ဂိုအင်ကာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၈ -
ဆရာကြီး ဂိုအင်ကာ၏ နည်းလမ်းများမှာ ဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က နည်းလမ်းတစ်ခုအား အသုံးပြုထားခြင်းဖြစ်သည်။ ၎င်းအနေဖြင့် “ဗုဒ္ဓမှာ ဂိုဏ်းဂဏဆိုင်ရာ ဘာသာရေးအား မည်သည့်အချိန်အခါကမျှ မသင်ကြားပေ။ ဗုဒ္ဓက ကမ္ဘာ့အမှန်တရားဖြစ်သည့် လွတ်မြောက်ရာနည်းလမ်းဖြစ်သော တရားဓမ္မကိုသာ သင်ကြားသည်” ဟူသော အယူအဆပေါ်တွင် အဓိကအခြေခံသည်။ ဆရာကြီး ဂိုအင်ကာ ဆိုလိုသည့် “လွတ်မြောက်မှု” ဆိုသည်မှာ သန့်ရှင်းသည့် စိတ်ဓာတ်အား ပြုစုပျိုးထောင်ခြင်း၏ အကျိုးဆက်တစ်ခုဖြစ်သော ညစ်ညမ်းသည့် စိတ်ဓာတ်မှ လွတ်ကင်းရေးနှင့် ၀မ်းနည်းကြေကွဲမှုများမှ လွတ်ကင်းရေးတို့အား ဆိုလိုခြင်းဖြစ်သည်။
 
ဆရာကြီး ဂိုအင်ကာမှာ အိန္ဒိယနိုင်ငံသားဖြစ်သော်လည်း မြန်မာနိုင်ငံတွင် မွေးဖွားကြီးပြင်းခဲ့သူတစ်ဦးဖြစ်သည်။ စက်မှုလုပ်ငန်းရှင်တစ်ဦးအဖြစ် ရပ်တည်နေစဉ် ဆရာကြီး ဦးဘခင်နှင့်[[ဦးဘခင်]]နှင့် ဆုံတွေ့ခဲ့ပြီး ၎င်းထံမှ ဝိပဿနာ တရားအားထုတ်သည့် နည်းလမ်းများအား သင်ယူခဲ့သည်။
 
၁၄ နှစ်ကြာ လေ့လာဆည်းပူးပြီးနောက် အိန္ဒိယနိုင်ငံသို့ ပြန်သွားခဲ့ပြီး ၁၉၆၉ ခုနှစ်တွင် ဝိပဿနာတရားများ အား သင်ကြားပြသပေးခဲ့သည်။ လူတန်းစားခွဲခြားသော စနစ်များနှင့် ယုံကြည်ကိုးကွယ်မှု မျိုးစုံဖြင့် အုပ်စုခွဲနေသည့် အိန္ဒိယနိုင်ငံတစ်ဝန်းလုံးမှ ထောင်နှင့်ချီသော လူသားများအား ဆွဲဆောင်နိုင်ခဲ့သည်။ ထို့အပြင် ကမ္ဘာ့အနှံ့အပြားမှ လူပုဂ္ဂိုလ်များမှာလည်း ဆရာကြီးဂိုအင်ဂါ၏ဆရာကြီးဂိုအင်ကာ၏ ဝိပဿနာတရားသင်တန်းများတွင် လာရောက်လေ့ကျင့်ခဲ့ကြသည်။