ဓနုဖြူမြို့နယ်: တည်းဖြတ်မှု မူကွဲများ

"မအူပင်ခရိုင်၊..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +...
စာကြောင်း ၂၀ -
ဓနုဖြူခံတပ်တွင် စစ်သူကြီး မဟာဗန္ဓုလ ကျဆုံးစဉ်က ၄၂ နှစ်အရွယ် စစ်သွေး စစ်မာန် ပရိ ယာယ် အကြွယ်ဝဆုံးအရွယ်ဖြစ်သ ဖြင့် တစ်မျိုးသားလုံး နှမြောတသ ကြေကွဲခဲ့ရပါသည်။ ရွှေရောင်ပြဘုရား တွင် တပ်ဆွဲထားသော အင်္ဂလိပ်စစ် တပ်က ပစ်ခတ်သဖြင့် စစ်သူကြီး မဟာဗန္ဓုလ ဘဝဆုံးခဲ့ခြင်းကို မြန်မာ လူမျိုးများ သားစဉ်မြေးဆက် မမေ့နိုင် ခဲ့ပါ။ စစ်သူကြီး မဟာဗန္ဓုလ သေဆုံး ခဲ့သည်မှာ ယခုဆိုလျှင် နှစ်ပေါင်း ၁၈၉ နှစ်ကြာမြင့်နေပါပြီ။ သို့သော် လည်း မျိုးချစ်စိတ် ထက်သန်သူတိုင်း စစ်သူကြီး ဗန္ဓုလနှင့် ဓနုဖြူခံတပ်ကို မမေ့နိုင်ကြပါ။
 
ဓနုဖြူတိုက်ပွဲတွင် အဓိက အခန်းမှ ပါဝင်ခဲ့သော ရွှေရောင်ပြ ဘုရား (သို့မဟုတ်) ရွှေရောင်ပြစေတီ သည် မူလက သဲပုံစေတီလေးဖြစ်ပြီး ဥာဏ်တော်ဉာဏ်တော် ၁၃ တောင် မြင့်ခဲ့သော် လည်း နောက်ပိုင်းတွင် ဒေသခံများ မွမ်းမံပြင်ဆင်တည်ထားသဖြင့် ဥာဏ်တော်ဉာဏ်တော် ၃၇ တောင်ရှိိကာ ရွှေရောင်တဝင်းဝင်းဖြင့် အပူဇော်ခံနေပါသည်။ သို့သော်လည်း ဓနုဖြူတိုက်ပွဲ အ ကြောင်း ပြန်ပြောင်း စဉ်းစားလျှင် ရွှေ ရောင်ပြဘုရားနှင့် ကြက်တိုက်ကုန်း တို့သည် သမိုင်းစာမျက်နှာပေါ်တွင် မျက်နှာငယ်စရာ အမည်နာမ များ ဖြစ်နေပါသည်။ ရွှေရောင်ပြဘုရားမှ ပစ်ခတ်သော အမြောက်ဆန်များ ကြက်တိုက်ကုန်းပေါ်တွင် ကျရောက်ပေါက် ကွဲခြင်းကြောင့် စစ်သူကြီး မဟာဗန္ဓုလ ကျဆုံးခြင်းသည် သာမန်တိုက် ဆိုင်မှု မဟုတ်ဘဲ မဟာဗန္ဓုလ၏ ကံ ကြမ္မာ၊ မြန်မာနိုင်ငံ၏ ကံကြမ္မာ၊ မြန်မာဘုရင်များ၏ ကံကြမ္မာနှင့် သက် ဆိုင်ပြီး ကံကြမ္မာက အဆုံးအဖြတ် ပေးခြင်းဖြစ်သည်ဟု ဆိုနိုင်ပါသည်။
 
မည်သို့ပင် ဖြစ်စေကာမူ မြန်မာတို့၏ သူရဲကောင်း စစ်သူကြီး မဟာဗန္ဓုလသည် နယ်ချဲ့အင်္ဂလိပ်တို့ကို လုံးဝအရှုံးမပေး ဘဲ သေ သည်အထိ ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်သွားကြောင်း သမိုင်းက သက်သေခံနေပါသည်။ စစ်သူကြီး မဟာဗန္ဓုလနှင့် မြန်မာစစ်သည်များ ၏ သွေးသည် ဓနုဖြူခံတပ်တွင် ယခုတိုင် စိမ့်ဝင်နေသည်ဟု ယုံကြည်မိပါသည်။ စစ်သူကြီး မဟာဗန္ဓုလ၏ ဓနုဖြူတိုက်ပွဲ အကြောင်း လေ့လာလိုလျှင် မဟာဗန္ဓုလ၏ ကြေးရုပ်ကြီးကို လေ့လာ ရုံနှင့် မပြီးဘဲ မဟာဗန္ဓုလ ကျဆုံးခဲ့သည့် ကြက်တိုက် ကုန်းနှင့် အင်္ဂလိပ်စစ်တပ်များ စခန်းချခဲ့သည့် ရွှေရောင်ပြဘုရားတို့ကို လေ့လာမှသာ ပြည့်စုံနိုင်ပါသည်။ ရွှေရောင်ပြဘုရား (သို့မဟုတ်) ရွှေရောင်ပြစေတီ သည် ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲ၏ သမိုင်း ဝင်နေရာတစ်ခုဖြစ်ကြောင်း မှတ်တမ်း တင်မိပါသည်။ (ဘသန်းတင်)