"တာ့ဂျ်မဟာရ်" ၏ တည်းဖြတ်မှု မူကွဲများ

၇၆ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၅ နှစ်
အရေးမကြီး
clean up using AWB
(Undo revision 208674 by 117.198.135.102 (talk))
အရေးမကြီး (clean up using AWB)
[[File:Taj Mahal in March 2004.jpg|thumb|300px|တာ့ဂျ်မဟာရ်ဂူသင်္ချိုင်းကြီး]]
 
<P>'''တာ့ဂျ်မဟာရ်''' (Taj Mahal) သည် [[အိန္ဒိယနိုင်ငံ]] အာဂရာမြို့ ပြင်၊ အာဂရာခံတပ်၏ အ‌ရှေ့ဘက် ၁ မိုင်ခန့်‌ဝေး‌သော လှပ သည့် ဥယျာဉ်တစ်ခုတွင်း၌ တည်ရှိသည်။ ကြီးကျယ်ခမ်းနားသော ဂူသင်္ချိုင်းကြီးဖြစ်ြပီး မူဂဲ(Mughal)ဘုရင် ရှားဂျာဟန်(Shah Jahan) က သူ၏ ကွယ်လွန်ပြီးခဲ့သော အချစ်မြတ်နိုးဆုံးဇနီး မွန်တာဇ်မဟာရာ(ဂျ်)
(Mumtaz Mahal) အတွက်ရည်စူး၍ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
 
<P>တာ့ဂျ်မဟာသည် မဂိုဗိသုကာပညာ၏ အကောင်းဆုံး ဥပမာတစ်ခုအဖြစ် ပြောနိုင်ပြီး အချို့က ကမ္ဘာ‌ပေါ်တွင် အလှဆုံး‌သော အ‌ဆောက် အအုံကြီးဟူ၍ ဆိုကြသည်။ တည်ဆောက်မှုစတိုင်တွင် ပါရှန်း၊ တူရကီ၊ အိန္ဒိယနှင့် အစ္စလာမ် ဗိသုကာစတိုင်၏ အစိတ်အပိုင်းများပေါင်းစပ်ပါဝင်နေသည်။ ၁၉၈၃ ခုနှစ်တွင် တာ့ဂျ်မဟာသည် ယူနက်စကို၏ ကမ္ဘာ့အမွေခံနေရာများစာရင်းတွင် ပါဝင်လာခဲ့ပြီး "မူစလင်အနုပညာ၏ ရတနာ နှင့် အားလုံးက အံ့ဩလေးစားရလောက်သော အလွန်ပြောင်မြောက်သည့် ကမ္ဘာ၏အမွေခံအဆောက်အဦး" ဟု ဖော်ပြထားခဲ့သည်။ ‘တာ့ဂျ်မဟာရ်’ဟူသည်မှာ ‘နန်း များ ထွတ်‌ခေါင်’ဟု အနက်ရ၏။ ရှားဂျဟန်း ဧကရာဇ်ဘုရင် မင်းမြတ်၏ အ‌လောင်းကိုလည်း ဤသင်းချိုင်း၌ပင် မြှုပ်နှံခဲ့ကြ ‌လေသည်။<ref name="မြန်မာ့စွယ်စုံကျမ်း အတွဲ၅">မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)</ref>
 
<P>တာ့ဂျ်မဟာရ်အဆောက်အဦးအစုအဝေးကို ၁၆၄၈ ခုနှစ်ခန့်က ဆောက်လုပ်ပြီးစီးခဲ့ပြီး အူစတတ် အာမက် လာဟောရီသည် တာ့ဂျ်မဟာရ်၏ အဓိကပုံစံထုတ်တည်ဆောက်သူဖြစ်သည်ဟု ယူဆကြသည်။
 
== မူလအစနှင့်ဖြစ်ပေါ်လာစေသည့်အကြောင်း ==
[[File:Shahjahan_on_globeShahjahan on globe,_mid_17th_century mid 17th century.jpg|thumb|150px|တာ့ဂျ်မဟာရ်ကို စတင်တည်ဆောက်ခဲ့သော ရှားဂျာဟန် - စမစ်ဆိုနီယန် အင်စတီကျုမှ ကမ္ဘာလုံးပေါ်မှ ရှားဂျာဟန် ပန်ချီကား]]
[[File:Mumtaz Mahal.jpg|thumb|right|150px|မမ်တက်ဇ်မဟာရ် အား ပန်းချီဆရာများဖော်ကျူးရေးဆွဲထားပုံ]]
မဂိုအင်ပိုင်ယာ၏ အချမ်းသာအကြွယ်ဝဆုံးအချိန်ဖြစ်သော ၁၆၃၁ ခုနှစ်တွင် မဂိုဘုရင် ရှားဂျာဟန်မှာ သူ၏ တတိယမြောက်ဇနီး မမ်တက်ဇ်မဟာရ် ကွယ်လွန်သွားသဖြင့် စိတ်မကောင်းခြင်းကြီးစွာ ဖြစ်နေခဲ့သည်။ သူတို့၏ ၁၄ ယောက်မြောက်ရင်သွေးဖြစ်သော ဂေါဟာရာဘီဂမ်ကို မွေးဖွားစဉ် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ မှတ်တမ်းမှတ်ရာများ အရ ရှားဂျာဟန်၏ ကြေကွဲဖွယ်အချစ်ဇာတ်လမ်းသည် တာ့ဂျ်မဟာကို ဆောက်လုပ်ဖြစ်ရန် စေ့ဆော်ပေးသော အချက်ဖြစ်သည်။ မမ်တက်ဇ်သေဆုံးပြီး မကြာမီတွင်ပင် တာ့ဂျ်မဟာရ်ကို စတင်ဆောက်လုပ်ခဲ့ပြီး အဓိက ဂူသင်္ချိုင်းမှာ ၁၆၄၈ ခုနှစ်တွင် ပြီးစီးခဲ့သည်။ ပတ်ဝန်းကျင်ရှိ အဆောက်အဦးများနှင့် ဥယျာဉ်များမှာ ၅ နှစ်အကြာတွင် ပြီးစီးခဲ့သည်။ ဘုရင် ရှားဂျာဟန်မှ တာ့ဂျ်မဟာရ်တွင် အောက်ဖော်ပြပါစာသားကို ရေးသားခဲ့သည်။
== ဗိသုကာပညာ ==
 
တက်ဂျမဟာသင်းချိုင်းဂူမှာ ‌ကျောက်ဖြူဖြင့် တည်‌ဆောက် ထား‌သော ရှစ်‌မြှောင့်ပုံ အ‌ဆောက်အအုံကြီး ဖြစ်၍ ‌ပေ ရဝ မြင့်ပြီးလျှင် သဲနီ‌ကျောက် ‌အောက်‌ခြေ‌ပေါ်တွင် တည်ရှိ၏။ သို့‌သော် ယင်းထိပ်တွင် ‌ပေ ၁၂၀ မြင့်‌သော ခုံဝိုင်းကြီး တပ်ဆင်ထားပြန်သဖြင့် စုစု‌ပေါင်း ‌ပေ ၁၉၀ ခန့်မြင့်‌ပေသည်။ အ‌ဆောက်အအုံကြီး၏ ‌ဘေးပတ်လည် သဲနီ‌ကျောက် ‌အောက် ‌ခြေ၏ ‌ထောင့်များတွင် ၁၃၃ ‌ပေမြင့်‌သော ဘုရားရှိခိုး‌မျှော်စင် တစ်ခုစီရှိ၏။ အ‌ဆောက်အအုံကြီးမှာ သဲနီ‌ကျောက် တံတိုင်းဖြင့် ဝန်းရံထား‌သော ရှုချင်စဖွယ် ဥယျာဉ်တစ်ခု၏ အလယ်တွင် တည်ရှိ‌လေသည်။ အတွင်းဘက်တွင် ဆင်ပြင်ထားပုံမှာ ခမ်းနား ဆန်းပြားလှ၏။ ‌ကျောက်ဖြူဂူ နှစ်ခုရှိ‌သော အခန်းကြီးကို အဖိုးတန်‌ကျောက်မျက်ရတနာ ၁၂ မျိုးဖြင့်ပြီးသည့် ခန်းဆီးများ နှင့် ကာရံထားသည်။ အတွင်းနံရံများတွင် တိရစ္ဆာန်ပုံနှင့် သစ်ပင်ပန်းပင်ပုံများ ‌ဖော်ထားသည့် မှန်စီ‌ရွှေချ လက်ရာများမှာ အလှဆုံးပင်ဖြစ်သည်ဟုဆိုသည်။ ထိုပြင် ကိုရန်ကျမ်းထွက် တရားစာများကိုလည်း လှပဆန်းကျယ်စွာ ထွင်းထုထား၏။ ဤ အ‌ဆောက်အအုံကြီးကို ‌ဆောက်လုပ်ရာတွင် ‌ပေါင် ၃ သန်း ‌ကျော် ကုန်ကျခဲ့သည်ဟု ဆို‌လေသည်။ <ref> name="မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)<အတွဲ၅"/ref>
 
=== ဂူသင်္ချိုင်း ===
တာ့ဂျ်မဟာ၏ အဓိကနေရာမှာ ကျောက်ဖြူသားအုတ်ဂူဖြစ်သည်။ ခုံးနေသော တံခါးပေါက်ပါရှိသည့် နှစ်ဖက်ညီအချိုးစားကျ အဆောက်အဦးပေါ်တွင်တည်ရှိပြီး အပေါ်မှ ကြီးမားသောအမိုးလုံးကြီးဖြင့် ဖုံးအုပ်ထားသည်။ အခြားသော မူဂယ်ဂူသင်္ချိုင်း များကဲ့သို့ပင် အဆောက်အဦး၏ အခြေခံအစိတ်အပိုင်းများမှာ ပါရှန်းမှဆင်းသက်လာသော ပုံစံဖြစ်သည်။
 
==== ပြင်ပမွမ်းမံမှု ====
၃၀၁၀

တည်းဖြတ်မှုများ