ရွှေသမင်: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁၉ -
'''ရွှေသမင်'''သည် ခွာစုံနို့တိုက် သတ္တဝါမျိုး ဖြစ်ပြီး မျိုးစဉ် Artiodactyla၊ မျိုးရင်း Cervidae၊ မျိုးစိတ် Cervus eldi ဖြစ်ပြီး မျိုးစိတ်ခွဲ သုံးမျိုးရှိကြောင်း မှတ်တမ်းတင်ထားသည်။ ရွှေသမင်အား ဇီဝဗေဒ ပညာရှင်များမှ Eld's Deer ဟု ခေါ်ဆိုကြသည်။ Eld's Deer အား ၁၈၃၈ တွင် ဗြိတိသျှတပ်မတော်အရာရှိ Percy Eld မှ အိန္ဒိယနိုင်ငံ မဏိပူရ ချိုင့်ဝှမ်းဒေသတွင် စတင်တွေ့ရှိ မှတ်တမ်းတင်ခဲ့၍ တွေ့ရှိသူအမည်အား အစွဲပြုကာ Eld's Deer ဟု ခေါ်ဆိုခြင်းဖြစ်သည်။
 
အိန္ဒိယ သမင်မျိုးစိတ် Cervus eldi eldi အား [[အိန္ဒိယနိုင်ငံ]] မဏိပူရပြည်နယ်တွင်သာ တွေ့ရပြီး ယခုအခါ အကောင်ရေ ၂၀၀ ခန့်သာ ကျန်ရှိတော့သည်။ နောင်ရေရှည်တွင် မျိုးသုဉ်းမည့် အန္တရာယ်များစွာဖြင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း သိပ္ပံပညာရှင်များမှ ကြိုတင်ခန့်မှန်း ဟောကိန်း ထုတ်ထားသည်။ ယင်းသမင်များကို မဏိပူရဘာသာစကားဖြင့် Sangai ဟု ခေါ်တွင်လေသည်။ အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့ရှိ အလီပိုး တိရစ္ဆာန်ဥယျာဉ်တွင် ဤမဏိပူရ ရွှေသမင်များကို ခြံလှောင်သားဖောက်မွေးမြူမှု အစီအစဉ် ပြုလုပ်ခဲ့ရာ အောင်မြင်ခဲ့သည်။ မဏိပူရရွှေသမင်များစွာ ပေါက်ဖွား နိုင်ခဲ့သည်။
 
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နှင့် ဟိုင်နန်ကျွန်းတို့၌ တွေ့ရှိရသော သမင်မျိုးစိတ်ကွဲများမှာ Cervus eldi siamensis ဖြစ်ပြီး စုစုပေါင်း ၁၀ ကောင်မှ အကောင် ၃၀ အထိသာ ရှိနိုင်တော့ကြောင်း ခန့်မှန်းထားပြီး မျိုးသုဉ်းပျောက်ကွယ်ခြင်းမှ ကာကွယ်နိုင်ရန် နိုင်ငံတော်အဆင့် စီမံကိန်းများချမှတ်၍ ဆောင်ရွက်လျှက်ရှိသည်။ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများတွင် ကောင်ရေအလွန်နည်းပါးနေပြီး ဗီယက်နမ်နိုင်ငံတွင်မူ မျိုးသုဉ်းလုနီးပါး ဖြစ်နေသည်။ တရုတ်ပြည်၊ ဟိုင်နန် ကျွန်းတွင်မူ သမင်ကောင်ရေ ရာဂဏန်း အနည်းငယ်ခန့်ကို ခြံလှောင်၍ မွေး မြူ ထားသည်။