ကင်းဝန်မင်းကြီး ဦးကောင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ဘဝနိဂုံး
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +...
စာကြောင်း ၇၉ -
 
သံအဖွဲ့သည် ချစ်ကြည်ရေး ဆောင်ရွက်မှုများ၊ ကုန်သွယ်ရေးညှိနှိုင်းမှုများနှင့်အတူ အင်္ဂလန်ပြည် ဥရောပနိုင်ငံများမှ မဟာမိတ်စာချုပ်များ၊ လက်ဆောင်ပဏ္ဏာတော်များ သယ်ဆောင်လျက် မိမိတို့၏ ရတနာပုံမြို့တော်သို့ ၁၂၃၅ ခု၊ ကဆုန်လဆန်း ၆ ရက် (၁၈၇၃ ခု၊ မေလ ၂ ရက်) သောကြာနေ့တွင် ပြန်လည်ရောက်ရှိခဲ့သည်။ ဤသံအဖွဲ့၏ ဆောင်ရွက်မှုကြောင့် ကုန်းဘောင်ရာဇဝင်ကြီးတွင် ကောင်ဒီရော်ရွှဟု ခေါ်သော Count de Rochechouart သူသည် မန္တလေးမြို့သို့ ပြင်သစ်သံအဖြစ် ရောက်လာခဲ့လေသည်။ ၁၂၃၅ ခုနှစ်၊ တပေါင်းလဆုတ် ၁၂ ရက်နေ့တွင် ကင်းဝန်မင်းကြီးပင် ဦးဆောင်၍ ပြင်သစ်နိုင်ငံသို့ မြန်မာသံအဖွဲ့တစ်ဖွဲ့ ထပ်မံသွားရောက်ခဲ့ရာ ပြင်သစ်သံ ကောင်ဒီရော်ရွှပါ လိုက်ပါသွားခဲ့သည်။ ပြင်သစ်သို့သွားရာတွင် စင်္ကာပူမှတဆင့် သွားခဲ့သည်။ ဤသံအဖွဲ့သည် ပြင်သစ်-မြန်မာ ဆက်ဆံရေးအတွက် အကျိုးထူးဖွယ်ရာ ရှိသော်လည်း ပြင်သစ်-မြန်မာ ဆက်ဆံရေးအတွက် အကျိုးထူးဖွယ်ရာရှိသော်လည်း ပြင်သစ်-မြန်မာ ဆက်ဆံရေး၊ အင်္ဂလိပ်-မြန်မာဆက်ဆံရေး တို့ကို များစွာ ဂယက်ရိုက်ခဲ့ပြီး မြန်မာပြည်၏ နိုင်ငံရေးကစားကွက်၏ တစ်စိတ်တစ်ဒေသလည်း ဖြစ်ခဲ့သည်။
၁၂၃၆ ခုနှစ်တွင် ကင်းဝန်မင်းကြီးမှာ သေနတ်ဝန်အဖြစ် ခန့်အပ်ခြင်းခံရ၍ မြောက်ထားဝယ်၊ တောင်ထားဝယ် စသော သေနတ်အစု ၂၂ တပ်၊ စစ်သည်ငါးသောင်း (၅၀,ဝ၀ဝ) ကျော်တို့ကို အုပ်ချုပ်ခန့်ခွဲရ၏။ ထိုအချိန်မှစ၍ ကင်းဝန်မင်းကြီးမှာ နိုင်ငံကာကွယ်ရေးနှင့် စစ်မှုရေးရာ တို့တွင် ပိုမိုတာဝန်ယူကာ ဆောင်ရွက်ခဲ့ရ၏။ သေနတ်ဝန်ရာထူးမှာ ကြည်းတပ်များကို ကြီးကြပ်အုပ်ချုပ်ရသဖြင့် သြဇာအာဏာရှိသည်။ဩဇာအာဏာရှိသည်။ ထို့နောက် ၁၂၃၇ ခုနှစ်တွင် လယ်ကိုင်းမြို့စားအဖြစ်ပါ သနားတော်မြတ်ခံရသည်။
 
== အုပ်ချုပ်မှု ပြုပြင် ပြောင်းလဲရေး ==
ဒီမိုကရေစီဝါဒ ထွန်းကားသော ဥရောပနိုင်ငံများသို့ သွားရောက်လေ့လာခဲ့သည့်အတိုင်း၊ မိမိနိုင်ငံ တိုးတက်ရေးအတွက် ဗြိတိန်နိုင်ငံ သို့ ဘုရင်၏ အာဏာကို ကန့်သတ်ကာ ဝန်ကြီးအဖွဲ့နှင့် တိုင်းပြည်ရေးရာများတွင် စီမံခန့်ခွဲသွားနိုင်သည့် စည်းမျဉ်းခံဘုရင်စနစ်တစ်ခုကို တီထွင်ရန် ကင်းဝန်မင်းကြီး ကြိုးစားခဲ့သည်။ သို့ဖြစ်၍လည်း မင်းတုန်းမင်းနတ်ရွာစံသောအခါတွင် မိမိ၏ သြဇာညောင်းမည့်ဩဇာညောင်းမည့် သီပေါမင်းသားကို ထီးနန်းဆက်ခံစေရန် သဘောတူခဲ့ခြင်းဖြစ်သည်။ ၁၂၄ဝ ပြည့်နှစ်တွင် သီပေါမင်း နန်းတက်ပြီးနောက် အုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ကို စတင်ခဲ့သည်။ နိုင်ငံတော်အုပ်ချုပ်ရေးတွင် (၁၄)ဌာနခွဲပြီးလျှင် မိမိကမူ ကာကွယ်ရေးဌာနဟု ခေါ်ရမည့် ကြည်းတပ်များကို တာဝန်ယူအုပ်ချုပ်ကာ နိုင်ငံတော်၏ ကာကွယ်ရေးကို စီစဉ်ခဲ့သည်။
 
တိုင်းပြည်အုပ်ချုပ်ရာ၌လည်း လွှတ်တော်တွင် အခွန်အာဏာများကို ပိုမိုရရှိအောင် ဆောင်ရွက်ခဲ့၏။ လွှတ်တော်အစည်းအဝေးတို့တွင် ဘုရင်ကိုယ်တိုင်သော်လည်းကောင်း၊ အိမ်ရှေ့မင်းသားသော်လည်းကောင်း၊ သဘာပတိအဖြစ် ဆောင်ရွက်မြဲဖြစ်သော်လည်း၊ မြင်ကွန်း၊ မြင်းခုံတိုင်အရေး ပေါ်ပေါက်ပြီးသည့် အချိန်မှစ၍ ဤအစဉ်အလာမှာ ပျက်ပြားသကဲ့သို့ရှိရာ လွှတ်တော်အစည်းအဝေးများတွင် ကင်းဝန်မင်းကြီးပင် ဦးဆောင်ခဲ့ရ၏။ အုပ်ချုပ်ရေးအသစ်မှာ ဘုရင်၏အာဏာကို ကန့်သတ်ရန်ဖြစ်သဖြင့် ကန့်သတ်ခြင်းမခံလိုသူတို့ဘက်မှ အတိုက်အခံများ ပေါ်ပေါက်ခဲ့၏။ သို့ဖြစ်၍လည်း သီပေါမင်းလက်ထက် နောက်ပိုင်းတွင် ကင်းဝန်မင်းကြီးမှာ တန်ခိုးမှိန်ကာ ဘုရင့်ယောက္ခမ ဆင်ဖြူမရှင်အမှူးရှိသော တိုင်းတားမင်းကြီးတို့က သြဇာထက်၍ဩဇာထက်၍ လာလေသည်။ ဤသို့အားဖြင့် အုပ်ချုပ်မှုပြုပြင်ပြောင်းလဲရေးအစီအစဉ်များကို ကင်းဝန်မင်းသည် စိတ်တိုင်းကျ ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပေ။
 
== နိုင်ငံခြား ဆက်သွယ်ရေး ==