ခြောက်ရက်စစ်ပွဲ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး The file Image:Saudi_Arabia_Flag_Variant_(1938).svg has been replaced by Image:Flag_of_Saudi_Arabia_(1938_to_1973).svg by administrator commons:User:Marcus Cyron: ''File renamed: [[commons:COM:FR#reasons|File renaming ...
No edit summary
စာကြောင်း ၂၆ -
 
'''ခြောက်ရက်စစ်ပွဲ''' ကို ဇွန်လစစ်ပွဲ၊ ၁၉၆၇ အာရပ်-အစ္စရေးစစ်ပွဲ သို့ တတိယ အာရပ်-အစ္စရေး စစ်ပွဲ စသည်ဖြင့် ရည်ညွှန်းလေ့ ရှိကြပြီး ၁၉၆၇ ဇွန်လ ၅ ရက်နှင့် ၁၀ ရက် အတွင်း အစ္စရေး နှင့် အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြသော အီဂျစ်နိုင်ငံ၊ ဂျော်ဒန်နိုင်ငံ နှင့် ဆီးရီးယားနိုင်ငံ တို့ တိုက်ခိုက်ကြသော စစ်ပွဲ ဖြစ်သည်။ အစ္စရေးနှင့် ၄င်း၏ အိမ်နီးချင်းနိုင်ငံများ အကြား အလွန်အမင်းတင်းမာမှုများ ဖြစ်ပွားပြီးနောက် ဇွန်လ ၅ရက်နေ့တွင် အစ္စရေးက အာရပ်တပ်များအား လေကြောင်းတိုက်ခိုက်မှု အမှတ်မထင် ရုတ်တရက် စတင်ရာမှ စစ်ပွဲစတင် ဖြစ်ပွားခဲ့သည်။ ရလာဒ်မှာ အစ္စရေး အနေနှင့် လျင်မြန်စွာပင် အောင်မြင်မှု ရလိုက်ခြင်း ဖြစ်သည်။ အစ္စရေးသည် အီဂျစ်ထံမှ ဂါဇာကမ်းမြောင်ဒေသ နှင့် ဆီနိုင်း ကျွန်းဆွယ်၊ ဂျော်ဒန်ထံမှ အနောက်ဘက်ကမ်းခြေနှင့် ဂျေရုဆလင် အရှေ့ပိုင်း၊ ဆီးရီးယားထံမှ ဂိုးလန်း ကုန်းမြင့် တို့ကို ရရှိ ထိန်းချုပ်နိုင်ခဲ့သည်။ အစ္စရေး၏ တိုက်ခိုက်မှုသည် တမင်သက်သက် ရန်လိုခြင်း သို့မဟုတ် ကာကွယ်ရန် အတွက် လက်ဦးမှု ရယူခြင်းဟု အယူအဆ အမျိုးမျိုး ကွဲပြားကြသည်။
 
တကယ်တမ်းဆိုသော် ဤစစ်ပွဲသည် ဝမ်းနည်းဖွယ်ရာဖြစ်ရပ်တစ်ခုဟုဆိုနိုင်ပေ၏။ ဤစစ်ပွဲကို မည်သူကမျှ မတိုက်ချင်ခဲ့ကြဘဲ စစ်ပွဲကြီးအဖြစ် မထင်မှတ်ဘဲ ပြောင်းလဲသွားခဲ့ရပေသည်။ ဤစစ်ကိုမီးမွှေးခဲ့သူ အဓိက တရားခံဟုဆိုနိုင်သူ အီဂျစ်သမ္မတ နာဆာ၏ ရည်ရွယ်ချက်မှာ အမေရိကန်ပြည်အား အကျပ်ကိုင်ရန်သာဖြစ်၏။ အမေရိကန်ပြည်၏ဘဏ္ဍာရေး၊ စားနပ်ရိက္ခာ အကူအညီများဖြင့် ရှင်သန်ရပ်တည်ခဲ့ရာမှ ဆိုဗီယက်ပြည်ထောင်စု၏ စစ်ရေးအထောက်အပံ့များဖြင့် ​ဒေသတွင်း အင်အားတောင့်တင်းလာပြီးနောက် အမေရိကန်ပြည်အပေါ် မိတ်ဆွေမဆန်သည့် ဆက်ဆံရေးများ ပြုလုပ်လာခဲ့သောကြောင့် အမေရိကန်ပြည်က အီဂျစ်နိုင်ငံအပေါ် စီးပွားရေးအထောက်အပံ့အားလုံး ရုတ်သိမ်းလိုက်၏။ ပြည်တွင်းစားသုံးမှုအတွက် အမေရိကန်ဂျုံအပေါ် မှီခိုအားထားနေရသော အီဂျစ်နိုင်ငံတွင်း စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် မကျေနပ်မှုများ၊ အုံကြွမှုများ ဖြစ်ပေါ်လာခဲ့၏။ ထိုအကျပ်အတည်းမှ အာရုံလွှဲရန် အာရပ်ကမ္ဘာ၏ ထောက်ခံမှုကို ရယူရန်ရည်ရွယ်ကာ ဘုံရန်သူ အစ္စရေးအား ရင်ဆိုင်ရဲသည့် အာရပ်သူရဲကောင်းအဖြစ် မိမိကိုယ်ကိုပွဲထုတ်လေတော့၏။
 
အီဂျစ်နှင့် အစ္စရေးကြားနယ်စပ်၊ ဆိုင်းနိုင်းသဲကန္တာရအတွင်း တပ်စွဲထားသည့် ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့များအား ပြန်လည်ရုတ်သိမ်းရန်တောင်းဆိုလိုက်၏။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်၏အမိန့်ဖြင့် ထိုတပ်များ ရုတ်သိမ်းသွားပြီးနောက် သူတို့၏နေရာတွင် အီဂျစ်စစ်တပ်များ၊ ယန္တရားတပ်များကို အစားထိုးချထားလိုက်၏။ အစ္စရေးက ကန့်ကွက်သော်လည်း အခြားမည်သည့် ကမ္ဘာ့နိုင်ငံကမှ အရေးတယူမရှိလှပေ။
 
ထိုအခါ နာဆာသည် ပိုမိုအတင့်ရဲလာပြီး အစ္စရေး၏အသက်သွေးကြောဟုဆိုနိုင်သော တီရန်​ရေလက်ကြားကို ပိတ်ဆို့လိုက်လေတော့သည်။ အာရပ်ကမ္ဘာတွင် နာဆာသည် သူရဲကောင်းကြီးဖြစ်သွားသော်လည်း အစ္စရေးအတွက်မူ ခက်ခဲသော ဆုံးဖြတ်ချက်များကို ချမှတ်ရလေတော့သည်။
 
၁၉၅၆ ခုနှစ်၊ စူးအက်တူးမြောင်းအရေးအခင်းပြီးနောက်တွင် တီရန်​ရေလက်ကြားကို မည်သူကမျှမပိတ်ဆို့စေရဟု အမေရိကန်က အစ္စရေးအား အာမခံချက်ပေးထားခဲ့ပြီး၊ အစ္စရေးကလည်း တီရန်​ရေလက်ကြားပိတ်ဆို့ခြင်းကို မိမိအားစစ်တိုက်ခြင်းဟု ယူဆမည်ဖြစ်ကြောင်း ပြတ်သားစွာကြေငြာခဲ့၏။ တကယ်တမ်းတွင် အီဂျစ်၏လုပ်ရပ်အတွက် အမေရိကန်ကရော မည်သည့်နိုင်ငံကပါ အရေးတယူ မရှိလှသည့်အခါ အစ္စရေးအတွက် မိမိကိုယ်ကို အားကိုးရန် ဆုံးဖြတ်ရလေတော့၏။
 
==ကိုးကား==