စဉ့်ကူးမင်း: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၃၅ -
 
==ကောင်း​မှု​များ==
ကောင်း​မှု​တော်ကား ​တော်​တောင်မိုး​ထိ​ကျောင်း​ နေရာ​ဟောင်း​တွင် အလျား​သံ(၁၂၅)​တောင်၊​(၁)မိုက်၊​ အနံ(၁၀ဝ)အလွန်ရှိ​သော ဥကင်ရာဇပလ္လင်ဂန္ဓကုဋီ​ကျောင်း​ဦး​ပြသာဒ်၊​ လှေကား​(၇)စင်း​၊ ​ဘုံ(၅)ဆင့်​ရှိ​သော မဟာမင်္ဂလာ​ရွှေဘုံ​ ရွှေ​ကျောင်း​တော်ကြီး​ကို​ဆောက်လုပ်၍ ထန်း​တပင်ဆရာ​တော် ရှင်နန္ဒ​မေဓာအား​ တိပိဋကလင်္ကာရသာမိ မဟာဓမ္မရာဇာဓိရာဇာဂုရု ဟူ​သောတံဆိပ်နာမံနှင့်​ တင်လှူ​တော်မူ၍ ​ကျောင်း​တော်ကိုလည်း​’မဟာမင်္ဂလာ​ရွှေဘုံ’ သမုတ်​တော်မူသည်။ ထို့​ပြင်​ လောကသရဖူဘုရား​ အ​ရှေ့​ရှေး​ကျောင်း​ဟောင်း​နေရာတွင်လည်း ​ကျောင်း​ဦး​ပြသာဒ် နှစ်​ဆောင်နှင့်​တကွ ​လေး​ထပ်​ဇေတဝန်​ကျောင်း​တော်​ ဆောက်၍ ’ဘုံ​ကျော်​ဝေယံ’သမုတ်​တော်မူပြီး​လျှင် ဆုံတား​ဆရာ​တော် ရှင်နန္ဒမာလာအား ​နရိန္ဒာဘိဓဇဓမ္မရာဇာရဇ ဂုရု ဟူ​သောတံဆိပ်နာမံနှင့်​တကွ လှူ​တော်မူသည်။ ထိုမှအပအခြား​ ကုသိုလ်​ကောင်း​မှု အစုစုကား​များ​ပြား​လှ​ပေသည်။ ၁၁၄ဝ ပြည့်​နှစ်တွင်ရန်ကုန်သို့​ဆင်း​လာ၍ ​[[ရွှေတိဂုံ​စေတီ​တော်ရွှေတိဂုံစေတီတော်]]ကို ​ရွှေချပြီး​လျှင် ယခုအ​နောက်​မြောက် ရာဟု​ထောင့်​တွင်ရှိ​သော ​ကြေး​ချိန်ပိသာ(၁၅၅၅၅)ရှိသည့်​ ’မဟာဃဏ္ဍ’​ခေါင်း​လောင်း​ကြီး(​[[စဉ့်ကူးမင်း ခေါင်းလောင်းတော်]])ကို လှူဒါန်း​လေသည်။