မောင်ထော်လေး (စစ်ကဲ): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +...
စာကြောင်း ၄ -
[[File:17898397.jpg|thumb|စစ်ကဲ ​မောင်​ထော်​လေး​ ( ခရစ် ၁၇၇၄ - ၁၈၆၇ )]]
စစ်ကဲ ​မောင်​ထော်​လေး​အား​ မြန်မာသက္ကရာဇ် ၁၈၃၅ ခုနှစ် ( ခရစ် ၁၇၇၄ ခုနှစ် ) တွင် မုတ်ကျွန်း​တွင် ​မွေး​ဖွား​ခဲ့​သည်။ မွန်သုံး​ရပ်ရှိသည့်​ အနက် ​မောင်​ထော်​လေး​သည် မုတ္တမ မွန်မျိုး​မှ ဆင်း​သက်လာသူ ဖြစ်သည်။ ငယ်စဉ်ကပင် သ​ဘောဖြူစင်၍ စာ​ပေတို့​ကို အ​တော်လိုက်စား​သည် ဆို၏။ ​မောင်​ထော်​လေး​ ဟူ​သော အမည်၌ ​ထော် ဆို​သော စကား​သည် မွန်စကား​ ဖြစ်သည်။ ​မော်လမြိုင်မြို့​နယ်တွင် ​ထော် နှစ်​ယောက် ​ပေါ်​ပေါက်ခဲ့​သည် ဟု ဆိုစကား​ရှိသည်။ ယင်း​မှာ စစ်ကဲ ​မောင်​ထော်​လေး​နှင့်​ မွန်သူ​ဌေး​ကြီး​ ဦး​မွန်​ထော်တို့​ကို အ​ကြောင်း​ပြုကာ ​ပေါ်​ပေါက်လာ​သော စကား​ဖြစ်သည်။
မောင်​ထော်​လေး​ကို ဖွား​မြင်သည့်​အချိန်တွင် မြန်မာနိုင်ငံ၌ ကုန်း​ဘောင်ဆက်သုံး​ဆက်​မြောက် ဆင်ဖြူရှင်ဘွဲ့​ခံ ​မြေဒူး​မင်း​နန်း​တက်ဆဲဖြစ်၏။ ​မောင်​ထော်​လေး​အား​ ဖွား​မြင်​သော အခါ၌ ဆင်ဖြူရှင်( မြန်မာ ၁၁၂၅ -၁၁၃၈ ) နန်း​စံသည်မှာ ၁၀ နှစ်ပြည့်​ခဲ့​ပေပြီ။ ​မောင်​ထော်​လေး​ တစ်နှစ်သား​ အရွယ် ( ၁၁၃၆ ခုနှစ် )တွင် ဆင်ဖြူရှင်သည် ရန်ကုန်သို့​ စုန်လာကာ ​ရွှေတိဂုံ​စေတီကို ထီး​တင်သည်။ ဟံသာဝတီ မွန်မင်း​ဟောင်း​ ဗညား​ဒလသည် မွန်လူမျိုး​များ​ကို စည်း​ရုံး​၍ ပုန်ကန်မည် စိုး​ကာ မွန်မင်း​ဟောင်း​ ဗညား​ဒလ၊​ ညီ အိမ်​ရှေ့​မင်း​သား​ဟောင်း​နှင့်​ တကွ ရဲမက်အချို့​ကို ရန်ကုန်မြို့​လယ်​ခေါင်( ယခု ဗိုလ်ဆွန်ပက်လမ်း ​နေရာဌာန)တွင် ကွပ်မျက်လိုက်​လေသည်။ မင်း​မှုထမ်း​များ​ ဖြစ်လာ​သော ​မောင်​ထော်​လေး​၏ မိဘများ​သည် မြန်မာဘုရင် လက်​အောက်တွင် အမှုထမ်း​ရွက်ခဲ့​ရာ ​မောင်​ထော်​လေး​သည် အသက် ၂၀ ​ကျော် အရွယ်တွင် ဘိုး​တော်ဘုရား​လက်ထက်၌ ဒလမြို့​စား​ ဖြစ်လာသည်။ ဘကြီး​တော်ဘုရား​ (စစ်ကိုင်း​မင်း​) လက်ထက်တွင် မင်း​ကျော်သီဟ (​ကျော်ထင်သီဟသူ) ဟူ​သော ဘွဲ့​ကို သနား​မြတ်ခံရသည်။ ထို့​ပြင် ရန်ကုန်မြို့​ဝန် ဦး​အို၏ ယုံကြည်​လေး​စား​ခြင်း​ကိုလည်း​ ခံခဲ့​ရသည်ဟု ဆိုသည်။ ထိုစဉ် ​မောင်​ထော်​လေး​၏ သူငယ်ချင်း​ သန်လျင် မြို့​ဝန်ဖြစ်​နေသူ သမိန်ဘရူး​ဘွဲ့​ခံ ​မောင်စပ် ဆိုသူသည် သန်လျင်နယ်ခရိုင်တွင် မွန်ဗမာ ​သွေး​ခွဲမှုများ​ ပြုလုပ်ခြင်း​၊​ အင်္ဂလိပ်ကုန်သ​ဘေငာ််များ​နှင့်​အင်္ဂလိပ်ကုန်သ​ဘေငာ်များ​နှင့်​ တိတ်တဆိတ် ကူး​လူး​ ဆက်ဆံခြင်း​ စသည်တို့​ကို ပြုလုပ်လျက် ရှိခြင်း​ကြောင့်​ ဒလမြို့​စား​ ​မောင်​ထော်​လေး​နှင့်​ သန်လျင်မြို့​ဝန် ​မောင်စပ်တို့​သည် မသင့်​မတင် ကြ​ချေ။ ​မောင်စပ်၏ ရန်​ကြောင့်​ ​မောင်​ထော်​လေး​သည် မိမိနှမအား​ ( ​နောင်အခါ စစ်ကဲကြီး​ဖြစ်လာမည့်​ ) ​မောင်ခိုင်ဆိုသူနှင့်​ လက်ဆက်​စေခဲ့​သည်။
ဦး​ထော်​လေး​သည် မိမိအုပ်ချုပ်ရသည့်​ နယ်​မြေကို နိုင်နင်း​အေး​ချမ်း​စွာ အုပ်ချုပ်နိုင်သည်။ ထို့​ကြောင့်​ ပထမ အင်္ဂလိပ်- မြန်မာ စစ်ပွဲမဖြစ်ခင်က အင်း​ဝ​နေပြည်​တော် ​ရွှေဖဝါး​တော်​အောက် အဖူး​မြော် တက်​ရောက်ကာ ဆုလာဘ်များ​စွာ ချီး​မြှင့်​သည်ကို ခံယူခဲ့​ရသည်။ ထို့​ပြင် ဦး​ထော်​လေး​သည် စာ​ပေ ပရိယတ္တိ၌လည်း​ ​မွေ့​လျော်၏။ ဒလတွင် ​ရှေး​မွန်စာ​ပေများ​ကို ရှာ​ဖွေ​ဖော်ထုတ်ပြီး​နောက် ဝိနည်း​ပါဠိ​တော် ၅ ကျမ်း​၊​ အဘိဓမ္မာပါဠိ​တော် ၇ ကျမ်း​၊​ သုတ်တန်ပါဠိ​တော်​ပေါင်း​ ၁၅၀ ​ကျော်တို့​ကို ရှာ​ဖွေစု​ဆောင်း​ကာ ​ငွေတစ်​သောင်း​ကျော် အကုန်ခံ၍ ​ပေထက် အက်ခရာ တင်ခဲ့​၏။ မြန်မာသက္ကရာဇ် ၁၁၈၅ ခုနှစ်၌ အင်္ဂလိပ် - မြန်မာ ပထမ စစ်ပွဲကြီး​ ဖြစ်ပွား​ရာ ဦး​ထော်​လေး​သည် စစ်မှုထမ်း​ခဲ့​ရသည်။ ထို့​နောက် မကြာမီမှာပင် ဗိုလ်ချုပ် စကြာဝန်ကြီး​၏ လက်​အောက်တွင် စစ်သူရဲ (၇၀၀) ​ကျော်ကို အုပ်ချုပ်ရ​သော စစ်ကဲဖြစ်လာသည်။