မြေဩဇာ: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁ -
[[File:Kunstmestpendelstrooier.jpg|thumb|ယနေ့ခေတ် မြေဩဇာ ကျဲဖြန့်စက်]]
==မြေဩဇာများ==
[[File:Lite-trac Spreader.jpg|thumb|မြေဩဇာ ကျဲဖြန့်စက်တစ်စီးကို လယ်ယာပြပွဲတွင် တွေ့ရစဉ်]]
အပင်များ ကြီးပွားဖြစ်ထွန်းရန် မြေဆီလွှာတွင် ဓာတ်ပစ္စည်းများ အနည်းဆုံး တဆယ့်သုံးမျိုးလိုပေသည်။ လေနှင့် ရေကောင်းစွာ ရရှိသော သာမန်မြေမျိုးတွင် ဓာတ်ပစ္စည်း ဆယ်မျိုးကို အပင်များအတွက် လုံလောက်အောင် ရရှိနိုင်သည်။ သို့ရာတွင်ကျန်ဓာတ်ပစ္စည်း သုံးမျိုးဖြစ်သည့် နိုက်ထရိုဂျင်၊ ပိုတက်ဆီယမ်နှင့် ဖော့စဖောရပ် ဓာတ်များမှာမူ အချို့မြေမျိုးတွင် ချို့တဲ့နေသည့်ပြင် အသီးအနှံပင်များက စုတ်ယူသုံးစွဲလိုက်သဖြင့် မြေဆီ၌ လျင်မြန်စွာ ကုန်ခန်းသွားတတ်လေသည်။ ပုံစံအားဖြင့် ဂျုံစပါးအချိန်တစ်တန်ထွက်သည့် လယ်မြေမှ
နိုက်ထရိုဂျင်ဓာတ် ၄၇ ပေါင်ခန့်၊ ဖော့စဖောရပ်ဓာတ် ၁၈ ပေါင်နှင့် ပိုတက်ဆီယမ်ဓာတ် ၁၂ ပေါင်ခန့် မျှ ယုတ်လျော့သွားကြောင်း သိရသည်။မြေဆီလွှာတွင် အပင်များ၏ လိုရင်း ဓာတ်ပစ္စည်းတစ်ခုခု ချို့တဲ့နေလျှင်ဖြစ်စေ၊ အသီးအနှံပင်များကိုလယ်မြေ၌ ဆက်ကာဆက်ကာ စိုက်ပျိုးခြင်းဖြင့် ထိုဓာတ်ပစ္စည်း ဩဇာများ တစ်နှစ်ထက်တစ်နှစ် ယုတ်လျော့ကုန်ခန်း သွားသည့်အခါဖြစ်စေ အသီးထွက်မှာ တဖြည်းဖြည်း ညံ့ဖျင်းလာဖွယ်ရာရှိလေသည်။ ထိုကြောင့် လယ်မြေများမှ အသီးအနှံအထွက် ပိုမို ကောင်းမွန်လာစေရန်၊ အပင်နှင့် တိရစ္ဆာန်များမှ ဖြစ်သော မြေဩဇာကိုဖြစ်စေ မြေဆီလွှာတွင် ထပ်လောင်း ဖြည့်စွက်ပေးရလေသည်။ ဗက်တီးရီးယား များကထိုမြေဩဇာများကို အပင်၏ အစာဖြစ်အောင် ပြောင်းပေးလိုက်မှသာ
Line ၁၇ ⟶ ၁၈:
== ကိုးကား ==
<references/>
 
 
[[Category:စိုက်ပျိုးရေး]]