ဂျင်ဂစ်ခန်: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး clean up using AWB
စာကြောင်း ၁ -
[[File:Asian Gengis Khan.jpg | thumb | ဂျင်ဂစ်ခန်အား အရှေ့တိုင်း လက်ရာဖြင့် ရေးဆွဲသော ပုံတူ]]
 
ဂျင်ဂစ်ခန်သည် [[မွန်ဂိုလူမျိုး]] တို့၏ ၁၁ ရာစုမှ ၁၂ ရာစုအကြား [[မွန်ဂိုးလီးယား]] မြက်ခင်းပြင်များတွင် ရွေ့လျားသွားလာလျက် ရှိကြသော မွန်ဂို မျိုးနွယ်စုဝင် လူမျိုးများကို စုစည်းစည်းရုံး၍ အာရှတိုက်နှင့် ဥရောပတိုက်တခွင်လုံးကို ကြီးမားသော ကျူးကျော်စစ်များ ဆင်နွှဲနိုင်ခဲ့သည့် စစ်ဘုရင်ဖြစ်သည်။
 
မွန်ဂိုလူမျိုးများ၏ ဓလေ့စရိုက်အရ တနေရာတွင် အခြေချမနေပဲ နေရာအနှံ့ ပြောင်းရွှေ့ နေထိုင်လေ့ ရှိသောကြောင့် သိမ်းပိုက် အနိုင်ရသော နယ်မြေများကို ရေရှည် ထိမ်းချုပ်ထားခြင်း မရှိခဲ့သော်လည်း မွန်ဂို ဩဇာညောင်းခဲ့သော နယ်မြေများအား သမိုင်းနှင့် ကိုက်ကာ တွက်ချက်မှုအရ ဧကရာဇ် ဂျင်ဂစ်ခန်နှင့် သူ၏ မွန်ဂိုလူမျိုးများသည် ကမ္ဘာ့သမိုင်း တစ်လျှောက်လုံးတွင် မြေပြင်တစ်ဆက်တည်းရှိသည့် အကြီးမားဆုံး နယ်မြေကြီးကို အုပ်စိုးနိုင်ခဲ့ပေသည်ဟု အသိအမှတ် ပြုခဲ့ကြပေသည်။
 
* မွန်ဂိုကို မြန်မာ့ သမိုင်းတွင် "မောင်းဂွတ်" ဟုလည်းကောင်း၊ "တာတာ" ဟုလည်းကောင်း ရေးသားလေ့ ရှိသည်။
စာကြောင်း ၁၅ -
[[File:Genghiskhantraditional.svg|thumb|ဂျင်ဂစ်ခန်၏ မူလ မွန်ဂို စာလုံး]]
 
ဂျင်ဂစ်ခန်သည် ၁၁၆၂ ခုနှစ် ခန့်တွင် ဘာခန် ခလာဒန် တောင်၊ အိုနွန် နှင့် ခါလန် မြစ်နားမှ ယနေ့ [[မွန်ဂိုးလီးယား]] နိုင်ငံ၏ မြို့တော် [[အူလန်းဘာထာ]]နှင့် အနည်းမျှငယ်သာ ကွာဝေးသော ဒယ်လီဂန် ဗူလဒွတ်အရပ်တွင် မွေးဖွားခဲ့သည်။ မွေးဖွားစတွင် ရရှိခဲ့သော ဂျင်ဂစ်ခန်၏ အမည်ရင်းမှာ သံလူသား(Iron Man) ဟု အဓိပ္ပါယ်ရသော တီမူးဂျင် ဟူ၍ဖြစ်သည်။ ထိုအမည်မှာ သူမွေးဖွားခါနီးတွင် သူ့ဖခင် တိုက်ခိုက် အနိုင်ရခဲ့သော [[တာတာ]] လူမျိုးစုခေါင်းဆောင်၏ အမည်ကို ယူခြင်း ဖြစ်သည်။
 
ရက်စုခိုင် ဟု အမည်တွင်သော သူ၏ဖခင်မှာ မွန်ဂိုမျိုးနွယ် ကိုင်ယက်ခ် မျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်ကာ မိခင်မှာ အိုလ်ခွန်းနတ် မျိုးနွယ်စုတွင် မွေးဖွားခဲ့ကာ ဟိုလန် ဟု အမည်ရသည်။ သို့သော်လည်း ဂျင်ဂစ်ခန်မှာမူ ထုံးတမ်း အစဉ်အလာအရ ကိုင်ယက်ခ် မျိုးနွယ်စုမှာပင် ကြီးပြင်းခဲ့သည်။
စာကြောင်း ၂၁ -
=== မွေးချင်းများ ===
 
တီမူးဂျင်တွင် ညီအစ်ကိုများ ဖြစ်သော ခါစာ၊ ခါဂျန်း၊ တီမျူးနှင့် ညီမ တန်မျူလန် ဟူ၍ အခြား မွေးချင်း လေးယောက်နှင့် အခြား မိထွေးများမှ မွေးသော ညီအစ်ကိုများ ဖြစ်သော ဘက်ခ်ထာ နှင့် ဘယ်လ်ဂူတိုင် တို့လည်း ရှိသည်။
 
=== ငယ်ဘဝ ===
 
အခြား ရွေ့လျား နေထိုင်ကြသော မွန်ဂိုးလီးယားမှ အခြား မျိုးနွယ်စုလေးများ ကဲ့သို့ပင် တီမူးဂျင်၏ ငယ်ဘဝသည်လည်း ခက်ခဲမှုများ တွေ့ကြုံခဲ့ရသည်။ တီမူးဂျင် ကိုးနှစ်သား အရွယ်တွင် ကြိုတင် စေ့စပ်ထားမှု အရ သူ၏ အနာဂတ်တွင် လက်ထပ်ရမည် ဖြစ်သော ဘုတ်အူဂျင်၏ အွန်ဂီရတ် မျိုးနွယ်စု ဆီသို့ သူ့ဖခင်၏ အမိန့်ဖြင့် ပို့ဆောင်ခြင်း ခံရသည်။ သူသည် လက်ထပ်နိုင်သည့် အရွယ် ဖြစ်သော ၁၂ နှစ်သား အရွယ်အထိ ထိုလူမျိုးစုမှ ဒိုင်စီချန်ထံတွင် နောက်လိုက် တစ်ဦး အဖြစ် လိုက်ပါခဲ့ရသည်။
 
တီမူးဂျင် အိမ်ပြန်ခွင့်ရသည့် အချိန်တွင်မှ သူ၏ ဖခင်မှာ နယ်မြေချင်း ဆက်စပ်၍ မကြာခဏ စစ်ဖြစ်ပွားလေ့ရှိသော တာတာ တို့နှင့် ထမင်းစားပွဲတွင် အဆိပ်ခတ်ခံရ၍ သေဆုံးသွားခဲ့လေသည်။ ထို့ကြောင့် တီမူးဂျင်သည် လူမျိုးစု ခေါင်းဆောင် "ခန်" တစ်ဦးအဖြစ် ကြေငြာရန် ပြန်လာခဲ့သည်။ သို့သော် သူ၏ လူမျိုးစုက အသက် ငယ်ရွယ်လှသော တီမူးဂျင် အုပ်ချုပ်မည်ကို လက်မခံခဲ့ကြပဲ သူ၏ တစ်မိသားစုလုံးကို အကာအကွယ် မပေးတော့ပဲ စွန့်ခွာထားပစ် ခဲ့ကြသည်။
 
နောက်ထပ် နှစ်အတော်ကြာအထိ တီမူးဂျင်နှင့်သူ၏ မိသားစုမှာ အလေ့ကျ သီးသော အသီးအနှံများကို ခူးဆွတ်စားခြင်း၊ တီမူးဂျင်တို့ ညီအစ်ကို တစ်ခုက အမဲလိုက်နိုင်သော အကောင် ငယ်လေးများကိုသာ စားသုံးခြင်းနှင့် ဆင်းရဲစွာ ရုန်းကန်နေထိုင် ခဲ့ကြရသည်။ အမဲလိုက်ပွဲ တစ်ခုတွင်မူ အသက် ၁၃နှစ် ရှိပြီဖြစ်သော တီမူးဂျင်က သူ၏ အဖေတူ အမေကွဲ ညီအစ်ကို ဘက်ခ်ထာ ကို အမဲကို ဝေငှသောအခါ စကားများကြရင်း သတ်လိုက် မိလေသည်။ ထိုဖြစ်ရပ်ကြောင့် သူသည် သူတို့ မိသားစု၏ ခေါင်းဆောင် ဖြစ်လာခဲ့သည်။
 
=== တီမူးဂျင်၏ လွတ်မြောက်ခြင်း ===
 
၁၁၈၂ တွင်မူ သူ့ဖခင် မကွယ်လွန်ခင်က မဟာမိတ်များ ဖြစ်ခဲ့သော တရီချိုင်ရစ် လူမျိုးစုမှ တိုက်ခိုက်ခြင်း ခံရကာ အကျဉ်းသား အဖြစ် ဖမ်းဆီးခြင်း ခံရသည်။ သို့သော် တီမူးဂျင်ကို သနားစိတ် ဝင်ခဲ့သော (နောင်အခါ ဂျင်ဂစ်ခန်၏ စစ်ဗိုလ်ချုပ် တစ်ဦး ဖြစ်လာခဲ့သော) ချေးလ်လောင်၏ ဖခင်က တီမူးဂျင် လွတ်မြောက်စေအောင် ကူညီခဲ့လေသည်။ ထိုအချိန်တွင် (နောင်အခါ ဂျင်ဂစ်ခန်၏ စစ်ဗိုလ်ချုပ်များ ဖြစ်လာကြမည့်) ဂျယ်လ်မီ နှင့် ဘော်ရ်ချူ တို့လည်း လာရောက် ပူးပေါင်းသည်။ ထို တရီချိုင်ရစ် လူမျိုးစု လက်ထဲမှ လွတ်မြောက်သွားသည့် အချိန်မှ စတင်၍ တီမူးဂျင်သည် သူ၏ အစောဆုံး ကျူးကျော်စစ်များအတွက် လိုအပ်သည့် လူအင်အားကို သူ၏ ညီအကိုများကို ဗဟိုပြု၍ စုဆောင်းလေတော့သည်။
 
=== မိခင်၏ သင်ကြားမှု ===
 
ထိုအချိန်တွင် မွန်ဂို လူမျိုးစုများမှာ တခါတရံ ကြိုတင် စေ့စပ်သည့် လက်ထပ် ပွဲများကြောင့် ခဏတာ မဟာမိတ် ဖြစ်သည်များမှ လွဲ၍ ဘယ်သောအခါမှ စုစုစည်းစည်း မရှိကြပေ။ တီမူးဂျင်သည် မွန်ဂိုးလီးယား၏ နိုင်ငံရေးဥတုကို လေ့လာရင်း၊ လူမျိုးစုများကြား စစ်ပွဲများ၊ လူမျိုးစုချင်း ခိုးဝှက် ဓါးပြ တိုက်ခိုက်မှုများ၊ မသမာမှုများနှင့် အဆက်မပြတ် အပြန်အလှန် ဖြစ်ပွားနေကြသော လက်စားချေ မှုများအကြားတွင် ကြီးပြင်းလာရသည်။
 
ထိုကဲ့သို့ ဖြစ်ချင်တိုင်း ဖြစ်နေကြသော မွန်ဂိုးလီးယား မြက်ခင်း လွင်ပြင် ဒေသကြီးမှာ တောင်ပိုင်းမှ [[တရုတ်]]မင်းဆက်များ၏ ဩဇာ လွှမ်းမိုး၍ ဝင်ရောက် စွက်ဖက်ရန် ကြိုးစားနေမှု များလည်း ရှိနေသည်။ တီမူးဂျင်၏ အမေ ဟိုလန်က မွန်ဂိုးလီးယားနိုင်ငံရေး အခြေအနေများနှင့်စပ်လျင်း၍ များစွာ သင်ကြား ပေးခဲ့ရာ အဓိအားဖြင့် မဟာမိတ် ဖွဲ့ခြင်း၏ အရေးပါမှုကို နားလည်အောင် သင်ကြားပေးခဲ့သည်။
စာကြောင်း ၄၃ -
== မိသားစုဘဝ ==
 
တီမူးဂျန်သည် သူ၏ ဖခင် စေ့စပ် စီစဉ်ခဲ့သော အိမ်ထောင်ဖက် ဖြစ်သည့် အွန်ဂူရတ် မျိုးနွယ်စုမှ ဘုတ်အူဂျင်ကို အသက် ၁၆နှစ်ခန့်တွင် လူမျိုးစုခြင်း မဟာမိတ် ပြုရန်အလို့ငှာ လက်ထပ်ခဲ့သည်။ ဘုတ်အူဂျင်နှင့် ဂျိုချီ (၁၁၈၅ - ၁၂၂၆)၊ ချဂတိုင် (၁၁၈၇ - ၁၂၄၁)၊ အိုဂျီဒိုင် (၁၁၈၉ - ၁၂၁၄)နှင့် တိုလူအီ (၁၁၉၀ - ၁၂၃၂) ဟူ၍ သားလေးဦး ထွန်းကားခဲ့သည်။ ဂျင်ဂစ်ခန်သည် အခြား ဇနီးများနှင့်လည်း သားသမီးများ ရရှိခဲ့သော်လည်း သူ၏ သိမ်းပိုက် အောင်မြင်မှုများကို ခွဲဝေရာတွင် ထည့်သွင်း စဉ်းစားခြင်း မရှိခဲ့ပေ။ သမီးများနှင့် ပတ်သက်သော မှတ်တမ်းမှတ်ရာ များမှာမူ လုံးဝ မရှိချေ။
 
လက်ထပ်ပြီး မကြာမီတွင် ဘုတ်အူဂျင်အား မားကစ် လူမျိုးစုမှ ဖမ်းဆီးသွားကြရာ တီမူးဂျန်က သူ၏ မိတ်ဆွေ၊ (နောင်အခါ ပြိုင်ဖက်များ ဖြစ်လာကြသော) ဂျမူကာ နှင့် သူ၏ သက်တော်စောင့် ကာရစ် မျိုးနွယ်စုမှ အွန်ခန်နှင့် ပူးပေါင်းကာ သွားရောက် ကယ်ဆယ်ခဲ့လေသည်။ ထို့နောက် ကိုးလမျှ ကြာသော် သား ဂျိုချီကို မွေးဖွားခဲ့လေသည်။ တီမူးဂျန်သည် ခေါင်းဆောင် တစ်ဦး အနေနှင့် ဇနီး တစ်ဦးထက်ပို လက်ခံရသော ထုံးတမ်း အစဉ်အလာကို လိုက်နာခဲ့သော်လည်း ဘုတ်အူဂျင် သည်သာ သူ၏ တစ်ဦးတည်းသော ဧကရီ ဖြစ်ခဲ့လေသည်။
 
== ဂျင်ဂစ်ခန်နှင့် ဘာသာရေး ==
ဂျင်ဂစ်ခန်သည် [[ ဗုဒ္ဓဘာသာ]] ဝင်တစ်ဦးဖြစ်သည်။ <ref>http://www.vegetariansareevil.com/forum/comments.php?DiscussionID=10&page=1</ref> သို့သော် သူသည် ဘာသာရေးနှင့် ပတ်သက်၍ အလွန် အမြင်ကျယ်သောသူ ဖြစ်ကာ အခြား ဘာသာများမှ အတွေးအခေါ်နှင့် အယူအဆများကို လေ့လာရန် အလွန် စိတ်ပါဝင်စားမှု ရှိခဲ့သည်။ [[ ဗုဒ္ဓဘာသာ]] အတွေးအခေါ်နှင့် အယူအဆများကို အလွန် စိတ်ပါဝင်စားမှု ရှိခဲ့သည်။ ထို့ကြောင့် သူသည် [[ ဗုဒ္ဓဘာသာ]] [[ရဟန်း ]] များ၊ [[ခရစ်ယာန်]] [[သာသနာပြု]]များ၊ [[မူဆလင်]] ကုန်သည်များနှင့် [[တာအို]] ဘုန်းကြီးများကို လက်ခံတွေ့ဆုံ၍ ဆွေးနွေးမှုများ ပြုခဲ့သည်။ <ref>http://en.wikipedia.org/wiki/Genghis_Khan</ref>
 
== မဟာမိတ်များကို စည်းရုံးခြင်း ==
[[File:Mongol Empire map.gif|thumb|300px|ဂျင်ဂစ်ခန် အဆင့်ဆင့်သိမ်းပိုက်၍ မွန်ဂို အင်ပိုင်ယာကို တည်ဆောက်ခဲ့ပုံ]]
အလယ်အာရှ ကုန်းပြင်မြင့်သည် တီမူးဂျန် ငယ်စဉ် ကာလ ၁၂၀၀ ခုနှစ်လောက်တွင် လူမျိုးစုများ၊ မဟာမိတ်အဖွဲ့များနှင့် များစွာ အစိတ်စိတ် ကွဲ၍ တည်ရှိခဲ့သည်။ ထို လူမျိုးစုများ၊ မဟာမိတ် အစုများ အထဲတွင် [[နိုင်မန်း]]၊ [[မားကစ်]]၊ [[ယူဂါ့]]၊ [[တာတာ]]၊ [[မွန်ဂို]]နှင့် [[ကာရစ်]] တို့မှာ အချင်းချင်း မသင့်မမြတ် ဖြစ်လေ့ရှိကြပြီး လူမျိုးစု အချင်းချင်း ဓါးပြတိုက်မှုများ၊ အပြန်အလှန် ကလဲ့စား ချေမှုများနှင့် ဖုံးလွှမ်းနေခဲ့သည်။
 
ထိုစဉ် သူ၏ မိသားစုလေး၏ ခေါင်းဆောင် ဖြစ်နေသော တီမူးဂျန်သည် သူ့ ဖခင်၏ သွေးသောက် ညီအစ်ကို ဖြစ်ခဲ့သော ကာရစ် လူမျိုးစု၏ ခေါင်းဆောင် တော့ဂ်ဟရူ အား မဟာမိတ်ပြုရန် တောင်းဆိုခဲ့သည်။ ဘုတ်အူဂျင်ကို မားကစ်လူမျိုးစုမှ ဖမ်းဆီး ခေါ်ဆောင်သွားသော အခါတွင် ထို ကာရစ် လူမျိုးစု၏ မဟာမိတ်မှ အကူအညီပေးခဲ့သည်။ ကူညီရန်အတွက် တော့ဂ်ဟရူက သူ၏ ကာရစ် လူမျိုးစုမှ တိုက်ပွဲဝင် လူအင်အား ၂၀၀၀၀ နှင့်အတူ သူ၏ ငယ်ဘဝ သူငယ်ချင်း ဂျမူကာ ကို စေလွှတ်ခဲ့သည်။ ဂျမူကာသည် နောင်အခါတွင် ဂျဒါရန် လူမျိုးစု၏ ခေါင်းဆောင် ဖြစ်လာခဲ့သည်။ တိုက်ပွဲမှာ အောင်မြင်ခဲ့ပြီး တီမူးဂျန်၏ ဇနီးကို ကယ်တင်လိုက်နိုင်ကာ မားကစ် လူမျိုးစုကို တိုက်ခိုက် အနိုင်ယူလိုက် နိုင်သည်။ ထိုတိုက်ပွဲ နောက်ပိုင်းတွင် တီမူးဂျန်နှင့် ဂျမူကာတို့မှာ သွေးသောက် ညီအစ်ကိုများ ဖြစ်လာကြသည်။
 
မွန်ဂို လူမျိုးစုများ၏ မဟာမိတ် အဖွဲ့၏ ၁၂၀၀ ခုနှစ်ခန့်က အဓိက ရန်သူများမှာ အနောက်အရပ်တွင် နိုင်မန်း၊ မြောက်အရပ်တွင် မားကစ်၊ တောင်အရပ်တွင် တန်ဂပ်နှင့် အရှေ့အရပ်တွင် ဂျင် နှင့် တာတာ လူမျိုးစုများ ဖြစ်သည်။ ၁၁၉ဝတွင် အကြံပေးများ၊ သူ၏ နောက်လိုက်များနှင့် တီမူးဂျန်သည် အသေးစား မွန်ဂို လူမျိုးစု မဟာမိတ် အဖွဲ့လေးသာ ဖွဲ့စည်းနိုင်ခဲ့သည်။ သူ၏ အုပ်ချုပ်မှု ကာလအတွင်း ရန်ဖက် လူမျိုးစုများကို တိုက်ခိုက်ခဲ့ရာတွင် တီမူးဂျန်သည် မွန်ဂိုတို့၏ ရိုးရာ ဓလေ့ထုံးတမ်းများကို အတော်အတန် ချိုးဖျက်ခဲ့လေသည်။ သူသည် သူ၏ ခေါင်းဆောင်မှုကို မိသားစု တစ်စု၏ ခေါင်းဆောင်ကို လိုက်နာမှု ပုံစံထက် သစ္စာရှိမှုအပေါ် အခြေခံခဲ့သည်။ တီမူးဂျန်သည် သူ၏ အမိန့်နှင့် ဥပဒေကို တိတိကျကျ လိုက်နာခြင်းဖြင့် သူ၏ နောက်လိုက် ပြည်သူများနှင့် စစ်သည်များကို ချမ်းသာ ကြွယ်ဝစေရမည်ဟု ဆိုခဲ့သည်။ သူသည် ရှေးအစဉ်အလာ လုပ်ထုံး လုပ်နည်းအရ ရန်သူကို တိုက်ခိုက် အောင်မြင်ပါက ရန်သူများကို နှင်ထုတ်၍ ပစ္စည်းများကို သိမ်းယူခြင်းကို မလုပ်ပဲ ရန်သူ၏ လူမျိုးစုကို သူ၏ လက်အောက်သို့ သွင်းကာ သူ၏ လူမျိုးစုဟု သတ်မှတ်လိုက်သည်။ အချို့ တိုက်ပွဲများမှ ရရှိသော မိဘမဲ့ ကလေးများကို သူ၏ မိခင်က မွေးစားကာ မိသားစုဝင် အဖြစ် သတ်မှတ်သည်များလည်း ရှိခဲ့သည်။ ဤသို့ဖြင့် စစ်ရှုံး၍ သိမ်းသွင်းခံရသူများ ကြားတွင်လည်း လေးစားမှုကို ရရှိလာပြီး အောင်မြင်သော တိုက်ပွဲ တစ်ပွဲစီ တိုင်းတွင် တီမူးဂျင်နှင့် သူ၏ မွန်ဂို မဟာမိတ်အဖွဲ့မှာလည်း ပိုပို၍ အင်အား ကြီးမားလာ လေတော့သည်။
 
တော့ဂ်ဟရူ၏သား စန်ဂမ်မှာမူ တီမူးဂျန်၏ အောင်မြင်မှုအပေါ် မနာလိုဝန်တိုမှု ကြီးမားလာသည်။ ထို့နောက် သူသည် သူ၏ ဖခင်နှင့် ပေါင်းကာ တီမူးဂျန်ကို လုပ်ကြံရန် ကြံစည်ခဲ့လေသည်။ တော့ဂ်ဟရူမှာ တီမူးဂျန်နှင့် ပူးပေါင်း၍ တိုက်ခိုက်လျက် ရှိသော်လည်း သူ့သားဖက်မှာ ပါကာ လက်တွဲ တိုက်ခိုက်ရန် ငြင်းဆန်လိုက်လေတော့သည်။ တော့ဂ်ဟရူတို့၏ မလေးစားမှုများသည် သူ့သမီးနှင့် တီမူးဂျန်၏ အကြီးဆုံးသား ဂျိုချီတို့ လက်ထပ်ရန် စီစဉ်ထားသည်ကိုပင် ဖျက်သိမ်းသည်အထိ ပြုမူလာသည်။ ထို စေ့စပ်ထားသည်ကို ဖျက်သိမ်းခြင်းသည် မွန်ဂို ယဉ်ကျေးမှုကိုပါ မလေးစားသကဲ့သို့ ဖြစ်ပေါ်သည်။ အဆိုပါ ဖြစ်ရပ်ကြောင့် ကွဲထွက်နေသည့် တော့ဂ်ဟရူနှင့် တီမူးဂျန်တို့ အုပ်စုကြားတွင် စစ်ပွဲဆီသို့ ဦးတည်လာတော့သည်။ တော့ဂ်ဟရူသည် တီမူးဂျန်အား အစကတည်းက ဆန့်ကျင်နေပြီး ဖြစ်သော ဂျမူကာနှင့် ပူးပေါင်းသည်။ သို့သော် တော့ဂ်ဟရူနှင့် ဂျမူကာတို့ ကြားတွင် ပဋိပက္ခ ဖြစ်သောကြောင့် နောက်ဆုံးတွင် တီမူးဂျန်သာ အနိုင်ရလိုက်သည်။ ဂျမူကာမှာမူ တိုက်ပွဲအတွင်းမှ ထွက်ပြေး လွတ်မြောက်သွားသည်။ ထို တိုက်ပွဲ၏ ရလာဒ်အနေဖြင့် ကာရိတ် လူမျိုးစုမှာ လုံးဝ ပျက်သုဉ်းခြင်းသို့ရောက်ရှိခဲ့သည်။
စာကြောင်း ၁၇၇ -
 
[[Category:မွန်ဂိုးလီးယားနိုင်ငံ]]
[[Category:တရုတ်ပြည်သူ့သမ္မတနိုင်ငံ]]
[[Category:နိုင်ငံတကာ ဘုရင်များ]]