ခြောက်ရက်စစ်ပွဲ: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၃၃ -
ထိုအခါ နာဆာသည် ပိုမိုအတင့်ရဲလာပြီး အစ္စရေး၏အသက်သွေးကြောဟုဆိုနိုင်သော တီရန်​ရေလက်ကြားကို ပိတ်ဆို့လိုက်လေတော့သည်။ အာရပ်ကမ္ဘာတွင် နာဆာသည် သူရဲကောင်းကြီးဖြစ်သွားသော်လည်း အစ္စရေးအတွက်မူ ခက်ခဲသော ဆုံးဖြတ်ချက်များကို ချမှတ်ရလေတော့သည်။
 
၁၉၅၆ ခုနှစ်၊ စူးအက်တူးမြောင်းအရေးအခင်းပြီးနောက်တွင် တီရန်​ရေလက်ကြားကို မည်သူကမျှမပိတ်ဆို့စေရဟု အမေရိကန်က အစ္စရေးအား အာမခံချက်ပေးထားခဲ့ပြီး၊ အစ္စရေးကလည်း တီရန်​ရေလက်ကြားပိတ်ဆို့ခြင်းကို မိမိအားစစ်တိုက်ခြင်းဟု ယူဆမည်ဖြစ်ကြောင်း ပြတ်သားစွာကြေငြာခဲ့၏။ပြတ်သားစွာကြေငြာထားခဲ့၏။ တကယ်တမ်းတွင် အီဂျစ်၏လုပ်ရပ်အတွက် အမေရိကန်ကရော မည်သည့်နိုင်ငံကပါ အရေးတယူ မရှိလှသည့်အခါ အစ္စရေးအတွက် မိမိကိုယ်ကို အားကိုးရန် ဆုံးဖြတ်ရလေတော့၏။
 
အံ့ဩစရာကောင်းသည်မှာ ဤမျှဘေးကပ်ဆိုးကျရောက်နေချိန်တွင်ပင် ဒီမိုကရေစီနိုင်ငံဖြစ်သော အစ္စရေးနိုင်ငံရေး​လောကတွင် ညီညွတ်မှုမရှိဘဲ နိုင်ငံရေးအမြတ်ထုတ်မှုများဖြင့် အငြင်းအခုံ ထူပြောနေခဲ့၏။ သို့သော် နောက်ဆုံးတွင် အစ္စရေးပြည်သူတို့၏ ကြားဝင်လှုပ်ရှားတောင်းဆိုမှုဖြင့် ၁၉၅၆ ခုနှစ်၊ စူးအက်တူးမြောင်းအရးအခင်း၏ အစ္စရေးစစ်သူရဲကောင်းဖြစ်သူ မိုရှေဒါယန်း ကာကွယ်ရေးဝန်ကြီးဖြစ်လာခဲ့သည်။ သူသည် မျက်လုံးတစ်ဖက်လပ်နေပြီး ထိုမျက်လုံးလပ်ကို အမည်းရောင်သားရေစဖြင့် ဖုံးအုပ်ထားရကာ အစ္စရေးနိုင်ငံ အသက်ရှင်ရပ်တည်ရန် စွန့်စားကြိုးပမ်းမှု၏ ပြယုဂ်သဏ္ဌာန်လည်းဖြစ်လေသည်။ သူ့အား မနှစ်သက်သူများက မလိုတမာပြောကြားကြစေကာမူ အစ္စရေးစစ်တပ်နှင့် အရပ်သားပြည်သူများ၏ စိတ်နှလုံးကို သူ၏ဆွဲဆောင်နိုင်မှုသည် ၁၉၆၇ ခြောက်ရက်စစ်ပွဲအတွင်း အစ္စရေး၏ အံ့ချီးဖွယ် စစ်ရေးအောင်မြင်မှုများ၏ အဓိကအကြောင်းရင်းဖြစ်ခဲ့သည်။
 
အစ္စရေးနိုင်ငံငယ်လေးသည် မိမိထက် လူသူလက်နက် အင်အားများစွာသာလွန်သော အာရပ်နိုင်ငံများစွာမှစစ်တပ်များကို ခြောက်ရက်အတွင်း ချေမှုန်းနိုင်ခဲ့ကာ မိမိ၏ရပ်တည်မှုသိက္ခာနှင့် ကမ္ဘာ့အသိအမှတ်ပြုမှုကို ရရှိခဲ့သော်လည်း ထိုစစ်ပွဲကြောင့်ပင် ယနေ့အထိမဖြေရှင်းနိုင်သေးသော ပြဿနာသောင်းခြောက်ထောင်ကို ရင်ခွင်ပိုက်ဖြေရှင်းနေခဲ့ရသည်။ အာရပ်နိုင်ငံများလက်အောက်ရှိ ဂါဇာကမ်းမြှောင်၊ ဂိုလန်ကုန်းမြင့်နှင့် ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းကဲ့သို့သော ပြဿနာနယ်မြေများသည် အစ္စရေးအုပ်ချုပ်မှုအောက်ရောက်ခဲ့ပြီး အစ္စရေးအတွက် အစ္စလာမ္မစ်အစွန်းရောက်အဖွဲ့များဖြစ်သော ဟားမတ်စ်၊ ဖာတာ၊ ဟဇ္ဇ်ဘိုလာစသည်တို့နှင့် ရင်ဆိုင်တိုက်ခိုက်နေရကာ စုပ်လည်းစူး၊ စားလည်းရူးအခြေအနေမျိုး ယနေ့ဆိုက်ရောက်နေခဲ့ရသည်။
==ကိုးကား==
{{reflist}}