သည်။
 
==ကောင်း​မှု​များ==
ကောင်း​မှု​တော်ကား ​တော်​တောင်မိုး​ထိ​ကျောင်း​ နေရာ​ဟောင်း​တွင် အလျား​သံ(၁၂၅)​တောင်၊​(၁)မိုက်၊​ အနံ(၁၀ဝ)အလွန်ရှိ​သော ဥကင်ရာဇပလ္လင်ဂန္ဓကုဋီ​ကျောင်း​ဦး​ပြသာဒ်၊​ လှေကား​(၇)စင်း​၊ ​ဘုံ(၅)ဆင့်​ရှိ​သော မဟာမင်္ဂလာ​ရွှေဘုံ​ ရွှေ​ကျောင်း​တော်ကြီး​ကို​ဆောက်လုပ်၍ ထန်း​တပင်ဆရာ​တော် ရှင်နန္ဒ​မေဓာအား​ တိပိဋကလင်္ကာရသာမိ မဟာဓမ္မရာဇာဓိရာဇာဂုရု ဟူ​သောတံဆိပ်နာမံနှင့်​ တင်လှူ​တော်မူ၍ ​ကျောင်း​တော်ကိုလည်း​’မဟာမင်္ဂလာ​ရွှေဘုံ’ သမုတ်​တော်မူသည်။ ထို့​ပြင်​ လောကသရဖူဘုရား​ အ​ရှေ့​ရှေး​ကျောင်း​ဟောင်း​နေရာတွင်လည်း ​ကျောင်း​ဦး​ပြသာဒ် နှစ်​ဆောင်နှင့်​တကွ ​လေး​ထပ်​ဇေတဝန်​ကျောင်း​တော်​ ဆောက်၍ ’ဘုံ​ကျော်​ဝေယံ’သမုတ်​တော်မူပြီး​လျှင် ဆုံတား​ဆရာ​တော် ရှင်နန္ဒမာလာအား ​နရိန္ဒာဘိဓဇဓမ္မရာဇာရဇ ဂုရု ဟူ​သောတံဆိပ်နာမံနှင့်​တကွ လှူ​တော်မူသည်။ ထိုမှအပအခြား​ ကုသိုလ်​ကောင်း​မှု အစုစုကား​များ​ပြား​လှ​ပေသည်။ ၁၁၄ဝ ပြည့်​နှစ်တွင်ရန်ကုန်သို့​ဆင်း​လာ၍ ​ရွှေတိဂုံ​စေတီ​တော်ကို ​ရွှေချပြီး​လျှင် ယခုအ​နောက်​မြောက် ရာဟု​ထောင့်​တွင်ရှိ​သော ​ကြေး​ချိန်ပိသာ(၁၅၅၅၅)ရှိသည့်​ ’မဟာဃဏ်ဍ’​ခေါင်း​လောင်း​ကြီး​ကို လှူဒါန်း​လေသည်။
 
 
စဉ့်​ကူး​မင်း​ အ​ကြောင်း​ကို ရာဇဝင်အ​စောင်​စောင်၌ ဤမင်း​လက်ထက် စစ်မဖြစ်။ နိုင်ငံ​အေး​ချမ်း ​သလိုရှိ၏။ သို့​သော် စဉ့်​ကူး​မင်း​သည် မှူး​ငယ်မတ်ငယ် မိဖုရား​ငယ်တို့​နှင့်​သာ​ပျော်ပါး​နေကြာင်း​၊ ​အရက်​သေစာ ​သောက်စား​ပျော်ရွှင်​နေတတ်၍​ အေး​ချမ်း​ရာ၌ အံတိုက်၊ ​ကြက်တိုက်၊ ​ငါး​မျှား​နေတတ်​ကြောင်း​နှင့်​ ဘုရား​ပုထိုး​များ​သို့​ လှည့်​လည်ဖူး​မြော်​နေတတ်​ကြောင်း​၊ ​အရည်အချင်း​ ညံ့​ဖျင်း​သောမင်း​ဟူ၍သာ ​ဖော်ပြထား​လေသည်။
 
==ကျမ်း​ကိုး​စာရင်း​==
<references/>
*(က) စာ​ရေး​တော်ကြီး​ ဦး​ရာ​ကျော်၊​ မြန်မာမဟာမင်္ဂလာ မင်း​ခမ်း​တော်၊​ ရန်ကုန်၊​ ပုညစာ​ပေတိုက်၊​ ပကြိမ်၊​ ၁၉၆၈ ခု၊ ​စာ၂၁၉၊​၂၂၂။
*(ခ) ဆင်ဖြူရှင်မင်း​၊​ ငစဉ့်​ကူး​မင်း​၊ ​ဘိုး​တော်ဘုရား​၊​ သား​တော် အိမ်​ရှေ့​မင်း​သား​တို့​၏ မိဖုရား​၊​ သား​တော်၊​ သမီး​တော်များ​စာရင်း​ (လက်နှိပ်စက်)၊​ ရန်ကုန်၊​ တက္ကသိုလ်များ​သမိုင်း​၊​သု​တေသနဌာနစာကြည့်​တိုက်၊​ တိုက်ပိုင်အမှတ် ၁၇၇၄၆၊ ​စာ၅-၇။
 
 
 
{{Template:ကုန်းဘောင်ခေတ်}}
[[Category:ကုန်းဘောင် မင်းဆက်]]
[[Category:ကုန်းဘောင်ခေတ်]]