အေးတင်၊ ဦး (ပန်းချီ): တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +...
စာကြောင်း ၆ -
ပုသိမ်မြို့ မြူနီစီပါယ်အထက်တန်းကျောင်းတွင် ၁ဝ တန်းအထိ ပညာသင်ကြားခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် ကိုလှရွှေခေါင်းဆောင်သည့် ပုသိမ်ခရိုင် ပြည်သူ့အရေးတော်ပုံပါတီသို့ ဝင်ရောက်ကာ ဖက်ဆစ်တော်လှန်ရေးအတွက် စစ်ရေး၊ နိုင်ငံရေးတို့ကို ဆောင်ရွက်ခဲ့သည်။ ဦးအေးတင်သည် ပန်းချီပညာကို ငယ်ဆရာများ ဖြစ်သည့် ပုသိမ်ဦးထွန်းစိန်၊ ဦးအောင်စီနှင့် ဦးသိန်းညွန့်တို့ထံတွင်
ဆည်းပူးခဲ့ပြီး ရန်ကုန်မြို့သိုိိိိိိ့ ရောက်သောအခါ ဆရာကြီး ဦးဘ(ပညာမင်းကြီးဟောင်း)၊ ပန်းချီဆရာကြီးများ ဖြစ်ကြသော ဦးစံဝင်း၊ ဦးဘကြည်၊ ဦးငွေကိုင်၊ ဦးအုန်းလွင်တို့ထံ၌ ပန်းချီ
ပညာကို ဆက်လက်သင်ကြားဆည်းပူးခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် အထက်တန်းပြဆရာအဖြစ် (ပန်းချီ)ကိုအောင်မြင်ပြီး ပုသိမ်ဆရာအတတ်သင် မန္တလေးဆရာအတတ်သင်သိပ္ပံနှင့် ရန်ကုန် ဆရာအတတ််သင်သိပ္ပံတို့၌ဆရာအတတ်သင်သိပ္ပံတို့၌ လက်ထောက်ကထိက (ပန်းချီ) အဖြစ်ထမ်းဆောင်ခဲ့သည်။
 
၁၉၆၃ ခုနှစ်အလုပ်သမားနေ့၌ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်အလုပ်သမားသရုပ်ဖော် ပိုစတာကြီးများကိုလည်းကောင်း၊ ပညာရေးဌာနကျောင်းသုံး စာအုပ်ကော်မတီမှ ထုတ်ဝေသော သူငယ်တန်း၊ တတိယတန်း၊ စတုတ္ထတန်း မြန်မာဖတ်စာသစ်များ၊ ပထဝီဝင်ဖတ်စာများ၊ အင်္ဂလိပ်ဖတ်စာများတွင် သရုပ်ဖော်ပုံများကိုလည်းကောင်း ရေးဆွဲခဲ့သည်။ ကျောင်းသားပွဲတော်၊ ပညာရေးပြပွဲ၊ ပညာရေး