မဟာဗန္ဓုလ: တည်းဖြတ်မှု မူကွဲများ

remove photo of statue of Bayinnaung
အရေးမကြီး clean up using AWB
စာကြောင်း ၆၅ -
[[မဏိပူရ]] ကဲ့သို့ပင် အာသံ သည် [[ဘိုးတော်ဘုရား]] ထီးနန်းစိုးစံချိန် နောက်ပိုင်းတွင် သိမ်းပိုက်ထားခြင်းများမှ တစ်ခုဖြစ်သည်။ မြန်မာတို့ သည် ၁၈၁၇ မတ်လတွင် အဟွမ်း တိုင်းပြည်ကို ပထမဦးဆုံးကျူးကျော် ဝင်ခဲ့ပြီး ရုပ်သေးဘုရင် တစ်ယောက်အဖြစ် ချန်ထရာ ကန်တ ဆင်း (န်) ကို ခန့်အပ်ခဲ့သည်။ မြန်မာစစ်တပ်များ နိုင်ငံအတွင်းမှ ထွက်ခွာပြီးနောက် မကြာမီတွင် ရုပ်သေးဘုရင်မှာ နန်းချခံရပြီး ဘိုးတော်ဘုရားမင်း၏ အုပ်စိုးချိန် နောက်ဆုံးနေ့ရက်များအတွင်း ၁၈၁၉ ခုနှစ်အစောပိုင်းတွင် မြန်မာတပ်များကို ပြန်လာစေခဲ့သည်။ မည်သို့ပင်ဖြစ်စေ၊ ၁၈၂၁ ခုနှစ်တွင် ရုပ်သေးဘုရင်သည် ဗြိတိသျှ တို့ထံတွင် ပြောင်းလဲ၍ သစ္စာခံခြင်းဖြင့် ဗမာတို့ကို ဆန့်ကျင်ခဲ့သည်။ ဘကြီးတော်မင်း သည် နောက်တစ်ဖန် ဗန္ဓုလ အား အာသံ ကို ပြန်လည်သိမ်းယူရန် စေလွှတ်ခဲ့သည်။
 
၁၈၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အယောက် ၂၀၀၀၀ ရှိသော မြန်မာစစ်တပ် တစ်တပ် ခမ်းတီး ရှမ်းနှင့် ကချင် အပါအဝင်) သည်ဟူးကောင်း တောင်ကြား တစ်လျှောက်ရှိ ၎င်းတို့၏ မြောက်ဘက်စွန်းအကျဆုံးခံတပ်များမှနေ၍ နှင်းထူထပ်သော တောင်တန်း များကို ကျော်ဖြတ်ပြီး အာသံ ကို ချီတက်ခဲ့ကြသည်။ တစ်နှစ်ခွဲနီးပါးမျှ ကမ္ဘာပေါ်ရှိ အခက် အခဲ အကြမ်းတမ်းဆုံး သော မြေအနေအထားအချို ့တွင် ပြင်းပြင်းထန်ထန်တိုက်ပွဲများ ဖြစ်ပွားပြီး နောက်ဆုံးတွင် မြန်မာတပ်များသည် ချန်ထရာ ကန်တ ဆင်း(န်)နှင့် အာသံ စစ်တပ်ကို ၁၈၂၂ ခုနှစ် ဇူလိုင်လတွင် အနိုင်ရခဲ့ပြီး အာသံ အား စစ်တပ် ဘုရင်ခံချုပ် အုပ်ချုပ်မှုအောက်တွင် ဗမာနယ်ပယ်တစ်ခုအဖြစ် သွတ်သွင်းခဲ့ကာ သက်တမ်း နှစ် ၆၀၀ ရှည်ကြာခဲ့ သော အဟွမ်း နန်းတော်ကို တစ်ကြိမ်တည်းနှင့် အားလုံးအတွက် အဆုံးသတ်စေခဲ့ သည်။အရေးနိမ့်ခဲ့သော အာသံ လူမျိုးဘုရင်သည် ဗြိတိသျှ ပိုင်နက်နယ်မြေဖြစ်သော ဘင်္ဂလားနယ် သို့ ထွက်ပြေးခဲ့သည်။ ဗန္ဓုလ ၏ တောင်းဆိုချက် ဖြစ်သော ထွက်ပြေးတိမ်းရှောင်နေသည့်ဘုရင် လက်နက်ချရန် ဆိုသည်ကို ဗြိတိသျှတို့ အနေဖြင့် လျစ်လျူရှုပြီး ၎င်းအစား စစ်ကူတပ်စိပ်များကိုနယ်ခြားခံတပ်များသို့ စေလွှတ်ခဲ့သည်။မဟာဗန္ဓုလ သည် ဗိုလ်ချုပ်ကြီး မဟာ သီလဝ အုပ်ချုပ်သော စစ်သား အယောက် ၂၀၀၀ ပါဝင် သည့် မြို့စောင့်တပ်ကိုထားခဲ့ပြီး [[အင်းဝ]] သို့ ပြန်ခဲ့သည်။ယခင် မောင်ရစ်သည် သတိုးမဟာဗန္ဓုလ (သို့မဟုတ် ရိုးရှင်းစွာဖြင့် မဟာဗန္ဓုလ) ဟူသော ဘွဲ့ကို ရရှိခဲ့သည့် [[အာသံ]] ကို အောင်နိုင်ပြီး နောက်ပိုင်းမှ စတင်၍ သူ့အား ထိုကဲ့သို့ သိစေခဲ့ခြင်းဖြစ်သည်။
 
== ပထမ အင်္ဂလိပ် - မြန်မာ စစ်ပွဲ (၁၈၂၄ - ၁၈၂၆) ==
စာကြောင်း ၁၀၂ -
ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲသည် ဗြိတိသျှ အိန္ဒိယ သမိုင်းတွင် အရှည်ကြာဆုံးနှင့် တန်ဖိုးအကြီးဆုံးစစ်ပွဲဖြစ်သည်။ ဥရောပနှင့် အိန္ဒိယစစ်သား တစ်သောင်းငါးထောင်နှင့်အတူ ပို၍မြင့် မားသော (အတိအကျအားဖြင့် အလွန်မြင့်မားလုနီးပါး) အရေအတွက်ရှိသည့် မြန်မာစစ်သားများ သေဆုံးခဲ့သည်။ ထိုတိုက်ပွဲစဉ်သည် ဗြိတိသျှတို့အား မည်သည့်နေရာတွင်မဆို စတာလင်ပေါင် ငါး သန်းမှ (အကြမ်းအားဖြင့် ၂၀၀၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၈.၅ ဘီလီယံ) စတာလင်ပေါင် ၁၃ သန်း အထိ ကုန်ကျစေခဲ့ပြီး ၁၈၃၃ ခုနှစ်တွင် ဗြိတိသျှ အိန္ဒိယတွင် ဆိုးရွားသော စီးပွားရေးကပ်ဆိုက်မှု တစ်ခုကို ဖြစ်စေခဲ့သည်။
 
သို့သော် မြန်မာတို့အတွက်မူ ဤအရာသည် သူတို့၏လွတ်လပ်ရေး အဆုံးသတ်ခြင်း၏ တကယ့်အစ ဦးဖြစ်သည်။ ဗြိတိသျှ အိန္ဒိယအတွက် ကြောက်စရာကောင်းခြင်းကို တိုတောင်းသောအချိန်ကာလ တစ်ခု ဖြစ်စေခဲ့သော တတိယ ဗမာ အင်ပါယာသည် ထိထိရောက်ရောက် မပြီးစီးခဲ့ဘဲ အကြီးအ ကျယ် ထိခိုက်ပျက်စီးခဲ့ကာ ဗြိတိသျှ အိန္ဒိယ၏ အရှေ့ပိုင်း ရှေ့တန်းစစ်မျက်နှာပြင်ကို ခြိမ်းခြောက်မှု တစ်ခုအဖြစ်ရှိနေနိုင်တော့မည် မဟုတ်ပါ။ဗမာတို့ကို ထိုအချိန်ကပင် ဥရောပ၌ ကြီးမားသော ငွေ ပမာဏ ဖြစ်သည့် ကြီးမားသော လျော်ကြေးငွေ ပေါင်တစ်သန်း (ထို့နောက်တွင် အမေရိကန် ဒေါ်လာ ၅ သန်း) ကို ပြန်လည်ပေးဆပ်စေခြင်းဖြင့် နှစ်ပေါင်းများစွာ နှိမ်နှင်းထားခဲ့သည်။ ဗြိတိသျှတို့သည် အလွန်အင်အားချိနဲ့နေပြီဖြစ်သော ဗမာတို့အပေါ်တွင် နောက်ထပ်စစ်ပွဲနှစ်ကြိမ်ပြုလုပ်ပြီး တစ်နိုင်ငံ လုံးအား ၁၈၈၅ အရောက်တွင် ဝါးမြိုသိမ်းပိုက်ခဲ့သည်။
 
== အမွေအနှစ် ==
စာကြောင်း ၁၁၀ -
''ကျွန်ုပ်တို့သည် တိုက်ပွဲတွင် ရှုံးကောင်းရှုံးမည်။ ဤအရာသည် ကျွနု်ပ်တို့၏ ကံကြမ္မာဖြစ်သည်။ ကျွနု်ပ်တို့ အကောင်းဆုံးတိုက်ခိုက်ကြပြီး ကျွန်ုပ်တို့၏ အသက်များကို ပေးဆပ်ကြမည်။ မည်သို့ ပင်ဖြစ်စေ သတ္တိနှင့် တိုက်ခိုက်မှုစွမ်းရည် ကင်းမဲ့သည့်အတွက် တိုက်ပွဲရှုံးနိမ့်ရခြင်း ကြောင့် ဂုဏ်သိက္ခာမဲ့ခြင်းနှင့် အရှက်ရခြင်းကို ကျွန်ပ်မခံစားနိုင်ပါ။ မြန်မာတို့ တိုက်ပွဲရှုံးနိမ့် ရခြင်းမှာ သူတို့၏အကြီးအကဲ တပ်မှူးချုပ်ကိုဆုံးရှုံးရခြင်းကြောင့်ဖြစ်ကြောင်း သူတို့အား သဘော ပေါက်ပါ စေ။ ဤအရာသည် အမြဲတည်ရှိနေမည့် မြန်မာတို့၏ တိုက်ခိုက်မှုစိတ်ဓာတ်ကို သက်သေပြ လိမ့်မည်ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများအလယ်တွင် ကျွန်ုပ်တို့တိုင်းပြည်နှင့် လူမျိုး၏ ဂုဏ်သိက္ခာ နှင့် ခမ်းနားထည်ဝါခြင်းကို ပို၍ ပြည့်စုံစေလိမ့်မည်ဖြစ်သည်။''
 
တစ်နည်းအားဖြင့်ဆိုရသော် မဏိပူရ နှင့် အာသံ တွင် ဖြစ်နိုင်ဖွယ်မရှိသော အောင်နိုင်မှုများကို ဦးတည်စေခဲ့သည့် ရန်သူကို ထိပ်တိုက်ရင်ဆိုင်ရန် တကယ့်သတ္တိနှင့် ရဲရင့်သောစစ်နည်းဗျူဟာများကို အသုံးပြုခြင်းသည် ဆယ်စုနှစ်တစ်ခုမျှအစောပိုင်းကသာ နပိုလီယန် ၏ စစ်တပ်ကို အနိုင်ရ ခဲ့သော အလွန်ကောင်းမွန်သည့် လက်နက်များ တပ်ဆင်ထားပြီး ကမ္ဘာကိုသိမ်းပိုက် စိုးမိုးထားသည့် ဗြိတိသျှ တို့ကို ဆန့်ကျင်သည့် သူ၏ အကျိုးပျက်စီးရာပျက်စီးကြောင်းကို သက်သေပြခဲ့သည်။ သူသည် ထင် ပေါ်ကျော်စောသော်လည်း အလွန်သာလွန်သော ဗြိတိသျှလက်နက်များကို ရင်ဆိုင်ရာတွင် နည်းဗျူ ဟာများကို ပြောင်းလဲရန် ပျက်ကွက်ခဲ့သည်။ ပြောက်ကျားနည်းဗျူဟာ သို့မဟုတ် နည်းဗျူဟာ အသစ် များကို အသုံးပြုခြင်းအား စဉ်းစားရန် သူပျက်ကွက်ခဲ့သည်။အကယ်၍ သူသည် ပြောက်ကျားစနစ် နည်းဗျူဟာကို လက်ခံကျင့်သုံးခဲ့ပါက စစ်ပွဲ၏ နောက်ဆုံးရလဒ်သည် ပြောင်းလဲမှုရှိချင်မှရှိမည်ဖြစ် သော်လည်း သတ်မှတ်ချက်များမှာ အနည်းငယ်လျော့ပေါ့သက်ညှာကောင်းသက်ညှာနိုင်မည်။
 
== လူကြိုက်များခြင်းနှင့် ထင်ပေါ်ကျော်စောခြင်း ==
 
မြန်မာတို့၏ စိတ်အာရုံထဲတွင် ဗန္ဓုလ သည် အလွန်လူကြိုက်များလျက်ရှိနေဆဲဖြစ်ပြီး ထင် ရှားသော မြန်မာဘုရင်များနှင့် ယှဉ်တွဲနေရာယူလေ့ရှိသည့် တစ်ဦးတည်းသော ဗိုလ်ချုပ်ကြီး လည်းဖြစ် သည်။ ၄င်းကို လူကြိုက်များရခြင်းမှာ စစ်ဘက်ရေးရာအုပ်ချုပ်သူအဖြစ် သူ၏ကျွမ်းကျင်မှုများ ကြောင့်သာ မဖြစ်နိုင်ပါ။ အဆုံးတွင် ဗန္ဓုလ ၏ အောင်မြင်မှုများသည် ကျွမ်းကျင်ပြီး အတွေ့အကြုံရင့် ကျက်သော ဒုတိယအကြီးအကဲများဖြစ်သည့် မဏိပူရ တိုက်ပွဲတွင် ဗိုလ်ချုပ်ကြီး [[နေမျိုးသူရ မင်းလှ နော်ရထာ]]နှင့် အာသံ တိုက်ပွဲတွင် ဗိုလ်ချုပ်ကြီး [[မဟာ သီလဝ]] တို့နှင့်အတူ ပေါ်ထွက်လာခဲ့သည်။ ထို့အပြင် တိုင်းပြည်တွင် လူသိ များပြီး ပို၍အောင်မြင်သော ဗိုလ်ချုပ်ကြီးများဖြစ်သည့် မန်ချူး(Manchu ) ကျင်း မင်း ဆက် ၏ ၁၇၆၇ ခုနှစ် နှင့် ၁၇၆၉ ခုနှစ်များတွင် ကျူးကျော်ဝင်ရောက်မှုများကို အနိုင်ရခဲ့သော ဗိုလ်ချုပ်ကြီး[[မဟာသီဟသူရ]] ၊ ၁၇၆၇ တွင် အယုဒ္ဓယ မင်းနေ ပြည်တော် ကို အစိတ်စိတ်အမြွာမြွာပြိုကွဲစေခဲ့သည့် ဗိုလ်ချုပ်ကြီး [[မဟာနော်ရထာ]] နှင့် ဗိုလ်ချုပ်ကြီး [[သီဟပတေ့]] သို့မဟုတ် ၁၆ ရာစုတွင် အရှေ့တောင် အာရှ၏ အနောက်ပိုင်း ပင်မနယ်မြေအတော်များများကိုသိမ်းပိုက်ခဲ့သည့်စစ်သည် ဘုရင် [[ဘုရင့်နောင်]] မင်းတရားကြီးတို့ ဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် ထိုအချိန်က ကမ္ဘာ့အင်အားကြီးဖြစ်သော ဗြိတိသျှတို့ကို ဆန့်ကျင်၍ မည်သည့်အခါကမျှ မတိုက်ခိုက်ခဲ့ပေ။
 
အတိအကျဆိုရလျှင် ဗန္ဓုလ အား ဆက်လက်၍ လူကြိုက်များ နေခြင်းမှာ အလွန့် အလွန် သာလွန်သည့် ရန်သူကို ဆန့်ကျင်တိုက်ခိုက်ရဲသော သူ၏ ရဲစွမ်းသတ္တိကြောင့်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဤအရာသည် မြန်မာများအနေဖြင့် ဗန္ဓုလအား တတိယ မြန်မာ အင်ပါယာ၏ နောက်ဆုံးထည်ဝါတောက်ပခဲ့သောရက်များအတွက် ကိုယ်စားလှယ်အဖြစ်မြင်ကြခြင်းကြောင့် လည်း ဖြစ်နိုင် သည်။ ဗန္ဓုလ ကျဆုံးပြီးနောက်တွင် ရှက်ဖွယ်ကောင်းသည့် ဆုတ်ဆိုင်းမှုဖြစ်စဉ်များ တစ်ခုပြီး တစ်ခု အစဉ်လိုက်ဖြစ်ပွားကာ နောက်ဆုံးတွင် ၁၈၈၅ ခုနှစ်၌ အချုပ်အခြာအာဏာကို ဆုံးရှုံး ခဲ့ရသည့်အဖြစ်သို့ ဦးတည်စေခဲ့ကြောင်း ဗမာတို့အမှတ်ရနေသည်။ အမှန်တွင်မူ ထိုရှက်ဖွယ် ကောင်းသော ဆုတ်ဆိုင်းမှုများသည် ယနေ့ထိတိုင်အောင်ဆက်လက် ဖြစ်ပွားနေဆဲဟု တစ်ချို့က ဆို ကြလိမ့်မည်။ မည်သို့သော အကြောင်းပြချက်အတွက်မဆို ဗန္ဓုလ သည် မြန်မာ့ရာဇဝင်တွင် အထင်ရှားဆုံးသော ဗိုလ်ချုပ်ကြီးတစ်ဦးအဖြစ်ဆက်လက်တည်ရှိနေမည်ဖြစ်သည်။
စာကြောင်း ၁၂၁ -
[[File:MahaBandula.2.jpg|thumb|200px|ရန်ကုန် မြို့လယ်ရှိ မဟာ ဗန္ဓုလ တံတား]]
ဗန္ဓုလ အသင်း သည် မြန်မာမူလတန်းနှင့် အလယ်တန်း ကျောင်းတိုင်းရှိ ကျောင်းသားများ အားလုံးဖြင့် ဖွဲ့စည်းထားသည့် ကျောင်းသားအသင်းလေးသင်းအနက်မှ တစ်သင်းဖြစ်သည်။ အခြား အသင်းသုံးသင်းမှာ မြန်မာ့ရာဇဝင်တွင် အကြီးကျယ်ဆုံးသော ဘုရင်များကို အစွဲပြု၍ အမည်ပေး ထားခြင်းဖြစ်သည်- [[ကျန်စစ်သား]] အသင်း ၊ [[ဘုရင့်နောင်]] အသင်း နှင့် [[အလောင်းဘုရား]] အသင်းတို့ ဖြစ်ကြသည်။
မြန်မာပြည်ရှိ အထင်ရှားဆုံးသော နေရာအချို့မှာ တိုက်ပွဲအတွင်းကျဆုံးခဲ့ကြသော ဗိုလ်ချုပ်ကြီးများကို အစွဲပြု၍ အမည်ပေးထားခြင်း ဖြစ်သည်။
 
[[မဟာ ဗန္ဓုလ လမ်း]] [[ရန်ကုန်]] မြို့လယ်တွင် အဓိကလမ်း ကြောင်းကြီး လေးခုအနက်မှတစ်ခု၊[[မဟာ ဗန္ဓုလ ပန်းခြံ]] ရန်ကုန် မြို့လယ်၏ ဗဟိုအချက်အချာ၊ [[မဟာ ဗန္ဓုလ ပန်းခြံလမ်း]] ရန်ကုန် မြို့လယ်တွင် လူသူ လှုပ်ရှားမှု ထူထပ်သောလမ်းနှင့်[[မဟာ ဗန္ဓုလ တံတား]] ရန်ကုန် အရှေ့ပိုင်းရှိ [[တံတား]]တစ်စင်းတို့ ဖြစ်ကြသည်။ သို့သော် အထက်ဖော်ပြပါ အမည်များမှာ ရန်ကုန်မြို့ အတွင်း၌သာ ဖြစ်သည်။ သို့သော် အခြား မြို့ရွာတိုင်း၌ ဤသို့သော ဂုဏ်ပြု အမည် နာမများ ရှိကြသည်။
 
==ကိုးကား==
စာကြောင်း ၁၂၉ -
{{ကုန်းဘောင်ခေတ်}}
{{မြန်မာနိုင်ငံ}}
{{Stub}}
 
<ref>http://en.wikipedia.org/wiki/Maha_Bandula</ref>
Line ၁၄၂ ⟶ ၁၄၁:
[[Category:မြန်မာ့ သမိုင်း]]
[[Category:သမိုင်း]]
[[Category:ကုန်းဘောင်ခေတ်]]
[[Category:မြန်မာအတ္ထုပ္ပတ္တိ]]
[[Category:မြန်မာ့သမိုင်း]]
[[Category:မြန်မာ]]