ရိုဟင်ဂျာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး The file Image:RohingyaIdentityCard.jpg has been removed, as it has been deleted by commons:User:Fastily: ''commons:Commons:Deletion requests/File:RohingyaIdentityCard.jpg''. ''Translate me!''
အရေးမကြီး fixing dead links
စာကြောင်း ၁၁ -
[[File:Rohingya.gif|thumb|ရိုဟင်ဂျာများ]]
 
ရိုဟင်ဂျာ ဆိုသည်မှာ မြန်မာနိုင်ငံ၏ [[ရခိုင်ပြည်နယ်]] မြောက်ဘက်ပိုင်းတွင် အများဆုံး အခြေချနေထိုင်ကြပြီး၊ [[ဘင်္ဂလားဒေ့ရှ်နိုင်ငံ]] နှင့် မြန်မာနိုင်ငံမှ ရိုဟင်ဂျာများကို ၎င်းတို့၏ နိုင်ငံသားများ မဟုတ်ကြောင်း ငြင်းဆိုကြကာ နိုင်ငံမဲ့ဖြစ်နေသည့် လူမျိုးတစ်စုဖြစ်သည်။ ၎င်းတို့သည် ရခိုင်ပြည်နယ် [[မောင်တောမြို့]]၊ [[ဘူးသီးတောင်မြို့]]၊ [[ရသေ့တောင်မြို့]]၊ [[ကျောက်တော်မြို့]] နှင့် [[စစ်တွေမြို့]]တို့တွင် အများစုနေထိုင်ကြသည်။ ၂၀၁၂ ခုနှစ်ထိ ရိုဟင်ဂျာပေါင်း (၈)သိန်းနီးပါး မြန်မာနိုင်ငံတွင် နေထိုင်နေသည်ဟုဆိုသည်။ ကုလသမဂ္ဂမှ ၄င်းတို့သည် ကမ္ဘာပေါ်တွင် အဖိအနှိပ်ခံရဆုံး လူနည်းစုများတွင် ပါဝင်နေသည်ဟုဆိုသည်။ <ref>{{cite news|title=Myanmar, Bangladesh leaders 'to discuss Rohingya'|url=http://www.google.com/hostednews/afp/article/ALeqM5j7a3oPcHSvWSpkXzzSruvNZfdPMA?docId=CNG.8d52d8a6dba835c4ac54aab3f3c8031b.571|publisher=AFP|date=2012-06-29|archiveurl=http://web.archive.org/web/20120718074439/http://www.google.com/hostednews/afp/article/ALeqM5j7a3oPcHSvWSpkXzzSruvNZfdPMA?docId=CNG.8d52d8a6dba835c4ac54aab3f3c8031b.571|archivedate=2012-07-18}}</ref> နိုင်ငံမဲ့ဖြစ်နေသောရိုဟင်ဂျာများသည် ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးရှိ ဒုက္ခသည်စခန်းများနှင့် ဆင်းရဲမွဲတေနေသည့်ရွာများသို့ ပြောင်းရွှေ့ နေထိုင်ကြရပြီး၊ ထိုင်းမြန်မာနယ်စပ်များတွင်လည်း ရှိသည်။
 
ရိုဟင်ဂျာ လူမျိုးစုကို မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား လူမျိုးစု ၁၃၅ ခုတွင် ထည့်သွင်း သတ်မှတ် ထားခြင်း မရှိသဖြင့် မြန်မာလူမျိုးစုများတွင် ပါဝင်ခြင်း ရှိမရှိ ဆိုသော အချက်နှင့် ပတ်သက်၍ အငြင်းပွားမှုများစွာ ဖြစ်ပေါ်နေသည်။ ရိုဟင်ဂျာကို လူမျိုးစု အဖြစ် မသတ်မှတ်သူများက ရိုဟင်ဂျာ ဆိုသည်မှာ မြန်မာနိုင်ငံ အတွင်း ယခင်ကတည်းက နေထိုင်သော လူမျိုးစု မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်မှ ဝင်ရောက်လာသူများ အဖြစ် ငြင်းဆိုကြသည်။ ရိုဟင်ဂျာများမှလည်း ဝန်ကြီးချုပ်ဟောင်း ဦးနု နှင့် မြန်မာနိုင်ငံ သမ္မတဟောင်း စဝ်ရွှေသိုက်တို့မှ ပြောကြားချက်များကို ကိုးကား၍ ရိုဟင်ဂျာဆိုသည်မှာ မြန်မာပြည်အတွင်းမှ လူမျိုးစု ဖြစ်ကြောင်း ငြင်းဆိုကြသည်။