"မွန်ဘာသာစကား" ၏ တည်းဖြတ်မှု မူကွဲများ

၂ ဘိုက် ဖယ်ရှားခဲ့သည် ,  ပြီးခဲ့သည့် ၅ နှစ်
အရေးမကြီး
clean up using AWB
အရေးမကြီး (Bot: Migrating 1 interwiki links, now provided by Wikidata on d:q13349 (translate me))
အရေးမကြီး (clean up using AWB)
ပျက်သုဉ်းသွားသော ဒွွါရဝတီမင်းနေပြည်တော်မှ မွန်ကမ္ဗည်းစာများမှာ ထိုင်းနိုင်ငံတွင် ပြန့်ကျဲနေသည်။ သို့ရာတွင် ဝင်ရောက်နေထိုင်ကြသူများမှာ မွန်၊ မွန်နှင့်မလေး ကပြားများ၊ သို့မဟုတ်
ခမာများ ဖြစ်ကြသည်ဟူ၍ကား ရှင်းလင်းကွဲပြားမှု မရှိပါချေ။ နောက်မှပေါ်ပေါက်လာသော ကမ္ဗည်းစာများနှင့် လာဗိုကဲ့သို့သော မင်းနေပြည်တော်များတို့မှာ ခမာတို့ လက်အောက်ခံဖြစ်ကြသည်။
ပုဂံကျရှုံးပြီးနောက် မွန်ဘာသာစကားကို ယခုခေတ် အောက်မြန်မာပြည် ဖြစ်သော လွတ်လပ်သည့် မွန်မင်းနေပြည်တော် ဟံသာဝတီ ပဲခူး (၁၂၈၇-၁၅၃၉) တွင် ဘာသာစကားမတူသူချင်း ဆက်သွယ်ရာတွင် ပြောဆိုကြသည့် အရောအနှောစကားအဖြစ် ပြန်လည်အသုံးပြုလာခဲ့ကြသည်။ ၁၉ ရာစု အလယ်တိုင်အောင် မွန်လူမျိုးတို့ အများစုနေထိုင်သော အောက်မြန်မာပြည်တွင် မွန်ဘာသာစကားကို ပျံ့နှ့ံသုံးစွဲခဲ့ကြသည်။
 
၁၈၅၂ ခုနှစ် အောက်မြန်မာပြည်ကို ဗြိတိသျှ တို့သိမ်းပိုက်ခဲ့ပြီးနောက် ပြောင်းလဲခဲ့ပြီး ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသ တွင်လယ်ယာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်အတွက် လာရောက် ရွှေ့ပြောင်းနေထိုင်ခြင်းကို အားပေးခဲ့သည်။ ဒေသတွင်းသို့ [[အိန္ဒိယနိုင်ငံ|အိန္ဒိယ]] နှင့် [[တရုတ်နိုင်ငံ]]တို့မှ လူများအပါအဝင် မြန်မာနိုင်ငံ၏ အခြားသော နေရာဒေသ များမှလူများ အစုလိုက်အပြုံလို်က် ပြောင်းရွှေ့လာရောက် နေထိုင်ခြင်းသည် မွန်ဘာသာစကားကို တတိယမြောက် ဘာသာစကားအဖြစ် အဆင့် လျှော့ကျစေခဲ့သည်။ ကိုလိုနီဗြိတိသျှတို့ အုပ်စိုးခဲ့စဉ်ကာလအတွင်း ဘာသာစကားမှာ နည်းပါးဆုတ်ယုတ်ခဲ့ပြီး ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးအချိန်မှစ၍ ပြောဆိုသူအရေအတွက် လျင်မြန်စွာ ကျဆင်းမှုကို တွေ့ကြုံခဲ့ရသည်။ နောက်ဆက်ခံသော မြန်မာအစိုးရတို့မှ ထောက်ပံ့မှု အနည်းငယ် သို့မဟုတ် လုံးဝမရရှိဘဲ မွန်ဘာသာစကား (အထူးသဖြင့် မွန်အရေးအသား) ကို အများစုအားဖြင့် မွန်ဘုန်းတော်ကြီးများက ဆက်လက် ပြန့်ပွားစေခဲ့သည်။ မွန်ဘာသာစကား သုံးစွဲမှုလမ်းညွှန်မှာ ထိုင်း-မြန်မာနယ်စပ် မွန်တော်လှန်ရေးသမားများ ထိန်းချုပ်သော နယ်မြေဒေသထဲ၌ ရှင်သန်နေပါသည်။
== အသံ ပိုင်းဆိုင်ရာမှတ်တမ်းများ ==
 
ပတ်ဝန်းကျင်ရှိ မြန်မာ နှင့် ထိုင်း ဘာသာစကားများနှင့် ကွဲပြားစွာ၊ မွန်ဘာသာစကားမှာ အသံအနိမ့်အမြင့် အတက်အကျရှိသော ဘာသာစကားမဟုတ်ပေ။ မွန်-ခမာ ဘာသာစကား အတော်များများတွင် သရအသံထွက် သို့မဟုတ် အသံအနိမ့်အမြင့်ရှိသော သရသံစနစ်ကို အသုံးပြုသည်။ ထိုစနစ်တွင် အသံထွက်ရာတွင် ပြုလုပ်လိုက်သော အသံ၏ အရည်အသွေးမှာ ဘာသာစကား၏ အသံရင်းများနှင့် ဆိုင်သည်။ မွန်ဘာသာစကားတွင် သရသံ အနိမ့်အမြင့် နှစ်ခုရှိသည်။
 
# ရှင်းလင်းသော (ဖြစ်နိုင်ခြေရှိခြင်းပြကြိယာ) အသံ၊ ဘာသာဗေဒ ပညာရှင်အမျိုးမျိုးက သာမန် မှ တကျွိကျွိ တကျွက်ကျွက် မြည်သောအသံ အထိတိုင်အောင် ခွဲခြမ်းစိတ်ဖြာလေ့လာသည်။
၃၀၂၅

တည်းဖြတ်မှုများ