ကင်းဝန်မင်းကြီး ဦးကောင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Migrating 1 interwiki links, now provided by Wikidata on d:q6414450 (translate me)
စာကြောင်း ၇၆ -
 
== နိုင်ငံခြားသို့ သံအဖြစ် သွားရောက်ခြင်း ==
ဗြိတိန်နိုင်ငံနှင့် ပိုမိုရင်းနှီးစွာ တိုက်ရိုက်ဆက်ဆံနိုင်ရန် လည်းကောင်း၊ ဥရောပတိုက်ရှိ အခြားနိုင်ငံကြီးများနှင့်လည်း နိုင်ငံခြားဆက်သွယ်မှု ရရှိရန် လည်းကောင်း၊ ၁၂၃၃ ခုနှစ် တပေါင်းလဆုတ် ၉ ရက်နေ့တွင် မင်းတုန်းမင်းတရားကြီး စေလွှတ်သောသံအဖွဲ့ကို ကင်းဝန်မင်းကြီး ဦးကောင်း ဦးဆောင်ခဲ့၏။ ထိုသံအဖွဲ့မှာ မြန်မာနိုင်ငံမှ ဥရောပနိုင်ငံများသို့ ပထမဦးဆုံး စေလွှတ်ခဲ့သော သံအဖွဲ့ဖြစ်သည်။ သံအဖွဲ့တွင် ဝန်ကြီး ကင်းဝန်မင်းကြီး မဟာစည်သူ (ဦးကောင်း) က သံကြီး၊ ဝန်ထောက်ပန်းတဉ်းဝန် - မဟာမင်းလှကျော်ထင် (ဦးရွှေဘင်)၊ ဝန်ထောက် ဖန်ချက်ဝန် - မဟာမင်းကျော်ရာဇာ (ဦးရွှေအိုး) တို့က သံလတ်နှင့် စာရေးကြီး မင်းလှဇေယျသူ (ဦးခြိမ့်) က သံငယ်အဖြစ် ပါဝင်ကြပြီး ဘုရင့် ရာဇသဝဏ်လွှာများ၊ လက်ဆောင်ပဏ္ဍာတော်များ၊ သယ်ဆောင်သွားရောက်ခဲ့ကြသည်။ ဗြိတိန်၊ အိုင်ယာလန်၊ ပြင်သစ်၊ အီတလီနိုင်ငံသို့ သွားရောက်ကာ နိုင်ငံအစိုးရချင်း ဆက်သွယ်ရေး၊ ကုန်သည်ကြီးများ၊ ကုမ္ပဏီကြီးများနှင့် စီးပွားရေး ဆက်သွယ်မှုများကို ဆောင်ရွက်ခဲ့သည့်ပြင် ထိုနိုင်ငံတို့၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ကာကွယ်ရေးတပ်များဖွဲ့ပုံနှင့် ကာကွယ်ရေးစီမံမှုတို့ကို လေ့လာခဲ့၏။ ပညာသင်ကြားရေး၊ ဝန်ထမ်းလုပ်ငန်း၊ ငွေနှင့် ဘဏ်စနစ်၊ ကြေးနန်းနှင့် စာပို့တိုက်လုပ်ငန်း၊ ပြတိုက်၊ ဇာတ်သဘင် စသည်တို့ကိုလည်း ဆည်းပူးလေ့လာခဲ့သည်။ ထူးခြားသည်မှာ အင်္ဂလန်ပြည်မှ မပြန်မီ ပြင်သစ်သို့ဝင်၍ သမ္မတ၊ နိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံကာ ပြင်သစ်အစိုးရနှင့် မဟာမိတ်စာချုပ်တစ်ခုကို မြန်မာသက္ကရာဇ် ၁၂၃၄ ခုနှစ်၊ ပြာသိုလဆုတ် ၁၁ ရက်နေ့တွင် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ ယင်းစာချုပ်အမည်မှာ ၁၈၇၃ ခု၊ ပြင်သစ်နှင့် မြန်မာ နှစ်နိုင်ငံ အချင်းချင်း ကူးသန်းရောင်းဝယ်ရေး သဘောတူညီချက် ဟူ၍ ဖြစ်သည်။ ကင်းဝန်မင်းကြီး ဦးဆောင်သော အဖွဲ့သည် ၁၂၃၄ ခု တပို့တွဲလပြည့်ကျော် ၁ ရက်၊ ကြာသပတေးနေ့တွင် အင်္ဂလန်ပြည်မှ ပြန်လည်ထွက်ခွာခဲ့ ကြသည်။ အပြန်ခရီးတွင်လည်း ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ကို ဝင်ရောက်ဖြတ်သန်းပြီး အီတလီနိုင်ငံ ရောမမြို့သို့ သွားရောက်ကာ ပုပ်ရဟန်းမင်းကြီး၊ အီတလီမင်းတို့နှင့် တွေ့ဆုံကြသည်။ သီဟိုဠ်ကျွန်း (ယခု သီရိလင်္ကာနိုင်ငံ) တွင် ဗုဒ္ဓမြတ်စွယ်တော်အား ဖူးမြော်ပြီး စွယ်တော်ပွားတစ်ဆူကိုလည်း ပင့်ဆောင်ခဲ့သည်။ အိန္ဒိယဘုရင်ခံထံသို့လည်း ဝင်ရောက်ခဲ့ပေ၏။ ရန်ကုန်သို့ ရောက်သောအခါ အသွားခရီးကဲ့သို့ပင် အင်္ဂလိပ်အရာရှိများ၏ နှောင့်ယှက်ရှာဖွေ စစ်ဆေးမှုများ ခံခဲ့ရပေသည်။
ဗြိတိန်နိုင်ငံနှင့် ပိုမိုရင်းနှီးစွာ တိုက်ရိုက် ဆက်ဆံနိုင်ရန် လည်းကောင်း ၊ ဥရောပတိုက်ရှိ အခြားနိုင်ငံများနှင့်လည်း နိုင်ငံခြား ဆက်သွယ်မှု ရရှိရန်အလို့ငှာ လည်းကောင်း ၁၂၃၃ ခုနှစ်တွင် မင်းတုန်းမင်း စေလွှတ်သော သံအဖွဲ့ကို ကင်းဝန်မင်းကြီး ဦးဆောင်၍ သွားရောက်ခဲ့သည်။ ထိုသံအဖွဲ့မှာ မြန်မာနိုင်ငံမှ ဥရောပ နိုင်ငံများသို့ ပထမဆုံး စေလွှတ်ခဲ့သော သံအဖွဲ့ ဖြစ်သည်။
 
သံအဖွဲ့သည် ချစ်ကြည်ရေး ဆောင်ရွက်မှုများ၊ ကုန်သွယ်ရေးညှိနှိုင်းမှုများနှင့်အတူ အင်္ဂလန်ပြည် ဥရောပနိုင်ငံများမှ မဟာမိတ်စာချုပ်များ၊ လက်ဆောင်ပဏ္ဏာတော်များ သယ်ဆောင်လျက် မိမိတို့၏ ရတနာပုံမြို့တော်သို့ ၁၂၃၅ ခု၊ ကဆုန်လဆန်း ၆ ရက် (၁၈၇၃ ခု၊ မေလ ၂ ရက်) သောကြာနေ့တွင် ပြန်လည်ရောက်ရှိခဲ့သည်။ ဤသံအဖွဲ့၏ ဆောင်ရွက်မှုကြောင့် ကုန်းဘောင်ရာဇဝင်ကြီးတွင် ကောင်ဒီရော်ရွှဟု ခေါ်သော Count de Rochechouart သူသည် မန္တလေးမြို့သို့ ပြင်သစ်သံအဖြစ် ရောက်လာခဲ့လေသည်။ ၁၂၃၅ ခုနှစ်၊ တပေါင်းလဆုတ် ၁၂ ရက်နေ့တွင် ကင်းဝန်မင်းကြီးပင် ဦးဆောင်၍ ပြင်သစ်နိုင်ငံသို့ မြန်မာသံအဖွဲ့တစ်ဖွဲ့ ထပ်မံသွားရောက်ခဲ့ရာ ပြင်သစ်သံ ကောင်ဒီရော်ရွှပါ လိုက်ပါသွားခဲ့သည်။ ပြင်သစ်သို့သွားရာတွင် စင်္ကာပူမှတဆင့် သွားခဲ့သည်။ ဤသံအဖွဲ့သည် ပြင်သစ်-မြန်မာ ဆက်ဆံရေးအတွက် အကျိုးထူးဖွယ်ရာ ရှိသော်လည်း ပြင်သစ်-မြန်မာ ဆက်ဆံရေးအတွက် အကျိုးထူးဖွယ်ရာရှိသော်လည်း ပြင်သစ်-မြန်မာ ဆက်ဆံရေး၊ အင်္ဂလိပ်-မြန်မာဆက်ဆံရေး တို့ကို များစွာ ဂယက်ရိုက်ခဲ့ပြီး မြန်မာပြည်၏ နိုင်ငံရေးကစားကွက်၏ တစ်စိတ်တစ်ဒေသလည်း ဖြစ်ခဲ့သည်။
ဗြိတိန် ၊ အိုင်ယာလန် ၊ ပြင်သစ် နှင့် အီတလီနိုင်ငံများသို့ သွားရောက်ကာ နိုင်ငံ အစိုးရချင်း ဆက်သွယ်ရေး ၊ ကုန်သည်ကြီးများ ၊ ကုမ္ပဏီကြီးများ နှင့် စီးပွားရေး ဆက်သွယ်မှုများကို ဆောင်ရွက်ခဲ့သည့်အပြင် အုပ်ချုပ်ရေး၊ တရားစီရင်ရေး ၊ ကာကွယ်ရေး တပ်များ ဖွဲ့စည်းပုံနှင့် စီမံပုံတို့ကို လေ့လာခဲ့ကြသည်။ ပညာသင်ကြားရေး ၊ ဝန်ထမ်းလုပ်ငန်း ၊ ငွေနှင့် ဘဏ်စနစ် ၊ ကြေးနန်းနှင့် စာတိုက်လုပ်ငန်း ၊ ပြဇာတ် ၊ ဇာတ်သဘင် စသည်တို့ကိုလည်း လေ့လာခဲ့သည်။ ထူးခြားသည်မှာ ပြင်သစ်အစိုးရနှင့် မဟာမိတ် စာချုပ်တစ်ခုကို ၁၂၃၄ ခုနှစ်တွင် ချုပ်ဆိုခဲ့ခြင်းပင် ဖြစ်သည်။ ဤသံအဖွဲ့၏ ဆောင်ရွက်ခဲ့မှုဖြင့် ပြင်သစ်သံအဖွဲ့ မန္တလေးသို့ ရောက်ရှိခဲ့သည်။ ၁၂၃၅ တွင် ကင်းဝန်မင်းကြီးပင် ဦးဆောင်၍ ပြင်သစ်နိုင်ငံသို့ မြန်မာသံအဖွဲ့ တစ်ဖွဲ့ ထပ်မံ သွားရောက်ခဲ့ရာ ဤအခေါက် သွားရောက်ခဲ့ခြင်းသည် ပြင်သစ် - မြန်မာ ဆက်ဆံရေးအတွက် များစွာ အကျိုးထူးဖွယ် ရှိသော်လည်း အင်္ဂလိပ် - မြန်မာ ဆက်ဆံရေးကို များစွာ ဂယက်ရိုက်စေခဲ့သည်။
၁၂၃၆ ခုနှစ်တွင် ကင်းဝန်မင်းကြီးမှာ သေနတ်ဝန်အဖြစ် ခန့်အပ်ခြင်းခံရ၍ မြောက်ထားဝယ်၊ တောင်ထားဝယ် စသော သေနတ်အစု ၂၂ တပ်၊ စစ်သည်ငါးသောင်း (၅၀,ဝ၀ဝ) ကျော်တို့ကို အုပ်ချုပ်ခန့်ခွဲရ၏။ ထိုအချိန်မှစ၍ ကင်းဝန်မင်းကြီးမှာ နိုင်ငံကာကွယ်ရေးနှင့် စစ်မှုရေးရာ တို့တွင် ပိုမိုတာဝန်ယူကာ ဆောင်ရွက်ခဲ့ရ၏။ သေနတ်ဝန်ရာထူးမှာ ကြည်းတပ်များကို ကြီးကြပ်အုပ်ချုပ်ရသဖြင့် သြဇာအာဏာရှိသည်။ ထို့နောက် ၁၂၃၇ ခုနှစ်တွင် လယ်ကိုင်းမြို့စားအဖြစ်ပါ သနားတော်မြတ်ခံရသည်။
 
== အုပ်ချုပ်မှု ပြုပြင် ပြောင်းလဲရေး ==