ကုန်းဘောင်မင်းဆက်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎သုံးသပ်ချက်
No edit summary
စာကြောင်း ၁ -
==ကုန်းဘောင်မင်းဆက်==
===ဖြစ်ပေါ်လာပုံ===
ခရစ် ၁၇၅၂ ခု ၊​ မတ်လ (၁၁) ရက်​နေ့​တွင် ​ညောင်ရမ်း​မင်း​ဆက်၏​နောက်ဆုံး​မင်း​ မဟာဓမ္မရာဇာဓိပတိ ခရစ်(၁၇၃၃-၅၂) နှင့်​ မိဘုရား​တို့​ ဟံသာဝတီသို့​ပါ​တော်မူပြီး​နောက် မြန်မာ့​နိုင်ငံ​ရေး​အ​ခြေအ​နေသည် ပျက်ယွင်း​သွား​ခဲ့​ရ​လေသည်။ နိုင်ငံ​ရေး​အ​ခြေအ​နေပျက်ပြား​သည်နှင့်​အမျှ ​ခေတ်ကို အမှီပြု၍​နေရ​သော စီး​ပွား​ရေး​၊​ ယဉ်​ကျေး​မှု စသည်တို့​လည်း​ အရှိန်တန့်​သွား​ကာ မြန်မာတစ်နိုင်ငံလုံး​သည် အစုအစည်း​မဲ့​သော အ​ခြေအ​နေသို့​ ​ရောက်ရှိခဲ့​တော့​သည်။ သို့​ကလို အဘက်ဘက်မှ ယိုယွင်း​ပျက်စီး​ပြိုလဲ​နေ​သော နိုင်ငံ​တော်ကြီး​ကို တတိယအကြိမ် တလုံး​တစည်း​တည်း​ စုစည်း​တည်​ထောင် စုရုံး​နိုင်ခဲ့​သူမှာ မုဆိုး​ဖို (​ရွှေဘို)မှ ရွာသူကြီး​ ဦး​အောင်​ဇေယျ (​ခေါ်) အ​လောင်း​မင်း​တရား​ကြီး​ ဖြစ်သည်။ ပုဂံ​ခေတ်တွင် အ​နော်ရထာမင်း​မြတ်သည် ပထမဦး​စွာ မြန်မာနိုင်ငံ​တော်ကို စည်း​ရုံး​နိုင်ခဲ့​သည့်​အပြင် အိမ်နီး​ချင်း​နိုင်ငံများ​ကိုပါ သိမ်း​သွင်း​ခဲ့​၍ အ​ရှေ့​တောင်အာရှတွင် မြန်မာ့​အာဏာဆက်သည် ကျယ်ပြန့်​ခဲ့​သည်။ အလား​တူပင် ဒုတိယအကြိမ် ဘုရင့်​နောင်မင်း​တရား​ကြီး​နှင့်​ တတိယအကြိမ် အ​လောင်း​မင်း​တရား​တို့​သည်လည်း ​ပထမအကြိမ် အ​နော်ရထာမင်း​မြတ်ကဲ့​သို့​ပင် နိုင်ငံ​တော်ကြီး​ကို စည်း​ရုံး​နိုင်ခဲ့​သည့်​အပြင် မြန်မာနိုင်ငံ​တော်၏ အာဏာဆက်ကိုလည်း​ ကျယ်ပြန့်​နိုင်ခဲ့​ကြသည်။
 
အင်း​ဝ​နေပြည်​တော်မပျက်မီကပင် မုဆိုး​ဖိုရွာတွင် ဦး​အောင်​ဇေယျသည် ရွာ၏ အကြီး​အကဲပုဂ္ဂိုလ်တစ်ဦး​ဖြစ်သည်။ ဦး​အောင်​ဇေယျသည် ပုဂံမင်း​မျိုး​ မိုး​ညင်း​မင်း​တရား​အဆက် မုဆိုး​ဖိုရွာသား​ဖြစ်ပြီး​ သူ၏ ​ဆွေမျိုး​စုတွင်အကြီး​အကဲ ဩဇာအာဏာရှိသူ ဖြစ်သည်။ သတင်း​ထင်​ပေါ်ခဲ့​၍ အင်း​ဝပျက်ပြီး​သောအခါ ၁၇၅၂ ခု ၊​ ဧပြီလ (၉)ရက်​နေ့​တွင် မုဆိုး​ဖိုမြို့​သူကြီး​ ဦး​အောင်း​ဇေယျထံသို့​ မွန်အင်အား​စု လာ​ရောင် သစ္စာ​ပေး​သည်။ တစ်​နေ့​တည်း​မှာပင် ​ကွေ့​မင်း​ဂုဏ္ဏအိန်အဖွဲ့​လည်း​ လာ​ရောက် သစ္စာ​ပေး​သည်။ ယင်း​သို့​ သစ္စာ​ပေး​သည်ကို ဥပါယ်တံမျဉ်ဖြင့်​ ငြင်း​ပယ်၍ခရစ် ၁၇၅၂ ခု ၊​ ဧပြီလ (၁၇)ရက်​နေ့​ မြို့​သူကြီး​ ဦး​အောင်​ဇေယျသည် အ​လောင်း​မင်း​တရား​ဘွဲ့​ဖြင့်​ ကုန်း​ဘောင်မင်း​ဆက်၏ ပထမဆုံး​ဘုရင်အဖြစ် ခံယူခဲ့​လေသည်။ သို့​ကလို ကုန်း​ဘောင်း​မင်း​ဆက်ကို မြန်မာသက်ကရာဇ် ၁၁၁၅ ခုနှစ် တွင် တည်​ထောင်သည်ကို အမှတ်ရလွယ်ကူ​စေရန် '''ဥဩ​အော်မြည် ကုန်း​ဘောင်တည်''' ဟူ၍ မှတ်သား​ထား​ခဲ့​ကြ​လေသည်။
===ဘာကြောင့်ခေါ်===
ကုန်းဘောင်မင်း ၁၁-ဆက် ရှိသည်။ ဒေဝဒဟ ကောလိယ ကပ္ပိလမှ ဆက်၍ အထက်အညာ တကောင်း သရေခေတ္တရာ, ပုဂံ, မြင်စိုင်း, ပင်းယ, အဝ(အင်းဝ), တိုင်အောင် သာကီနွယ်ရိုး သတိုးအဆက်ဆက်မှ ဆင်းသက်ကာ ညောင်ရမ်းဆယ်ဆက်မြောက်မင်းဖြစ်သော ဟံသာဝတီပါမင်းတရားကြီးလက်ထက် ရတနာပူရ အဝနေပြည်တော်ကြီး၌ သာကီနွယ်ရိုး သတိုးမင်းဆက်ပြတ်သွားပေရာ သင်္ဘော လှေဖေါင်ကြီးနှင့်ကမ်းပါး ကွာခြားပြတ်ကင်းနေရာတွင် တံတားကုန်းဘောင်သဖွယ် ဆက်သွယ်ပေးနိုင်သော အလောင်းမင်းတရားကြီးဖွားမြင်ရာ ဌာနကိုပင် ဗေဒင်ကျမ်းအရ ဓါတ်မြတ်ဓါတ်ထူးဖြစ်သော ''ဂဗ္ဘေ'' ဓါတ်ရိုက်၍ ''ကုန်းဘောင်'' မြို့တော်ဟု သမုတ်လေသည်။
 
ဦး​မောင်​မောင်တင် (K.S.M.A.T.M) ပြုစု​သော '​ရွှေနန်း​သုံး​ ​ဝေါဟာရအဘိဓာန်' တွင် 'ကုန်း​ဘောင်မြို့​'​ခေါ်​ဝေါ်ခြင်း​အ​ကြောင်း​ကား​ မုဆိုး​ဖိုမြို့​အ​ရှေ့​ အ​လောင်း​စည်သူမင်း​တည်ထား​ခဲ့​သော ကုန်း​ဘောင်ရိုး​၊​ ​တောင်​မြောက်တန်း​လျက်ရှိ​သော ကုန်း​ဘောင်ရိုး​ကိုစွဲ၍ ​ခေါ်​ဝေါ်ခြင်း​ ဖြစ်သည်ဟု ​ဖော်ပြပါရှိသည်။ ကုန်း​ဘောင်ပြည်ကြီး​ဟူ၍လည်း​ ​ကျော်​စောထင်ရှား​ခဲ့​သည်။ အ​လောင်မင်း​တရား​ကြီး​မှသည် သီ​ပေါမင်း​တိုင်​အောင် ဤကုန်း​ဘောင်မင်း​ ဦး​အောင်​ဇေယျမှ စတင် ​ပေါက်ဖွား​ခဲ့​ခြင်း​ ဖြစ်၍ ' ကုန်း​ဘောင်ဆယ့်​တစ်ဆက်' ဟူ၍ သုံး​နှုန်း​လေ့​ရှိကြသည်။ ကုန်း​ဘောင်ဟု​ခေါ်ခြင်း​ အခြား​အ​ကြောင်း​မှာ အ​လောင်း​မင်း​တရား​ကြီး​၏ ဘိုး​တော်ဘီ​တော်အနွယ်ကား​ မဟာသမ္မဓမင်း​မှစ၍ အာဒိစ်စဝံသခတ်တိအနွယ်လာ သာကီဝင်မင်း​တို့​၏ အဆက်အနွယ်​တော်ဖြစ်​ပေသည်။ ထိုမင်း​ဆက်ကို ဟံသာဝတီမင်း​ကို ဖျက်ပြန်​လေ​သော​ကြောင့်​ သကျနန်း​ရိုး​ သတိုး​အနွယ်​တော် ပျက်​လေသည်။ ဟံသာဝတီမွန်မင်း​တို့​ကား​ ​ရေနှင့်​တူ၏။ ထို​ရေကိုဖြတ်သန်း​လွှမ်း​မိုး​၍ အ​လောင်း​မင်း​တရား​ကြီး​၏ ​ရွှေဘုန်း​တော်ဖြင့်​ အထက်က သကျနန်း​ရိုး​ သတိုး​အနွယ်​တော်ကို ဆက်ပြန်သည်ဖြစ်၍ အ​လောင်း​မင်း​တရား​ကြီး​ကား​ 'ကုန်း​ဘောင်' နှင့်​တူသဖြင့်​ မင်း​တရား​ကြီး​၏ သား​တော်အစဉ် ​မြေး​တော်အဆက်ကို'ကုန်း​ဘောင်မင်း​ဆက်' ဟု ​နောင်အခါ ထင်ရှား​လာသည်။
ထို ကုန်းဘောင်မင်း ၁၁-ဆက်တို့ကို အကျဉ်းမျှပြဆိုပါမည်။
===ကုန်း​ဘောင်မင်း​ဆက် လင်္ကာ===
ကုန်း​ဘောင်မင်း​ဆက်မှာ အ​လောင်း​မင်း​တရား​ကြီး​ နန်း​တက်​သော သက္ကရာဇ် ၁၁၁၅ခု (ခရစ် ၁၇၅၃ ခုနှစ်) မှ ကုန်း​ဘောင်မင်း​ဆက် (၁၁)ဆက် ​မြောက်ဖြစ်​သော သီ​ပေါမင်း​တရား​ အင်္ဂလိပ်လက်သို့​ပါ​တော်မူ​သော သက္ကရာဇ် ၁၂၇၄ ခု(ခရစ် ၁၈၈၅ ခု) အထိ နှစ်​ပေါင်း​ (၁၃၂) နှစ်ကာလကို '''ကုန်း​ဘောင်​ခေတ်''' ဟူ၍ ပိုင်ခြား​ သတ်မှတ်ခဲ့​ကြသည်။
ကုန်း​ဘောင်မင်း​ဆက်တို့​၏ နန်း​တက်နှစ်နှင့်​ နန်း​သက်ကို ​နောင်လာ​နောက်သား​တို့​ အလွယ်တကူမှတ်မိ​စေရန် ရည်ရွယ်၍ လင်္ကာဖြင့်​ မှတ်တမ်း​တင်ထား​လေသည်။
<blockquote>
# '''အ-အာ-​အောင်လား​၊​လောင်း​ဘုရား​၊​ ​ရွှေဘိုရှစ်နှစ်ထား'''​ (၁၁၁၄ ခုနှစ်တွင် အ​လောင်း​မင်း​တရား​ ဦး​အောင်​ဇေယျသည် နန်း​တက်၍ ​ရွှေဘိုတွင် ရှစ်နှစ်နန်း​စံသည်)
# '''အိမ်-အား​- ကျား​ခေါ် ၊​ သား​နောင်​တော် ၊​သုံး​နှစ်​ရွှေဘို​ပျော်''' (၁၁၂၂ ခုနှစ်တွင် သား​ဖြစ်သူ​နောင်​တော်နန်း​တက်၍ ​ရွှေဘိုတွင် ၃ နှစ် နန်း​စံသည်)
# '''ဦး​-​အောင်-ချီ-မူ၊​ ညီဆင်ဖြူ၊​ ဆယ့်​သုံး​ရွှေဘိုအင်း​ဝယူ''' (၁၁၂၅ ခုတွင် ညီ​တော်ဆင်ဖြူရှင် ​ရွှေဘိုနှင့်​အင်း​ဝတစ်လှည့်​စီ ၁၃ နှစ်နန်း​စံသည်)
# '''အုံ-အူ-စား​-ရူး​၊​ သား​စဉ့်​ကူး၊ ​ငါး​နှစ် အင်း​ဝမြူး​။''' (၁၁၃၈ ခုတွင် သား​တော် စဉ့်​ကူး​မင်း​ အင်း​ဝတွင်၅ နှစ်နန်း​စံ သည်)
# '''အိမ်-ဦး​၊​ ​လှော်-ဆား​၊​ ​နောင်​တော်သား​ရက်​မောင်​မောင် အင်း​ဝထား​။'''(၁၁၄၃ ခုတွင် ​နောင်​တော်ကြီး​မင်း​၏သား ​(​ဖောင်း​ကား​စား​မောင်​မောင် အင်း​ဝတွင် ၇ ရက် နန်း​စံသည်)
# '''လောင်း​ဘုရား​သား​ဘိုး​တော်ကား​ ထိုနှစ်​တောင်မြို့​သွား​( သုံး​ဆယ့်​ရှစ်နှစ်)ထား​။'''(၁၁၄၃ ခု တွင်အ​လောင်း​ဘုရား​၏သား​ ဘိုး​တော်မင်း​သည် ​တောင်မြို့​ (အမရပူရ) တွင် ၃၈ နှစ် နန်း​စံသည်)
# '''အုံး​-အား​- ​ရေး​- အီး​၊​မြေး​ဘကြီး​၊​ ဆယ့်​ရှစ်အင်း​ဝမှီး​။'''(၁၁၈၁ ခုနှစ် ​မြေး​တော်ဘကြီး​တော်မင်း​သည် အင်း​ဝတွင် ၁၈ နှစ် နန်း​စံသည်)
# ​'''အောင့်​-အီး​-ဟီ-​ဟောင် ညီကုန်း​ဘောင် ၊​ ကိုး​နှစ်မြို့​ရှောင်''' (၁၁၉၉ ခုတွင် ညီ​တော်ကုန်း​ဘောင်မင်း​သည် ​တောင်မြို့​(အမရပူရ)​တွင် ၉ နှစ် နန်း​စံသည်)
# '''အ​ခေါင်နား​ရန်၊​ သား​ပုဂံ၊​ ​ခြောက်နှစ်​တောင်မြို့​ခံ။''' (၁၂၀၈ ခုတွင် သား​တော် ပုဂံမင်း​သည် ​တောင်မြို့(အမရပူရ)​တွင် ၆ နှစ် နန်း​စံသည်)
# '''အင်း​-ကံ-အား​လုံး​၊​ ညီမင်း​တုန်း​ (ဆ- ဝီ) မန်း​မြို့​ကုန်း​''' (၁၂၁၄ ခုတွင် ညီ​တော် မင်း​တုန်း​မင်း​သည် မန္တ​လေး​တွင် ၂၆ နှစ် နန်း​စံသည်)
# '''အုတ်-ကုန်း​-လူ​နှော၊​ သား​သီ​ပေါ ခွန်နစ်မန်း​မြို့​ပျော်။''' (၁၂၄၀ ပြည့်​နှစ်တွင် သား​တော်သီ​ပေါမင်း ​မန္တ​လေး​မြို့​တွင် ၇ နှစ် နန်း​စံသည်) '''အင်း​-​ကော-လိပ်-တက်၊​ မန်း​မြို့​ပျက်၊​ နန်း​သက်ကုန်ခဲ့​ပြီ။'''( ၁၂၄၇ ခုနှစ်တွင် ကုန်း​ဘောင်မင်း​ဆက်ကုန်ခဲ့​ပြီဖြစ်သည်။)</blockquote>
 
ကုန်း​ဘောင်မင်း​ဆက်တွင် မင်း​ (၁၁) ပါး​ရှိသည်။ ယင်း​မင်း​တို့​၏ အမည်နှင့်​ အုပ်စိုး​ခဲ့​သောကာလများ​ကို ​အောက်တွင်​ဖော်ပြထား​ပါသည်။
မြန်မာနိုင်ငံသည် နယ်ချဲ့​၏လက်​အောက်သို့​ ထိုကုန်း​ဘောင်မင်း​များ​မှ မင်း​သုံး​ပါး​လက်ထက်တွင်တစ်စတစ်စနှင့်​ တစ်နိုင်ငံလုံး​ကျ​ရောက်ခဲ့​ခြင်း​ ဖြစ်သည်။ (၇) ဆက်​မြောက် စစ်ကိုင်း​မင်း​(ဘကြီး​တော်) လက်ထက်တွင် ရခိုင်နှင့်​ တနင်္သာရီတို့​ကျ​ရောက်ခဲ့​ပြီး​ (၉) ဆက်​မြောက် ပုဂံမင်း​လက်ထက်တွင် မြန်မာနိုင်ငံတစ်ဝက် ​အောက်ပိုင်း​ကျ​ရောက်ခဲ့​ပြန်သည်။ (၁၁)ဆက်​မြောက် သီ​ပေါမင်း​လက်ထက်တွင်မူ တစ်နိုင်ငံလုံး​ကျ​ရောက်ခဲ့​တော့​သည်။ ပုဂံ​ခေတ် မင်း​ခွေး​ချေး​လက်ထက်တွင် တရုတ်က မြန်မာနိုင်ငံကို ဝင်​ရောက် ကျူး​ကျော်တိုက်ခိုက်ခဲ့​ရာ ပုသိမ်မြို့​အထိဆုတ်ခွာ​ပြေး​ခဲ့​ရသဖြင့်​ မင်း​ခွေး​ချေး​ကို 'တရုတ်​ပြေး​မင်း​'ဟု ​ခေါ်ခဲ့​သည်။ အင်း​ဝ​ခေတ် မဟာဓမ္မရာဇာဓိပတိမင်း​လက်ထက်တွင် မွန်တို့​၏လက်​အောက်သို့​ကျ​ရောက်ခဲ့​သဖြင့်​ ထိုမင်း​ကို ဟံသာဝတီ​ရောက်မင်း​ဟု​ခေါ်ခြင်း​ ဖြစ်သည်။
 
ပုဂံ​ခေတ် တရုတ်​ပြေး​မင်း​လက်ထက်တွင် မြန်မာနိုင်ငံ​တော် အထက်ပိုင်း​သာလျှင် တရုတ်နယ်ချဲ့​လက်​အောက်သို့​ ကျ​ရောက်ခဲ့​သည်။ အင်း​ဝ​ခေတ် ဟံသာဝတီ​ရောက်မင်း​ လက်ထက်တွင်မူ တိုင်း​ရင်သား​ အချင်း​ချင်း​ဖြစ်​သော မွန်တို့​၏လက်​အောက်သို့​ ကျ​ရောက်ခဲ့​ခြင်း​သာဖြစ်သည်။ ကုန်း​ဘောင်​ခေတ် သီ​ပေါမင်း​လက်ထက်တွင် အဂင်လိပ်နယ်ချဲ့​လက်​အောက်သို့​ ကျ​ရောက်ခဲ့​ခြင်း​မှာ ယခင် ကုန်း​ဘောင်မင်း​နှစ်ပါး​ (စစ်ကိုင်း​မင်း​နှင့်​ပုဂံမင်း​)၏ လက်ထက်တွင် ကျ​ရောက်ခဲ့​ပြီး​ဖြစ်​သောမြန်မာနိုင်ငံ သုံး​ပုံနှစ်ပုံမှ လက်ကျန်တစ်ပုံပါသွား​ပြီး​ တစ်ပြည်လုံး​အ​နေအထား​နှင့်​ ကျ​ရောက်ခဲ့​ခြင်း​ ဖြစ်သည်။
 
===အမည်ငါး​မျိုး​===
ကုန်း​ဘောင်မင်း​ဆက် စတင်ရာ ​ရွှေဘိုမြို့​ကို 'ငါး​မည်ရပြည်​ရွှေဘို'ဟု ​ခေါ်​ဝေါ်ကြသည်။ ၎င်းငါး​မည်မှာ(၁) ရန်ကြီး​အောင်၊​(၂) ကုန်း​ဘောင်၊​ (၃) ​ရွှေဘို၊​(၄) မုဆိုး​ဖို ၊​(၅) ရတနသိင်္ဃ ဟူ၍ ဖြစ်သည်။ မုဆိုး​ဖိုတွင် အ​လောင်း​မင်း​တရား​ မင်း​အဖြစ်သို့​ ​ရောက်ရှိပြီး​ ၁၁၁၅ ခုနှစ်တွင် မြို့​နန်း​တည်​သောအခါတွင်မှရန်ကြီး​အောင်၊​ ကုန်း​ဘောင်၊​ ​ရွှေဘို၊​ မုဆိုး​ဖို ၊​ ရတနသိင်္ဃ ဟူ​သော ကျန်​လေး​မည်သည် 'မုဆိုး​ဖို' ဟူ​သော ပင်စည်ပင်ရင်း​မှ ​ဝေဆာ၍ဖြာထွက်ခဲ့​သော အကိုင်း​အခက်များ​သာ ဖြစ်ကြသည်။ သို့​ဖြစ်၍ ကုန်း​ဘောင်မင်း​ဆက်ကို မုဆိုး​ဆက်ဟုလည်း​ ​ခေါ်သည်။ ပင်ရင်း​မူလဖြစ်​သော 'မုဆိုး​ဖို' အ​ကြောင်း​ကို 'ကုန်း​ဘောင်မင်း​ဆက် မဟာရာဇဝင်ကြီး​' ပထမတွဲ စာမျက်နှာ (၆၇) တွင်-
"​ဘေး​လောင်း​တော် နရပတိစည်သူမင်း​တရား​ကြီး​ တိုင်း​ခွင်လှည့်​လည်​တော်မူ​သောအခါ ဤအရပ်သို့​ရောက်လျှင် ငပိုအမည်ရှိ​သော မုဆိုး​အား​ ပို​မြေနယ်နိမိတ် အပိုင်း​အခြား​ ​ပေး​အပ်၍ ​ဗောင်း​ဝန်း​တိုက်အရပ်တွင် ​ဗောင်း​ဝန်း​တော်ကိုထား​သည်" ဟုရှိပါသည်။ ထို့​ကြောင့်​ မုဆိုး​ဖိုသည် ပုဂံနရပတိစည်သူမင်း​ (ဒုတိယစည်သူ) ၏ လက်ထက်မှစ၍ ​ပေါ်ထွန်း​လာသည်ဟု ဆိုရမည်။
 
ဦး​ကုလား​၏ 'မဟာရာဇဝင်​တော်ကြီး​' ပထမတွဲ စာမျက်နှာ (၂၆၉) တွင်မူ-
"နန်း​စဉ်စာရင်း​ချုပ်ကြီး​တွင် စစ်မက်​ရေး​ရာ ​ပေါ်​ပေါက်လာပါက စစ်သား​စု​ဆောင်း​ပေး​ရ​သော အင်အား​သတ်မှတ်ချက်အလိုက် သုံး​သိန်း​ပြုမြို့​ မှသည် နှစ်ကျိပ်ပြုမြို့​အထိ စာရင်း​တွင် နှစ်ရာပြုမြို့​ (၁၃)မြို့​တွင် မုဆိုး​ဖိုမြို့​ပါဝင်လျက်ရှိသည်" ကို ​တွေ့​ရှိရ​လေသည်။
မည်သို့​ပင်ဆို​စေ မုဆိုး​ဖိုအမည်သည် ​ရွှေဘိုမြို့​၏ မူလအမည် ဖြစ်သည်။ ပုဂံ​ခေတ်​ကျောက်စာများ​တွင်မုဆိုး​ဖို ဟူ၍ ​တွေ့​ရှိရသည်။ အချို့​ကျောက်စာများ​တွင် မုဆိုး​ပို ဟူ၍လည်း​ ​တွေ့​ရ​သေး​သည်။ မုဆိုး​ငပိုအား​ ​မြေနယ်နိမိတ် အပိုင်း​အခြား​ပေး​အပ်ရာမှ မုဆိုး​ငပိုကို အစွဲပြု၍ မုဆိုး​ပိုမှ မုဆိုး​ဖို ဖြစ်လာသည်ဟု ဆိုသည်။
အဂင်လိပ်သံအမတ် ကပ်ပတိန် ​ဂျော့​ဘေကာ၏ ရတနာသိဃင်ခရီး​သွား​မှတ်တမ်း​၌ မုဆိုး​ဖိုကား​ အ​လောင်း​မင်း​တရား​ကြီး​စိုး​စံ​သော ​နေပြည်​တော် ဖြစ်သည်။ အုတ်​မြေသား​တို့​ဖြင့်​ လုပ်​သော မြို့​ရိုး​ဝိုင်း​ရံထား​သည့်​ နန်း​မြို့​ဖြစ်သည်။ မြို့​ရိုး​သည် (၁၂) ​ပေထုရှိပြီး​ ​ပေ (၂၀)မြင့်​၏။ ​မြေမြို့​ရိုး​တစ်ဖက်စီ ၌ အလျား​သည် အလှမ်း​ တာတစ်​ထောင်ရှိမည်ဟု ကျွန်ုပ် ခန့်​မှန်း​မိသည်။ စတုဂံတံတိုင်း​ခတ်နန်း​မြို့​ ဖြစ်သည်။ နန်း​မြို့​တွင်း​ ၌ အိမ်​ထောင်စု​လေး​ထောင်ခန့်​ ရှိသည်။ မြစ်ရိုး​မှ အတွင်း​ဘက်(၁၂) မိုင်အကွာ ညီညာ​သော​မြေပြင်တွင် တည်ထား​သောနန်း​မြို့​ဖြစ်သည်။သို့​သော် သဲ​မြေ၊​ ဆား​မြေ အလွန်​ပေါသည်။ ​နေရာအနှံ့​အပြား​ ၌ ​မြေမည်း​များ​ကို ​တွေ့​ရ၏။ ယင်း​မြေမည်း​ကို ကျိုချက်လိုက်ပါက ဆား​များ​စွာ ထွက်သည်။အနီး​အနား​ဒေသများ​မှ အနည်း​ငယ် လုပ်အား​စုက်ထုတ်လိုက်ရုံမျှနှင့်​ ယမ်း​စိမ်း​အမျိုး​ကောင်း​ရသည်။ လူများ​များ​၏ လုပ်အား​ကိုသုံး​လျှင် ယမ်း​စိမ်း​ အ​မြောက်အမြား​ ရနိုင်သည်" ဟူ၍ ​ဖော်ပြထား​သည်။
 
"ရတနာသိင်္ဃ" ဟူ၍ မှည့်​ခေါ်ရခြင်း​အ​ကြောင်း​ မှာ ရတနာများ​စု​ဝေး​ရာဆုံရာ ဖြစ်​သော​ကြောင့်​ပင် ဖြစ်သည်။ မဟာအတုလယသဓမ်မရာဇာဂုရုဆရာ​တော်ကြီး​၏ နန်း​စဉ်ပုစ်ဆာအ​ဖြေတွင် " သိင်္ဃ ဆိုသည် ဆုံသည့်​ရပ်" ဟု​ဖြေဆိုခဲ့​၏။ မြို့​တော်တည်ပြီး​ နှစ်​ပေါင်း​ (၇၉) နှစ်အကြာ စစ်ကိုင်း​မင်း​(ဘကြီး​တော်) လက်ထက် သီရီမဟာနန္ဒသင်္ကြန်မတ်ကြီး​ ​ရေး​သား​ပြုစု​သော 'သာသနာဝံသစာတမ်း​' အရ 'သိင်္ဃ' ဟူ​သော ပါဠိဘာသာဖြင့်​ (လျင်​သော) အနက်ကို ​ဟောသဖြင့်​ ထိုမင်း​၏စည်း​စိမ်သည် (မရှည်)စသည်ဖြင့်​ သိင်္ဃဟုမသင့်​၊​ သိခင်ဖြစ်သင့်​ကြောင်း​ ​စောဒကတက်ခဲ့​၏။ မည်သို့​ဆို​စေ သိင်္ဃကို စတုတ်ထအက်ခရာ (ဃ) ဖြင့်​ ​ရေး​သား​ခြင်း​သာလျှင် သမိုင်း​ကြောင်း​အရ အမှန်အကန်ဆုံး​ဖြစ်သည်။
'ရန်ကြီး​အောင်မြို့​'ဟု ​ခေါ်​ဝေါ်ခြင်း​အ​ကြောင်း​မှာ ​အေဒီ ၁၇၅၂ ခုနှစ်၊​ ဧပြီလ (၁၇) ရက်​နေ့​မှစ၍ အ​လောင်း​မင်း​တရား​ကြီး​ မင်း​ဧကရာဇ်အဖြစ်ယူ​တော်မူကာ ရန်သူအ​ပေါင်း​အား​ ​အောင်မြင်ရာဖြစ်​သော​ကြောင့်​ ဆိုသည်။ '​ရွှေဘိုမြို့​'ဟု ​ခေါ်​ဝေါ်ခြင်း​မှာ မုဆိုး​ဖိုအမည်ကို ကဏ်ဏသုခဖြစ်​စေရန် ​ရွှေဖို၊​ ​ရွှေပို ဟူ၍ တင်စား​ခေါ်ဆိုရာမှ ဖြစ်​ပေါ်လာခြင်း​ ဖြစ်သည်။
အထက်​ဖော်ပြပါ မြို့​အမည်ငါး​မျိုး​မှာ ထင်ရှား​သော်လည်း​ လူသိနည်း​သော အမည်တစ်မျိုး​လည်း​ ရှိ​သေး​သည်။ ယင်း​မှာ ပါဠိဘာသာအား​ဖြင့်​ မှည့်​ခေါ်ထား​သော 'အယုဇ်ဈပူရ'ဖြစ်သည်။ အ​လောင်း​မင်း​တရား​ကြီး​ ထုတ်ပြန်ခဲ့​သော အမိန့်​တော်များ​တွင် 'အယုဇ်ဈပူရမည်​သော ရတနာသိဃင်ကုန်း​ဘောင်​ရွှေပြည်ကြီး​' ဟူ၍ အမြဲသုံး​စွဲသည်။
ကုန်း​ဘောင်မင်း​ဆက် မဟာရာဇဝင်​တော်ကြီး​နှင့်​ မင်း​တုန်း​မင်း​တရား​ကြီး​ရေး​ထိုး​ခဲ့​သော ​ကျောက်စာများ​တွင် အယုဇ်ဈပူရ ဟူ​သော အသုံး​အနှုန်း​ကို ​တွေ့​နိုင်သည်။ အယုဇ်ဈပူရ၏အဓိပ်ပာယ်မှာ "စစ်ထိုး​ခြင်း​ငှာ မတတ်​ကောင်း​သောပြည်" ဟူ၍ ဖြစ်သည်။
ကုန်း​ဘောင်မင်း​ဆက်သည် မြန်မာသမိုင်း​၌ ​နောက်ဆုံး​မင်း​ဆက်ဖြစ်၍ လည်း​ကောင်း​၊​ မင်း​ဆက်မများ​ဘဲမှတ်သာရန်လွယ်ကူ၍ လည်း​ကောင်း​ ယခုတိုင် မြန်မာတိုင်း​လိုပင် လက်ချိုး​ရေတွက် ပြသနိုင်သည်။ ကုန်း​ဘောင်မင်း​ဆက်(၁၁) ဆက်ကို အလွယ်တကူ​ရေတွက်ရန် ​အောက်ပါ​တေး​တပ်ကို ​ရေး​ဖွဲ့​ ထား​လေသည်။
===ကုန်း​ဘောင်မင်း​ဆက်​တေး​ထပ်===
# ဦး​အောင်​ဇေယျအမှူး​မြောက်ထူး​တစ်​ယောက်တင်မူ၊​
# (ဦး​လောက်) ပ ဘုရင်တစ်ဆူ၊​
# ဆင်ဖြူရှင်စခန်း​
# စဉ့်​ကူး​မင်း​ကောင်း​စား​မီ၊​
# ​ဖောင်း​ကား​ညီလုတဲ့​ ​ရွှေနန်း​၊​
# ဦး​ဝိုင်း​ပ ပထမ​ခေါင်​ပျော်၊​
# မြ​နောင်​တော်​ရေဖျန်း​အမရ​ဆောင်​ပေါ် ​ဗွေကြငှန်း​မှာလ၊​ရွှေစာတမ်း​ဖွဲ့​ပြန်၊​
# ကုန်း​ဘောင်​ပျော်​နေလိုဝင်း​၊​
# ​ရွှေမင်း​သား​မြတ်ပုဂံချမ်း​အေး​ဖို့​ ပန်း​ ​မွှေး​ပန်၊​
# မန္တ​လေး​စံ​တောင်လက်ရုံး​ရယ်နှင့်​မင်း​တုန်း​မင်း​
# သီ​ပေါအရှင် ထီး​နန်း​နှင့်​ပလ်လင် ဆယ့်​တစ်ဆက်အုပ်စိုး​တင့်​ မုဆိုး​ဘုရင်စခန်း​မို့​လေး​။
 
ကုန်း​ဘောင်မင်း​ဆက်တစ်ခုလုံး​ကို ခြုံ၍ကြည့်​လိုက်လျှင် ဝမ်း​သာစရာ၊​ အား​ရစရာအချက်များ​ လည်း​ပါဝင်သည်။ ဝမ်း​သာစရာအ​ကြောင်း​များ​လည်း​ ပါဝင်သည်။ ကုန်း​ဘောင်း​မင်း​ဆက် ၌ မင်း​ (၁၁)ပါး​ရှိရာ ထိုမင်း​များ​တွင် စွမ်း​ရည်သတ္တိ၊​ ဉာဏ်အ​မြော်အမြင်နှင့်​ ပြည့်​စုံ​သော မင်း​ကောင်း​မင်း​မြတ်ပါဝင်သလို မင်း​သာမာန်၊​ မင်း​ညံ့​များ​လည်း​ ပါဝင်သည်။ ကုန်း​ဘောင်မင်း​ဆက် ၌ ထင်ရှား​၍ မြန်မာတို့​ ဂုဏ်ယူဝင့်​ကြွား​လောက်​သော မင်း​များ​မှာအ​လောင်း​မင်း​တရား​ကြီး​၊​ ဆင်ဖြူရှင်၊ ​ဗဒုံမင်း​ (ဘိုး​တော်ဘုရား​)နှင့်​ပဥ္စမသင်္ဂါယနတင် မင်း​တုန်း​မင်း​တရား​ကြီး​တို့​ ဖြစ်ကြသည်။ ကုန်း​ဘောင်​ခေတ်တွင် မြန်မာနိုင်ငံကို အကျယ်ဆုံး​အထိ တိုး​ချဲ့​စည်း​ရုံး​နိုင်ခဲ့​သည်။ သာသနာ​ရေး​ကို အထူး​ဂရုစိုက်၍ ပြုစုခဲ့​ကြသည်။ ကုသိုလ်​ကောင်း​မှူများ​ ပြုလုပ်ခဲ့​ကြသည့်​အပြင် သား​ကြီး​ငါး​ကြီး​စား​သောက်မှု ၊​ အရက်​သေစာ​သောက်စား​မှုတို့​ကို တား​မြစ်ခဲ့​သည်။
 
ယင်း​ခေတ်တွင် ရဟန်း​ပညာရှိ၊​ လူပညာရှိ နှင့်​စာဆို​တော်များ​ အများ​အပြား​ ​ပေါ်ထွန်း​ခဲ့​သည်။ မဇ္ဈိမ​ဒေသမှ ယူ​ဆောင်လာ​သော ​ဆေး​ကျမ်း​၊​ ဓာတ်ကျမ်း​များ​ကို မြန်မာဘာသာသို့​ ပြန်ဆိုခဲ့​သည်။ မြင်ကွန်း​တောင်​ပေါ်​ကျောင်း​ဆရာ​တော် ဓမ္မဝိလာသ၊​ တွင်း​သွင်း​တိုက်ဝန် မဟာစည်သူဘွဲ့​ခံ ဦး​ထွန်း​ညို၊​ ရှင်​တေ​ဇောသာရ ၊​ အတွင်း​ဝန် ဝဏ္ဏဓမ္မ​ကျော်ထင်၊​ ခေမာစာရမ​ထေရ် ၊​ အမတ်ရာဇဗလ ၊​ ကျုံး​ဝန်ဘုမ္မ​ဇေယျသင်္ကြန်၊​ အမတ်လက်ဝဲဘိနန္သူ ၊​ ကင်း​ဝန်မင်း​ကြီး​၊ ​ယောအတွင်း​ဝန် အစရှိ​သော ဓမ္မသတ်ဆရာကြီး​များ​၊​ ကျမ်း​ပြုပုဂ္ဂိုလ်ကြီး​များ​ ​ပေါ်ထွန်း​ခဲ့​သည်။ ဦး​တိုး​၊ ​ကျည်း​ကန်ရှင်ကြီး​ ၊​ ဝက်မစွတ် ၊​ နဝ​ဒေး​၊​ မင်း​ကြီး​က​တော် ခင်ဆုံ ၊​ စာဆို​တော်ဦး​မင်း​ ၊​ ဖိုး​သူ​တော်ဦး​မင်း​ ၊​ အ​နောက်နန်း​မ​တော် မမြ​လေး​ ၊​ လှိုင်ထိပ်​ခေါင်တင် အစရှိ​သော စာဆို​တော်များ​ ၊​ ဦး​ကြင်ဥ ၊​ ဦး​ပုည အစရှိ​သော ပြဇာတ်​ရေး​ဆရာများ​ ​ပေါ်ထွန်း​ခဲ့​သည်။ ကုန်း​ဘောင်​ခေတ်တွင် ​တေး​ထပ်၊​ ​လေး​ဆစ်သဖြန် ၊​ ​ဘောလယ် ၊​ ယိုး​ဒယား​ ၊​ ပတ်ပျိုး​ ၊​ သီချင်း​ကြီး​များ​ စသည်တို့​ မြန်မာစာ​ပေတွင် သစ်ဆန်း​ပေါ်ထွက်လာသည်။
 
ကုန်း​ဘောင်​ခေတ် ဂီတစာဆို​တော်များ​အနက်
မင်း​လက်ဝဲ​နော်ရထာဘွဲ့​ခံ ဦး​နေ ၊​ ဦး​လွန်း​ပြေ ၊​
စာဆို​တော် ဦး​မြတ်လှ ၊​
အမတ်မင်း​သိဂင်ရ ၊​
စာဆို​တော် မယ်လုပ် ၊​ဇေယျပ​တေ့​အမတ် ၊​ ​ရွှေလိုက်စာ​ရေး​ဦး​မင်း​အောင် ၊​ ငယ်တိုး​အတွင်း​ဝန် ဦး​ကျီစိုး​ ၊​ မြဝတီမင်း​ကြီး​ ဦး​စ ၊​ ပခန်း​မင်း​သား​ကြီး​ ၊​ သံ​တော်ဆင့်​ ဦး​အောင်ပန်း​ ၊​ မင်း​သား​မောင်ကုတ်​တေး​ ၊​ ဆိုင်း​ဆရာကြီး​ ဦး​ယား​ ၊​ စာဆိုဦး​တရုတ် ၊​ မြင်စိုင်း​မင်း​သား​၊​ မြစ်ဝိုင်း​မင်း​သမီး​ ၊​ ပြင်စည်မင်း​သား​၊​သာယာဝတီဦး​ဝိုင်း​ ၊​ ဦး​ကျောက်ခဲ ၊​ ​ဆောမြို့​စား​ မင်း​ဦး​စီး​ ၊​ စုံနံ့​သာမြိုင်ဦး​ကြော့​ ၊​ စာ​ရေး​တော်ကြီး​ ဦး​မောင်က​လေး​၊​ တဘက်ဆွဲရွစား​ ဦး​မြတ်ရစ် ၊​ ​မောင်​မောင်ဘ ၊​ ​မောင်​မောင်​ဘေ ၊​ ဆရာမွှန်း​ကြီး​ ၊​ ​တောင်သမန်လယ်စား​ ဦး​ဖေငယ် ၊​ ​ဒေဝဣန်ဒာ ​မောင်​မောင်ကြီး​ ၊​ ဦး​တေ​နောင် ၊​ ကန်နီစစ်ကဲ မင်း​ထင်ရာဇာ၊​ မင်း​ကျော်ရာဇာ ၊​ နား​ခံ​တော်​ဝေါကြီး​မှူး​ဦး​ချုံ၊​ စင်​တော်ကြီး​မင်း​သား​ ဦး​သာ​ပြော စသည်တို့​ မှာ ထင်ရှား​လေသည်။ ကုန်း​ဘောင်​ခေတ်၏ ပညာ​ရေး​နှင့်​ စပ်လျဉ်း​၍ မြန်မာစာ​ပေ သာမက ပြင်သစ်စာ​ပေ ၊​ အဂင်လိပ်စာ​ပေများ​ကိုလည်း​ ​လေ့​လာလိုက်စား​ကြသည်။ မန်တ​လေး​မြို့​တွင် အဂင်လိပစာသင်​ကျောင်း​ပင် ​ပေါ်​ပေါက်ခဲ့​သည်။
ကုန်း​ဘောင်​ခေတ်တွင် စစ်မှုထမ်း​များ​ကို ​ဘောင်း​ဘီများ​ဝတ်ဆင်၍ အီတလီလူမျိုး​ ၊​ ပြင်သစ်လူမျိုး​ဆရာများ​နှင့်​ ကြပ်မတ် သင်ကြား​စေသည်။ ​ရှေး​အခါက မင်း​မှုထမ်း​ကိစ်စအတွက် ​ခြေလျင်​တော်၊​ ​လှေလျင်​တော် များ​ကိုသာ အသုံး​ပြု​သော်လည်း​ ၁၂၃၅ ခု (၁၈၇၃ ခုနှစ်)မှစ၍ ​ကြေး​နန်း​ရုံ​တော်များ​ ​ပေါ်လာသည်။ မင်း​တုန်း​မင်း​လက် ထက် ၌ စက်မှုလက်မှုလုပ်ငန်း​များ​ကို သင်ကြား​ရန် နိုင်ငံရပ်ခြား​သို့​ ပညာ​တော်သင်များ​ ​စေလွှတ်သည်။ ​နေပြည်​တော်တွင် ရက်ကန်း​ရုံ​တော်ကြီး​ ၊​ ဆန်ကြိတ်ရုံများ​ ၊​ လက်နက်လုပ်စက်ရုံ ၊​ လွှစက်ရုံ ၊​ သကြား​စက်ရုံ ၊​ ဖန်ချက်ရုံ ၊​ မဲနယ်စက်ရုံ ၊​ ဒဂငါ်း​စက်ရုံ စသည်ဖြင့်​ စက်မှုလက်မှုရုံ​ပေါင်း​ (၅၀) ​ကျော်တို့​ကို စတင်လုပ်​ဆောင်​နေပြီ ဖြစ်သည်။ ထို့​အပြင်မန်တ​လေး​ ရတနာပုံနန်း​မြို့​ အတွင်း​ ၌ စာပုံနှိပ်စက်မှ ရိုက်နှိပ်ထုတ်​ဝေ​သော 'ရတနာပုံ​နေပြည်​တော်သတင်း​စာ 'အမည်ဖြင့်​ သတင်း​စာပင် ​ပေါ်​ပေါက်​နေ​လေပြီ။
ကုန်း​ဘောင်​ခေတ်တွင် ယဉ်​ကျေး​မှုဘက် ၌လည်း​ တိုး​တက်လာသည်ကို ​တွေ့​ရသည်။ ယဉ်​ကျေး​မှုဟုဆိုရာ ၌ အလှအပကို ဖန်တီး​သမျှ ပညာရပ်များ​သာမက လူတို့​၏အတွင်း​စိတ်ကို လှပ​စေရန် ပြုပြင်ဖန်တီး​ပေး​သော ကိုး​ကွယ်ယုံကြည်မှုများ​လည်း​ အကျုံး​ဝင်​လေသည်။ ကုန်း​ဘောင်​ခေတ်တွင် အ​ရေး​ပါ​သော ဘာသာကြီး​သုံး​ခုမှာ ဗုဒ်ဓဘာသာ ၊​ ခရစ်ယာန်ဘာသာ ၊​ အစ်စလာမ်ဘာသာတို့​ ဖြစ်သည်။ ဗုဒ်ဓသာသနာသည် မင်း​နှင့်​ပြည်သူအများ​စု ကိုး​ကွယ်​သောဘာသာဖြစ်ပြီး​ ​ထေရဝါဒဗုဒ်ဓဘာသာမှာ အင်အား​အ​ကောင်း​ဆုံး​ ဖြစ်သည်။သို့​သော် ဂါထာမန်တရား​ ၊​ လက်ဖွဲ့​ ၊​ အင်း​အိုင် ၊​ခါး​လှည့်​ ၊​ယတြာ အစရှိ​သော မဟာယန ဗုဒ်ဓဘာသာအ​လေ့​အထများ​ကိုလည်း​ လက်ခံလျက်ရှိ​ကြောင်း​ ​တွေ့​ရ၏။ ဗုဒ်ဓဘာသာတွင် အတင်ဂိုဏ်း​နှင့်​ အရုံဂိုဏ်း​ ကွဲပြား​မှုသည် ​ညောင်ရမ်း​ခေတ်မှစတင်ပြီး​ ကုန်း​ဘောင်​ခေတ်အထိ ရှိ​နေခဲ့​၏။ သကင်န်း​ကို ပခုံး​တစ်ဖက်မှာ တင်သွင်း​လို​သော ရဟန်း​သံဃာများ​က အတင်ဂိုဏ်း​တွင် ပါဝင်ပြီး​ သကင်န်း​ကို လုံလုံခြုံခြုံရုံပြီး​သွား​မှသာလျှင် ဝိနည်း​တော်နှင့်​ညီသည်ဟုယူဆ​သော ရဟန်း​များ​က အရုံဂိုဏ်း​ဝင်များ​ ဖြစ်ကြ၏။ ​ညောင်ရမ်း​ခေတ်ဘုရင်များ​က ၎င်းင်းပြသနာများ​ကို ပြီး​ပြတ်​အောင် ​ဆောင်ရွက်နိုင်ခြင်း​ မရှိခဲ့​ပေ။ ​နောင်​တော်ကြီး​ (ဒီပဲယင်း​မင်း​) မင်း​လက်ထက်တွင်လည်း​ အတင်ဂိုဏ်း​ကိုပင် အသိအမှတ်ပြုခဲ့​၏။ ဆင်ဖြူရှင် (​မြေဒူး​မင်း​) မင်း​မှာလည်း​ စစ်မက်များ​တိုက်ခိုက်​နေရသဖြင့်​ ၎င်းင်းပြသနာ မ​ဖြေရှင်း​နိုင်ခဲ့​ပေ။ စဉ့်​ကူး​မင်း​လက်ထက်တွင် ဂိုဏ်း​နှစ်ခုမှပုဂ်ဂိုလ်များ​ကို အ​ချေအတင်​ပြော​စေခဲ့​သော်လည်း​ ဘုရင်က ပြတ်ပြတ်သား​သား​ အဆုံး​အဖြတ်မ​ပေး​နိုင်ခဲ့​ပေ။ ဗဒုံမင်း​ (ဘိုး​တော်ဘုရား​)လက်ထက်တွင် နှစ်ဖက်ပုဂ်ဂိုလ်များ​ အ​ချေအတင်​ပြော​စေ​သောအခါ အရုံဂိုဏ်း​က ပိုင်နိုင်စွာ ​ပြောဆိုနိုင်သဖြင့်​ အရုံဂိုဏ်း​ကို မှန်ကန်​သောဂိုဏ်း​အဖြစ် အသိအမှတ်ပြုခဲ့​၏။ ဗဒုံမင်း​သည် ပြတ်သား​၍ အ​တွေး​အ​ခေါ်အယူအဆ​ကောင်း​သူ ဖြစ်သည်။ ၎င်းင်းလက်ထက်မှာပင် သာသနာပြုရာထူး​ ​ပေါ်​ပေါက်ခဲ့​သည်။ မင်း​တုန်း​မင်း​သည် ၎င်းင်းလက်ထက်တွင် ဗုဒ်ဓသာသနာကို တည်တံ့​ခိုင်မြဲသန့်​ရှင်း​စေရန် ရည်ရွယ်​သောအား​ဖြင့်​ ပဉ်စမသဂငါ်ယနာ တင်ခဲ့​၏။
ခရစ်ယာန်သာသနာသည် ​ပေါ်တူဂီများ​နှင့်​ အတူ (၁၅) ရာစုမှစ၍ ​ရောက်လာခဲ့​သည်ဟု ယူဆရန်ရှိသည်။​ပေါ်တူဂီတို့​သည် လက်နက်အသစ်များ​ ကိုင်တွယ်တတ်သဖြင့်​ ဘုရင်တို့​က ​မြှောက်စား​ခဲ့​ကြ၏။ ​တောင်ငူ​ခေတ်တွင် ရိုမင်ကတ်သလစ် သာသနာဝင်ဂိုဏ်း​မှ သာသနာပြုများ​ ​အောက်မြန်မာနိုင်ငံသို့​ ​ရောက်လာခဲ့​ကြ၏။ ၎င်းင်းတိုမှာ သိပ်ပံပညာ ၊​ ​ဆေး​ပညာကျွမ်း​ကျင်သူများ​ ဖြစ်​သော​ကြောင့်​ သာသနာပြုရာတွင် အခွင့်​သာကြ​လေသည်။ ​ညောင်ရမ်း​ခေတ်တွင် ငစင်ကာ အုပ်ချုပ်​နေ​သော သန်လျင်သိမ်း​ပိုက်ပြီး​နောက် ခရစ်ဘာသာဝင်များ​ကို စစ်ကိုင်း​ခရိုင် ၊​ ​ချောင်း​ဦး​ ၊​ ဒီပဲယင်း​မြို့​ ၊​ မုံရွာ ၊​ အမြင့်​ ၊​ နဘက် စသည့်​ ရွာ(၁၆) ရွာတွင် ​နေရာချထား​ပေး​ခဲ့​ကာ မိမိတို့​အစုနှင့်​ ​နေထိုင်ကြပြီး​သာသနာပြုပုဂ်ဂိုလ်များ​လည်း​ မကြာခဏ​ရောက်ကြ၏။ လွတ်လပ်စွာကိုး​ကွယ်ခွင့်​ ၊​ကျမ်း​စာ​လေ့​လာခွင့်​များ​ ရရှိခဲ့​ကြ၏။
ကုန်း​ဘောင်​ခေတ်ဦး​ပိုင်း​ ဟံသာဝတီကို အ​လောင်း​မင်း​တရား​ ​အောင်မြင်​သောအချိန်တွင် မွန်တို့​ဘက်မှဘက်မှ ပါဝင်ကူညီခဲ့​သော ပြင်သစ်များ​ကို အထက်မြန်မာနိုင်ငံ နဘက်၊​ ​ချောင်း​ဦး​ စ​သောရွာများ​ အပါအဝင် (၁၂)ရွာ၌ ​နေရာချ​ပေး​ခဲ့​၏။ သာသနာပြုပုဂ်ဂိုလ်များ​က လက်တင်ဘာသာသင်ကြား​ပေး​ပြီး​ ပညာထူး​ချွန်သူများ​ကို ​ရောမသို့​ ပညာသင်ရန် ​စေလွှတ်ခဲ့​လေသည်။ ၁၈၁၃ ခုတွင် နှစ်ခြင်း​ဂိုဏ်း​မှ ဆရာယုဒသန် (​ဒေါက်တာဂျပ်ဆင်) ​ရောက်လာပြီး​ သာသနာပြုလုပ်ငန်း​ စတင်ခဲ့​၏။ ၎င်းင်းကိုယ်တိုင် မြန်မာစာ​ပေကို​လေ့​လာ၍ 'မြန်မာ- အဂင်လိပ်အဘိဓာန်'ကို ပြုစုခဲ့​၏။ ၎င်းင်းဂိုဏ်း​မှ သာသနာပြုပုဂ်ဂိုလ်များ​သည် အိမ်​ထောင်ပြုခွင့်​ရှိသဖြင့်​ ဇနီး​ပါလာ​သော​ကြောင့်​ သာသနာပြုလုပ်ငန်း​ ပိုမို​အောင်မြင်သည်ဟု ဆိုနိုင်​ပေသည်။ ဇနီး​များ​က မပြည့်​စုံ​သော က​လေး​သူငယ်များ​ကို ​ကျွေး​မွေး​ပြုစု၍ ပညာ​ပေး​ခြင်း​ စ​သော လူမှု​ရေး​လုပ်ငန်း​များ​ ​ဆောင်ရွက်​လေ့​ရှိကြ၏။ ​အောက်မြန်မာနိုင်ငံတွင် သာသနာပြု​ကျောင်း​များ​ စတင်ဖွင့်​လှစ်လာခဲ့​ပြီး​ မင်း​တုန်း​မင်း​လက်ထက်တွင် အဂင်လိကန်ဂိုဏ်း​မှ သာသနာပြု ​ဒေါက်တာမတ် (ဆရာမှတ်ကြီး​) ကို မန်တ​လေး​သို့​ ​ခေါ်ယူ၍ ​မြေ​နေရာနှင့်​ ​ငွေ​ကြေး​ ​ထောက်ပံ့​ခဲ့​၏။ သာသနာပြုခွင့်​၊​ ​ကျောင်း​ဖွင့်​ခွင့်​ပေး​၏။အဓိကရည်ရွယ်ချက်မှာ သား​တော်များ​ကို အဂင်လိပ်စာသင်ကြား​နိုင်​ရေး​ပင် ဖြစ်သည်။
အစ်စလာမ်ဘာသာမှာ ခရစ်ယာန်ဘာသာထက်​စော၍ မြန်မာနိုင်ငံသို့​ ​ရောက်ရှိသည်ဟု ဆိုနိုင်သည်။ ပုဂံ​ကျောက်စာအချို့​တွင် ' ပန်သိယ်' ၊​' ပသည်' ဟု ​ရေး​သား​ထား​သဖြင့်​ ပုဂံ​ခေတ်ကပင် အစ်စလာမ်ဘာသာဝင်များ​ ရှိလိမ့်​မည်ဟု ဆိုနိုင်​လေသည်။ ကုန်း​ဘောင်​ခေတ် ​ရောက်​သောအခါ မွတ်စလင်အများ​အပြား​ ရှိ​နေ​လေပြီ။ မဏိပူရမှလာ​သော မွတ်စလင်များ​ကို' အက်ကပတ် ' ဟု ​ခေါ်ပြီး​ မြန်မာမွတ်စလင်များ​ကို ' ​ဇေတပါဒီ ' ဟု ​ခေါ်​လေ့​ ရှိသည်။ စစ်မှု​ရေး​ရာနှင့်​ ကုန်သွယ်မှုတွင် ထူး​ချွန်သူများ​ ဖြစ်၏။ အက်ကပတ်မြင်း​အစုသည် လွန်စွာ ထင်ရှား​သော မြင်း​မှုထမ်း​များ​ ဖြစ်​လေသည်။ အ​လောင်း​ဘုရား​လက်ထက်မှ စ၍ မွတ်စလင်များ​ တိုး​တက်လာရာ ဘိုး​တော်ဘုရား​လက်ထက်တွင် မွတ်စလင်စစ်မှုထမ်း​များ​ကို ​ညောင်ရမ်း​ ၊​ မိတ်ထီလာ ၊​ ရမည်း​သင်း​ ၊​ ပင်း​တလဲ ၊​ တဘက်ဆွဲ ၊​ ​မြေဒူး​ ၊​ ဒီပဲရင်း​ စ​သော ​ဒေသများ​၌ ​နေ​မြေ၊​ စား​မြေ​ပေး​သည့်​ အပြင် အခွန်လွတ်ခွင့်​လည်း​ ​ပေး​ခဲ့​၏။ မွတ်စလင်တို့​၏ ကုလား​ပျို​သေနတ်အစုမှာ ထင်ရှား​၍ ဘုရင်၏ ယုံကြည်မှုခံယူရသူများ​ဖြစ်​သော​ကြောင့်​ နန်း​တော်​စောင့်​တပ် ၊​ ကိုယ်ရံ​တော်တပ်များ​အဖြစ် အမှုထမ်း​ခဲ့​ကြရ၏။ ၎င်းင်းတို့​အတွက် ဗလီ​ဆောက်လုပ်ရာတွင် ဘုရင်ကိုယ်တိုင် ​ရွှေပန်နက်စိုက်​ပေး​ခဲ့​ကြောင်း​ သိရ​ပေသည်။ ဘိုး​တော်ဘုရား​လက်ထက်တွင် အိန်ဒိယသို့​ သတင်း​ထောက်လှမ်း​ရန် ​စေလွှတ်ခံရသူများ​မှာလည်း​ မွတ်စလင်များ​ပင် ဖြစ်ကြပြီး​အထင်ရှား​ဆုံး​မှာ ဦး​ရွှေတုတ် ဖြစ်၏။
မင်း​တုန်း​မင်း​လက်ထက်တွင် ကြွယ်ဝ​သော မွတ်စလင်များ​ကို ဘုရင်က သူ​ဌေး​ဘွဲ့​ပေး​အပ်ခဲ့​၏။ ဘုရင်က သ​ဘေငာ်ဝယ်ယူအသုံး​ပြု​သောအခါတွင် ဘုရင့်​သ​ဘေငာ်ကပ်ပိန်အဖြစ် အမှုထမ်း​သော ဦး​မြနှင့်​ လက်နက်ရုံ ကြီး​ကြပ်သူဦး​ပွင့်​တို့​မှာ မွတ်စလင်များ​ပင် ဖြစ်သည်။ အထက်ပါ ဘာသာကြီး​သုံး​ခုအပြင် ​ရှေး​အခါက စ၍ အမြစ်တွယ်လာခဲ့​သော နတ်နဂါး​ကိုး​ကွယ်မှုနှင့်​ ဗြဟ်မဏအယူဝါဒများ​လည်း​ ကုန်း​ဘောင်​ခေတ်တွင် ဆက်လက် ရှင်သန်လျက်ပင် ရှိ​ပေသည်။
ကုန်း​ဘောင်​ခေတ်တွင် ဘာသာယုံကြည်ကိုး​ကွယ်မှုများ​ တိုး​တက်ထွန်း​ကား​ခဲ့​သလို ရုပ်ပိုင်း​ဆိုင်ရာ ဗိသုကာ ၊​ပန်း​ချီ ၊​ပန်း​ပု အစရှိသည့်​ အနုပညာရပ်များ​ နယ်ပယ်၌ လည်း​ ထွန်း​ကား​ခဲ့​သည်ကို ​တွေ့​ရ​လေသည်။ ဗိသုကာပညာရပ်နှင့်​ နှီး​နွယ်​နေ​သော ပန်း​ရန် ၊​ ပန်း​တော့​ ၊​ ပန်း​ပွတ် ၊​ ပန်း​ပု၊​ ပန်း​ချီ ပညာရပ်များ​ များ​စွာတိုး​တက် ထွန်း​ကား​လာခဲ့​သည်။
ကုန်း​ဘောင်​ခေတ်ပန်း​ချီပညာနှင့်​ ပတ်သက်၍ ​ရွှေ​ရေး​ပန်း​ချီ ၊​ ယွန်း​ထိုး​ပန်း​ချီ ၊​ဆေး​ရေး​ပန်း​ချီ ဟူ၍ သုံး​မျိုး​သုံး​စား​ ခွဲခြား​နိုင်​လေသည်။ ယွန်း​ထိုး​ပန်း​ချီမှာ ပုဂံ​ခေတ်မှခတ်ခဲ့​သော ပညာရပ် ဖြစ်သည်။ ယွန်း​ထည်​ပေါ်တွင် ကညစ်ဖြင့်​ရေး​ခြစ်ပြီး​ ​ဆေး​ရောင်သွင်း​သော အတတ်ပညာ ဖြစ်၏။ ကုန်း​ဘောင်​ခေတ်တွင် လူသုံး​ပစ်စည်း​အဖြစ် ယွန်း​ထည်များ​ကို ကျယ်ပြန့်​စွာ သုံး​စွဲခဲ့​ကြသည်။
အဆင့်​အတန်း​အမြင့်​ဆုံး​ ပင်မပန်း​ချီပညာရပ်မှာ ​ဆေး​ရေး​ပန်း​ချီ ဖြစ်သည်။ ၎င်းင်းပညာသည် ကမ်ဘာသုံး​ပန်း​
ချီပညာဖြစ်ပြီး​ ပုဂံ​ခေတ်မှစ၍ အဆင့်​အတန်း​မြင့်​ခဲ့​လေသည်။ မြန်မာ- ​ဆေး​ရေး​ပန်း​ချီသည် ကနုတ်(ကြာ​ခွေ၊​ ကြာလိပ် ၊​ ကြာရိုး​ ၊​ ကြာစွယ် ၊​ ကြာရွက် ၊​ကြာဖူး​ စသည်တို့​ပုံကို အ​ခွေအလိပ်များ​အဖြစ် ​ရေး​ဆွဲခြင်း​ပြီး​ ခြူး​ပန်း​ခြူး​နွယ်ဟူ၍လည်း​ သိရှိကြ၏။ )' နရီ ' (မိန်း​မရုပ်​ရေး​ဆွဲခြင်း​ကို ဆိုလို​သော်လည်း​ ​နောက်ပိုင်း​တွင် လူရုပ်အမျိုး​မျိုး​ရေး​ဆွဲခြင်း​ ပါဝင်လာ၏။)' ကပီ ' (​မျောက်ရုပ် ဟု အဓိပ်ပာယ်ရှိ​သော်လည်း​ ဘီလူး​ ၊​ ဂဠုန် ၊​ နဂါး​ စ​သော အရုပ်များ​ကို ကနုတ်ပန်း​များ​နှင့်​ ​ရော​နှော​ရေး​ဆွဲခြင်း​ ဖြစ်သည်။) ' ဂဇာ ' (ဆင်၊​ မြင်း​စ​သော တိရစ်ဆာန်များ​ကို ကနုတ်ပန်း​ စ​သော အဆင်တန်ဆာမပါ ရိုး​ရိုး​ရေး​ဆွဲခြင်း​ ဖြစ်သည်။)
ကုန်း​ဘောင်​ခေတ်ဦး​ ပန်း​ချီလက်ရာများ​တွင် အနီး​အ​ဝေး​ ၊​ အလင်း​အ​မှောင် မှန်ကန်မှုမရှိ၊​ ​ဆေး​ရောင်အမျိုး​အစား​လည်း​ နည်း​ပါး​သော်လည်း​ ​ခေတ်​နှောင်း​ပိုင်း​တွင် အဆင့်​အတန်း​မြင့်​မား​လာပြီး​ အနီး​အ​ဝေး​၊​ အလင်း​အ​မှောင် ၊​ ​ဆေး​ရောင်များ​ ​ကောင်း​မွန်လာသည်ကို ​တွေ့​ရ​လေသည်။ ကုန်း​ဘောင်​ခေတ်တွင် ​ဆေး​ရေး​ပန်း​ချီအမှုထမ်း​များ​ကို ပန်း​ချီ​တော်အဖြစ် ခန့်​ထား​၍ အ​ဆောက်အအုံများ​အပြင် မိဘုရား​ ၊​သား​တော် ၊​ သမီး​တော်များ​ ဗဟုသုတပွား​များ​စေ​ရေး​အတွက် ​လေ့​လာကြည့်​ရှုမှတ်သား​ရန် ငါး​ရာ့​ငါး​ဆယ် နိပါတ်ရုပ်စုံများ​၊​ နန်း​ဓ​လေ့​မှတ်တမ်း​များ​ကို ပုရပိုက်ဖြူများ​တွင် ​ဆေး​ရောင်စုံဖြင့်​ ​ရေး​ဆွဲ​စေခဲ့​သည်။
ကုန်း​ဘောင်​ခေတ် မြန်မာ့​ပန်း​ချီ၏ ထူး​ခြား​ချက်မှာ အမြင်မှန်​ရေး​ဆွဲနည်း​ ဖြစ်၏။ သက်ရှိ ၊​ သက်မဲ့​အရာဝတ်ထုများ​ ​ရေး​ဆွဲး​ရာတွင် အိမ်နံရံစသည်တို့​ကို ​ဖောက်ထွင်း​မြင်ရပုံ ​ရေး​ဆွဲခြင်း​ပင် ဖြစ်သည်။ အသုံး​ပြု​သော​ဆေး​များ​မှာ အနီ​ရောင်အတွက် ဟသင်ပြဒါး​ ၊​ အဝါအတွက် ​ဆေး​ဒန်း​ ၊​ အပြာအတွက် ဒုတ်ထာနှင့်​ မဲနယ် ၊​ အနက်အတွက်ကျပ်ခိုး​၊​ အဖြူအတွက် ​မြေဖြူနှင့်​ထုံး​ တို့​ဖြစ်သည်။ အစိမ်း​ရောင်ရရှိရန် ​ဆေး​ဒန်း​နှင့်​ ဟသင်ပြဒါး​ရော၍​သော်လည်း​ကောင်း​ ၊​ သစ်ရွက်ရည်ကို​သော်လည်း​ကောင်း​ သုံး​လေ့​ရှိ၏။ ၎င်းင်းပင်ရင်း​ဆေး​ရောင်များ​ကို ​ရောစပ်ပြီး​ ပုစွန်ဆီ၊​ဂဠုန်အန်ဖတ် (အညိုပုတ်) စ​သော အ​ရောင်များ​ရ​အောင် လုပ်​ဆောင်​လေ့​ရှိကြ၏။ ဆီ​ဆေး​ဖြင့်​ရေး​ဆွဲရာတွင် ​ဆေး​ကို ပိုက်ဆံဆီနှင့်​ ​ရော​နှောပြီး​ ​ရေး​ဆေး​ဖြင့်​ ​ရေး​ဆွဲသည့်​အခါ တမာ​စေး​နှင့်​ ​ရော​လေ့​ရှိ၏။ ပုံကြမ်း​ရေး​ဆွဲရန် မီး​သွေး​
​တောင့်​ငယ်များ​ရရှိ​ရေး​အတွက် သင့်​လျော်​သောအရွယ် ထင်း​ချောင်း​ငယ်များ​ကို မီး​ဖုတ်ယူကြရ၏။ စုတ်တံကိုနွား​၏နား​အတွင်း​မှ အ​မွေး​နုများ​ဖြင့်​ ပြုလုပ်ကြ​ပေသည်။
ကုန်း​ဘောင်​ခေတ်တွင် ​ကြေး​ထည်ဖြင့်​ ပြုလုပ်​သော ပန်း​တဉ်း​လုပ်ငန်း​ ၊​ ​ကျောက်ဆစ်ပညာဖြစ်​သော ပန်း​တ​မော့​လုပ်ငန်း​ ၊​ မှန်စီ​ရွှေချလုပ်ငန်း​၊​ ပန်း​ပုလုပ်ငန်း​ ၊​ ပန်း​ထိမ်လုပ်ငန်း​ ၊​ ပိုး​ထည်လုပ်ငန်း​ ၊​ ​ရွှေချည်ထိုး​လုပ်ငန်း​ ၊​မျက်ပါး​ခတ်လုပ်ငန်း​များ​လည်း​ ထွန်း​ကား​ခဲ့​လေသည်။
ကုန်း​ဘောင်​ခေတ်အတွင်း​ အခွန်​တော်များ​စွာ ရ​စေ​သောလုပ်ငန်း​မှာ မျက်ပါး​ခတ်လုပ်ငန်း​ ဖြစ်သည်။ ​ရွှေကိုပါး​လွှာ​အောင်ခတ်၍​ရွှေဆိုင်း​များ​ လုပ်​သော လုပ်ငန်း​ဖြစ်​လေသည်။
ဤအ​ကြောင်း​အရာများ​ကား​ မြန်မာတို့​ခေတ်ကို အမီလိုက်လာပုံ ၊​တိုး​တက်လာပုံကို ပြသသဖြင့်​ ဂုဏ်ယူဖွယ်ရာများ​ ဖြစ်​တော့​သည်။ ကုန်း​ဘောင်​ခေတ်တွင် ဝမ်း​နည်း​စရာအဖြစ်အပျက်များ​ကား​ ​နောင်​တော်ကို ညီ​တော်များ​က ပုန်ကန်ခြင်း​၊​ ခမည်း​တော်,ဘ​ထွေး​တော်များ​ကို သား​တော် ၊​တူ​တော်များ​က ပုန်ကန်ခြင်း​များ​နှင့်​ နန်း​တော်ထဲတွင် သူဘက်ငါ့​ဘက် ဟူ၍ တကွဲကွဲအပြား​ပြား​ ဖြစ်​နေကြခြင်း​များ​ ဖြစ်သည်။
ကုန်း​ဘောင်မင်း​များ​သည် မြို့​တော်များ​ မကြာခဏ ​ရွေ့​ပြောင်း​ခဲ့​သည်။ သို့​ရာတွင် ရန်ကုန်မြို့​ကဲ့​သို့​ပင်လယ်ဆိပ်ကမ်း​တွင် မြို့​တော်မပြုလုပ်ခဲ့​သဖြင့်​ ထွန်း​ကား​နေ​သော စက်မှုလက်မှု တိုး​တက်မှုများ​နှင့်​ အဆက်အသွယ်မရရှိခဲ့​ပေ။ ထိုသို့​မရရှိခဲ့​ခြင်း​ပင်လျှင် မြန်မာနိုင်ငံ ဆုံး​ရှုံး​ရခြင်း​၏ အ​ကြောင်း​တစ်ရပ်ဖြစ်သည်ဟု သမိုင်း​ဆရာတို့​က ဆိုကြသည်။ မည်သို့​ဆို​စေကာမူ ကုန်း​ဘောင်​ခေတ်​နောက်ပိုင်း​တွင် မြန်မာ့​မြေ​ပေါ်၌ အဂင်လိပ်နှင့်​ပြင်သစ်တို့​ အပြိုင်အဆိုင် ဖြစ်​နေကြသည်။
မြန်မာဘုရင်က ပြင်သစ်တို့​အား​ အထူး​အခွင့်​အ​ရေး​များ​ပေး​ပြီး​လျှင် မဟာမိတ်စာချုပ်များ​ ၊​စီး​ပွား​ရေး​စာချုပ်များ​ ချုပ်ဆိုသည်ကို အဂင်လိပ်တို့​က အထူး​မခံမရပ်ဖြစ်ကြသည်။ မြန်မာနိုင်ငံ အထက်ပိုင်း​ကို ပြင်သစ်တို့​ သိမ်း​ပိုက်ခြင်း​ သို့​မဟုတ် ဩဇာလွှမ်း​မိုး​ခြင်း​များ​ ပြုလုပ်မည်ကို စိုး​ရိမ်မကင်း​ဖြစ်ကြသဖြင့်​ အဂင်လိပ်တို့​က မြန်မာနိုင်ငံအထက်ပိုင်း​ကို ပြင်သစ်တို့​ထက် အလျင်အမြန် လက်ဦး​မှုရရှိ​အောင် သိမ်း​ယူလိုက်ကြခြင်း​ ဖြစ်သည်။
ဤသို့​ဖြင့်​ အ​နောက်လက်နက်နိုင်ငံကြီး​များ​ စား​ခွက်လုမှု​ကြောင့်​ မြန်မာနိုင်ငံသည် ထီး​သုဉ်း​၊​နန်း​သုဉ်း​ ၊​မင်း​သုဉ်း​ပြီး​နောက် တစ်မျိုး​သား​လုံး​ ကျွန်ဘဝက​ရောက်ကာ မြန်မာဘုရင် သီ​ပေါမင်း​တရား​သည် အိန်ဒိယနိုင်ငံ ရတနာဂီရိသို့​ ပါ​တော်မူခဲ့​ရ​ပေသည်။ ထိုအချိန်မှစ၍ မြန်မာ့​သမိုင်း​ ၌ မြန်မာနိုင်ငံ​တော်ကြီး​ကို တ​ပေါင်း​တစည်း​တည်း​ဖြစ်​အောင် ထူ​ထောင်ခဲ့​သော အ​လောင်း​မင်း​တရား​ကြီး​၏ ကုန်း​ဘောင်မင်း​ဆက်သည် (၁၁)ဆက်​မြောက် သီ​ပေါမင်း​လက်ထက်တွင် စုံး​စုံး​မြုပ်ကာ မြန်မာ့​သမိုင်း​တွင် တိမ်မြုပ်​ပျောက်ကွယ် သွား​ခဲ့​ရ​ပေသည်။
 
 
===ကုန်းဘောင်မင်း ၁၁-ဆက် အကျဉ်း===
==== အလောင်းမင်းတရား ====
(၁)ရွှေချက်သိုစေတီဒါယကာ [[အလောင်းမင်းတရား]]ကြီးဟူသော ဘွဲ့တံဆိပ် နာမံတော်နှင့် ၁၁၁၄-ခုနှစ်နန်းတက် နန်းစည်းစိမ်ရှစ်နှစ်စံ၊ အိမ်နိမ့် ၃၈-နှစ်စံ၊ နံတော် သောကြာသား၊ သက်တော် ၄၆-နှစ်၌ နတ်ရွာစံတော်မူသည်။ (အချို့ကား အိမ်နိမ့် ၃၇-နှစ်)
 
==== စစ်ကိုင်းမင်း ====
(၂) အလောင်းမင်းတရားကြီး၏သားတော် စစ်ကိုင်းမင်း ([[နောင်တော်ကြီးမင်း]]ဟုလည်းခေါ်) မဟာနန္ဒကန်တွင်းစည်ခုံစေတီ ဒါယကာ၊ ဒုတိယစစ်ကိုင်းမြို့တည် နောင်တော်မင်းတရားကြီး သိရီပဝရဓမ္မရာဇာဟူသောဘွဲ့တံဆိပ် နာမံတော်ဖြင့် ၁၁၂၃-ခုနှစ် နန်းတက်၍ နန်းစည်းစိမ် ၃-နှစ်စံ၊ အိမ်နိမ့် ၂၆-နှစ်စံ၊ နံတော်အင်္ဂါသား၊ သက်တော် ၂၉-နှစ်၌ နတ်ရွာစံသည်၊ ငယ်မည်တော် ဦးလောက်ဖြစ်ပြီး အသက်ကြီးလာသော ဦးအောင်ဇေယျဖြင့် နာမည်ဆိုးနှင့် လူသိများလာသည်။ သူသည် မွန်လူမျိုးကို အမျိုးပြုန်းတီးအောင် သတ်ဖြတ်ခဲ့သော မြန်မာစစ်ဘီလူးဘုရင်တစ်ပါးဖြစ်သည်။ သူ့ကြောင့် မွန်နှင့်မြန်မာတို့သည် ချစ်ကြည်ရေး လုံးဝ မတည်ထောင်နိုင်သည်အထိ ကမ္ဘာ့ရန်သူအဖြစ်ဖြင့် ဖြစ်သွားသည်။ငယ်အမည်မှာ မောင်လောက် ဖြစ်သည်။
 
==== ဆင်ဖြူရှင်မင်း ====
(၃)ညီတော် ဆင်ဖြူရှင်ခေါ် နိဗ္ဗာန်ဆိပ်ဦးစေတီတော် ဒါယကာ၊ တတိယ အဝမြို့တည်၊ ဆင်ဖြူရှင်မင်းတရား၊ သီရိပဝရ သုဓမ္မ မဟာဓမ္မ ရာဇာဓိရာဇာဟူသော ဘွဲ့တံဆိပ်နာမံတော်ဖြင့် ၁၁၂၅-ခုနှစ်၌နန်းတက်၍ နန်းစည်းစိမ် ၁၃-နှစ်၊ အိမ်နိမ့် ၂၇-နှစ်၊ နံတော် တနင်္ဂနွေသား၊ သက်တော်၄၀-နှစ်၌ နတ်ရွာစံ၊ (အချို့ကား နန်းစည်းစိမ် ၁၂-နှစ် ဟူသေး၏၊) အလောင်းမင်းတရားကြီး၏ဒုတိယသားတော်၊ငယ်မည် ဦးရွ။အခြားလူသိများသည့် အမည်မှာ [[မြေဒူးမင်း]] ဖြစ်သည်။
 
==== စဉ့်ကူးမင်း ====
(၄)သားတော် [[စဉ့်ကူးမင်း]]၊ မိုးထိကျောင်းဒါယကာ ၁၁၃၈-ခုနှစ် နန်းတက်၍ နန်းစည်းစိမ် ၆-နှစ်စံ၊ အိမ်နိမ့် ၂၀-နှစ်စံ၊ နံတော် တနင်္လာသား၊ သက်တော် ၂၆-နှစ်၌ နတ်ရွာစံ၊
ဆင်ဖြူရှင်မင်းတရား၏ဒုတိယသားတော်၊ ငယ်မည် မောင်ရဲလှ။
 
==== ဖောင်းကားစား မောင်မောင် ====
(၅)ဖောင်းကားမင်း ၁၁၄၃-ခုနှစ် နန်းတက်၍ နန်းစည်းစိမ် ၇-ရက်စံရသည်၊ အိမ်နိမ့် ၁၈-နှစ်စံ၊ နံတော် ကြာသပတေးသား၊ သက်တော် ၁၈-နှစ်၌ ကံတော်ကုန်၊ ''နောင်တော်ကြီးဘုရား၏ သားတော်'' ငယ်မည် မောင်မောင်။[[ဖောင်းကားစား မောင်မောင်]] ဟုအသိများသည်။
 
==== ဗဒုံမင်း ====
(၆)[[ဗဒုံမင်း]](ခေါ်) ဘိုးတော်ဦးဝိုင်း (ခေါ်) ဆင်ဖြူများရှင်မင်းတရားကြီး (ခေါ်) [[ဘိုးတော်ဘုရား]] (ခေါ်) အောင်မြေလောကစေတီဒါယကာ အမရပူရ ပဌမမြို့တည် နန်းတည် မင်းတရားကြီး သိရီပဝရဝိဇယာနန္တ ယသတြိ ဘဝနာဒိတျာဓိပတိ ပဏ္ဍိတ မဟာဓမ္မ ရာဇာဓိရာဇာဟူသော ဘွဲ့တံဆိပ်နာမံတော်ဖြင့်၁၁၄၃-ခုနှစ်နန်းတက်တော်မူ၍ နန်းစည်းစိမ် ၃၇-နှစ်၊ အိမ်နိမ့် ၃၈-နှစ်စံ၊ နံတော် တနင်းလာသား၊ သက်တော်၇၅-နှစ်၌ ကံတော်ကုန်၊ အလောင်းမင်းတရားကြီး၏ ဆဋ္ဌမမြောက်သားတော်၊ ငယ်မည် ဦးဝိုင်းဟူ၏။၄င်းလက်ထက်တွင် အောက်ပြည်အရပ်မှ မွန်တို့ သူပုန်ထသဖြင့် နှိမ်နှင်းရသေးသည်ဟုဆိုသည်။
 
==== ဘကြီးတော် ====
(၇)[[ဘကြီးတော်]]မင်း(ဖန်နန်းရှင်) မှန်နန်းရှင်ဘုရားခေါ် မဟာဝိဇယရံသီ စေတီဒါယကာ စတုတ္ထအဝမြို့တည် နန်းတည်မင်းတရားကြီး သိရီ တြိဘဝနာဒိတျ ပဝရပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာဘွဲ့ တံဆိပ်တော်ဖြင့် ၁၁၈၁-ခုနှစ် နန်းတက်တော်မူ၍ နန်းစည်းစိမ် ၁၈-နှစ် (၁၉-နှစ်ဟုလည်း မူကွဲရှိသည်၊) အိမ်နိမ့်စံ ၃၄-နှစ်၊ နံတော် သောကြာသား၊ သက်တော် ၆၁-နှစ်၌ နတ်ရွာစံသည်ငယ်မည် မောင်စိန်။ မှတ်ချက်။ ။ နန်းကျပြီးနောက် ၈-နှစ်ကြာမှ နတ်ရွာစံသည် ဟူ၏။
 
==== သာယာဝတီမင်း ====
(၈)ညီတော် [[သာယာဝတီမင်း]]၊ ကုန်းဘောင်မင်းဟုလည်းကောင်း၊ရွှေဘိုမင်းဟုလည်းကောင်း ဟူ၏၊ လောကမဏိစူဠစေတီ ဒါယကာအမရပူရ ဒုတိယ မြို့တည် နန်းတည်မင်းတရားကြီး သိရီပဝရာဒိတျ လောကာဓိပတိ ဝိဇယမဟာဓမ္မရာဇာဓိရာဇာ-ဟူသော ဘွဲ့တံဆိပ်နာမံတော်ဖြင့် ၁၁၉၉-ခုနှစ် နန်းတက်တော်မူ၍ နန်းစည်းစိမ် ၉-နှစ်စံ၊ အိမ်နိမ့်၅၀-နှစ်စံ၊ နံတော် ဗုဒ္ဓဟူးသား၊ သက်တော် ၅၉-နှစ်၌ ကံတော်ကုန်သည်၊ ဘကြီးတော် (ဖန်နန်းရှင်) မှန်နန်းရှင်ဘုရား၏ ညီတော်၊ ငယ်မည် မောင်ခင်ဟူ၏။
 
==== ပုဂံမင်း ====
(၉)သားတော် [[ပုဂံမင်း]]ခေါ် မဟာလောကရံသီစေတီ ဒါယကာ၊ သိရီသုဓမ္မ တိလောကပဝရ မဟာဓမ္မရာဇာဓိရာဇာ ဘွဲ့တံဆိပ်နာမံတော်ဖြင့် ၁၂၀၈-ခုနှစ် နန်းတက်တော်မူ၍ နန်းစည်းစိမ် ၆-နှစ်စံ၊အိမ်နိမ့် ၃၅-နှစ်စံ၊ နံတော် သောကြာသား၊ သက်တော် ၄၁-နှစ်၌ နတ်ရွာစံသည်၊ ကုန်းဘောင်မင်းတရားကြီး၏သားတော်၊ ငယ်မည် မောင်ထောင်၊ ပုဂံမြို့စားဟူ၏။
 
==== မင်းတုန်းမင်း ====
(၁၀) ပုဂံမင်း၏ညီတော် [[မင်းတုန်းမင်း]]ခေါ် မဟာလောကမာရဇိန်စေတီဒါယကာ မန္တလေးရတနာပုံ မြို့တည် နန်းတည် ပဉ္စမသင်္ဂါယနာတင်ဘဝရှင်မင်းတရားကြီး သိရီပဝရ ဝိဇယာနန္တ ယသပဏ္ဍိတ တြိဘာဝနာဓိတျာဓိပတိ မဟာဓမ္မ ရာဇာဓိရာဇာ ဘွဲ့တံဆိပ်တော်ဖြင့် ၁၂၁၄-ခုနှစ် နန်းတက်တော်မူ၍ နန်းစည်းစိမ်၂၆-နှစ်၊ အိမ်နိမ့်စံ ၃၈-နှစ်၊ နံတော် အင်္ဂါသား၊ သက်တော် ၆၄-နှစ်၌ နတ်ရွာစံသည်၊ ငယ်မည်မောင်လွင်ဟူ၏။
 
==== သီပေါမင်း ====
(၁၁) သားတော် [[သီပေါမင်း]] မာန်အောင်ရတနာစေတီ ဒါယိကာ မန္တလေး ရတနာပုံ ဒုတိယနန်းစံ၊ သိရီပဝရ ဝိဇယာနန္တ ယသတိလောကာ ဓိပတိ ပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာ ဘွဲ့တံဆိပ်နာမံတော်ဖြင့်၁၂၄၀-ခုနှစ်၌ နန်းတက်စံမြန်း၍ နန်းစည်းစိမ် ၇-နှစ်၊ နံတော် စနေသား၊ ငယ်မည် မောင်ရေစက်ဖြစ်လေသည်၊ ၁၂၄၇-ခုနှစ်၌ ကုလားဖြူတို့က မင်းနှစ်ပါးအားဖမ်းယူလျက် မိမိတို့တိုင်းပြည်ကြီး ကိုသိမ်းပိုက်ကြီးစိုးကာ မြန်မာလူမျိုးတို့အား ကျွန်သဘောက်ဘဝထား၍ အမျိုးဘာသာ သာသနာကို ဖျက်ကြလေတော့သည်။
 
 
=== သုံးသပ်ချက် ===
ကုန်းဘောင်မင်းဆက်သည် မြန်မာနိုင်ငံကိုနောက်ဆုံးအုပ်ချုပ်ခဲ့သည့် မြန်မာမင်းဆက်ဖြစ်သည်။ စတင်ထူထောင်သူ [[အလောင်းဘုရား|အလောင်းမင်းတရား]] မှသည်နောက်ဆုံး [[သီပေါမင်း]]အထိ မင်းဆက် ၁၁ ဆက်တိတိရှိသည်။ ထိုမင်းဆက်၏ အစောပိုင်းမင်းများ လက်ထက်တွင် ကာလရှည်ကြာရှိခဲ့သည့် မွန်-မြန်မာဆက်ဆံရေး ပြိုလဲကာ မွန်လူမျိုးတို့မှာလည်း လူမျိုးကြီးအဖြစ်မှ ကျဆင်းသွားသည်။ နောက်ပိုင်းမင်းဆက်များသည်လည်း တိုင်းပြည်တိုးတက်ရေးအတွက် များစွားအားထုပ်ဆောင်ရွက်သည်မရှိပဲ ထီးနန်းစည်းစိမ်တည်မြဲရေး၊ရယူပိုင်ဆိုင်ရေး အစရှိသည့် နန်းတွင်းအရေးတော်ပုံများ နှင့်သာလုံးပန်းနေရသည်။သို့သော် ဘာသာရေးနှင့်ထင်ရှားသည့် မင်း၂ပါးရှိပြီး ၄င်းတို့မှာ [[ဘိုးတော်ဘုရား]] နှင့်[[မင်းတုန်းမင်း]]တို့ဖြစ်ကြသည်။ ဘိုးတော်ဘုရားသည် [[မင်းကွန်းပုထိုးတော်ကြီး]] တည်ဆောင်ရန်ကြိုးပမ်းမှု နှင့် သာဿနာရေးဆိုင်ရာ အငြင်းအခုန်နှင့် ပြဿနာများကို ဖြေရှင်းရန်အားထုတ်မှုတို့ဖြင့် သမိုင်းတွင်သကဲ့သို့ မင်းတုန်းမင်းအနေဖြင့်လည်း ပဉ္စမသံဂါယနာတင်ခြင်းနှင့် ထိုမှတဆင့် ပိဋကပ်သုံးပုံကို ကျောက်ထက်[[အက္ခရာ]]တင်ပြီး ပူဇော်ခြင်းတို့ဖြင့် ကျော်ကြားရသည်။ထိုမင်းဆက်သည် အခြားမြန်မာမင်းဆက်များ နီးတူ ကုန်းတွင်းပိတ်သဘာဝမှ ပင်လယ်ထွက်ပေါက်ရသည့် အခွင့်အရေးကို အသုံးမချနိုင်သကဲ့သို့ [[ပဒေသရာဇ်]] ပီသစွာပင် ထီးနန်းတည်မြဲရေးကို သာအဓိကထားကာ ကျူးကျော်လာသည် အင်္ဂလိပ်တို့ရန်ကို တွန်းလှန်ကာကွယ်ရန်အတွက် ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ရန် အချိန်နှောင်းခဲ့သဖြင့် နောက်ဆုံးမင်းဖြစ်သည့် သီပေါမင်းလက်ထက်တွင် ရန်သူနယ်ချဲ့[[အင်္ဂလိပ်]]တို့၏ အပြီးတိုင်သိမ်းပိုက်ခြင်းကို ခံခဲ့ရလေသည်။
==ကိုးကား==
 
<references/>
{{မြန်မာနိုင်ငံ မင်းဆက်များ}}