ခင်ကြည်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Migrating 1 interwiki links, now provided by Wikidata on d:q6401669 (translate me)
အရေးမကြီး fixing dead links
စာကြောင်း ၁၀၅ -
 
== ဘဝနိဂုံး ==
မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်သည် ၁၉၈၈ ခုနှစ်၊ မတ်လ ၂၈ရက်တွင် လေဖြတ်ခြင်း ဝေဒနာကို ခံစားနေရသော်လည်း၊ ရန်ကုန်မြို့တွင် ဖြစ်ပွားနေသည့် ဒီမိုကရေစီ တိုက်ပွဲ ဆင်နွဲနေကြသော အဖြစ်အပျက်များကို ကောင်းစွာ သိရှိခဲ့သည်။ [[ရန်ကုန်စက်မှုတက္ကသိုလ်]] မှ [[ကိုဖုန်းမော်]] သေဆုံးရခြင်းကို ကြားသိရသောအခါ လွန်စွာဝမ်းနည်းခြင်း ဖြစ်ခဲ့သည်။ သူ၏ဒုတိယအကြိမ် လေဖြတ်ခြင်း ဝေဒနာကို ခံစားရပြီးနောက်၊ ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ငြိမ်းချမ်းစွာ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၇၆ နှစ် အရွယ်ရှိပြီ ဖြစ်သည်။ [http://web.archive.org/web/20090915180623/http://www.voanews.com/burmese/archive/2003-01/a-2003-01-07-3-1.cfm] သူ့အား ရွှေတိဂုံဘုရား တောင်ဘက်မုခ်အနီး တွင်သဂြိုဟ်ခဲ့သည်။ ထိုနေရာတွင်ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ဦးသန့် ၊ စုဖုရားလတ်နှင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း တို့၏ အုတ်ဂူများလည်း တည်ရှိသည်။ ကွယ်လွန်ချိန်တွင် သားဖြစ်သူ[[ဦးအောင်ဆန်းဦး]]နှင့် သမီးဖြစ်သူ [[ဒေါ်အောင်ဆန်းစုကြည်]] (အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ် အထွေအထွေအတွင်းရေးမှူး) တို့ကျန်ရစ်သည်။