ဗထူး၊ ဗိုလ်မှူးကြီး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ဗထူးတပ်မြို့
စာကြောင်း ၅၈ -
* အမှန်တကယ် ဗိုလ်မှူးကြီး ဗထူးသည် ငှက်ဖျားရောဂါနှင့် သေဆုံးခြင်း မဟုတ်ပဲ၊ ငယ်ပါကို ဗုံးဆံမှန်၍ သေဆုံးခြင်းဖြစ်ကြောင်း မြင်းကြာဒိုးရွာရှိ ရှေးလူကြီးများ ပြောပြချက်အရ သိရသည်။ မြင်းကြာဒိုးရွာသည်လည်း အောင်ပန်းမြို့နယ်အတွင်းတည်ရှိခြင်း မဟုတ်ပဲ ရွာငံမြို့နယ်အတွင်းတွင် တည်ရှိပေသည်။ [[User:Mayor mt|Mayor mt]] ([[User talk:Mayor mt|talk]]) ၀၅:၁၈၊ ၆ စက်​တင်​ဘာ​ ၂၀၁၄ (UTC)
 
== [[ဗထူးတပ်မြို့ ]]==
[[အောင်ပန်းမြို့ ]](ကလောနှင့် ၅ မိုင် ကွာဝေးသည်) တွင် ဗိုလ်မှူးကြီး ဗထူးနှင့် ရဲဘော်များ အတွက် ကျောက်တိုင်တခု စိုက်ထူထားသည်။ အဆိုပါ ကျောက်တိုင်တွင် “ဗမာနိုင်ငံ ရှမ်းပြည်တောင်ပိုင်း ဖက်ဆစ် ဂျပန် တော်လှန် တိုက်ခိုက်ရေးတွင် ဦးစီးခဲ့၍၊ ၁၃ဝ၇ ခု၊ နယုန်လဆုတ် ၈ ရက်နေ့ ညဉ့် ၈ နာရီ ၁ဝ မိနစ် အချိန် တယ်လူး စခန်းတွင်တယ်လူးစခန်းတွင် ကျဆုံးရှာသော ဗိုလ်မှူးကြီး ကာနယ် ဗိုလ်ဗထူးနှင့် အထက်မြန်မာပြည် တိုက်ပွဲများတွင် ကျဆုံးသော သူရဲကောင်း ရဲဘော် နှစ်ဆယ့်ခြောက်ယောက်” ဟု ကမ္ပည်း ထိုးထား၏။ ဗိုလ်မှူးကြီး ဗထူးအား ချီးကျူးသော အားဖြင့် တပ်မတော်မှလည်း “ဗထူးတပ်မြို့” ဟူသော အမည်ဖြင့် တပ်စခန်းမြို့ တခုကို ရပ်စောက်မြို့ မြောက်ဘက် တမိုင်ခန့် အကွာတွင် တည်ထားလေသည်။
 
ဗထူး တပ်မြို့သည် ပင်လယ် ရေမျက်နှာပြင် အထက် ပေ ၃ဝ၅ဝ အမြင့်တွင် တည်ရှိ၍၊ ၂၂ စတုရန်းမိုင် ကျယ်ပြန့်သည်။ ယခင်က နန်ဟူရွာပျက်ဟု မြေတိုင်း မြေပုံများတွင် ဖော်ပြထားသော အရပ်ဖြစ်၏။ လွယ်ဂုံချောင်းနှင့် ပိန်းချောင်းတို့ စုပေါင်း စီးဆင်းလာသော နန်ဟူချောင်းသည် တပ်မြို့ အလယ်မှ ဖြတ်စီးသွားပြီးလျှင် ဇော်ဂျီမြစ်နှင့် ပူးပေါင်းသွားသည်။ ထိုချောင်းမြောင်းများမှ အပ တပ်မြို့ ဧရိသာ တခုလုံးသည် မြက်ခင်းများ ဖုံးနေသော တောင်ကုန်းများ ဖြစ်သည်။
စာကြောင်း ၆၉ -
ပထမဦးစွာ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း အတွက် အဆောက်အအုံများ ပြီးစီး၍၊ ၁၉၄၅ ခု၊ မတ်လ ၁ ရက်နေ့တွင် တိုက်ခိုက်ရေးကျောင်း စတင် စခန်းချသည်။ ဆက်လက်၍ စစ်တက္ကသိုလ်အတွက် အဆောက်အအုံများ ဆောက်လုပ်ပြီးစီး သဖြင့် ၁၉၅၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် စတင် စခန်းချသည်။ ၁၉၅၄ ခု၊ မတ် ၂ဝ ရက်နေ့တွင် တိရစ္ဆာန် မွေးမြူရေး တပ်ရင်း တခုကိုလည်း ထားရှိခဲ့သည်။ တပ်မြို့ တခုလုံးကို ၁၉၅၄ ခု၊ စက်တင်ဘာ ၃၁ တွင် ဆောင်လုပ်ပြီးစီး လေသည်။ ပထမ တပ်မြို့၊ မြို့နယ် တပ်မှူးကား သီရိပျံချီ ဗိုလ်မှူးကြီး ကျော်စိုး ဖြစ်သည်။
 
၁၉၅၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွေင် စစ်တက္ကသိုလ်နှင့် တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း ပါဝင်သော ဗထူး တပ်မြို့ကို နိုင်ငံတော် ဝန်ကြီးချုပ် [[ဦးနု]] ဖွင့်လှစ်ခဲ့သည်။
 
==ဆက်စပ်အကြောင်းအရာများ==