မြန်မာ့ ပထမဆုံး လေယာဉ်ပြန်ပေးဆွဲမှု: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +...
စာကြောင်း ၉ -
 
===လေယာဉ်ပျံ ပျံနေစဉ်===
မြန်မာနိုင်ငံ ရာဇဝတ်မှု ရာဇဝင်တွင် တစ်ကြိမ် တစ်ခါမျှမကြုံဖူးခဲ့သေးသော လေယာဉ်ပျံ ပျံသန်းနေ ခိုက် လေယာဉ်ပျံတစ်စင်းကို လူဆိုးများစီးနင်းတိုက်ခိုက်သည့် လေကြောင်းခရီး ဓားပြမှုကြီးတစ်ရပ်မှာ ဇွန် လ ၂၅ ရက်က ပထမဆုံးအကြိမ်မြောက် အံ့သြဖွယ်ရာအံ့ဩဖွယ်ရာ ဖြစ်ပွားကြောင်း။ အဆိုပါလေယာဉ်ပျံပေါ်တွင် လူဆိုးတို့ စီးနင်းဓားပြတိုက်သည့်သတင်းမှာ ရန်ကုန်မြို့ သတင်းစာလောကသို့ ချက်ချင်းပျံ့နှံ့ ရောက်ရှိလာရာ တစ်မြို့လုံးတစ်ခါတည်း ဟိုးလေးတကျော်ဖြစ်သွားပြီး သက်ဆိုင်ရာအစိုးရရဲအဖွဲ့ စုံထောက်ဌာနများ၊ စစ်ဘက် ဆိုင်ရာပုဂ္ဂိုလ်များ၊ နိုင်ငံတော်လေကြောင်းသယ်ယူပို့ဆောင်ရေး အဖွဲ့(ယူဘီအေ)အာဏာပိုင်များတို့မှာ ဆိုင်ရာဆိုင်ရာ အထူးတလည် အလုပ်များသွားကြတော့ ကြောင်း။ လေယာဉ်ပျံတွင် လူဆိုးများအပိုင်စီးကာ ဓားပြ တိုက်ယူခြင်းခံလိုက်ရသော ငွေများမှာ ကျောက်ဖြူငွေ တိုက်အတွက်ပေးပို့သောအစိုးရဘဏ္ဍာတော်ငွေများဖြစ်လျက် လေယာဉ်ပျံမှာ နိုင်ငံတော်လေကြောင်းသယ်ယူ ပို့ဆောင်ရေးအဖွဲ့(ယူဘီအေ)၏ ရန်ကုန်မြို့မှ ကျောက်ဖြူ-စစ်တွေမြို့သို့ ခရီးသည်များပို့ဆောင်ရန် ထွက်ခွာသွားသောခရီးသည်တင် ဒါကိုတာလေယာဉ်ပျံ စက်နှစ်လုံးတပ် ၂၈ ယောက်စီး အမှတ်အိပ်(စ်)ဝိုင် အေစီဘီဖြစ်ကြောင်း။
 
===မောင်းသူအမည်===