ဂေါတမဗုဒ္ဓ: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +...
စာကြောင်း ၅၃ -
 
==ဗုဒ္ဓမြတ်စွာဘုရားတို့၏ ကိစ္စငါးပါး==
မြတ်စွာဘုရားသည် သဗ္ဗညုတဉာဏ်တော်ကို ရရှိသည့် သက်တော် ၃၅ နှစ် အရွယ်မှ စတင်ကာ သက်တော် ၈၀ တိုင်အောင် ၄၅ ၀ါပတ်လုံးဝါပတ်လုံး လောကအကျိုးကို သယ်ပိုးဆောင်ရွက်တော်မူခဲ့သည်။ နေ့စဉ်ပင် မနေမနား ကြိုးစားဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ဘုရားရှင် ပြုနေကျ လုပ်ငန်းစဉ် ငါးရပ်ရှိသည်။
 
 
စာကြောင်း ၆၆ -
 
၄။'''သန်းခေါင်ယံလုပ်ငန်းစဉ်'''
*ရဟန်းတော်များအား တရားဟောကြားပြီးနောက် သန်းခေါင်ယံတွင် ဗုဒ္ဓဆောင်ရွက်တော်မူသော လုပ်ငန်းစဉ်ကို “မဇ္စျိမယာမကိစ္စ”“မဇ္ဈိမယာမကိစ္စ” ဟု ခေါ်သည်။ ရဟန်းတော်များအား တရားဟောကြားပြီးနောက် သန်းခေါင်ယံအချိန်တွင် ရောက်ရှိလာသော နတ်ဗြဟ္မာတို့အား တရားဟောပြ ဆုံးမတော်မူသည်။ မေးလာ သော ပြဿတို့ကို ဖြေကြားရှင်းလင်းတော်မူသည်။
 
၅။'''မိုးသောက်ယံလုပ်ငန်းစဉ် '''
စာကြောင်း ၈၇ -
=== ဗုဒ္ဓဝင် ===
==ဗျာဒိတ်ခံယူတော်မူပုံ==
ဘုရားလောင်းသည် ဗျာဒိတ်ခံယူမည့်ဘ၀၌ အမရ၀တီမည်သော မင်းနေပြည်တော်၀ယ်မင်းနေပြည်တော်ဝယ် သုမေဓါ အမည်ရှိသော သူဌေးသား ဖြစ်ခဲ့သည်။ သူ၏ အမိအဖတို့သည် သူငယ်ရွယ်စဉ်ကပင် သေဆုံးကြ၏။ ရွှေငွေ ပစ္စည်းဥစ္စာ များစွာ ကျန်ရစ်ခဲ့သည်။ ပညာတတ်မြောက်၍ တစ်ဆယ့်ခြောက်နှစ်အရွယ်ရောက်သောအခါ ဘဏ္ဍာထိန်းအမတ်က ပစ္စည်းအား လုံးကို သူ့အား လွှဲအပ်လေသည်။ သုမေဓါသူဌေးသားလေး စဉ်းစားသည်မှာ '''ငါ၏ ဘိုးဘွားမိဘတို့သည် ပစ္စည်းကို ရှာရုံသာ ရှာတတ်၍ ယူမသွားတတ်ကြပါတကား။ ငါသည် စွန့်ကြဲပေးကမ်း၍ ကုသိုလ်ကို ငါ့နောက်ပါအောင် ယူသွားမည်။''' ဤသို့စဉ်းစားပြီးလျှင် ရတနာတိုက်တို့ကို ဖွင့်၍ '''အလိုရှိသူတို့ ယူကြကုန်လော့''' ဟုကြွေးကြော်ကာ မိမိ၏ စည်းစိမ်အားလုံးကို လှူဒါန်းလေသည်။ ထို့နောက် ဟိမ၀န္တာတောသို့ဟိမဝန္တာတောသို့ ထွက်ခွါကာ ရသေ့ ရဟန်း ပြုသည်။
 
 
ဘုရားလောင်း သုမေဓာရှင်ရသေ့သည် ဈာန်အဘိညာဉ်ရ၍ ကောင်းကင်ခရီးဖြင့် ကြွသွားစဉ် ဒီပင်္ကရာ မြတ်စွာဘုရား ကြွတော်မူရန် ရမ္မာမြို့သူမြို့သားတို့ လမ်းပြင်နေကြသည်ကို မြင်ရ၍ ကောင်းကင်မှဆင်းကာ မိမိ လည်း ပါ၀င်လုပ်အားပေးလိုသောကြောင့်ပါဝင်လုပ်အားပေးလိုသောကြောင့် နေရာတစ်ကွက် တောင်းယူ လေသည်။ ဘုရားလောင်းရသေ့သည် တန်ခိုးဖြင့် ပြင်ဆင်လျှင် လွယ်ကူစွာပြီးနိုင်သော်လည်း ကိုယ်ဖြင့် အပင်ပန်းခံ၍ပြုမှ သာ၍အကျိုးများဖွယ် ရှိသောကြောင့် သူများနည်းတူ မြေကိုထမ်း၍ ရွှံ့ညွန်ဗွက်ကို ဖို့နေစဉ် ရဟန္တာလေးသိန်း နှင့်အတူ ဘုရားရှင် ကြွလာတော်မူသောကြောင့် ပြင်၍ မပြီးသေးသော ရွှံ့ညွန်ပေါ်မှာ မိမိကိုယ်ကို တံတားခင်း၍ မှောက်စင်းနေလေသည်။
 
 
ဤအချိန်တွင် သုမိတ္တာမည်သော အမျိုးသမီးကလည်း ကြာပန်းရှစ်စည်းတွင် ၅ စည်းကို ရသေ့အား ဘုရားရှင်ကိုလှူရန်ပေး၍ ၃စည်းကို မိမိကိုယ်တိုင် လှူဒါန်းလေသည်။ ဘုရားရှင်သည် အနာဂတံသဥာဏ်ဖြင့်အနာဂတံသဉာဏ်ဖြင့် အနာဂတ်ကို ဆင်ခြင်တော်မူကာ '''ဤရသေ့သည် ဂေါတမဘုရား ဖြစ်လိမ့်မည်။ ဤအမျိုးသမီးကား ပါရမီဖြည့်ဖက် ဖြစ်လိမ့်မည်''' ဟု ဗျာဒိတ်ပေးတော်မူသည်။ ထို့နောက် လှူဒါန်းထားသော ကြာပန်းရှစ်စည်းကို ရသေ့အပေါ် ကြဲဖြန့်ကာ ရသေ့၏ နံပါးမှ ရှောင်လွှဲ၍ ကြွတော်မူလေ သည်။
 
==ဖွားတော်မူပုံ==
ဘုရားအလောင်းသည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်အောင် ပါရမီဖြည့်၍ ဘုရားမဖြစ်မီ တစ်ဘ၀အလို၌ တုသိတာနတ်ပြည်၀ယ်တုသိတာနတ်ပြည်ဝယ် သေတကေတု မည်သော နတ်မင်း ဖြစ်လေသည်။ ဘုရားလောင်း နတ်မင်းသည် နတ်စည်းစိမ်ကို နှစ်ပေါင်း ၅၇၆သန်းပတ်လုံး ခံစားတော်မူပြီးနောက် နတ်သက်စေ့၍ စုတေဖို့ရန် စုတိနိမိတ်ငါးပါးထင်လာသောအခါ စကြာ၀ဠာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာတို့သည် တုသိတာနတ်ပြည်သို့ စုပေါင်းလာရောက်ကာ ဘုရားဖြစ်ရန် လူ့ပြည်သို့ ဆင်းသက်ဖို့ လျှောက်ထားတောင်းပန် ကြသည်။ နတ်မင်းလည်း-
# ကာလ - တစ်သိန်းတမ်းနှင့် တစ်ရာတမ်းတွင်းဟူသော ဘုရားဖြစ်ချိန်ကာလကို ကြည့်ခြင်း
# ဒီပ - ဇမ္ဗူဒီပါတောင်ကျွန်းကို ကြည့်ခြင်း
# ဒေသ - မဇ္စျိမဒေသကိုမဇ္ဈိမဒေသကို ကြည့်ခြင်း
# ကုလ - မင်းမျိုး၊ ပုဏ္ဏားမျိုးတို့တွင် လူတို့အလေးအမြတ်ပြုသော အမျိုးကို ကြည့်ခြင်း
# ဇနေတ္တိယာအာယု - မယ်တော်၏ အသက်ကို ကြည့်ခြင်း <br>
ဟူသော ကြည့်ခြင်းကြီးငါးပါးကို ကြည့်ပြီးနောက် လူ့ပြည်၌ ပဋိသန္ဓေနေဖို့ရန် ၀န်ခံတော်မူလေသည်။ဝန်ခံတော်မူလေသည်။
ဝါဆိုလပြည့်နေ့၌ မယ်တော်မာယာသည် နံနက်စောစောကပင် အလှူဒါနကြီးကိုပြု၍ ဥပုသ်စောင့်ထိန်း ပြီးလျှင် ကျက်သရေရှိသော တိုက်ခန်းသို့၀င်၍တိုက်ခန်းသို့ဝင်၍ သလွန်တော်၌ လျောင်းစက်အိပ်တော်မူသည်။ အိပ်ပျော်နေစဉ် အောက်ပါအိမ်မက်ကို မြင်မက်လေသည်။
 
 
နတ်မင်းကြီးလေးယောက်တို့သည် မိဖုရားကို ဟိမ၀န္တာတော၌ရှိသောဟိမဝန္တာတော၌ရှိသော ဆေးဒန်းမြင်းသီလာ ကျောက်ဖျာ သို့ သလွန်နှင့်တကွ ယူဆောင်၍ အင်ကြင်းပင်ကြီးအောက်၌ ချထားကြလေသည်။ ထို့နောက် နတ်မိဖုရား များက အန၀တတ်အိုင်သို့ ဆောင်ယူ၍ မိဖုရားကို ရေချိုးပေးကြသည်။ ထို့နောက် နတ်၀တ်တန်ဆာများနတ်ဝတ်တန်ဆာများ ဆင်ယင်ပေးကာ ငွေတောင်အတွင်း၌ ရှိသော ရွှေဗိမာန်သို့သွင်း၍ အိပ်ရာ၌ အိပ်စက်ကြစေသည်။ ထိုအခါ ဘုရားလောင်းဆင်ဖြူတော်သည် သူ၏နေရာ ရွှေတောင်မှ သက်ဆင်းကာ ငွေတောင်သို့ လာပြီးလျှင် ရွှေဗိမာန် သို့ ၀င်ပြီးနောက်ဝင်ပြီးနောက် မယ်တော်၏ လက်ယာနံပါးကို ဖောက်၍၀င်သကဲ့သို့ဖောက်၍ဝင်သကဲ့သို့ အိမ်မက်မြင်မက်လေသည်။ ထိုအချိန်မှာပင် မာယာဒေ၀ီမာယာဒေဝီ မိဖုရား၏၀မ်း၌မိဖုရား၏ဝမ်း၌ ဘုရားလောင်း ပဋိသန္ဓေယူ လေသည်။ အချိန်ကာလမှာ မဟာသက္ကရာဇ် ၆၇ ခု ၀ါဆိုလပြည့်နေ့ဝါဆိုလပြည့်နေ့ ကြာသပတေးနေ့ပင် ဖြစ်သည်။
 
 
ဘုရားလောင်းပဋိသန္ဓေနေ၍ ဆယ်လပြည့်ရာ ကဆုန်လပြည့်နေ့တွင် မယ်တော်မာယာသည် ဆွေတော်မျိုးတော်များရှိရာ ဒေ၀ဒဟပြည်သို့ သွားလိုပါကြောင်း သုဒ္ဓေါဒနမင်းကြီးအား အခွင့်တောင်းလေ သည်။ မင်းကြီးသည် ကပိလ၀တ်ပြည်မှကပိလဝတ်ပြည်မှ ဒေ၀ဒဟပြည်သို့ သွားရာလမ်းတစ်လျှောက်လုံးတွင် တန်ဆာဆင် စေ၍ မင်းခမ်းမင်းနားဖြင့် ထွက်တော်မူစေလေသည်။ ခရီးအကြား၌ လုမ္ဗိနီအင်ကြင်းဥယျာဉ်တော်ကို ခေတ္တ ၀င်တော်မူလေသည်။ဝင်တော်မူလေသည်။
ထိုအချိန်တွင် ဥယျာဉ်တစ်ခုလုံး၌ အင်ကြင်းပန်းတွေ ပွင့်နေသဖြင့် အလွန်သာယာပေသည်။ မယ်တော်မာယာသည် အင်ကြင်းကိုင်းကို လက်တော်ဖြင့် လှမ်းကိုင်လိုက်တုန်းမှာ ၀မ်းတော်ဝမ်းတော် လှုပ်လာ သောကြောင့် အ၀တ်အကာအရံကိုအဝတ်အကာအရံကို ကာရံစေ၍ မတ်မတ်ရပ်လျက်သာပင် ဘုရားအလောင်းတော်ကို ဖွားမြင်လေသည်။ ဤအချိန်သည် မဟာသက္ကရာဇ် ၆၈ ခု (ဘီစီ ၆၂၃) ကဆုန်လ ပြည့် သောကြာနေ့ ဖြစ်သည်။
 
 
ဖွားမြင်ပြီးသောအခါ သုဒ္ဓါ၀ါသဗြဟ္မာ့ဘုံမှသုဒ္ဓါဝါသဗြဟ္မာ့ဘုံမှ ရဟန္တာဗြဟ္မာမင်းက ဇာတဘက်ဖြင့် ခံယူ၍ မယ်တော် ၏ ရှေ့၌ပြကာ “အရှင်မိဖုရား၊ ၀မ်းမြောက်တော်မူပါ။ဝမ်းမြောက်တော်မူပါ။ သားရတနာကို ဖွားမြင်ပါပြီ” ဟုဆို၏။ ထို့နောက် စတုမဟာရာဇ်နတ်မင်းကြီးများက သစ်နက်သားမွေးထည်ဖြင့် လှမ်းယူ၍ လူတို့လက်ကို လှမ်းလိုက်လေ သည်။ ထို့နောက် လူတို့လက်မှ ဆင်းလျက် မြေ၌တည့်မတ်စွာရပ်တော်မူ၍ အရပ်ဆယ်မျက်နှာသို့ ရှုစားတော်မူလေရာ အားလုံးသောနတ်ဗြဟ္မာတို့က အရိုအသေပေးကြသဖြင့် မြောက်အရပ်သို့ ခုနစ်ဖ၀ါးကြွခုနစ်ဖဝါးကြွ ပြီးလျှင် ဤသို့ကြုံး၀ါး၏။ဤသို့ကြုံးဝါး၏။
'''အဂ္ဂေါဟမသ္မိ လောကဿ'''
( တစ်လောကလုံး၌ ငါသာလျှင် အမြတ်ဆုံး)
စာကြောင်း ၁၁၉ -
 
==အမည်ပေးတော်မူပုံ==
ဘုရားလောင်း ဖွားမြင်သည်ကြားသဖြင့် ကပိလ၀တ်ပြည်နှင့်ကပိလဝတ်ပြည်နှင့် ဒေ၀ဒဟပြည်မှ ဆွေတော်မျိုးတော် များ စေု၀းရောက်လာကြသည်။ မာယာဒေ၀ီနှင့်မာယာဒေဝီနှင့် ဘုရားလောင်းကို ကပိလ၀တ်ပြည်သို့ကပိလဝတ်ပြည်သို့ ခေါ်ဆောင်သွားကြ သည်။ သုဒေ္ဓါဒနမင်းကြီး ကိုးကွယ်သော ကာလဒေ၀ီလကာလဒေဝီလ ရသေ့ကြီးသည် နန်းတော်သို့ ကြွရောက်လာသည်။ မင်းကြီးက သားတော်ကို ရသေ့ကြီးအား ပြ၍ “သားတော် ဆရာမြတ်ကို ရှိခိုးလော့” ဟုဆို၏။ ဘုရားလောင်းက ရှိမခိုး။ ရသေ့ကြီး၏ ဦးခေါင်းထက်၌ ခြေစုံရပ်လျက် တည်သည်။ အံ့ဖွယ်သရဲ ထူးကဲလှသ ဖြင့် ရသေ့ကြီးက ဘုရားလောင်းကို ရှိခိုးသည်။ မင်းကြီးကလည်း သားတော်ကို ပထမဆုံးအကြိမ် ရှိခိုးသည်။ ရသေ့ကြီးသည် ဘုရားလောင်းကို စူးစိုက်ကြည့်ကာ ရယ်လည်း ရယ်သည်။ ငိုလည်း ငိုသည်။ မင်းကြီးက မေးသောအခါ ရသေ့ကြီးက “မင်းမြတ်၊ သင့်သားတော်သည် ဘုရားဖြစ်လိမ့်မည်။ ထို့ကြောင့် ငါ၀မ်းသာ၍ငါဝမ်းသာ၍ ရယ်သည်။ သို့ရာတွင် သားတော် ဘုရားဖြစ်ချိန်၌ ငါသေလွန်ပြီး ဖြစ်နေမည်။ ထို့ကြောင့် ၀မ်းနည်း၍ဝမ်းနည်း၍ ငိုသည် ဟု ဆို၏။
 
ဘုရားလောင်းဖွားမြင်ပြီး ငါးရက်မြောက်သောနေ့တွင် မင်းကြီးက ပုဏ္ဏားတော်များကို ဖိတ်သည်။ သားတော်၏ လက္ခဏာတော်တို့ကို ကြည့်ရှုဖတ်သားစေသည်။ ပုဏ္ဏားတော် ခုနစ်ယောက်တို့က “သားတော်သည် စကြ၀တေးမင်းသော်လည်းကောင်း၊ ဘုရားသော်လည်းကောင်း ဖြစ်လိမ့်မည်” ဟူ၍ နှစ်ခွ ဆိုကြသည်။ အငယ်ဆုံးဖြစ်သော ကောဏ္ဍည ပုဏ္ဏားကမူ “အရှင့်သားတော်သည် တောထွက်၍ ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်” ဟူ၍ တစ်ခွန်းတည်းသာ ဆိုလေသည်။ မင်းကြီးက “ငါ့သားတော်သည် အဘယ်အရာကို မြင်၍ တောထွက်မည်နည်း” ဟုမေးသည်။ “သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟူသော နိမိတ် ကြီးလေးပါးကို မြင်၍ တောထွက်ပါမည်” ဟူ၍ ကောဏ္ဍည ပုဏ္ဏားက ဖြေသည်။ ထို့နောက် ဘုရားလောင်း ကို ‘သိဒ္ဓတ္ထ’ (Siddhartha) ဟုအမည်ပေးသည်။ အဓိပ္ပါယ်မှာ အကျိုးအားလုံးကို ပြီးစီးစေသောသူ ဟူ၍ ဖြစ်သည်။ ဂေါတမအနွယ်ဖြစ်သောကြောင့် ‘သိဒ္ဓတ္ထဂေါတမ’ ဟုလည်း ခေါ်ကြသည်။
 
==ကြင်ရာတော်ရွေးခန်း==
ဘုရားအလောင်း တစ်ဆယ့်ခြောက်နှစ် အရွယ်ရောက်သောအခါ ခမည်းတော် သုဒ္ဓေါဒနမင်းကြီး သည် ဆွေတော်မျိုးတော်မင်းများထံသို့ သမီးရတနာ ပို့ဆက်လာရန် ရာဇသံ ပေးသည်။ သမီးရှင် မင်းများက ဘုရားလောင်းမင်းသားကို “အဆင်းသာလှ၍ ပညာမတတ်” ဟု ကဲ့ရဲ့ကာ သမီးရတနာ မပို့ဘဲနေကြ လေသည်။ ထိုအကြောင်းကို သုဒ္ဓေါဒနမင်းကြီးက သားတော်အားပြောပြလေရာ ဘုရားလောင်းက အခက်ဆုံး လေးအတတ်ကို ပြရန် ၀န်ခံလိုက်လေသည်။ဝန်ခံလိုက်လေသည်။
ထို့နောက် တိုင်းပြည်ရှိ ထင်ရှားသော လေးဆရာတို့ကို နန်းတော်မြေပြင်၌ စုရုံးစေကာ လေးဆရာလေးယောက်ကို လေးမျက်နှာကထား၍ ဘုရားလောင်းကိုယ်တိုင် အလယ်ကနေပြီးလျှင် “အသင် တို့က ငါ့ကို တစ်ပြိုင်နက်ပစ်ကြလော့” ဟု ဆိုလေသည်။ လေးဆရာလေးယောက် ပစ်လိုက်သော မြားတို့ မိမိအားမထိအောင် မြှားတစ်ဆင်းတည်းဖြင့် ကာကွယ်နိုင်လေသည်။ ဤသို့ လေးအတတ်ပြပြီးမှ ဆက်သလာသော သမီးကညာတို့တွင် သုဒ္ဓေါဒနမင်းကြီး၏ ညီမတော် အမိတ္တာနှင့် ေဒေ၀ဒဟပြည့်ရှင် သုပ္ပဗုဒ္ဓမင်း၏ သမီးတော် ယသော်ဓရာ အမည်ရှိသော မင်းသမီးနှင့် လက်ဆက်ကာ နန်းသိမ်းပွဲ ခံယူလေသည်။
 
စာကြောင်း ၁၃၅ -
 
==တောထွက်တော်မူပုံ==
ဘုရားလောင်းသည် နန်းတော်သို့ ရောက်တော်မူပြီးနောက် ကချေသည် မောင်းမတို့ ကပြတီးမှုတ်လျက် ဖျော်ဖြေကြသည်ကို ရှေးကလို စိတ်၀င်စားတော်မမူဘဲစိတ်ဝင်စားတော်မမူဘဲ သလွန်တော်၌ လျောင်းစက် တော်မူလေသည်။ ထိုအခါ ကချေသည်မောင်းမတို့လည်း သီဆိုတီးမှုတ်မှုများကို ရပ်တန့်၍ အိပ်ကြလေသည်။ ထိုသို့ မောင်းမများ ဒူးပေါ်ပေါင်ပေါ် စသည်ဖြင့် အိပ်ပျော်နေကြပုံကို ဘုရားလောင်း စက်တော်ခေါ်ရာမှ အထတွင် မြင်တော်မူ၍ ရှေးကထက် သေံ၀ဂရပြီးလျှင် “ယနေ့ညတွင်ပင် တောထွက်တော့အံ့” ဟု ကြံတော်မူကာ ငယ်ကျွန်တော်ရင်း ဆန္နအမတ်ကို နှိုးလျက် ကဏ္ဍကမြင်းကို ဆက်ဖို့ရန် အမိန့်ပေးလေသည်။
ထိုအခါ နန်းတော်၏ အတွင်းအပြင်၌ နတ်ဗြဟ္မာများတို့ ရောက်နေကြ၏။ နန်းတော်အတွင်းရှိ လူအများနှင့်တကွ တစ်မြို့လုံး မနိုးကြရအောင် နတ်များက စီမံထား၏။ ကဏ္ဍကမြင်းဆက်ဖို့ရန် ဆန္နအမတ်သည် အတော်၀န်လေး၏။အတော်ဝန်လေး၏။ တောထွက်မည်ကို အမှန်ပင် မလိုလား။ ဘုရားလောင်းမင်းသား စကြ၀တေးမင်း ဖြစ်သည်ကိုသာ လိုလား၏။ သို့သော် အမိန့်တော်ကို မလွန်ဆန်၀ံ့ရုံသာမကမလွန်ဆန်ဝံ့ရုံသာမက မည်သူမျှလည်း မနိုးကြသဖြင့် ကဏ္ဍကစီးတော်မြင်းကို ပြင်ဆင်ရရှာလေသည်။
ဘုရားလောင်းသည် တောသို့ ထွက်ခွါတော်မူခါနီး၀ယ်ထွက်ခွါတော်မူခါနီးဝယ် သားတော်ကို ရှုစားတော်မူလိုသောကြောင့် ယသော်ဓရာမိဖုရား၏ အဆောင်တော်သို့ ကြွတော်မူလေသည်။ ထိုအခါ အဆောင်တော်အတွင်း၀ယ်အဆောင်တော်အတွင်းဝယ် နံ့သာတိုင်များကို ထွန်းညှိထား၏။ ယသော်ဓရာမိဖုရားသည် မြလေးပန်းတို့ဖြင့် ရောပြွမ်းနေသော သလွန်ပေါ်၌ သားတော်လေး၏ ဦးခေါင်းပေါ်မှာ ရွှေလက်တော်တင်လျက် စက်တော်ခေါ်နေ၏။
ဘုရားလောင်းသည် အဆောင်တော်၏ တံခါးခုံအတွင်းသို့ ချင်းနင်း၀င်ရောက်လာသောအခါချင်းနင်းဝင်ရောက်လာသောအခါ လွန်စွာ ကျက်သရေရှိလှသော တိုက်ခန်းအတွင်း၀ယ်တိုက်ခန်းအတွင်းဝယ် တင့်တယ်သော သလွန်တော်ထက်၌ မြလေးပန်းတို့၏ အလယ်တွင် သားတော်လေးနှင့် ကြင်ယာတော်မိဖုရားတို့ စက်တော်ခေါ်နေပုံကို ရှုစားတော်မူရသောအခါ ရင်သွေးတော်လေးအား အားရပါးရ ပွေ့ယူတော်မူလိုသော်လည်း မိဖုရားနိုးလျှင် ထွက်နိုင်ဖို့ လမ်းမမြင်သောကြောင့် “ဘုရားဖြစ်မှ သားတော်ကို ရှုတော့အံ့” ဟု ဆုံးဖြတ်တော်မူကာ အဆောင်တော်မှ ထွက်ခွါတော်မူပြီးလျှင် ကဏ္ဍကမြင်းတော်ပေါ်သို့ တက်လေသည်။ ဤအချိန်သည်ကား မဟာသက္ကရာဇ် ၉၇ ခု ၀ါဆိုလပြည့်နေ့ဝါဆိုလပြည့်နေ့ တနင်္လာနေ့ ဖြစ်သည်။
ဘုရားလောင်းသည် နတ်ဗြဟ္မာများ ခြံရံလျက် ဖွားဖက်တော် ဆန္နအမတ်အား မြင်းမြီးကို ကိုင်ဆွဲစေပြီးလျှင် ကဏ္ဍကမြင်းကို စီးလျက် မြို့တော်မှ ထွက်လေသည်။ မြို့တံခါးအနီးသို့ ရောက်သော အခါ မြို့စောင့်နတ်များက လူတစ်ထောင်ဖွင့်မှ ပွင့်နိုင်သော တံခါးကို တန်ခိုးဖြင့် ဖွင့်ပေးကြသည်။ ထိုအချိန် တွင် မာရ်နတ်ရောက်လာ၍ “အသင်မင်းသား ….. တောထွက်ဖို့ မလိုပါ။ မကြာခင် ခုနစ်ရက်မြောက်၌ စကြာရတနာ ဆိုက်ရောက်ပါလိမ့်မည်” ဟုပြော၍ တားလေသည်။ သို့သော် ဘုရားလောင်းကမူ ဂရုမထားဘဲ သွားမြဲအတိုင်းသွားလေသည်။
ထိုသို့ တောထွက်တော်မူလာရာ အနော်မာမြစ်ကမ်းသို့ ဆိုက်ရောက်တော်မူလျှင် မြင်းတော်ကို အချက်ပေး၍ ရှစ်ဥသဘ (၆၃.၉၈ မီတာ) ေ၀းသော တစ်ဖက်ကမ်းသို့ ခုန်ပျံစေ၏။ တစ်ဖက်ကမ်းသို့ ရောက်သော် သဲသောင်ပြင်တွင် ထိုင်တော်မူ၍ သန်လျက်ဖြင့် ဆံတော်ကို ကိုယ်တိုင်ပယ်လေသည်။ ထိုသို့ ပယ်၍ “ဘုရားဖြစ်မည်မှန်လျှင် ဆံတော်သည် ကောင်းကင်မှာ တည်ပါစေသား” ဟု အဓိဋ္ဌာန်၍ မြှောက် လိုက်ရာ ဆံတော်သည် ကောင်းကင်၌ တည်လေသည်။ ကောင်းကင်၌ တည်နေသော ဆံတော်ကို သိကြား မင်းက ခံယူ၍ တာ၀တိံသာနတ်ပြည်တွင် “စူဋ္ဌာမဏိစေတီ” တည်ထားလေသည်။ ထို့နောက် ယဋိကာရ ဗြဟ္မာ ဆက်ကပ်လာသော သင်္ကန်းဖြင့် ရဟန်းပြုတော်မူ၍ ၀တ်လဲတော်ပုဆိုးကိုလည်းဝတ်လဲတော်ပုဆိုးကိုလည်း ယဋိကာရဗြဟ္မာမင်း ယူ၍ ဗြဟ္မာ့ပြည်၀ယ်ဗြဟ္မာ့ပြည်ဝယ် “ဒုဿစေတီ” တည်ထားကိုးကွယ်လေသည်။
 
==ဒုက္ကရစရိယာကျင့်တော်မူခန်း (ဒုက္ကရ + စရိယာ _ ဒုက္ကရ=ပြုနိုင်ခဲသော, စရိယာ=အကျင့်)==
ဘုရားလောင်းသည် ရဟန်းပြုပြီးနောက် ဒေသစာရီ လှည့်လည်တော်မူစဉ် အာဋ္ဌာရ ရသေ့နှင့် ဥဒကရသေ့တို့ထံ ၀င်၍ဝင်၍ တရားထူးကို စုံစမ်းတော်မူရာ လောကီဈာန်လောက်ကိုသာ ထိုရသေ့တို့အထံမှ ရရှိ သဖြင့် တင်းတိမ်အားရတော်မမူသေးသောကြောင့် ဥရေု၀ဠတောသို့ ကြွ၍ ဒုက္ကရစရိယာအကျင့်ကို ကျင့် တော်မူသည်။
ကျင့်တော်မူပုံ အစီအစဉ်မှာ - ရှေးဦးစွာ ‘သေနာ’မည်သော နိဂုံးသို့ ဆွမ်းခံ၀င်ကာဆွမ်းခံဝင်ကာ ဆွမ်းဘုဉ်းပေး တော်မူပြီးလျှင် မေတ္တာဘာ၀နာကို ပွားများလျက် ထိုနေ့ကာလကို လွန်စေတော်မူသည်။ ထို့နောက် ဆွမ်းအာဟာရကို သုံးဆောင်တော်မမူတော့ဘဲ အလိုအလျောက် ကြွေကျလာသော သစ်သီးကိုသာ ကောက်ယူ၍ ဘုဉ်းပေးတော်မူ၏။ ထို့နောက် ထိုထိုဤဤ သစ်ပင်အောက် လှည့်လည်ကောက်ယူ၍ စားရ ခြင်းကိုပင် အလုပ်ပျက်သည်ဟု အယူရှိသဖြင့် ကို်ယ်တော်မြတ်နေရာ သစ်ပင်အောက်၌သာ ကြွေကျသော သစ်သီးများဖြင့်ပင် မျှတတော်မူလေသည်။
ထို့နောက် အစာအာဟာရ စားသောက်နေခြင်းကိုပင် အလုပ်ပျက်သည်ဟု ထင်တော်မူ၍ လုံး၀ အစာမစားဖို့ရန် ကြံတော်မူသည်။ သို့သော် နတ်များက အစာမစားလျှင် နတ်သြဇာသွင်းပေးမည်ဟုနတ်ဩဇာသွင်းပေးမည်ဟု လျှောက်လေသည်။ ထိုသို့ နတ်သြဇာအသွင်းအခံလိုသောကြောင့်နတ်ဩဇာအသွင်းအခံလိုသောကြောင့် တစ်လက်ခုပ်လောက် ပဲရည်၊ ဆီးသီး လေးကိုမျှ ဘုဉ်းပေးတော်မူလေသည်။
ထိုသို့ ကြီးစွာသော ၀ီရိယဖြင့်ဝီရိယဖြင့် အစာအနည်းငယ်သာ စားကာ အားထုတ်မှုကြောင့် ဘုရားလောင်း၏ ရွှေအဆင်းကဲ့သို့ ၀ါ၀င်းသောဝါဝင်းသော ခန္ဓာကိုယ်သည် ညိုမဲခြောက်ကပ်၍ နေလေသည်။ သွေးသားဟူ၍ မရှိတော့ ဘဲ အရိုးနှင့် အရေသာ ကျန်လေတော့၏။ ဤသို့ ဘုရားဖြစ်ရန် ခက်ခဲပင်ပန်းစွာ ကျင့်တော်မူလေသည်။
ဘုရားလောင်းသည် ဒုက္ကရစရိယာအကျင့်ကို ခြောက်နှစ်တိုင်တိုင်ကျင့်သော်လည်း တရားထူး မရသောကြောင့် ထိုအကျင့်ကို စွန့်လိုက်လေသည်။ ထို့နောက် သေနာနိဂုံး၌ ဆွမ်းခံ၍ အာဟာရကို ပြန်လည် မှီ၀ဲလေသည်။မှီဝဲလေသည်။ ထို့ကြောင့် မကြာမီပင် အားအင်တိုးပွား၍ ယခင်အသားအရေများ ပြန်လည်ဖြစ် ပေါ်လာလေသည်။
 
==မာရ်နတ်ကို အောင်တော်မူခန်း==
ဘုရားလောင်းသည် ကဆုန်လပြည့်နေ့ ဗုဒ္ဓဟူးနေ့တွင် သေနာနိဂုံးနေ သူဌေးကတော် သုဇာတာ၏ နို့ဃနာဆွမ်းကို ရွှေခွက်နှင့်တကွ အလှူခံတော်မူ၍ နေရဉ္စရာမြစ်ကမ်း၌ ၄၉လုတ်မျှ ဘုဉ်းပေးတော်မူပြီးလျှင် “ယနေ့ ဘုရားဖြစ်မည်မှန်လျှင် ဤရွှေခွက်သည် ရေညာသို့ ဆန်တက်စေသား” ဟု အဓိဋ္ဌာန်၍ မျှောလိုက် ရာ ရွှေခွက်သည် ရေညာသို့ ဆန်တက်သွား၍ ကာဠနဂါးမင်းဗိမာန်တွင်းသို့ သက်ဆင်းကာ ရှေးဘုရားရှင်တို့ ၏ ရွှေခွက်အောက်၌ တည်လေသည်။
ထို့နောက် ဘုရားလောင်းသည် နေရဉ္စရာမြစ်ကမ်းဘေးရှိ အင်ကြင်းဥယျာဉ်တွင်း၌ နေ့ဘက်တွင် သီတင်းသုံးတော်မူ၍ ညနေချမ်းတွင် ဗောဓိပင်သို့ ကြွတော်မူစဉ် လမ်းခရီးအကြားတွင် မြတ်ရိတ်သမား ပုဏ္ဏားထံမှ မြက်ရှစ်ဆုပ်ကို အလှူခံလျက် ဗောဓိညောင်ပင်အောက်သို့ ရောက်သောအခါ ထိုမြက်များကို ခင်းလိုက်လေသည်။ ထိုအခါ ဆယ့်လေးတောင်ကျယ်သော မြက်ဖြင်ပြုသော ပလ္လင်တော် ပေါ်လာ လေသည်။
ဤကဲ့သို့ နွေကာလ၀ယ်နွေကာလဝယ် စိမ်းစိုသော မြက်ခင်းပေါ်တွင် “ဘုရားမဖြစ်သမျှ ဤထက်၀ယ်ဖွဲ့ခွေထားဤထက်ဝယ်ဖွဲ့ခွေထား သော တင်ပျဉ်ကို မဖျက်တော့အံ့” ဟု ဓိဋ္ဌာန်၍ထိုင်နေတော်မူသောအခါ နတ်သိကြားများ ရောက်လာလေ သည်။ သိကြားမင်းသည် ၀ိဇယုတ္တရဝိဇယုတ္တရ အမည်ရှိ ခရုသင်းကို မှုတ်လျက် အောင်သံပေးနေလေ၏။ ပဉ္စသီခနတ် သားသည် ဗေဠု၀စောင်းကို တီးနေလေသည်။ သုယာမနတ်မင်းနှင့် သန္တုသိတနတ်မင်းတို့ကမူ သားမြီးယပ် နှင့် ပတ္တမြားရပ်များကို တငြိမ့်ငြိမ့် ခတ်နေ၏။ သဟမ္ပတိဗြဟ္မာမင်းမှာ ထီးဖြူတော်ကို ဆောင်းမိုးနေ၏။ ကာဠနဂါးမင်း၏ ကိုယ်ရံတော် နဂါးပျိုမလေးများက ဘုန်းတော်ဘွဲ့များကို သာယာစွာ ရွတ်ဆိုနေကြ၏။ အခြားသော နတ်ဗြဟ္မာအပေါင်းတို့သည် ပန်းနံ့သာအမျိုးမျိုးဖြင့် ပူဇော်ကြလေသည်။
ဤသို့သော အခြင်းအရာကို မာရ်နတ်မင်းမြင်သော် ချက်ချင်းပင် နတ်ပြည်တက်၍ မိမိစစ်သည် တပ်သားများကို စုစည်းလျက် မိမိကိုယ်တိုင်က လက်နက်အမျိုးမျိုးဆွဲကိုင်သော လက်ရုံးတစ်ထောင် ဖန်ဆင်းပြီးလျှင် ဂီရိမေခလာမည်သော ဆင်ပြောင်ကြီးကို စီးကာ ဗောဓိပင်သို့ ချီတက်လာလေသည်။ သို့သော် ဗောဓိပင်အနားသို့ မကပ်၀ံ့ဘဲမကပ်ဝံ့ဘဲ အေ၀းကနေသာ အမျိုးမျိုးသော လက်နက်များဖြင့် ပစ်ခတ်ကြ လေသည်။
မာရ်နတ်၏ စစ်သည်များ တက်လာကာစကပင် နတ်ဗြဟ္မာတို့သည် ေ၀းရာအရပ်မှ ရှောင်လွှဲ၍ အောင်ပွဲကို ကြည့်ရှုကြလေသည်။ ဘုရားလောင်းသည် တစ်ပါးတည်းကျန်ရစ်သော်လည်း အနည်းငယ်မျှ စိုးရွံ့တော်မမူဘဲ မာရ်နတ်ကို မေတ္တာဖြင့် ကြည့်တော်မူလျက် နှစ်သက်ဖွယ်စကားများကို တုံ့ပြန်ပြောဆို တော်မူပြီးလျှင် ဤပုလ္လင်နေရာရဖို့အတွက် မရေမတွက်နိုင်သော ကာလတုန်းက စွန့်လွှတ်ခဲ့ရသည်ကို ထားလိုက်ပါဦးတော့။ နောက်ဆုံးဖြစ်သော ေ၀ဿန္တရာဘ၀၀ယ်ေ၀ဿန္တရာဘ၀ဝယ် ကြင်ရာတော်မဒ္ဒီမိဖုရားကို လှူတုန်းက ဤမဟာပထ၀ီမြေကြီးသည်ဤမဟာပထဝီမြေကြီးသည် ပဲ့တင်ဟီးလျက် ရိုက်တီးဆော်ခတ် အသိအမှတ်ပြုခဲ့ဖူးလေပြီ” ဟု မိန့်တော်မူလျက် လက်တော်ဖြင့် မြေကိုသုံးသပ်တော်မူလိုက်သောအခါ မြေကြီးသည် ပြင်းထန်စွာ လှုပ်ခတ်လေသည်။
မဟာပထ၀ီမြေကြီး၏မဟာပထဝီမြေကြီး၏ တုန်လှုပ်သံမှာ ပြင်းစွာ ဆူညံသည့်အပြင် ကောင်းကင်တစ်ပြင်လုံးလည်း တဂျုံးဂျုံးထစ်ခြုန်းလျက် မိုးကြိုးများ ကျရောက်လေ၏။ ထိုသို့ တစ်ပြိုင်နက် အကြီးအကျယ် ကြောက်မက် ဖွယ်များ ဖြစ်ပေါ်လာသောအခါ မာရ်နတ်သည် ကြောက်လန့်၍ ထွက်ပြေးလေသည်။ နောက်လိုက်နောက် ပါ စစ်သည်များအားလုံးလည်း အစုအရုံးပျက်ပြား၍ နတ်ပြည်သို့ တက်ပြေးကြလေသည်။ ဤသို့ဖြင့် ဘုရားလောင်းသည် မာရ်နတ်ကို နေမ၀င်မီနေမဝင်မီ အောင်တော်မူလေသည်။
 
==ဘုရားဖြစ်တော်မူပုံ==
ဘုရားလောင်းသည် မာရ်နတ်ကို အောင်တော်မူပြီးနောက် အာနာပါနကမ္မဋ္ဌာန်းကို ဆက်လက်၍ အားထုတ်လေသည်။ ညဥ့်ဦးယံသို့ ရောက်သောအခါ ရှေးဘ၀များကို ပြန်လည်အောက်မေ့သတိရနိုင်သော ပုဗ္ဗေနိ၀ါသာနုဿတိဉာဏ်ကိုပုဗ္ဗေနိဝါသာနုဿတိဉာဏ်ကို ရတော်မူ၏။ ထို့နောက် သန်းခေါင်ယံအချိန်တွင် တစ်လောကလုံး၌ ရှိသော သတ္တ၀ါအပေါင်းကိုသတ္တဝါအပေါင်းကို တွေ့မြင်နိုင်သော ဒိဗ္ဗစက္ခုဉာဏ်ကို ရတော်မူ၏။ ထို့နောက် မိုးသောကက်ယံတွင် ကိလေသာဟူသမျှကို အကြွင်းမရှိ ပယ်သတ်နိုင်သော အာသ၀က္ခဉာဏ်ကိုအာသဝက္ခဉာဏ်ကို ရတော်မူသည်။ နေအရုဏ် တက်သည်နှင့် တစ်ပြိုင်နက် တရားအလုံးစုံကို ဆရာမကူ ကိုယ်တိုင်သိတော်မူသော သဗ္ဗညုတဘုရား အဖြစ်သို့ ရောက်တော်မူလေသည်။ အချိန်ကား မဟာသက္ကရာဇ် ၁၀၃ ခု ကဆုန်လပြည့်နေ့ ဗုဒ္ဓဟူးနေ့ ဖြစ်သည်။
 
==ဓမ္မစကြာတရားဟောတော်မူခြင်း==
ဘုရားလောင်း ဖွားမြင်စ၌ လက္ခဏာဖတ် ပုဏ္ဏားရှစ်ယောက် တို့အနက် ငါးယောက်က ဘုရားလောင်းသည် ဧကန်မုချ ဘုရားဖြစ်မည်ဟု ယုံကြည်သောကြောင့် ဘုရားလောင်း တောထွက် သောအခါ ရသေ့ရဟန်းပြု၍ ဘုရားလောင်းကို လုပ်ကျွေးပြုစုကြလေသည်။ သို့သော် ခြောက်နှစ်ကြာ ပြီးနောက် ဘုရားလောင်း ဆွမ်းအာဟာရ ဘုဉ်းပေးသည်ကို မြင်သောအခါ ဘုရားဖြစ်တော့မည်မဟုတ်ဟု ထင်သောကြောင့် ဘုရားလောင်းထံမှ ထွက်ခွါကာ ဗာရာဏသီအနီး မိဂဒါ၀ုန်တော၌မိဂဒါဝုန်တော၌ နေကြလေသည်။
ဘုရာလောင်းသည် ဘုရားဖြစ်တော်မူပြီးနောက် တရားဦးဟောထိုက်သူကို ဆင်ခြင်တောာ်မူသော အခါ ထိုရသေ့ငါးဦးကို မြင်တော်မူ၍ ဗောဓိပင်မှ တစ်ဆယ့်ရှစ်ယူဇနာ (၂၂၈.၉၆ မိုင်) ေ၀းကွာသော ဣသိပတန မိဂဒါ၀ုန်တောမိဂဒါဝုန်တော (ဘုရား ပစ္စေကဗုဒ္ဓါတို့ ဆင်းသက်ရာ၊ သားသမင်တို့အား ဘေးမဲ့ပေးရာတော) သို့ ခြေကျင်ကြွတော်မူသည်။ ရှေးရှေးသော ဘုရားရှင်တို့သည် ဓမ္မစကြာ တရားကို ဟောကြားရန် ကောင်းကင်ခရီးဖြင့် ကြွတော်မူသော်လည်း ဂေါတမဘုရားရှင်ကမူ မဂ်ဖိုလ်မျိုးစေ့ရှိသော ဥပကနှင့် တွေ့လို၍ ၂၂ မိုင် ခရီးကို ခြေဖြင့်သာ ကြွတော်မူလေသည်။ ထို့နောက် မဟာသက္ကရာဇ် ၁၀၃ ခု ၀ါဆိုလပြည့်နေ့ဝါဆိုလပြည့်နေ့ စနေနေ့၏ ညနေချမ်း၊ အနောက်ဘက်၌ နေ၀င်၍နေဝင်၍ အရှေ့ဘက်၌ အာသဠီနက္ခတ်နှင့် ယှဉ်လျက် လပြည့်၀န်းပေါ်ထွက်လာသောလပြည့်ဝန်းပေါ်ထွက်လာသော အချိန်တွင် ပဉ္စ၀ဂ္ဂီရသေ့ငါးပါးအားပဉ္စဝဂ္ဂီရသေ့ငါးပါးအား ဓမ္မစကြာ တရားဦးကို ဟောကြားတော်မူလေသည်။ တရားအဆုံး၌ တစ်ဆယ့်ရှစ်ကုဋေသော နတ်ဗြဟ္မာတို့ နှင့်အတူ အရှင်ကောဏ္ဍည သောတာပန် တည်လေသည်။ ထို့နောက် ၀ါဆိုလပြည့်ကျော်ဝါဆိုလပြည့်ကျော် ၁ ရက်နေ့တွင် အရှင်၀ပ္ပ၊အရှင်ဝပ္ပ၊ ၂ ရက်နေ့တွင် အရှင်ဘဒ္ဒိယ၊ ၃ ရက်နေ့တွင် အရှင်မဟာနာမ်၊ ၄ ရက်နေ့တွင် အရှင်အဿဇိတို့ အသီးသီး သောတာပန်တည်ကြလေသည်။ ထို့နောက် ၀ါဆိုလပြည့်ကျော်ဝါဆိုလပြည့်ကျော် ၅ ရက်နေ့တွင် အနတ္တလက္ခဏာ သုတ်တော်ကို ဟောတော်မူသောအခါ ပဉ္စ၀ဂ္ဂီငါးပါးလုံးပဉ္စဝဂ္ဂီငါးပါးလုံး ရဟန္တာဖြစ်သွားကြလေသည်။
 
==သာသနာပြုတော်မူခြင်း==
ပဉ္စ၀ဂ္ဂီတို့အားပဉ္စဝဂ္ဂီတို့အား ရဟန်းပြုပေးပြီးသောအခါ ဗုဒ္ဓ၊ ဓမ္မ၊ သံဃဟူ၍ ရတနာသုံးပါး အစုံအလင် ပေါ်ထွန်း လာပြီး မကြာမီမှာပင် ဗာရာဏသီမှ ယသသူဋ္ဌေးသားအမှူးပြုသော သူငယ်ချင်း ၅၅ ဦးတို့သည် ဘုရားရှင် ၏ တရားတော်ကို နာကြားရကာ ဧဟိဘိက္ခူ ရဟန္တာများ ဖြစ်လာခဲ့ကြသည်။ ဤအရှင်မြတ် အပါး၆၀သည် ဗုဒ္ဓသာသနာတွင် အဦးဆုံးသော သံဃအဖွဲ့အစည်းပင် ဖြစ်သည်။
ဘုရားရှင်နှင့်တကွ ထိုသံဃာတော်များသည် ရှေးဦးစွာ မိဂဒါ၀ုန်တော၌မိဂဒါဝုန်တော၌ သီတင်းသုံး နေထိုင်ခဲ့ကြ သည်။ မိုးလေကင်းလွတ် ၀ါကျွတ်သောအခါဝါကျွတ်သောအခါ ဘုရားရှင်သည် ေ၀နေယျတို့အား ဆုံးမသွန်သင်ရန် သံဃာ တော်အားလုံးကို ဒေသအသီးသီးသို့ သာသနာပြု စေလွှတ်တော်မူသည်။ စေလွှတ်ရာ၌ ရဟန်းတစ်ပါးလျှင် ခရီးတစ်ကြောင်းကျစီဖြင့် ခရီးထွက်ကြရန် ညွှန်ကြားတော်မူသည်။ ဘုရားရှင်ကိုယ်တော်တိုင်လည်း ဥရေု၀ဠ တောသို့ ကြွတော်မူကာ သာသနာပြုလေသည်။ ဤအချိန်မှစ၍ ဘုရားရှင်သည် ၄၅ ၀ါပတ်လုံးဝါပတ်လုံး သာသနာပြု တော်မူခဲ့သည်။
 
==ပရိနိဗ္ဗာန်စံတော်မူခြင်း ==
ဂေါတမမြတ်စွာဘုရား၏ နောက်ဆုံးခရီးကို ဒီဃနိကာယ်၊ မဟာပရိနိဗ္ဗာနသုတ်၌ မှတ်တမ်းတင် ထားသည်။ ဤမှတ်တမ်းကို ရာဇဂြိုလ်ပြည်၊ ဂိဇ္စျကုဋ်တောင်မှဂိဇ္ဈကုဋ်တောင်မှ စတင်ထားသည်။
မှတ်တမ်းအရ ရာဇဂြိုလ်ပြည်အနီး၊ ဂိဇ္စျကုဋ်တောင်တွင်ဂိဇ္ဈကုဋ်တောင်တွင် ဘုရားရှင်သီတင်းသုံးနေစဉ် ဘုရားရှင်ထံ သို့ ေ၀သာကာရအမတ်ချုပ်ကြီး ရောက်ရှိလာသည်။ ေ၀သာကာရမှာ အဇာတသတ်ဘုရင်၏ အမတ်ချုပ်ကြီး ဖြစ်ပြီး ေ၀သာလီပြည်ကို တိုက်ခိုက်လျှင် အောင်နိုင်၊ မအောင်နိုင် အဇာတသတ်က ဘုရားရှင်ထံ မေးမြန်း ခိုင်းသောကြောင့် ရောက်ရှိလာခြင်း ဖြစ်သည်။ ေ၀သာကာရ၏ စုံစမ်းမှုကို ဘုရားရှင်က တိုက်ရိုက်အဖြေ မပေးဘဲ ေ၀သာလီပြည်သားများသည် အပရိဟာနိယတရားခုနစ်ပါးတို့ကို ကျင့်သုံးနေသမျှ ကာလပတ်လုံး ၄င်းတို့အား မည်သည့်ရန်သူကမျှ အောင်မြင်မည်မဟုတ်ကြောင်း အရှင်အာနန္ဒာအား မိန့်ကြားခဲ့သည်။ ထို့နောက် ဗုဒ္ဓသည် အမ္ဗလဠီကာဥယျာဉ်နှင့် နာဠန္ဒာမြို့သို့ ထွက်ခွါတော်မူခဲ့သည်။ ထိုနှစ်နေရာတွင် တရား ဟောခဲ့ပြီးနောက် ပါဋလိရွာသို့ ခရီးဆက်တော်မူသည်။ ထိုရွာတွင် အဇာတသတ်၏ အမတ်ကြီးများဖြစ် သော သုနိဓနှင့် ေ၀ဿတာရတို့ ကပ်လှူသော ဆွမ်းကို အလှူခံခဲ့သည်။ တရားဓမ္မများ ဟောကြားခဲ့သည်။ ထို့နောက် ဂင်္ဂါမြစ်ကို ဖြတ်ကူးပြီးလျှင် မြစ်တစ်ဖက်ကမ်းရှိ ကောဋိရွာနှင့် နာတိကရွာတို့၌ ခေတ္တနားနေတော် မူသည်။ ထို့နောက် ေ၀စာလီပြည်သို့ ကြွတော်မူသည်။
ေ၀သာလီပြည်တွင် အမ္ဗပါလီ၏ သရက်ဥယျာဉ်၌ သီတင်းသုံးတော်မူပြီး တရားဟောတော်မူသည်။ အမ္ဗပါလီလှူဒါန်းသော ဆွမ်းကို အလှူခံတော်မူသည်။ ထိုအချိန်၌ ေ၀သာလီကို အုပ်စိုးသော လိစ္ဆ၀ီမင်းတို့လိစ္ဆဝီမင်းတို့ သည် ဘုရားရှင်အား လာရောက်ဖူးမြော်ကြသည်။ ထို့နောက် ဘုရားရှင်သည် ေ၀သာလီပြည်အနီး တောင်ဘက်ရှိ ေ၀ဠု၀ရွာသို့ ဆက်လက်ကြွတော်မူသည်။ ဘုရားရှင်သည် ထေို၀ဠု၀ရွာတွင် ၄၅၀ါမြောက်၄၅ဝါမြောက် နောက်ဆုံး၀ါကိုနောက်ဆုံးဝါကို ကပ်ဆိုတော်မူသည်။
ေ၀ဠု၀ရွာ၌ သီတင်းသုံးတော်မူစဉ် ဘုရားရှင်သည် နာမကျန်းဖြစ်ကာ ေ၀ဒနာပြင်းစွာ ဖြစ်သည်။ ဖလသမာပတ်၀င်စား၍ဖလသမာပတ်ဝင်စား၍ ေ၀ဒနာကို ထိန်းချုပ်တော်မူသည်။ တပည့်သာ၀က ရဟန်းများကို စေု၀းစေကာ နောက်သုံးလလွန်လျှင် ပရိနိဗ္ဗာန်စံတော်မူမည် ဖြစ်ကြောင်း အသိပေးတော်မူသည်။
၀ါကျွတ်သောအခါဝါကျွတ်သောအခါ ဗုဒ္ဓသည် သာ၀တ္ထိပြည်သို့သာဝတ္ထိပြည်သို့ ကြွတော်မူသည်။ ထိုစဉ် လက်ယာတော်ရံ အရှင် သာရိပုတ္တရာသည် မိမိ၏ဇာတိ နာဠကရွာရှိ မယ်တော်၏ တိုက်ခန်း၌ တန်ဆောင်မုန်းလပြည့်နေ့ညတွင် ပရိနိဗ္ဗာန်ပြုတော်မူသည်။ ထို့နောက် တန်ဆောင်မုန်းလကွယ်နေ့ညတွင် လက်၀ဲတော်ရံလက်ဝဲတော်ရံ အရှင်မဟာမောဂ္ဂလာန် ပရိနိဗ္ဗာန်ပြုတော်မူသည်။ ထို့နောက် ဘုရားရှင်သည် ေ၀သာလီပြည်သို့ ကြွတော်မူ သည်။ ထို့နောက် ေ၀သာလီမှ ထွက်ခွါတော်မူသည်။
ဘုရားရှင်သည် ဘဗ္ဗုရွာ၊ ဟတ္ထိရွာ၊ အမ္ဗရွာ၊ ဇမ္ဗုရွာတို့တွင် ခရီးတစ်ထောက်စီနားပြီး ဘောဂမြို့သို့ ရှေးရှုကြွတော်မူသည်။ ထိုမှတစ်ဆင့် မလ္လာမင်းတို့၏ နေပြည်တော်ဖြစ်သော ပါ၀ါမြို့သို့ပါဝါမြို့သို့ ဘုရားရှင် ရောက်ရှိ တော်မူသည်။ ပါ၀ါမြို့တွင်ပါဝါမြို့တွင် ခေတ္တသီတင်းသုံးနေစဉ် ပန်းထိမ်သည် စုန္ဒလှူဒါန်းသော ဆွမ်းကို အလှူခံဘုဉ်း ပေးတော်မူသည်။ ဤဆွမ်းသည် ဘုရားရှင် ဘုဉ်းပေးတော်မူသော နောက်ဆုံးဆွမ်း ဖြစ်သည်။
ဘုရားရှင်သည် ၀မ်းသွေးသွန်ဝမ်းသွေးသွန် ရောဂါဖြစ်တော်မူသည်။ သို့ရာတွင် ဘုရားရှင်သည် ရောဂါကို သမာပတ်ဖြင့် ထိန်းချုပ်လျက် ကုသိနာရုံမြို့သို့ ခရီးဆက်တော်မူသည်။ ၃ ဂါ၀ုတ်နီးပါးဂါဝုတ်နီးပါး (၉.၅၄ မိုင်ခန့်) ေ၀းသောဤခရီးတွင် ဘုရားရှင်သည် ၂၅ ကြိမ်ခန့် နားတော်မူသည်။ တစ်ကြိမ်နားနေစဉ် ဘုရားရှင်သည် ရေအလွန်မွတ်သိပ်တော်မူသဖြင့် အနီးနားရှိချောင််းငယ်မှရေကိုအနီးနားရှိချောင်းငယ်မှရေကို ခပ်ယူဆပ်ကပ်ရန် အရှင်အာနန္ဒာအား တိုက်တွန်းစေခိုင်းတော်မူသည်။ ထို့နောက် ကကုဓာမြစ်သို့ ရောက်ရှိသောအခါ ရေသုံးသပ်တော်မူပြီး ခေတ္တ မျှ လဲလျောင်းအပန်းဖြေတော်မူသည်။
ထို့နောက် နေ၀င်ပြီးနေဝင်ပြီး မှောင်စပျိုးချိန်တွင် ကုသိနာရုံသို့ ဘုရားရှင်ရောက်ရှိတော်မူသည်။ မလ္လာမင်း တို့၏ အင်ကြင်းတောအတွင်း အင်ကြင်းပင်ပျိုနှစ်ပင်ကြား ခင်းထားသော ညောင်စောင်းပေါ်တွင် ဘုရားရှင် လဲလျောင်းတော်မူသည်။ ဘုရားရှင်၏ သတင်းကို ကြားသောအခါ မလ္လာမင်းတို့သည် ရေးကြီးသုတ်ပြာ စေု၀းရောက်ရှိလာကြသည်။ ဘုရားရှင် ပရိနိဗ္ဗာန်စံတော့မည်ဖြစ်ကြောင်း သိကြသောအခါ ပူဆွေးငိုကြွေးကြ သည်။ ဘုရားရှင်အား နောက်ဆုံးဖူးမြော်ရန် ရောက်ရှိလာသော မလ္လာမင်းများကို အရှင်အာနန္ဒာသည် တစ်သုတ်ပြီးတစ်သုတ် ဘုရားရှင်ထံသို့ ပို့ပေးသည်။ ဤသို့ဖြင့် ညဥ့်၏ ပထမယံ ကုန်လွန်သွားသည်။
 
သန်းခေါင်ယံတွင် သုဘဒ္ဒအမည်ရှိ ပရိဗ္ဗိုဇ်ရောက်ရှိလာပြီး ဘုရားရှင်ထံ ပြဿနာမေးခွင့် တောင်းသည်။ ဘုရားရှင် ပင်ပန်းတော်မူမည်စိုးသောကြောင့် အရှင်အာနန္ဒာက ခွင့်ပြုတော်မမူ။ ထိုအကြောင်းကို ဘုရားရှင်သိတော်မူသောအခါ သုဘဒ္ဒအား ခေါ်စေတော်မူပြီး မေးလျှောက်သမျှ ပြဿနာ များကို ကောင်းစွာဖြေကြားတော်မူသည်။ သုဘဒ္ဒစိတ်တွင် မတင်မကျ ဖြစ်နေသော သံသယများ ရှင်းလင်း သွားကာ ရဟန်းပြုခွင့်တောင်းသည်။ ဘုရားရှင်က ချက်ချင်းပင် ရဟန်းပြုခွင့် ပေးတော်မူသည်။ ထို့နောက် တရားအားထုတ်လေရာ ဘုရားရှင် ပရိနိဗ္ဗာန်မစံတော်မူမီပင် ရဟန္တာဖြစ်သွားလေသည်။
စာကြောင်း ၁၈၂ -
'''ဟန္ဒ ဒါနိ ဘိက္ခေဝ အာမန္တယာမိ ေဝါ၊ ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ'''<br>
'''ရဟန်းတို့ ယခုအခါ၌ အကျဉ်းအားဖြင့် သင်တို့ကို ငါဘုရားမှာကြားတော်မူမည်။ ကံ စိတ် ဥတု အာဟာရ တည်းဟူသော အကြောင်းလေးပါး သင်္ခါရတရားတို့သည် ပျက်တတ်သော သဘောရှိကုန်၏။ သင်တို့သည် မမေ့လျော့သောသတိဖြင့် ပြည့်စုံကြစေကုန်လော့'''<br>
ဤသို့ နောက်ဆုံးတရားတော်ကို ဟောတော်မူပြီးနောက် စတုတ္ထဈာန်၀င်စားကာစတုတ္ထဈာန်ဝင်စားကာ ပဋိသန္ဓေနေ တော်မူစဉ်က စိတ်နှင့်တူသော စုတိစိတ်ဖြင့် ပရိနိဗ္ဗာန်စံတော်မူသည်။ ထိုအခါ မဟာပထ၀ီမြေကြီးသည်မဟာပထဝီမြေကြီးသည် ပြင်းထန်စွာ မြည်ဟီး၍ အကြီးအကျယ်တုန်လှုပ်လေပါတော့သည်။ ဤအချိန်သည်ကား မဟာသက္ကရာဇ် ၁၄၈ခု (ဘီစီ - ၅၄၃) ကဆုန်လပြည့်နေ့ အင်္ဂါနေ့ မိုးသောက်ယံအချိန် ဖြစ်သည်။ သက်တော် ၈၀၊ ၀ါတော်ဝါတော် ၄၅ ၀ါအရတွင်ဝါအရတွင် ပရိနိဗ္ဗာန်ပြုတော်မူခြင်းဖြစ်သည်။
မဟာသက္ကရာဇ် ၁၄၈ခု၊ ကဆုန်လဆုတ် ၁၂ ရက် တနင်္ဂနွေနေ့တွင် တေဇောဓာတ် လောင်တော် မူသည်။ ကြွင်းကျန်ရစ်သော ဓာတ်တော်များကို ဒေါဏပုဏ္ဏားက ရှစ်ပြည်ထောင်မင်းများကို ရှစ်ပုံစီ ခွေဲ၀ပေး လေသည်။
 
စာကြောင်း ၂၁၈ -
*၇။ မင်္ဂလာရောင်ခြည် ဗုဒ္ဓဝင်ရုပ်စုံ (မင်းယုဝေ)
*၈။ ပုံတော်စုံ ဆယ်စောင်တွဲ (ခင်ချိုထွန်းစာပေ)
*၉။ ဆရာတော်ကြီးများ၏ ဆုံးမသြဝါဒဆောင်ပုဒ်များစာအုပ်ဆုံးမဩဝါဒဆောင်ပုဒ်များစာအုပ် ( ပြွန်တန်ဆာမြို့ ရွှေကျင်ဂိုဏ်း ဝိနည်းစာတော်ပြန်ပွဲ အထိမ်းအမှတ် )