ကင်းဝန်မင်းကြီး ဦးကောင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ဘဝနိဂုံး
စာကြောင်း ၁၃၃ -
 
== ဘဝနိဂုံး ==
အင်္ဂလိပ်တပ်များချီတက်လာစဉ်တွင်သိီပေါမင်းကိုယ်တိုင်က လွတ်ရာလွတ်ကြောင်း မရှောင်လိုဟု ဆိုသည့်အပြင် ဗြိတိသျှတို့ တောင်းဆိုသည်ကို ကျေအေးစွာ အပြည့်အစုံပေးမည်ဖြစ်ကြောင်း၊ သတ္တဝါတို့ အသက်မသေစေရန် တိုက်ခိုက်မှုမရှိစေလိုကြောင်းဖြင့် အမိန့်ပေးသောကြောင့် အင်္ဂလိပ်တို့ချီတက်လာစဉ်တွင် ဟန့်တားတိုက်ခိုက်မှုမရှိရန်နှင့် အင်္ဂလိပ်တို့ကလည်း မတိုက်ခိုက်ရန် စီစဉ်ခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။
ဤသို့လျှင် အုပ်ချုပ်ရေးဘက် စာပေဘက်တွင်၄င်း၊လောကီဘက် လောကုတ္တရာဘက်တွင်၄င်း၊ အထူးကျော်စော ထင်ရှားခဲ့ပေသော ဝန်ရှင်တော် လယ်ကိုင်းမြို့စား သေနတ်ဝန် ကင်းဝန်မင်းကြီး မင်းသတိုးသုဓမ္မ မဟာသက်တော်ရှည် “စီအက်(စ်)အိုင်” သည် သင်္ခါရသဘောတရားကို မလွန်ဆန်နိုင်သည်ဖြစ်၍ သက္ကရာဇ် ၁၂၇၀-ခုနှစ် ဝါဆိုလဆန်း ၃-ရက် အင်္ဂါနေ့ နံနက် ၅-နာရီ အသက် ၈၆-နှစ် ၄-လနှင့် ၂၂-ရက်တွင် အနိစ္စရောက်ရရှာလေသတည်း။
 
<ref>သုတ၊မောင်။ စာဆိုတော်များ အတ္ထုပ္ပတ္တိ။ တတိယအကြိမ်နှိပ်။ ရန်ကုန်။ ဇွဲပုံနှိပ်တိုက်၊၁၉၆၈။ </ref>
ဤသို့အားဖြင့် အားမတန်မာန်လျှော့ကာ အညံ့ခံခြင်းသာဖြစ်သည်။ ကင်းဝန်မင်းကြီးသည် သီပေါမင်း ပါတော်မူပြီးနောက် ဗြိတိသျှတို့ တောင်းပန်သည့်အတိုင်း လွှတ်တော်၊ မှူးတော်၊ မတ်တော်တို့နှင့်အတူ နိုင်ငံတော်အုပ်ချုပ်ရေးကို ကူညီခဲ့၏။ ၁၂၅၉ ခုနှစ်တွင် ဒုတိယဘုရင်ခံ၏ ဥပဒေပြု မင်းတိုင်ပင်အဖြစ် အမှုထမ်းခဲ့သည်။ အနိစ္စမရောက်မီ တွေ့မြင်ခဲ့သူတစ်ဦးက ကင်းဝန်မင်းကြီး၏ တည်ငြိမ်ပုံ၊ ထက်မြက်ပုံ၊ ယဉ်ကျေးသိမ်မွေ့ပုံ၊ ဗဟုသုတ များပုံတို့ကို ချီးကျူးရေးသားထားသည်။
 
ဤကဲ့သို့ မြန်မာအစိုးရမင်းတို့ လက်ထက်တော်နှင့် အင်္ဂလိပ်အစိုးရမင်းတို့ လက်ထက် မင်းလေးဆက်တိုင် ရာထူးဌာနန္တရဘွဲ့ အမည်တံဆိပ်များနှင့်တကွ ချီးမြှောက်သူကောင်းပြုတော်မူသည်ကို ပါရမီဒဗ္ဗသန္ဘာရ သီလ သမာဓိ ပညာ ဗဟုသုတ ဒီဃာယုက ဟူသော ဂုဏ်ကျေးဇူးအပေါင်းနှင့် ပြည့်စုံသော ကင်းဝန်မင်းကြီး ဦးကောင်းသည် အသက် ၈၆ နှစ်၊ ၄ လ၊ ၂၂ ရက် အရွယ်တွင် သင်္ခါရသဘောကို မလွန်ဆန်နိုင်သည်ဖြစ်၍ မြန်မာသက္ကရာဇ် ၁၂၇၀ ပြည့်၊ ဝါဆိုလဆန်း ၃ ရက် (ခရစ် ၁၉၀၈ ခု၊ ဇွန်လ ၃၀ ရက်) အင်္ဂါနေ့ နံနက်ငါးနာရီတွင် ခန္ဓာပဉ္စကသမုတ္တိမရဏသဘောကို ရွေ့လျောကာ ကွယ်လွန်အနိစ္စ ရောက်ရလေသည်။
 
ကြွင်းကျန်ရစ်သော ရုပ်အလောင်းကို ရှေးမြန်မာမင်းတို့လက်ထက် အဂ္ဂမဟာသေနာပတိ ဝန်ရှင်တော်မင်းကြီး သက်တော်ရှည်အမတ်တို့ ကွယ်လွန်ရာ သင်္ဂြိုဟ်သည့် ဆောင်ရွက်မြဲဓလေ့ထုံးစံ အခမ်းအနားနှင့်အညီ တပ်မြို့တွင်း အိန္ဒိယ မဟာအတုလတာရာသဟာယ (C.S.I) စီအက်စ်အိုင်ဘွဲ့တံဆိပ်တို့ကို ချီးမြှင့်ခြင်း ခံခဲ့ရပေသည်။<ref>သုတ၊မောင်။ စာဆိုတော်များ အတ္ထုပ္ပတ္တိ။ တတိယအကြိမ်နှိပ်။ ရန်ကုန်။ ဇွဲပုံနှိပ်တိုက်၊၁၉၆၈။ </ref>
<ref> Burmese Encyclopedia Vol 2, p-406 printed in 1955</ref>