သန်းငြိမ်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁ -
[[File:Dr. Than Nyein.jpg|thumb|ဒေါက်တာ သန်းငြိမ်း]]
ဒေါက်တာသန်းငြိမ်းကို (၅-၈-၁၉၃၈ ) ရက်နေ့တွင် [[ရန်ကုန်တိုင်း]]၊ [[ကျောက်တန်းမြို့|ကျောက်တန်းမြို့နယ်]]၊ [[ခနောင်အရှေ့ ]]ကျေးရွာတွင် အဖ ဦးတင်ညွှန့်၊ အမိ ဒေါ်ခင်ညွန့်တို့မှ မွေးဖွားသည်။ ၁၉၅၄ ခုတွင် [[ ရန်ကုန်မြို့]] [[မြို့မ အထက်တန်းကျောင်း]] တွင် တက္ကသိုလ် ဝင်တန်းအောင် အထိ ပညာ သင်ကြားခဲ့သည်။ [[ဆေးတက္ကသိုလ်(၁) ရန်ကုန်|ရန်ကုန်ဆေးတက္ကသိုလ်]]မှ ဆရာဝန်ဘွဲ့ကို ၁၉၆၃ ခုနှစ်တွင် ရရှိခဲ့သည်။ တက္ကသိုလ်တက်နေစဉ်အတွင်း ကျောင်းသားလှုပ်ရှားမှုများနှင့် ရန်ကုန်ဆေးတက္ကသိုလ်ကျောင်းသားသမဂ္ဂတွင် ပါဝင်ခဲ့သည်။ [[တောင်ငူခရိုင်]]နှင့်[[မြင်းခြံခရိုင်]]တွင် [[အနာကြီးရောဂါ]] တိုက်ဖျက်ရေးအဖွဲ့ ခေါင်းဆောင်အဖြစ်လည်းကောင်၊ မြင်းခြံဆေးရုံတွင် လက်ထောက် ဆရာဝန်အဖြစ်လည်းကောင်း၊ မြို့နယ်ဆရာဝန်အဖြစ် [[ကျောက်ကြီး]]၊ [[ရေကြည်]]နှင့် [[ရှမ်းပြည်]]၊ [[ဖယ်ခုံမြို့နယ်]]တွင် လည်းကောင်း၊ ကုလသမဂ္ဂစေတနာ့ဝန်ထမ်းဆရာဝန်အဖြစ် သိရိလင်္ကာနိုင်ငံတွင် (၁၉၈၄-၈၆အထိ) လည်းကောင်း၊ ဆောင်ရွက်ခဲ့သည်။
၁၉၈၈အရေးတော်ပုံတွင် ပါဝင်မှုဖြင့် ဖယ်ခုံရဲစခန်းတွင် အချုပ်ခံရပြီးနောက် ပင်စင်အပေးခံခဲ့ရသည်။ ကျောက်တန်းမြို့နယ်တွင် အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်သို့ ပါတီဝင်တစ်ဦးအဖြစ် ဝင်ရောက်ခဲ့ပြီ မြို့နယ်ဥက္ကဌ တာဝန်ကို ထမ်းဆောင်ခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် ကျောက်တန်းမြို့နယ်မဲဆန္ဒနယ်မြေမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ် တင်မြှောက်ခံရသည်။