"ဖိုးစိန်၊ ဦး (ဂရိတ်)" ၏ တည်းဖြတ်မှု မူကွဲများ

၆၄ ဘိုက် ဖယ်ရှားခဲ့သည် ,  ပြီးခဲ့သည့် ၆ နှစ်
အရေးမကြီး
clean up using AWB
(replace with Commons photo)
အရေးမကြီး (clean up using AWB)
ရုပ်ချော အသံကောင်း၍ အဆိုပိုင်၊ အကနိုင်သူအဖြစ် ကျော်ကြားသူမှာ မြန်မာဇာတ်သဘင် လောကတွင် ရှာမှရှားပေမည်။ ထိုကဲ့သို့သော ပါရမီထူးသူ ပေါ်ပေါက်လာသည်နှင့်အမျှ ဇာတ်သဘင်တစ်ခေတ် မဆန်းဘဲ မနေနိုင်သည်ကို တင်ပြ ထားသည်။ ထူးခြားသော သဘင်ပါရမီရှင် တစ်ဦးဖြစ်၍၊ အဆို၊ အကသာမက အပြကိုလည်း ဆန်းသစ် တီထွင်ကာ
မြန်မာ့သဘင်ကို တိုးချဲ့ခဲ့သဖြင့် မြန်မာ့ဇာတ်သဘင်ကို တစ်ခေတ်ထွင်ခဲ့သူဟု ခေါ်ဆိုကြလေသည်။ မြန်မာ့သဘင်လောကတွင်သာမက အနောက်နိုင်ငံတစ်လွှား၌ပါ ထင်ရှားသော ဇာတ်ဆရာနှင့် ဇာတ်မင်းသားကြီးကား ဘုရားဒါယကာ ဦးဘိုးစိန် ဟူ၍ လည်းကောင်း၊ ဂရိတ် ဘိုစိန် ဟူ၍လည်းကောင်း ကျော်ကြားသော ဦးဘိုးစိန်ကြီးဖြစ်သည်။
 
 
ဦးဘိုးစိန်ကို ၁၂၄၄ ခုနှစ် ကဆုန်လဆန်း ၁ ရက် တနင်္လာနေ့တွင် မြောင်းမြမြို့နယ် လူဂေါင်းကျွန်း ဌာနအပိုင် ခလောက်သိုက်ရွာ၌ အဘဦးစံဒွန်း၊ အမိ ဒေါ်ရွှေရုပ်တို့မှ ဖွားမြင်သည်။ ဖွားမြင်ရာ ခလောက်သိုက်ရွာကို အကြောင်းပြု၍ ငယ်မည် မောင်သိုက်ဟု တွင်သည်။ မိခင်ရော ဖခင်ပါ မြေဝိုင်းခေတ် မင်းသမီးမင်းသားကြီးများ ဖြစ်သည်။ ဦးဘိုးစိန်၏ မွေးချင်း မောင်နှမတို့သည် မင်းသမီး၊ မင်းသား၊ ဇာတ်သမားများပင် ဖြစ်သည်။ ဦးဘိုးစိန်၏ အစ်မကြီး မသက်ပု၊ ယောက်ဖ ကိုအောင်မင်း၊ အစ်ကို ကိုကြာယုံတို့သည် ထိုခေတ်က မင်းသမီး မင်းသားများ ဖြစ်ကြသည်။ ချစ်စရာရေမွှေး ဟူသော အမည်တွင်သည့် နာမည်ကျော် မင်းသား ကိုချစ်စရာသည် ဦးဘိုးစိန်၏ အစ်ကို ကိုကြာယုံဖြစ်သည်။
ကလေးအား သင်ကြားပြသ၍ ပါဝင်ကပြ စေသည်။ ပညာသင်နေခိုက်ပင် အစ်မဖြစ်သူ မင်းသမီးကြီး မစိန်တုပ်နှင့် ဦးရီးစမ္ပယ်ညွန့်တို့ဇာတ်ထဲတွင် လင်းကွင်းတီးမှအစ ဆိုင်း
နောက်ထ အဖြစ်အထိ ဝင်ရောက်အမှုထမ်းခဲ့ရသည်။ ညီဖြစ်သူ၏ သဘင်ဝါသနာကို ရိပ်မိသော အစ်ကို ကိုကြာယုံသည် ဘိုးစိန်ကလေးအား ညောင်တုန်းမြို့မှ ကျုံပျော်မြို့သို့ဇာတ်
ကရန် ရောက်လာ သော ဆိုင်းဆရာ ဦးစံချိန်ထံတွင် ပညာသင်ရန် အပ်နှံလိုက်သည်။ ထိုအခါမှစ၍ မောင်သိုက်ဟူသော ငယ်မည်မှ မောင်စိန်ဟူသော အမည်သို့ပြောင်းသည်။
 
ဦးစံချိန်ထံတွင် ရှေးဦးစွာ ဝါးလက်ခုပ်တီးရ၍ မကြာမီပင် လင်းကွင်းကြီးနှင့် ဝါးလက်ခုပ်ဖက်၍ ကိုင်နိုင်လာသည်။ အားလပ်သည့်အခါတွင်လည်း ကြေးနောင်ဝိုင်းထဲဝင်၍ တီးယင်း
ထင်ရှားလာသည်။ သူတို့၂ ဦး တွဲမိမှပင် ဘိုးစိန် ရန်ကုန်ရောက်လာသည်။
 
၁၂၆၅ ခုနှစ်တွင် ဘိုးစိန်သည် ဇာတ်ဆရာ ဦးစိန္တာ၊ မသောင်းတို့၏ ဇာတ်အဖွဲ့တွင် မင်းသမီး ငွေစိန်၊ ငွေရီ၊ ညိုညိုစသော ညီအစ်မတစ်စုနှင့် တွဲဖက်ကရသည်။ ငွေစိန် အခြားဇာတ်သို့ ရောက်သွားသောအခါမှ မင်းသမီး မစိန်ဥနှင့် တွဲကရသည်။ ယင်းသို့ကပြရင်း မစိန်ဥနှင့် အကြောင်းပါသည်။ တစ်ဖန် ၁၂၆၉ ခုနှစ်တွင် မြန်မာမင်းလက်ထက် ရွှေတိုက်စိုး တောင်ခွင်မင်းကြီး၏ သမီး ခင်ခင်လတ်ကြီးနှင့် လက်ထပ်လေသည်။ ထိုအချိန် ကစ၍ ကိုယ်ပိုင် ဇာတ်ဆရာနှင့် ဇာတ်ပိုင်ရှင် ဖြစ်လာသည်။ ထို့နောက် လက်ထောက် မင်းသမီးလေး မကြင်ယုံနှင့် အကြောင်းပါရာ ဦးဘိုးစိန်ကွယ်လွန်သည်အထိ ထင်းပုံခေါင်းချ ပေါင်းကြလေသည်။
 
၁၂၆၅ ခုနှစ်တွင် ဘိုးစိန်သည် ဇာတ်ဆရာ ဦးစိန္တာ၊ မသောင်းတို့၏ ဇာတ်အဖွဲ့တွင် မင်းသမီး ငွေစိန်၊ ငွေရီ၊ ညိုညိုစသော ညီအစ်မတစ်စုနှင့် တွဲဖက်ကရသည်။ ငွေစိန် အခြားဇာတ်သို့ ရောက်သွားသောအခါမှ မင်းသမီး မစိန်ဥနှင့် တွဲကရသည်။ ယင်းသို့ကပြရင်း မစိန်ဥနှင့် အကြောင်းပါသည်။ တစ်ဖန် ၁၂၆၉ ခုနှစ်တွင် မြန်မာမင်းလက်ထက် ရွှေတိုက်စိုး တောင်ခွင်မင်းကြီး၏ သမီး ခင်ခင်လတ်ကြီးနှင့် လက်ထပ်လေသည်။ ထိုအချိန် ကစ၍ ကိုယ်ပိုင် ဇာတ်ဆရာနှင့် ဇာတ်ပိုင်ရှင် ဖြစ်လာသည်။ ထို့နောက် လက်ထောက် မင်းသမီးလေး မကြင်ယုံနှင့် အကြောင်းပါရာ ဦးဘိုးစိန်ကွယ်လွန်သည်အထိ ထင်းပုံခေါင်းချ ပေါင်းကြလေသည်။
 
ဦးစိန်နှင့် ဒေါ်ကြင်ယုံတို့တွင် သားသမီး ၇ ယောက်ရှိသည့်အနက် သားများဖြစ်သော ကနက်စိန်၊ ကိုစန်ကြိုင်နှင့် တသက်စိန်တို့သည် ဘခင်၏ သဘင်ပညာ မတိမ်ကောစေရန်
တွင် ဘိုးစိန်သည် ခြေကို နောက်ထိုး၍ကသည်။ ယခုခေတ်
အရပ်သူ အရပ်သားများက စ၍သင်လျှင် သင်ချင်းခြေကို
နောက်ထိုး၍ ကခြင်းသည် ဘိုးစိန်စကသော အကဖြစ်သည်။
 
သစ္စာထားခန်းတို့၌ တီးလုံးနှင့် အကိုက်၊ ဒူးကြိုး၊ ပေါင်ကြိုး၊
မှာလည်း ဦးဘိုးစိန် ထွင်မှုဖြစ်သည်။ အင်္ဂလိပ် ကပြားမ
ကလေးများကိုပင် [[ယိမ်းသမ]] အဖြစ် ငှား၍ကသည်။
 
 
အက၌သာမဟုတ် အပြဘက်၌လည်း ဦးဘိုးစိန်သည်
ဓာတ်မီး စသည်ဖြင့် စ၍ထွန်းသူမှာ ဦးဘိုးစိန်ဖြစ်သည်။
ဘိုးစိန်တို့ကတော့ ဖန်သီးကတောင် မီးထတောက်အောင်
လုပ်နိုင်သဟေ့ ဟု ရင်အပ်အံ့ဩရသည်အထိ ဖြစ်သည်။
 
ဇာတ်ကွက်နှင့် လိုက်အောင်လည်း မီးအလင်းအမှောင်
ကမည် ဟု ကြော်ညာလိုက်လျှင် ရုံလျှံအောင် စည်လှသည်
ဟု ဆိုကြသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)</ref>
 
 
မြန်မာ့သဘင်လောက၌ သရဖူဖြစ်ခဲ့သော် ဦးဘိုးစိန်သည် မြန်မာပြည်တွင် အဘယ်မျှရေပန်းစားခဲ့ကြောင်း သက်သေပြချက်တစ်ခုမှာ သူနေထိုင်ခဲ့ရာ တာမွေလမ်းကို ဘိုးစိန်လမ်းအဖြစ် နာမည်တွင်သွားခဲ့ခြင်းပင်ဖြစ်သည် ။ ရုပ်ရည်ချောမောလှပခါ အချိုးအဆစ်ကျသော ကိုယ်လုံးကိုယ်ပေါက်နှင့် ဦးဘိုးစိန်သည် အဆိုကောင်း ၊ အကကောင်း ၊ အပြောကောင်း စသည်ဖြင့် ဘက်စုံထူးချွန်သူ တဦးဖြစ်သည် ။ သူသည် ရိုးရာမြန်မာအကကို ကျွမ်းကျင်နိုင်နင်းသည်နှင့် အားမရ ၊ ကနည်း ကကွက် အသစ်အဆန်း တို့ကို တီထွင်နိုင်ရန် ရောက်လေရာတွင် အမြဲလေ့လာတတ်သူ ဖြစ်သည် ။
 
ဦးဘိုးစိန် လက်ထက်တွက် ဇာတ်သဘင်ကို လူမျိုးမရွေး (မြန်မာ ၊ တရုတ် ၊ ကုလား ၊ ပသျှူး ၊ အင်္ဂလိပ် မျက်နှာဖြူ) ၊ တောနေ မြို့နေမရွေး ၊ ဆင်းရဲ ချမ်းသာမရွေး ၊ ကျားမ မရွေး ၊ အသက်အရွယ် မရွေး တခဲနက်အားပေးခဲ့ကြသည် ။ ဦးဘိုးစိန်၏ စိန်မဟာသဘင် ဇာတ်အဖွဲ့သည် “စလေဒင်” အမည်ရှိ ဦးဘိုးစိန်ပိုင်သော မီးနှစ်ထပ်သင်္ဘောကြီးနှင့် မြို့တကာလှည့် ကပြ အသုံးတော်ခံခဲ့သည် ။ ထိုသင်္ဘောကြီးတွင် အင်္ဂလိပ် နှင့် ကပြား အမျိုးသားများကို လက်မှတ်ရောင်း အပေါက်စောင့် ၊ သင်္ဘောတာဝန်ခံ စသည့်နေရာများတွင် ခန့်ထားသည်ကို မြင်ရသောအခါ ၊ အင်္ဂလိပ်အောက်တွင် ဖိနှိပ်ခံမြန်မာလူမျိုးတို့သည် ဦးဘိုးစိန်အတွက် ဂုဏ်ယူဝမ်းသာမဆုံး ဖြစ်ခဲ့ရ၏ ။ ချမ်းသာကြွယ်ဝသော ဦးဘိုးစိန်သည် ဘုရားစေတီပေါင်း ၆၈ ဆူ တည်ခဲ့သော ဘုရားဒါယကာကြီးလည်း ဖြစ်ခဲ့ပေသည် ။ <ref>မင်းယုဝေ ရေး-ပထမမြန်မာများ</ref>
 
 
== ကိုးကား ==
 
[[Category:မြန်မာ သဘင်ပညာရှင်များ]]
[[Category:ပထမ မြန်မာများ]]
၃၀၂၈

တည်းဖြတ်မှုများ