ဂိုအင်ကာ: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +...
စာကြောင်း ၆ -
ဆယ်ရက်ကြာ ဝိပဿနာတရားထိုင်နည်းသင်တန်းများကို ကမ္ဘာ့အနှံ့ဖွင့်လှစ်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။
 
ဆရာကြီး ဂိုအင်ကာ၏ နည်းလမ်းများမှာ ဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က နည်းလမ်းတစ်ခုအား အသုံးပြုထားခြင်းဖြစ်သည်။ ၎င်းအနေဖြင့် “ဗုဒ္ဓမှာ ဂိုဏ်းဂဏဆိုင်ရာ ဘာသာရေးအား မည်သည့်အချိန်အခါကမျှ မသင်ကြားပေ။ ဗုဒ္ဓက ကမ္ဘာ့အမှန်တရားဖြစ်သည့် လွတ်မြောက်ရာနည်းလမ်းဖြစ်သော တရားဓမ္မကိုသာ သင်ကြားသည်” ဟူသော အယူအဆပေါ်တွင် အဓိကအခြေခံသည်။ ဆရာကြီး ဂိုအင်ကာ ဆိုလိုသည့် “လွတ်မြောက်မှု” ဆိုသည်မှာ သန့်ရှင်းသည့် စိတ်ဓာတ်အား ပြုစုပျိုးထောင်ခြင်း၏ အကျိုးဆက်တစ်ခုဖြစ်သော ညစ်ညမ်းသည့် စိတ်ဓာတ်မှ လွတ်ကင်းရေးနှင့် ၀မ်းနည်းကြေကွဲမှုများမှဝမ်းနည်းကြေကွဲမှုများမှ လွတ်ကင်းရေးတို့အား ဆိုလိုခြင်းဖြစ်သည်။
 
ဆရာကြီး ဂိုအင်ကာမှာ အိန္ဒိယနိုင်ငံသားဖြစ်သော်လည်း မြန်မာနိုင်ငံတွင် မွေးဖွားကြီးပြင်းခဲ့သူတစ်ဦးဖြစ်သည်။ စက်မှုလုပ်ငန်းရှင်တစ်ဦးအဖြစ် ရပ်တည်နေစဉ် ဆရာကြီး [[ဦးဘခင်]]နှင့် ဆုံတွေ့ခဲ့ပြီး ၎င်းထံမှ ဝိပဿနာ တရားအားထုတ်သည့် နည်းလမ်းများအား သင်ယူခဲ့သည်။