ထေရဝါဒ: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +...
စာကြောင်း ၁၃ -
[[ငါးပါးသီလ]] သည် ဗုဒ္ဓမြတ်စွာ၏ ဆုံးမဩဝါဒဖြစ်၍ လူတို့ စောင့်ထိန်းအပ်သော ကိုယ်ကျင့်တရားငါးပါး ဖြစ်၏။ ဗုဒ္ဓ မြတ်စွာဘုရား ဟောပြသည့်ဓမ္မအတိုင်း လက်တွေ့လိုက်နာ ကျင့်သုံးသူများကို ဗုဒ္ဓဘာသာဝင်လို့ခေါ်ဆိုပါသည်။ ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာသည် လူဦးရေ ၁၉၂၁ ၉၈၉ ၆၄၁(သန်းပေါင်းသန်း ၁၆၀၀- ၂၀၀၀) ခန့်အထိ ကိုးကွယ်ယုံကြည်သော ဒုတိယ အကြီးဆုံး ဘာသာတရားနှင့်အယူဝါဒဖြစ်သည်။ တရုတ်ပြည် သည် မဟာယာန ဗုဒ္ဓဘာသာလူဦးရေ အများဆုံး နိုင်ငံလည်းဖြစ်သည်။<ref>http://www.dhammawiki.com/index.php?title=China</ref> တရုတ်ပြည်တွင် လူဦးရေ သန်းပေါင်း ၁၂၁၉ ၁၄၉ ၆၀၀ (သန်းပေါင်း၁၂၀၀) <ref>http://www.justchina.org/china/china-beliefs.asp</ref> <ref>http://en.wikipedia.org/wiki/Buddhism_by_country#cite_note-42</ref>ခန့်အထိ မဟာယာန ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်သည်။ ထို့ကြောင့်ဗုဒ္ဓဘာသာသည် ကိုးကွယ်ယုံကြည်သူ လူဦးရေအားဖြင့် ဒုတိယအများဆုံး ကမ္ဘာ့ဘာသာနှင့် အကြီးထွား အမြန်ဆုံးသော ဘာသာတစ်ခုလည်း ဖြစ်သည်။<ref>http://en.wikipedia.org/wiki/Buddhism_by_country#cite_note-40</ref> <ref>http://www.justchina.org/china/china-beliefs.asp</ref><ref>http://en.wikipedia.org/wiki/Buddhism_by_country#cite_note-autogenerated2-11</ref>
<ref>http://thedhamma.com/buddhists_in_the_world.htm</ref>
ကမ္ဘာပေါ်တွင်ရှိသော ဘာသာကြီး( ၄) ဘာသာတွင် ဟိန္ဒူဘာသာသည် အစောဆုံးဖြစ်သော်လည်း စောလွန်းလှသဖြင့် သက္ကရာဇ် အတိအကျ သိရန်ခက်လှသည်။ တည်ထောင်သည့် သက္ကရာဇ် အတိအကျ ဖော်ပြနိုင်သော ကျန်ဘာသာကြီး ၃ခု အနက် ဗုဒ္ဓဘာသာသည် ဘီစီ ၅၈၈ တွင် စတင်ပေါ်ပေါက်ခဲ့သဖြင့် အစောဆုံး '''ပထမ''' ကမ္ဘာ့ဘာသာဖြစ်သည်။ ခရစ်ယာန်ဘာသာသည် အေဒီ ၃၀ တွင် စတင်ပေါ်ပေါက်ခဲ့သဖြင့် '''ဒုတိယ'''မြောက် ကမ္ဘာ့ဘာသာဖြစ်သည်။ အစ္စလာမ်ဘာသာသည် အေဒီ ၆၃၀ ခန့်တွင် စတင်ပေါ်ပေါက်ခဲ့သဖြင့် '''တတိယ'''မြောက် ကမ္ဘာ့ဘာသာဖြစ်သည်။ ဖော်ပြပါ ကမ္ဘာ့ဘာသာကြီး (၄) ခုတို့သည် သူ့နည်း သူ့ဟန်နှင့်သူ လူသားများအတွက် အကျိုးရှိသော ဆုံးမသြဝါဒများဆုံးမဩဝါဒများ ပါရှိကြသည်။
 
== ထေရဝါဒနှင့်မဟာယာနကွဲပြားချက် ==
(၁) နှစ်ဖက်လုံးက သကျမုနိ ဗုဒ္ဓ မြတ်စွာကို အမြင့်မြတ်ဆုံးသောမြတ်စွာဘုရား အဖြစ်လက်ခံကြသည်။ (၂) သစ္စာ လေးပါး တရားတော်ကို နှစ်ဖက်လုံးက အပြည့်အဝလက်ခံကြသည်။ (၃) မဂ္ဂင်ရှစ်ပါး လမ်းစဉ်သည် နှစ်ဖက်လုံး၏ တရားဖြစ်သည်။ (၄) ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်သည် နှစ်ဖက်လုံးတွင် အတူတူပဲဖြစ်သည်။ (၅) ဖန်ဆင်းရှင်(God) ကို နှစ်ဖက်လုံးတွင် လက်မခံကြပါ။ (၆) အနိစ္စ ၊ဒုက္ခ၊အနတ္တ နှင့် သီလ၊သမာဓိ ၊ပညာတွေကို နှစ်ဖက်လုံးက လက်ခံကြတဲ့ အတွက် ဗုဒ္ဓရှင်တော်၏ အဓိက တရားအနှစ်တွေသည် မကွဲပြားဘူးလို့ ဆိုရပါမည်။ အနတ္တ ကို နှစ်ဖက်လုံးတွင်လက်ခံပါသည်။ မဟာယနသည် အတ္တဝါဒ မဟုတ်ပါ။ အဓိက ကွဲပြားချက်က တရားတော်တွေ ပေါ်မှာ မဟုတ်ပါ။ ဗောဓိသတ္တ လို့ ခေါ်တဲ့ ဘုရားလောင်း ၊ ဘုရားကျင့်စဉ် ကျင့်သူအပေါ်မှာ ထားတဲ့ သဘောထား ဖြစ်သည်။။ ထေရဝါဒ က ဘုရားလောင်း ကို ပုထုဇဉ်ပဲရှိသေးလို့ မကိုးကွယ်ကြပါ။ တချို့က ဆိုပြန်သည်။ ထေရဝါဒဆိုတာ ရဟန္တာ ဖြစ်ဖို့နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ ကျင့်တဲ့ ဝါဒဖြစ်ပြီး ၊ မဟာယာနကတော့ ဗုဒ္ဓဖြစ်မယ့် ဘုရားလောင်း ဗောဓိသတ္တကျင့်စဉ်ကို လက်ခံတဲ့ ဝါဒလို့ ဆိုကြပြန်သည်။ ထေရဝါဒ တွင် ဗောဓိသတ္တ သည် လွတ်မြောက်ရာ လမ်းကို သစ္စာတရားကို မသိသေးတဲ့ ပုထုဇဉ်မို့ မကိုးကွယ်ကြပါ။ မဟာယာန တွင် ကိုးကွယ်စရာ ဗောဓိသတ္တ တွေ များပါသည်။ ဘုရားလောင်း ၊ ဘုရား၏ မိခင်၊ ဖခင် ….အစုံပဲဖြစ်သည်။ မဟာယာန မှာ အရဟတ္တဖိုလ်ရပြီးသား ရဟန္တာပုဂ္ဂိုလ်သည် အရဟတ္တဖိုလ်ကနေ နိဗ္ဗာန်ကို မျက်မှောက်ပြုလို့ မရသေးပါ။ အရဟတ္တဖိုလ်ကနေ အနာဂမ် ၊ သကဒါဂမ် ၊ သောတာပန် အထိ ပြန် လျှောကျသွားပြီး ပုထုဇဉ်ပြန်ဖြစ်သွားရသည် ။ ပြီးမှ ဘုရားဆုပန်ပြီး ဘုရားဖြစ်ဖို့ ပြန်ကြိုးစားကြရသည်။ ထေရဝါဒနှင့် မဟာယာန အယူအဆ လွဲနေသည်။ မူရင်းဝိနည်း+ သုတ္တန် + အဘိဓမ္မာများအတိုင်းလိုက်နာကျင့်ကြံပြီး နဲနဲမှ မပြင်တာက ထေရ ဝါဒ ဖြစ်သည်။ မူရင်းမှ ပြင်သည်က မဟာယာန ဝါဒ ဖြစ်သည်။ ထေရ ဝါဒ က ဗုဒ္ဓမြတ်စွာဘုရားမိန့်ကြားချမှတ်ခဲ့သော မူရင်း ဝိနည်း+ သုတ္တန် + အဘိဓမ္မာများ ၊ သိက္ခာပုဒ်များ တရားတော်များကို နဲနဲမှ မပြင်ကြပါ။ <ref>http://www.urbandharma.org/udharma3/theramaya.html</ref> မဟာယာနနှင့် ထေရဝါဒ ဟူ၍ဂိုဏ်းကြီး နှစ်ခုကွဲသကဲ့သို့ နိဗ္ဗာန်နှင့် ပတ်သက်သော အယူအဆမှာလည်း ကွဲပြားသည်။ မဟာယာန ကျမ်းများတွင် နိဗ္ဗာန်ကို သုခချမ်းသာတို့ဖြင့် ပြည့်စုံသည့် ဘုံဗိမာန်အဖြစ်လည်းကောင်း၊ သံသရာကိုယ်၌ကပင် နိဗ္ဗာန်ဖြစ်သည် ဟူ၍လည်းကောင်း ကွဲပြားသော အယူအဆများ၊သဘောတရားများကို တင်ပြထားသည်။ သို့သော် ထေရဝါဒတွင်မူ ဆရာစဉ်ဆက် နှင့် ကျမ်းဂန်များတွင် နိဗ္ဗာန်သည် တည်နေရာဘုံအဖြစ် မယူဆ၊ မသတ်မှတ်သင့်ကြောင်း၊ သံသရာနှင့် ဆက်စပ်မှုကင်းမှ သာလျှင် နိဗ္ဗာန်ဖြစ်ကြောင်း အစရှိသဖြင့် တိကျစွာရှင်းလင်းပြဆိုထားပေသည်။
ထေရဝါဒ ဗုဒ္ဓကျမ်းဂန်အရ [[၃၁ ဘုံ]]၌ ရှိကြသော သတ္တဝါတို့သည် သံသရာလည်ကြရာတွင် ၃၁-ဘုံမှ [[စိတ်]]၏ လုံးဝ ချမ်းသာရာဖြစ်သော [[ကိလေသာ]]များမှ လွတ်ကင်းရာကို '''နိဗ္ဗာန်'''ဟု ခေါ်သည်။ နိဗ္ဗာန်တွင် လူတို့၏ ဒုက္ခအားလုံးမှ ကျွတ်ငြှိမ်းပြီး နိဗ္ဗာန် သို့ရောက်ရှိပြီးနောက် သံသရာ အသစ်တဖန်ပြန်လယ်ခြင်း မရှိတော့ပေ။ ကံ၊စိတ်၊ဥတု ၊ အာဟာရ တို့၏ ပြုပြင်စီရင် ခြင်းမှ လွတ်သော တရား ၊ အလုံးစုံငြိမ်းချမ်းခြင်း ၊ ပြုပြင်ပြောင်းလဲမှု မရှိသော အေးငြိမ်းချမ်းသာမှု ၊ တဏှာမရှိခြင်း ၊ တဏှာမှ ကင်းလွတ်ခြင်း ၊ ဒုက္ခမှ အပြီးတိုင်လွတ်မြောက်ခြင်း ၊ မွေး၊အို၊နာ၊သေ မရှိခြင်း ၊ စွန့်လွတ်ခြင်း ၊ လွတ်မြောက်ခြင်း ၊ မကပ်ငြိခြင်း ၊ ဘဝ မရှိခြင်း ၊ ပူဆွေးမှု မရှိခြင်း ၊ ငိုကြွေးမှုမရှိခြင်း ၊သောက မရှိခြင်း ၊ အညစ်အကြေး ကိလေသာ မရှိခြင်း စသည်တို့ဖြစ်သည်။ [[ နိဗ္ဗာန်]] ဆိုသည် မှာ အသင်္ခတ ဓမ္မအစစ်အမှန်ဖြစ်ကြောင်း ၊ရှိကြောင်း နှင့် နိဗ္ဗာန်ကို ရရှိရန် ပြည့်စုံသိရှိနားလည်ရန် သတိပဌာန်လေးပါးသည်သာ တစ်ကြောင်းတည်းသော လမ်းစဉ်ဖြစ်ကြောင်း ကို သတိပြုမိရင် ကိုယ်နှစ်သက်ရာ ဂုဏ်ပုဒ်များနှင့် ကြည်ညိုလို့ ရပါသည်။ ဖော်ပြပါ ထေရဝါဒဗုဒ္ဓဘာသာ နှင့်မဟာယာနဗုဒ္ဓဘာသာ တို့သည် သူ့နည်း သူ့ဟန်နှင့်သူ လူသားများအတွက် အကျိုးရှိသော ဆုံးမသြဝါဒများဆုံးမဩဝါဒများ ပါရှိကြသည်။