နု၊ ဦး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +...
အရေးမကြီး clean up using AWB
စာကြောင်း ၅၀ -
 
== ငယ်ဘဝ ==
ဦးနုသည် [[ဧရာဝတီတိုင်း]]၊[[မြောင်းမြ ခရိုင်]]၊ [[ဝါးခယ်မမြို့]]၌ အဖ ဦးစံထွန်း၊ အမိ ဒေါ်စောခင်တို့မှ ၁၉၀၇ ခုနှစ်၊မေလ၊၂၅ ရက် စနေနေ့ ၌ မွေးဖွားသည်။ မွေးချင်းနှစ်ဦးတွင် အကြီးဆုံးဖြစ်၍ ညီငယ် အမည် မှာ မောင်ဥ ဖြစ်သည်။ ၁၉၂၀ ခုနှစ်၊ တက္ကသိုလ်ကျောင်းသားသပိတ်တွင် ဝါးခယ်မမြို့အစိုးရကျောင်း၌ ပဉ္စမတန်းမှ ပါဝင်ခဲ့သည်။ ၆-တန်း၌ ပညာသင်ကြားနေစဉ် ဝါးခယ်မ အမျိုးသားကျောင်းတွင် ဆရာ အခက် အခဲ ရှိနေ၍ ဆရာတစ်ဘက် ကျောင်းသားတစ်ဘက် ဆောင်ရွက်ခဲ့သည်။ ၁၉၂၅-ခုနှစ်တွင်[[ရန်ကုန်မြို့]] [[မြို့မ အထက်တန်းကျောင်း]] မှ ဆယ်တန်းအောင်မြင်ခဲ့သည်။ [[မြို့မ အထက်တန်းကျောင်း၊ ရန်ကုန်|မြို့မကျောင်း]] သည် ၁၉၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၇ ရက် ရန်ကုန်မြို့ ဗဟန်း မြို့နယ်တွင် စတင် တည်ထောင်သော မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသားကျောင်း ဖြစ်သည်။ [[၁၉၂၉]] ခုနှစ်တွင် [[ရန်ကုန်တက္ကသိုလ်]]၌ ဘီ.အေ (ဝိဇ္ဇာ) ဘွဲ့ကို ရယူခဲ့သည်။ မြန်မာနိုင်ငံလုံး ဆိုင်ရာ လူငယ်များအစည်းအရုံး တည်ထောင်ရာတွင် ကမကထလုပ်၍ ပါဝင်ခဲ့သည်။ [[ဦးသန့်]]၏ တိုက်တွန်းချက်အရ [[ပန်းတနော်မြို့ ]] အမျိုးသားကျောင်းတွင် ကျောင်းအုပ်အဖြစ် တာဝန် ထမ်းဆောင်သည်။ [[သုံးခွမြို့ ]] အမျိုးသားကျောင်းသို့ ကျောင်းအုပ်အဖြစ် ပြောင်းရွေ့ခဲ့သည်။ [[၁၉၃၅]]ခုနှစ်တွင် ပန်းတနော် မြို့ အမျိုးသားကျောင်း ကော်မတီ ဥက္ကဌ သမီး ဒေါ်မြရီ နှင့် အိမ်ထောင်ကျသည်။ ပန်းတနော် အမျိုးသားကျောင်းတွင် ပြန်လည်၍ တာဝန် ထမ်းဆောင်သည်။ ဦးနုတွင် သားနှစ်ဦး၊ သမီး နှစ်ဦး မွေးဖွားခဲ့သည်။ သားအကြီးမှာ ဦးသောင်းထိုက်ဖြစ်ပြီး ယခုအခါ အမေရိကန်တွင် နေထိုင်သည်။
== နိုင်‌ငံရေးဘဝ ==
=== လွတ်လပ်ရေး ===
သူ၏ နိုင်‌ငံရေးဘဝသည် [[တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ | ရန်‌ကုန်‌တက္ကသိုလ်‌ ကျောင်းသားများ သမဂ္ဂ ]] ဥက္ကဌ တာဝန်‌ကို ရယူခဲ့ချိန်မှ စတင်‌ခဲ့သည်‌။ ထိုအချိန်တွင် [[အောင်ဆန်း|ဗိုလ်ချူပ်အောင်ဆန်း]]မှာ သမဂ္ဂ၏ အတွင်းရေးမှုးဖြစ်ခဲ့သည်။ သူတို့နှစ်ဦးစလုံးသည် သမဂ္ဂတွင်ပါသော ဆောင်းပါးတစ်ပုဒ်ကြောင့် ကျောင်းမှထုတ်ပစ်ခြင်းခံခဲ့ရပြီး ထိုကိစ္စကြောင့် ၁၉၃၆ ခုနှစ် ဖေဖော်ဝါရီလတွင် ဒုတိယအကြိမ်ကျောင်းသားသပိတ်ကို ဖြစ်ပေါ်စေခဲ့သည်။ သူတို့နှစ်ဦးစလုံးသည် ၁၉၃၀ ခုနှစ်က ဖွဲ့ခဲ့သော [[တို့ဗမာအစည်းအရုံး]] အဖွဲ့ဝင်များ ဖြစ်လာကြပြီး သူတို့၏ နာမည်ရှေ့တွင် 'သခင်' ဟူသော ဂုဏ်ပုဒ်ကို တပ်ခဲ့ကြသည်။ မိမိတို့နိုင်ငံတွင် မိမိတို့သာ သခင်များဖြစ်ကြောင်း ပြယုဂ် အဖြစ် တပ်ခြင်း ဖြစ်သည်။ ၁၉၄၈ ခုနှစ် တွင် လွတ်လပ်ရေးရပြီး နှစ်အနည်းငယ်အထိ သခင်တပ်ခြင်းကို ဆက်ထိမ်းပြီး ၁၉၅၂ ခုနှစ်တွင် မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီး ဖြစ်၍ ‘[[ရဲဘော်သုံးကျိပ်|သခင်]]’ ဟုအမည်ရှေ့တွင် တတ်ရန် မလိုတော့သည့်အတွက် ‘[[သခင်]]’ကို မသုံးတော့ပဲ ဦးနုဟုသာပြန်လည်သုံးနှုန်း စေခဲ့သည်။ ၁၉၃၇ ခုနှစ်က သခင်သန်းထွန်းနှင့် အတူ ‘နဂါးနီ’ စာပေတိုက်ကို ပူးတွဲထူထောင်ခဲ့ပြီး ၎င်းပါတီသည် နောင်တွင် ဆိုရှယ်လစ်ပါတီ ဖြစ်လာသည်။ ထို့နောက် ပေါင်းစည်းထားသည့် အဖွဲ့အစည်းဖြစ်သည့် ဖက်ဆစ်တော်လှန်ရေးပြည်သူ့လွတ်လပ်ရေး (ဖဆပလ) အဖွဲ့ကြီးကိုပါ ပူးတွဲထူထောင်ခဲ့ပြီး ၁၉၄၀ ပြည့်လွန်နှစ်များဝန်းကျင်ကတည်းက [[ဂျပန်နိုင်ငံ|ဂျပန်]]နှင့် [[ဗြိတိန်နိုင်ငံ|ဗြိတိသျှ]]တို့၏ သိမ်းပိုက်မှုလက်အောက်မှ ရုန်းထွက်ရန် ဆော်ဩတိုက်တွန်းခဲ့ကြသည်။ ကိုလိုနီအစိုးရ၏ ၁၉၄၀ ပြည့်နှစ်တွင် [[သခင်စိုး]]၊ [[သခင်သန်းထွန်း]]၊ [[ဦးကျော်ငြိမ်း]]၊ [[ဒေါက်တာဘမော်]] တို့နှင့်အတူ ထိန်းသိမ်းခြင်းခံခဲ့ရသည်။ ၁၉၄၇ ခုနှစ် [[၁၉ ဇူလိုင်|ဇူလိုင် ၁၉]] ရက်တွင် စစ်ရေး၊ နိုင်ငံရေးခေါင်းဆောင် ဗိုလ်ချူပ်[[အောင်ဆန်း]]နှင့် တကွ ကက်ဘိနက်အဖွဲ့ဝင်များ လုပ်ကြံခြင်းခံရပြီးနောက် ၁၉၄၇ ခုနှစ် အောက်တိုဘာလတွင် [[ဗြိတိသျှဝန်ကြီးချူပ်]] ကလဲမင့်အက်တလီနှင့် အတူ လွတ်လပ်ရေးသဘောတူညီမှုစာချူပ် (နု-အက်တလီ စာချူပ်) ကို ဦးနုဦးဆောင်သည့် ဖဆပလအဖွဲ့ကြီးက လက်မှတ်ရေးထိုးခဲ့သည်။ နယ်ချဲ့ဆန့်ကျင်ရေး၊ မြန်မာပြည် လွတ်လပ်ရေး ကြိုးပမ်းမှု လှုပ်ရှားမှု ခေတ်အတွင်း ထင်ရှားခဲ့ကြသောဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ခေါင်းဆောင်များတွင် [[ဗိုလ်ချုပ်အောင်ဆန်း]] ၊ ဦးနု၊ [[ကိုဗဟိန်း]]၊ [[ဦးဗဆွေ]] ၊ [[မြို့မ-ဦးသန်းကြွယ်]]၊ သူရိယ ဦးသန်းမောင်၊ ဒေါက်တာ[[သန်းထွန်း]]၊ အာဏာရှင် လှရွှေ တို့ပါဝင်ကြသည်။
 
=== ပါလီမန်ခေတ် ===
စာကြောင်း ၅၉ -
 
=== တပ်မတော်ခေတ် ===
နှစ်နှစ်မပြည့်မီ [[၁၉၆၂]] ခုနှစ် [[၂ မတ်||မတ် ၂]] ရက်တွင် ဗိုလ်ချူပ်နေဝင်းသည် ဦးနုအစိုးရအား အာဏာသိမ်းပြီး ဖြုတ်ချခဲ့သည်။ [[၁၉၆၂]] ခုနှစ် အာဏာသိမ်းပြီးနောက် ဦးနုအား ရန်ကုန်ပြင်ပ၏ စစ်တန်းလျားတစ်နေရာတွင် ၎င်း၏ လုံခြုံရေးကို ကာကွယ်သည့် အနေဖြင့် ထိန်းသိမ်းထားပါသည်ဟု စကားအလှသုံး၍ ပြောဆိုကာ ချုပ်ထားလိုက်သည်။ [[၁၉၆၆]] ခုနှစ် အောက်တိုဘာလ ၂၇ ရက်တွင်မှ လွှတ်လိုက်သည်။ (ဂါးဒီယန်းနှင့် ဝပ်ကင်းပီးပယ်ဒေလီး [[၁၉၆၆]] ခုနှစ် [[၂၈ အောက်တိုဘာ|အောက်တိုဘာ]] ၂၈ ထုတ် သတင်းစာများတွင် ဦးနုလွှတ်လိုက်သည့် အကြောင်းရှု) [[၁၉၆၂]] ခု ၂ မတ်|မတ် ၂]] ရက်က သမ္မတ မန်း[[ဝင်းမောင်]] (၁၉၈၉ ခုနှစ် ဇွန် ကွယ်လွန်) နှင့် တရားသူကြီးချုပ် [[ဦးမြင့်သိန်း]] ([[၁၉၀၀]] ပြည့်နှစ် [[၂၂ ဖေဖော်ဝါရီ|ဖေဖော်ဝါရီ ၂၂]] - [[၁၉၉၄]] ခုနှစ် [[၃ အောက်တိုဘာ|အောက်တိုဘာ ၃]] ရက်)တို့ကိုပါ ၎င်းတို့ကိုပါ ၎င်းတို့၏ လုံခြုံရေးအတွက် ဟုဆိုကာ ထိန်းသိမ်းထားလိုက်သည်။ မန်းဝင်းမောင်အား [[၁၉၆၇]] ခုနှစ် အောက်တိုဘာတွင် ပြန်လွှတ်ပြီး ဦးမြင့်သိန်းအား [[၁၉၆၈]] ခုနှစ် [[၂၈ ဖေဖော်ဝါရီ|ဖေဖော်ဝါရီ ၂၈ ရက်]]တွင် ပြန်လွှတ်သည်။
 
[[၁၉၆၉]] ခုနှစ် ဖေဖော်ဝါရီတွင် ဦးနုသည် ကြားဖြတ် အစီရင်ခံစာ တစ်စောင်တင်သွင်းသည်။ ၎င်းအစီရင်ခံစာတွင် ဗိုလ်ချုပ်နေဝင်းသည် ၎င်းရယူထားသော အာဏာကို ပြန်လည်လွှဲပြောင်းပေးရန်နှင့် [[၁၉၆၂]] ခုနှစ်မတ်လက ဖျက်သိမ်းလိုက်သည့် ပါလီမန်ကို ပြန်ခေါ်ရန်တို့ဖြစ်ပြီး ပါလီမန် ပြန်လည်ခေါ်ယူပြီးပါက ဗိုလ်ချုပ်နေဝင်းအား တရားဝင် [[သမ္မတ]] ရာထူးကို ပေးအပ်မည်ဖြစ်ကြောင်း အကြံပြုထားလေသည်။ သူ၏ အကြုံပြုစာတွင် ဤကိစ္စကို ၎င်းသည် အကြိမ်ကြိမ် စဉ်းစားပြီး၊ အခြားနည်းလမ်းများကိုပါ စဉ်းစားပြီးမှ စိတ်ရင်းကောင်းစေတနာမှန်နှင့် တင်ပြရခြင်းဖြစ်ကြောင်း တို့ကိုပါဖော်ပြထားသည်။ သူသည် [[တော်လှန်ရေးကောင်စီ]]အား အာဏာကို မတရားလုယူသည့် အဖွဲ့တစ်ဖွဲ့အဖြစ် မရှိစေလိုကြောင်း၊ ဗိုလ်ချုပ်နေဝင်း၏ တရားမဝင်သည့် အဖြစ်မျိုးကိုလည်း မလိုလားသည့်အတွက် အကြံပြုရခြင်းဖြစ်ကြောင်း စသည်တို့ ပါဝင်သည်။ အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုထားသည့် ဦးနု၏ ကြားဖြတ်အစီရင်ခံစာ သို့မဟုတ် အကြံပေးစာကို [[၁၉၆၃]] ခုနှစ် [[၃ ဇွန်|ဇွန်လ ၃]] ရက်ထုတ် ဂါးဒီးယန်းနှင့် ဝပ်ကင်းပီးပယ်လ်ဒေးလီးသတင်းစာများတွင်ရှု)
စာကြောင်း ၉၄ -
[[Category:သမိုင်း]]
[[Category:မြန်မာ့ သမိုင်း]]
[[Category:မြန်မာ့နိုင်ငံရေး]]
[[Category:မြန်မာ့နိုင်ငံရေးသမားများ]]
[[Category:သခင်]]
[[Category:နိုင်ငံရေး]]
[[Category:မြန်မာအတ္ထုပ္ပတ္တိ]]
[[Category:မြန်မာ]]
[[Category:မြန်မာ့နိုင်ငံရေး]]
[[Category:မြန်မာ့ စာရေးဆရာများ]]
[[Category:မြန်မာ စာရေးဆရာများ]]
[[Category:မြန်မာ အမျိုးသား စာရေးဆရာများ]]
[[Category:ဗကသ ခေါင်းဆောင်များ]]
[[Category:ပထမ မြန်မာများ]]