အဘိဓာန်: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +...
စာကြောင်း ၄၅ -
# အသံထွက်ကိုသိလိုခြင်း
# အနက်အဓိပ္ပါယ်ကို သိလိုခြင်း
# စကားလုံး၏ ဇစ်မြစ်ကိုသိလိုခြင်းတို့ ဖြစ်ကြသည်။ သို့ရာတွင် အဘိဓာန်ကျမ်းတိုင်း အထက်ပါ သိလိုချက်အား လုံး ပါ၀င်လိမ့်မည်ဟုပါဝင်လိမ့်မည်ဟု မယူဆအပ်ပေ။ အောက်စဖို့အဘိဓာန်ကဲ့သို့သော ကမ္ဘာကျော် အင်္ဂလိပ် အဘိဓာန်ကြီးမှာမူကား အထက်ပါ အင်္ဂါရပ်များအပြင် စကားလုံးကို စတင်အသုံးပြုသော ခေတ်ကိုပင် ဖော်ပြထားလေသည်။
==ဂျပန်ခေတ် မြန်မာ အဘိဓာန်==
ဂျပန်ခေတ်တွင် မြန်မာအဘိဓာန် စတင်ပြုစုပုံကို ရေးသားလိုပါသည်။ ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း ၁၉၄၄ ခုနှစ်တွင် မြန်မာနိုင်ငံတော် ပညာ့တံခွန်အသင်းကို နိုင်ငံတော်အစိုးရ၏ အကူအညီဖြင့် တည်ထောင် ခဲ့သည်။ အသင်းဥက္ကဋ္ဌမှာ ယခုအခါ နိုင်ငံတော် ရှေ့နေချုပ်ကြီးဖြစ်နေသော ဒေါက်တာဘဟန်ပင် ဖြစ်၏။ ထိုအသင်း၏ လက် အောက်တွင် -
(၁) ပညာစွယ်စုံဌာနနှင့်
(၂) အဘိဓာန်ဌာနဟူ၍ ဌာနနှစ်ခု သီးခြားရှိသည်။ ကွယ်လွန်သူ ပြန်ကြားရေးဌာန ညွှန်ကြားရေး၀န်ညွှန်ကြားရေးဝန် ဦးခင်မောင် (တောသား)က ပညာစွယ်စုံဌာနကို ဦးစီးကာ ပညာစွယ်စုံကျမ်းများကို ပြုစုသည်။ ယခု ရန်ကုန်တက္ကသိုလ် ဘာသာပြန်နှင့် စာအုပ် ထုတေ်၀ရေးဌာနတွင် စာတည်းမှူးအဖြစ် ဆောင်ရွက်နေသော ဦး၀န်ဦးဝန် (မင်းသု၀ဏ်မင်းသုဝဏ်)က အဘိဓာန်ဌာနကို ဦးစီးကာ မြန်မာ အဘိဓာန်ကို ပြုစုသည်။
ပညာ့တံခွန်အသင်းက အဘိဓာန်ကျမ်းကို စတင်မပြုစုမီ မြန်မာနိုင်ငံ စာရေးဆရာများအသင်းကလည်း အဘိဓာန် တစောင် ပြုစုရန် ရန်ပုံငွေ ကောက်ခံခြင်း၊ ေ၀ါဟာရေဝါဟာရ စုဆောင်းခြင်းများ ပြုလုပ်ခဲ့သည်။ ပညာ့တံခွန်အသင်းက အဘိဓာန်ပြုစု သောအခါတွင်မူကား မြန်မာနိုင်ငံ စာရေးဆရာအသင်းသည် အဘိဓာန်အတွက် စုဆောင်းထားသော ရန်ပုံငွေနှင့်တကွ ေ၀ါဟာရေဝါဟာရ များကိုပါ ပညာ့တံခွန်အသင်းသို့ လွှဲအပ်လှူဒါန်းလိုက်သည်ဟု တဆင့်စကား ကြားသိရဖူးသည်။
အဘိဓာန်ဌာနကို ဟံသာ၀တီခရိုင်၊ ကွမ်းခြံကုန်းမြို့၊ ရွှေကျင်ကျောင်းတိုက် ဇရပ်တဆောင်၌ ၁၉၄၄ခု၊ ဇန်န၀ါရီလဇန်နဝါရီလ ၁၀ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ထိုနေရာမှတဖန် မြို့အုပ်ရုံးကြီး အောက်ထပ် အခန်းကျယ်ကြီးတစ်ခုအတွင်းသို့ ပြောင်းရွှေ့ရ လေသည်။ အဘိဓာန်ဌာနကို ကြည့်ရှုကြီးကြပ်ရသော အဖွဲ့ငယ်တွင် ဦးဖေမောင်တင် (သဘာပတိ)၊ ဦးခင်မောင်လတ်၊ ဦးသိမ်း မောင်၊ ဦးသိန်းဟန်၊ ဦး၀န်ဦးဝန် (အဘိဓာန်စာတည်း)၊ ဦးစိန်၀င်းဦးစိန်ဝင်း (လက်ထောက်အဘိဓာန်စာတည်း)နှင့် ဦးတင် (အသင်း၏ အတွင်း ရေးမှူး)တို့ ပါ၀င်သည်။ပါဝင်သည်။
အဘိဓာန်ဌာန အမှုထမ်းများမှာ (၁) ဦး၀န်ဦးဝန် (စာတည်း) (၂) ဦးစိန်၀င်းဦးစိန်ဝင်း (လက်ထောက်စာတည်း) (ယခုဘာသာပြန် စာပေ အသင်း၊ ဒုတိယစာတည်းမှူး) (၃) ပထမကျော် ဦးကြီးဖေ (စာပြု) (ယခုသာသနာညွှန်ကြားရေး၀န်ယခုသာသနာညွှန်ကြားရေးဝန်) (၄) ပထမကျော် ဦးတင့်ရွှေ (စာပြု) (ယခုပါဠိနှင့် အဘိဓမ္မာဌာန၊ လက်ထောက်ကထိက) (၅) ဦးသာတင် (မာဃ) စာပြု၊ (ယခု သာသနာ့ရောင်ခြည် စာတည်း) (၆) ဦးထူးရွှေ - စာပြု၊ (ယခုပညာမင်းကြီးရုံး)၊ (၇) ဒေါ်မမကြီး စာပြု (ယခုရန်ကုန်မြူနီစီပါယ် မင်းကြီးကတော်)၊ (၈) ဦးကိုကို စာပြု၊ (ယခု ပဲခူးမြို့နယ်ပိုင် ၀န်ထောက်မင်းဝန်ထောက်မင်း)နှင့် (၉) ဦးတင်လှ စာပြု၊ (ယခုစာတည်း ဘာသာပြန်နှင့် စာအုပ်ထုတေ်၀ ရေးဌာန၊ ရန်ကုန်တက္ကသိုလ်)တို့ ဖြစ်ကြသည်။
ဂျပန်ခေတ် မြန်မာအဘိဓာန်မတိုင်မီက မြန်မာဘာသာစကားဆိုင်ရာ အဘိဓာန်အချို့ ရှိဖူးကြောင်းကို ဖော်ပြလိုပေ သည်။ ကျွနု်ပ်တို့ စုံစမ်းရှာဖွေ သိရှိရသလောက်ဆိုလျှင် ဒေါက်တာ ယုဒသန် မြန်မာ-အင်္ဂလိပ် အဘိဓာန်သည် မြန်မာပြည်တွင် ရှေးဦးစွာ ပေါ်ပေါက်သော အဘိဓာန်ဖြစ်သည်။ ယင်းအဘိဓာန်ကို ၁၈၅၂ ခုနှစ်က မော်လမြိုင်မြို့တွင် ပုံနှိပ်ထုတေ်၀ခဲ့သည်။ သက္ကရာဇ် ၁၉၁၃ ခုနှစ်သို့ ရောက်သောအခါ မစ္စတာ ဒန်း (C.W.Dunn) ခေါင်းဆောင်သော အင်္ဂလိပ် သုတေသီတစုက ဒေါက် တာယုဒသန်၏ မြန်မာ-အင်္ဂလိပ် အဘိဓာန်မှာ ခေတ်မမီတော့သဖြင့် ထပ်မံပြုပြင်ရန် အကြံပေးလေသည်။ ထိုအချိန်မှစတင်၍ မြန်မာ- အင်္ဂလိပ် အဘိဓာန်သစ်ကို ကွယ်လွန်သူ ဒေါက်တာ စတီး၀ပ်စတီးဝပ် (J.A.Stewart)၊ မစ္စတာဒန်း၊ မစ္စတာ ဆားလ်(H.F.Searle) နှင့် ဒေါက်တာလှဖေတို့ စတင်ပြုစုခဲ့ကြသည်။ ဒုတိယ ကမ္ဘာစစ်ကြီးမဖြစ်မီက ဖျာပုံမြို့၊ အသျှင်သြဘာသအသျှင်ဩဘာသ ဘွဲ့အမည်ရှိသော ရဟန်းတော်တပါးသည် မြန်မာ အဘိဓာန်ကျမ်းတစောင်ကို တဦးတည်း ပြုစုတော်မူသည်ဆို၏။ ယင်းအဘိဓာန်မှာ စစ်အတွင်းက ပျက်စီးဆုံးရှုံးသွားခဲ့သည်ဟု ၀မ်းနည်းစွာဝမ်းနည်းစွာ သိရှိရလေသည်။
အဘိဓာန်၏ ရှေးဦးလုပ်ငန်းမှာ ပုဒ်စုလုပ်ငန်းဖြစ်၏။ စာတည်းနှင့် စာပြုများသည် ပျို့၊ မော်ကွန်း၊ ဧချင်း၊ ရတု၊ အစုစု သော ကျမ်းမျာကို ဖတ်ရှုကာ အလျား ၄ လက်မ၊ အနံ ၃ လက်မရှိသော စာရွက်ငယ်ပေါ်တွင် ေ၀ါဟာရစကားလုံးများကိုေဝါဟာရစကားလုံးများကို စကား စပ်၊ ကျမ်းကိုး အတိုမှတ်၊ စာမျက်နှာ ဂဏာန်းအမှတ် စသည်တို့နှင့်တကွ ရေးသားစုဆောင်းရသည်။ ထိုတွင်မျှမက အဘိဓာန် အတွက် ေ၀ါဟာရများေဝါဟာရများ စုဆောင်းပေးပို့ကြရန် သတင်းစာများမှတဆင့်၊ တိုင်းပြည်လူထုအား မေတ္တာရပ်ခံလိုက်ရာ အရှေ့အာရှ တိုက် လူငယ်များအစည်းအရုံး၊ မြေစာရင်းဌာန၊ သစ်တောဌာန၊ စိုက်ပျိုးရေးဌာန၊ အစိုးရ၀န်ကြီးဌာနအစိုးရဝန်ကြီးဌာန အမှုထမ်းများနှင့် အခြား ပုဂ္ဂိုလ်တို့က ေ၀ါဟာရများေဝါဟာရများ စုဆောင်းပေးပို့ကြသည်။ စာအုပ်စာတမ်း၊ စာရေး ကိရိယာတို့ကိုလည်း လှူဒါန်းကြသည်။
အဘိဓာန်ပြုစုရေးလုပ်ငန်း၏ ဒုတိယအဆင့်မှာ စုဆောင်းပြီး အညွှန်းစာရွက်များကို အက္ခရာအလိုက် ရွေးချယ်ခွဲခြား ထုတ်ရသည်။ အက္ခရာအလိုက် ရွေးချယ်ခွဲခြား ထုတ်ထားသော အညွှန်းစာရွက်များကို ခင်ကြီးဖျော်၏ သဒ္ဒဗျူဟာကျမ်း၊ ယောမင်းကြီး၏ လိပိဒီပိကာကျမ်း၊ လယ်တီဆရာတော်၏ သင်ပုန်းကြီးသံခိပ်၊ ကဗျာဗန္ဓ သာရကျမ်း၊ စွယ်စုံကျော်ထင်ကျမ်းတို့နှင့် ညှိနှိုင်းပြုလုပ်ထားသော အဘိဓာန် အက္ခရာစဉ် ဇယားနှင့်အညီ အက္ခရာ ၀ဋ္ဌိစဉ်ရသည်။ဝဋ္ဌိစဉ်ရသည်။ အက္ခရာ၀ဋ္ဌိစဉ်ပြီးသောအခါတွင်မူကား၊အက္ခရာဝဋ္ဌိစဉ်ပြီးသောအခါတွင်မူကား၊ အဘိဓာန်ကျမ်းတွင် ပါ၀င်မည့်ခေါင်းစဉ်ပါဝင်မည့်ခေါင်းစဉ် စကားလုံးများကို ရရှိလေသည်။ ခေါင်းစဉ် စကားလုံးများကိုတည်၍ အနက်ဖော်လုပ်ငန်း ကို ဆက်ရလေသည်။
အက္ခရာ ၀ဋ္ဌိစဉ်ရသောလုပ်ငန်းဝဋ္ဌိစဉ်ရသောလုပ်ငန်း (သ) အက္ခရာအထိ ပြီးစီးသောအခါတွင် အဘိဓာန်ကျမ်းကြီးကို မပြုစုမီ အကျင့်လည်း ရလေအောင်၊ မြန်မာနိုင်ငံတော်တွင် အလွန်လိုအပ်နေသဖြင့် လတ်တလောလည်း အသုံးပြုရလေအောင်ဟူသော ရည်ရွယ်ချက် နှစ်ရပ်ဖြင့် ကျောင်းသုံးအဘိဓာန်ငယ်ကို စတင်ပြုစုကြသည်။ လက်ထောက်စာတည်းက ကြိုးဖြင့် တွဲပေးထားသော အညွှန်းစာ ရွက်စုတွင် ပါ၀င်သည့်ပါဝင်သည့် ေ၀ါဟာရများကိုေဝါဟာရများကို စာပြုများက အနက်ဖော်ကြရသည်။ မြန်မာစကားလုံးများကို မြန်မာလို အနက်ဖော်ရ သည့် လုပ်ငန်းမှာ တိမ်မယောင်နှင့်နက် လွယ်မယောင်နှင့်ခက်သော အလုပ်ဖြစ်၏။ မြန်မာ-အင်္ဂလိပ်အဘိဓာန်၊ အင်္ဂလိပ်-မြန်မာ အဘိဓာန်စသော နှစ်ဘာသာ အဘိဓာန်များကို ပြုစုရာ၌ ဘာသာစကားတခု၏ ေ၀ါဟာရတရပ်ကိုေဝါဟာရတရပ်ကို အခြားဘာသာစကားတခုတွင် အနက်တူ စကားလုံးရှိသည်က များသောကြောင့် လွယ်ကူသည်ဟု ဆိုနိုင်သည်။ ပုံစံတခုကို ထုတ်ဆောင်ပြရမည် ဆိုပါသော် မြန်မာဘာသာစကား (ရှက်)ကို မြန်မာ-အင်္ဂလိပ် အဘိဓာန်တွင် (to be ashamed; to be shy) ဟု အနက်ဖွင့်လျှင် အလွယ် တကူ နားလည်နိုင်ပေမည်။ သို့ရာတွင် ယင်းစကားလုံးကို မြန်မာလို အနက်ဖွင့်ပါဟု ဆိုလာလျှင် အခက်အခဲ တခုခုနှင့် ရင်ဆိုင် ရမည် မလွဲတော့ပေ။
ထို့ပြင် အနက်ဖော်လုပ်ငန်းကို စတင်သောအခါ၌ မြန်မာစာပေလောကတွင် လိုနေသော အလိုများကို၄င်း၊ အဘိဓာန် ပြုစုရေးတွင် လိုနေသော အလိုများကို၄င်း၊ တဖြည်းဖြည်း တစတစမြန်လာကြတော့သည်။ ယင်းအလိုများသည် အဘိဓာန်ပြုစု ရေးနှင့် မသွယ်မ၀ိုက်မသွယ်မဝိုက် တိုက်ရိုက်သက်ဆိုင်နေရကား အနည်းငယ် ဖော်ပြမှသာလျှင် ဤဆောင်းပါး ပြည့်စုံမည် ဖြစ်ပေသည်။ ပထမအလိုသည် မြန်မာသဒ္ဒါကျမ်း ဖြစ်သည်။ ပါဋ္ဌိဂန္တလောကတွင် ပါဋ္ဌိသဒ္ဒါကျမ်းများ အပြည့်အစုံရှိသည်ဟု ဆိုရမည်ဖြစ်သော် လည်း မြန်မာသဒ္ဒါကျမ်း စစ်စစ် မပေါ်ပေါက်ခဲ့ဘူးသေးချေ။ ဟံသာ၀တီ သတင်းစာတိုက်မှ ရိုက်နှိပ်သော “မြန်မာသဒ္ဒါ” နှင့် ဗြိတိသျှ ဘားမားစာပုံနှိပ်တိုက်မှ ရိုက်နှိပ်သော “အလယ်တန်းကျောင်းသုံး မြန်မာသဒ္ဒါ” တို့မှာ စင်စစ် ပါဋ္ဌိသဒ္ဒါကျမ်းများပင် ဖြစ်၏။ ဒုတိယအလိုမှာ ပညာရပ်ဆိုင်ရာ ကျမ်းများဖြစ်သည်။ ပန်းပုပညာ၊ ပန်းချီပညာ၊ လက်သမား၊ ကျွဲနွား မွေးမြူပညာ၊ လှေအ တတ်၊ လှည်း အတတ်စသော ပညာရပ်ဆိုင်ရာ ကျမ်းများမှာ ထိုစဉ်အခါက မရှိသလောက် ရှားပါးလှသဖြင့် အတတ်ပညာရပ်ဆိုင် ရာ ေ၀ါဟာရများေဝါဟာရများ ချို့တဲ့ခဲ့ရသည်။ တတိယအလိုမှာ သတ်ပုံသတ်ညွှန်း၊ ရစ်ပင့်ခွဲထားဆိုင်ရာ ရေးထုံးကျမ်းဖြစ်၏။ အဘိဓာန်ဌာန တွင် (၁) က၀ိမျက်မှန်သတ်ပုံကျမ်း၊ကဝိမျက်မှန်သတ်ပုံကျမ်း၊ (၂) သတ်ပုံဥပဒေ၊ (၃) မြန်မာမင်း လွှတ်တော်သုံးသပ်ပုံ၊ (၄) က၀ိလက္ခဏာသတ်ပုံနှင့်ကဝိလက္ခဏာသတ်ပုံနှင့် (၅) စွယ်စုံကျော်ထင် သတ်ပုံတို့သာ ရှိသဖြင့် မြန်မာသံယောဂဒီပနီကို ပေမူမှ ကူးယူရသည်။ ပျို့၊ ဧချင်း၊ မော်ကွန်း၊ ရတုများကို ဖတ်ရှုကာ သတ်ပုံ၊ သတ်ညွှန်း၊ ရစ်ပင့်ခွဲထားများ စုဆောင်းကြရသည်။ စတုတ္ထအလိုမှာ စကားရင်းမြစ်ကို စစ်ဆေးရှာဖွေနိုင်စွမ်း ရှိသော ဟိန္ဒူစတာနီ-အင်္ဂလိပ်အဘိဓာန်၊ မလေး-အင်္ဂလိပ်အဘိဓာန်၊ အာရဗီ-အင်္ဂလိပ်အဘိဓာန်၊ ယိုးဒယား-အင်္ဂလိပ်အဘိဓာန် စသော နှစ်ဘာသာ အဘိဓာန်မျိုးစုံ ဖြစ်သည်။
မြန်မာစကားလုံးကို မြန်မာလို အနက်ဖွင့်ရသော လုပ်ငန်းမှာ ခက်ခဲလှကြောင်း အထက်က ဖော်ပြခဲ့ပြီ။ သို့တစေ စာပြု များသည် မြေစမ်းခရမ်းပျိုး၊ မုဆိုးစိုင်သင် သဘောမျိုးဖြင့် အဘိဓာန်လုပ်ငန်းကို အားကြိုးမာန်တက် ပြုစုလိုက်ကြသော ၁၉၄၅ခု၊ မတ်လကုန်သောအခါတွင် (၀) အက္ခရာအထိ အနက်ဖော်ပြီးစီးခဲ့လေသည်။ စာပြုခုနှစ်ဦး ပြုစုထားသော အဘိဓာန် မူကြမ်းကို စာတည်းနှစ်ဦးက စစ်ဆေးတည်းဖြတ်ကြရာ (င) အက္ခရာတ၀က်လောက်အထိအက္ခရာတဝက်လောက်အထိ ပြီးစီးခဲ့သည်။ ပြီးစီးသော အဘိဓာန်မူကြမ်းကို အတိုင်ပင်ခံစာတည်းသုံးဦးတို့ထံ စစ်ဆေးကြည့်ရှု ဖြည့်စွက်နှုတ်ပယ်ရန် ပို့ပေးရသည်။ အတိုင်ပင်ခံ စာတည်းများမှာ (၁) ဦးဖေ မောင်ခင် (သဘာပတိ) (၂) ဒီးဒုတ်ဦးဘချို (၃) ဦးခင်မောင်လတ်တို့ ဖြစ်ကြသည်။
၁၉၄၅ခု၊ ဧပြီလဆန်းမှစ၍ မဟာမိတ်လေယာဉ်ပျံများသည် နေ့စဉ်နေ့တိုင်းလိုပင် ရန်ကုန်မြို့နှင့် သန်လျင်မြို့ကို ဗုန်းကြဲ ရန် ကွမ်းခြံကုန်းမြို့ပေါ်မှဖြတ်ကာ ပျံသန်းသွားလာနေကြ၏။ ဧပြီလ ၁၀ ရက်နေ့မှစပြီး ကွမ်းခြံကုန်းမြို့ကို စက်အမြောက်၊ စက်သေနတ်တို့ဖြင့် ပစ်ခတ်၏။ ၁၅ ရက်နေ့တွင်မူကား မီးလောင်ဗုန်းများ ကြဲချကာ မြို့ကို ပြာချလိုက်တော့သည်။ မြို့နေလူထု မှာ ကျီးကန်းတောင်းမှောက် တောင်မြောက်မသိ ခြေဦးတည့်ရာသို့ ပြေးလွှားရှောင်ရှား ပုန်းအောင်းကြရသဖြင့် အဘိဓာန်ဌာန အမှုထမ်းများလည်း လူစုကွဲသွားကြ၏။ ထို့နောက် တဖန် မေလ ၂ ရက်၊ ၃ရက်နေ့များတွင် ကွမ်းခြံကုန်းမြို့ကို ဒုတိယအကြိမ် ဗုန်းမိုးရွာပြန်သောအခါ အဘိဓာန်ဌာနတည်ရှိရာ ရုံးကြီးကို ထိမှန်သော်လည်း အထက်ထပ်သာ ပျက်စီး၍ အဘိဓာန်ဌာနတည်ရှိ သော အောက်ထပ်မှာ စက်သေနတ် ကျည်ဆန်လောက်သာ ထိလေသည်။
အဘိဓာန်ဆိုင်ရာ ပစ္စည်းများကို ဤအတိုင်းသာ ထားပါက ပျက်စီးပျောက်ဆုံးသွားတော့မည်ကို စိုးရိမ်မကင်းဖြစ်ကာ စိတ်ပူဆွေးနေသော စာတည်း ဦး၀န်၏ဦးဝန်၏ ခွင့်ပြုချက်အရ ဦးစိန်၀င်း၊ဦးစိန်ဝင်း၊ ဦးကိုကိုနှင့် ကျွန်တော်တို့ သုံးဦးသားသည် ဗုန်းရန်ကို ကြောက်ရွှံ့တုန်လှုပ်လျက်နှင့်ပင် အဘိဓာန်ရုံး ပစ္စည်းများကို သယ်ယူကာ ရွှေကျင်ကျောင်းတိုက်တွင် လုံခြုံစွာ သိမ်းဆည်းထားခဲ့ ပြီးလျှင် အပတ်တကုတ် ကြိုးစားပြုစုထားသော မြန်မာအဘိဓာန်နှင့်၄င်း၊ ညီအစ်ကို မောင်နှမအရင်း အချာများပမာ စိတ်သဘော ညီညီညာညာ လုပ်ကိုင်ဆောင်ရွက်ခဲ့သောအဘိဓာန်အဖွဲ့သားများနှင့်၄င်း၊ ခေတ္တနေထိုင်စဉ်အတွင်း ဧည့်၀တ်ကျေပွန်စွာဧည့်ဝတ်ကျေပွန်စွာ နေရာ ထိုင်ခင်းစသည်တို့ဖြင့် စောင့်ရှောက်ကူညီခဲ့ကြသော ကွမ်းခြံကုန်းမြို့သူမြို့သားတို့နှင့်၄င်း ၀မ်းနည်းစွာဝမ်းနည်းစွာ ခွဲခွာကာ မိဘရပ်ထံသို့ ပြန်ခဲ့ကြရပါတော့သတည်း။
ဦးတင်လှ<br>
<ref>၁၉၇၀ ပြည့်နှစ်ထုတ်၊ ရန်ကုန်တက္ကသိုလ် နှစ်ငါးဆယ်ပြည် ့အထိမ်းအမှတ်စာစောင်မှ</ref>