ပု၊ ဆရာ(ရုပ်သေးမင်းသမီး): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +...
စာကြောင်း ၆ -
အရွယ်ရောက်၍ ပညာစုံလာပြီဖြစ်သော ဆရာပုသည်၎င်း၏ဆရာကြီးများ မရှိကြတော့သည့်အခါ ကိုယ်တိုင် မဟာစင်တော်ကြီး တည်ထောင်ကပြလေတော့သည်။ မင်းတုန်းမင်းလက်ထက်တော်တွင် ဆရာပုမှာ စင်တော်ကလေးအဖြစ် ကပြ၍ ၎င်းနောက် စုဘုရားလတ်၏ စင်တော်၊ ထို့နောက် သီပေါဘုရင်၏ စင်တော်ကြီးအဖြစ် ကပြလေသည်။ ဆရာပုကို “နေမျိုးသီရိ မဓုသဒ္ဒရွှေတောင်”ဟူသော ဘွဲ့နှင့် ချီးမြှောက်ကာ မြင်းခြံအနီး သမုန်းကိုင်း(၁၂)ရွာကို စားစေပါသည်။
 
ဆရာပုသည် ခေတ်အဆက်ဆက်ကိုမီ၍ မင်းသားအမျိုးမျိုးနှင့် တွဲခဲ့ပါသည်။ ပြည်မြို့သို့ ရုပ်သေးသွားကရင်း ဦးဘညွန့် (နောင်အခါ မြန်မာအဆွေ သူဌေးကြီး ဦးဘညွန့်)နှင့် တွေ့ဆုံ၍ ခေတ်ပေါ် အသံသွင်း ဓာတ်လုံးဖြင့် သီချင်းများ၊ ဇာတ်ထုပ်များ သွင်းခဲ့ရပါ၏။ မကြာမီပင် ဓာတ်ပြားခေတ် ပေါ်ပေါက်လာပြီး အမေပု(ခေါ်)ဆရာပု မင်းသားဦးဘကျော့နှင့် တွဲစဉ်အခါ ခွေးတံဆိပ်ဓာတ်ပြားကုမ္ပဏီက ဓာတ်ပြားသွင်းရန် ရန်ကုန်သို့ခေါ်၏။ ဆရာပုတို့အဖွဲ့က ပွဲလက်ခံများရှိနေသဖြင့် ရန်ကုန်မလာနိုင်ကြသောအခါ မန္တလေးသို့ လိုက်လာကြပြီး ဇာတ်တစ်ထုပ်ကို ငွေ၃၀၀၀ိငွေ၃၀၀ဝိ/ ပေး၍ ဓာတ်ပြားသွင်းယူကြ၏။ ဇာတ်ထုပ်တစ်ထုပ်လျှင် ဓာတ်ပြားချပ်ရေ (၃၅)ပြား၊ (၃၆)ပြားခန့် ရှိသည်။ သွင်းယူသည့် ဇာတ်ထုပ်များမှာ ဖိုးထောင်ဝါနုဇာတ်၊ အောင်ဖြူဇာတ်၊ မင်းထင် ရွှေမှန်ဇာတ်ထုပ်များ ဖြစ်ပါသည်။
 
ဆရာပုမှာ အသက်(၅၄)နှစ် သဘင်သက် (၄၀)အရ (၁၉၁၄)ခုနှစ်တွင် အနိစ္စရောက်ရှိပါသည်။ ဇနီး ဒေါ်လေးကြီးနှင့် သားသမီးများမှာ ဦးကြင်၊ ဦးတင်၊ ဦးရှင်၊ ဒေါ်အုန်းတင်၊ ဒေါ်အမ၊ ဦးသွင်၊