ခရစ်ယာန်ဘာသာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး clean up using AWB
စာကြောင်း ၃ -
[[File:StJohnsAshfield StainedGlass GoodShepherd Face.jpg|thumb|alt=Photo of Jesus Christ|ခရစ်ယာန်ဘာသာဝင်များ ယုံကြည်ကိုးကွယ်ကြသည့် ယေရှူခရစ်တော်၏ပုံ]]
ခရစ်ယာန်သာသနာ (ဂရိ စာလုံး Xριστός မှ၊ ခရစ်စတို့စ်၊ “ယေရှု” ၊ စာပေအရ “ ဘိသိက်ခံသောသူ”) သည် ဓမ္မသစ်ကျမ်းတွင် ဖော်ပြထားသော နာဇရက်မြို့သား ယေရှု၏ ဘဝအသက်တာနှင့် သွန်သင်မှုများအပေါ် အခြေခံသော တစ်ဆူတည်းသော ထာဝရဘုရားကို ယုံကြည်သောဘာသာရေးဖြစ်သည်။ခရစ်ယာန်များသည် ယေရှုကို ထာဝရဘုရားသခင်၏ သားတော်၊ လူ့ဇာတိအဖြစ်ကို ခံယူသော ဘုရားသခင်နှင့် လူသားတို့၏ ကယ်တင်ရှင်အဖြစ် ယုံကြည်ကြသည်။ ထို့ကြောင့် ခရစ်ယာန်များသည် ယေရှုကို ခရစ်တော် သို့မဟုတ် မေရှိ ဟု အများအားဖြင့် ရည်ညွှန်းကြသည်။ခရစ်ယာန်များဟု လူသိများသော ခရစ်ယာန်အယူဝါဒကိုထောက်ခံသူတို့က ယေရှုသည် ဟီဘရူးကျမ်းစာ (ခရစ်ယာန်သာသနာနှင့်ဂျူးဘာသာအယူဝါဒတို့တွင် တူညီသောသမ္မာကျမ်း၏ အပိုင်းတစ်ခုဖြစ်ပြီး ခရစ်ယာန်သာသနာတွင် "ဓမ္မဟောင်းကျမ်း"ဟု ရည်ညွှန်းသည်) တွင် နိမိတ်ဖတ်ထားသော မေရှိဟု ယုံကြည်သည်။
ခရစ်ယာန်ယုံကြည်မှုကို သက်ဝင်လိုက်လျှောက်သူများက ကျယ်ပြန့်စွာ လက်ခံထားသော အချက်အလက်များပါရှိသည်ဟုဆိုသော ရှေးဦး ခရစ်ယာန်သာသနာ တစ်ရပ်လုံးနှင့်ဆိုင်သည့်အယူဝါဒများတွင် ခရစ်ယာန် ယုံကြည်မှုနှင့်ဆိုင်သော အခြေခံအုတ်မြစ်ကို ရှင်းလင်းစွာဖော်ပြထားသည်။ ဤဖွင့်ဟထုတ်ဖော်ချက်များက ယေရှုသည်ဝေဒနာခံစားပြီး လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံခဲ့ကာမြှုပ်နှံခံခဲ့ရသည်။ ထို့နောက်မှယုံကြည်သူတို့အတွက်အပြစ်မှခွင့်လွှတ်ပြီး (ကယ်တင်ခြင်း) ကောင်းကင်ဘုံတံခါးဖွင့်ပေးရန် ပြန်လည်ရှင်ပြန်ထမြောက်ခဲ့သည်ဟုဖော်ပြသည်။ ၎င်းတို့ကယေရှုသည်ခမည်းတော်ထာဝရဘုရားသခင်နှင့်အတူ အုပ်ချုပ် စိုးစံသည့် ကောင်းကင်ဘုံသို့ ခန္ဓာကိုယ်နှင့်တကွ တက်ကြွသွားခဲ့သည်ကို ထပ်လောင်း ထိန်းသိမ်းဆုပ်ကိုင်ထားကြသည်။
 
 
== ဧဝံဂေလိတရား ==
Line ၂၁ ⟶ ၂၀:
 
== သမ္မာကျမ်း ==
ခရစ်ယာန်များ၏ ကျမ်းစာဖြစ်သည်။ ဓမ္မသစ်(၂၇ကျမ်း)နှင့် ဓမ္မဟောင်း(၃၉ကျမ်း) စုစုပေါင်း ၆၆ကျမ်းပါသည်။ [[သမ္မာကျမ်း]] ထာဝရဘုရား၏ နှုတ်ကပတ်တော်ဖြစ်သည်။ ရှင်ဘုရင်မှအစ တငါသည်အထိ လူ၊ ကျမ်းတတ်ဆရာ၊ ပရောဖက်ပေါင်းများစွာ ရေးသားထားသည့် ကျမ်းစာဖြစ်သည်။ ခရစ်ယာန်များ၏ အခြေပြုကျမ်းစာဖြစ်သည်။ [[မြန်မာနိုင်ငံကျမ်းစာအသင်း]] မှ စာအုပ်များစွာ ထုတ်ဝေခဲ့သည်။ [[အွန်လိုင်းကျမ်းစာ]] Online Bible များစွာရှိသည်။
 
== တရားစီရင်ခြင်းနှင့် ဘုရားသခင် ==
ခရစ်ယာန် သမိုင်းကြောင်း၏ အစောဆုံးရာစုနှစ်များတွင် ယေရှု၏ သဘာဝနှင့် ပတ်သက်သော ဘာသာရေးဆိုင်ရာ အငြင်းပွားမှုများ မြောက်များစွာရှိနေစဉ် အချိန်ကာလတွင် ခရစ်ယာန်များက ယေရှုသည် လူ့ဇာတိကို ခံယူသောဘုရားသခင်နှင့် “စစ်မှန်သော ဘုရားသခင်နှင့် စစ်မှန်သော လူသား” (သို့မဟုတ် တစ်ချိန်တည်းတွင် ဘုရားသခင်စစ်စစ်နှင့် လူစစ်စစ်ဖြစ်ခြင်း) ဖြစ်သည်ဟု အများအားဖြင့် ယူဆကြသည်။ ယေရှုသည် လူသားအဖြစ်လုံးလုံးရောက်ရှိပြီး သေမျိုးဖြစ်သော လူသားတို့ကဲ့သို့ နာကျင်မှုဝေဒနာနှင့် သွေးဆောင်မှုတို့ကို ခံစားခဲ့ရသော်လည်း အပြစ်မှကင်းစင်သူ ဖြစ်သည်။ ဘုရားသခင်အဖြစ်ဖြင့် ယေရှုသည် သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့သည်။ သမ္မာကျမ်းစာအရ “ဘုရားသခင်က ယေရှုကို သေခြင်းမှ ထမြောက်စေခဲ့သည်”၊ ယေရှုသည် ကောင်းကင်သို့ တက်ကြွသွားခဲ့သည်၊ “ခမည်းတော်၏ လက်ယာဘက်၌ ထိုင်နေတော်မူသည်”၊ ကျန်ရှိသော ကယ်တင်ရှင်အကြောင်း နိမိတ်ဖြစ်သည့် သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်း၊ နောက်ဆုံးသော
 
တရားစီရင်ခြင်းနှင့် ဘုရားသခင်၏ နိုင်ငံတော်ကို နောက်ဆုံး ပြန်လည်တည်ထောင်ခြင်းကို ပြည့်စုံစေရန် နောက်ဆုံးအကြိမ် ပြန်လည် ကြွရောက်လာဦးမည် ဖြစ်သည်။
Line ၃၇ ⟶ ၃၆:
 
== ဓမ္မမင်္ဂလာအမှုများ ==
[[File:Christianity.2.jpg|thumb|alt=Celebration|ပွဲတော်မင်္ဂလာ]]
 
ခရစ်ယာန်ယုံကြည်မှုနှင့် အကျင့်တွင် ဓမ္မမင်္ဂလာအမှုသည် ခရစ်တော်က စတင်ခဲ့သော ဘုရားဝတ်ပြုခြင်း တစ်ခု ဖြစ်သည်။ ကျေးဇူးတော်နှင့် အထွတ်အမြတ်ထားသော ထူးခြားဆန်းကြယ်မှုကို ကိုယ်စားပြုလုပ်ဆောင်ခြင်း ဖြစ်သည်။ ဤဝေါဟာရသည် လက်တင်စကားလုံး sacramentum မှ ဆင်းသက်လာပြီး ထူးခြားဆန်းကြယ်မှု ဟူသော စကားလုံးကို ဂရိသို့ ဘာသာပြန်ရန် အသုံးပြုလေ့ ရှိသည်။ မည်သည့် ဘုရားဝတ်ပြုခြင်းများသည် မင်္ဂလာရှိသည် ဆိုသည်နှင့် ၎င်းသည် မင်္ဂလာရှိစေရန် မည်သည့် လုပ်ရပ်ကို ဆိုလိုသည်ဟူသော နှစ်ရပ်စလုံးအပေါ် ရှုမြင်မှုများသည် ခရစ်ယာန် ဂိုဏ်းများနှင့် ဓလေ့ထုံးစံများအကြားတွင် ကွဲပြားမှုရှိသည်။
Line ၄၅ ⟶ ၄၄:
== နိုင်ငံအလိုက် ခရစ်ယာန်သာသနာ ==
[[File:Christianity.3.map.png|400px|thumb|alt=Periodic chart 01|နိုင်ငံတစ်ခုစီတွင် ခရစ်ယာန်သာသနာကို လူဦးရေ၏ ရာခိုင်နှုန်းဖြင့် ဖော်ပြချက်]]
[[File:Christianity.4.map.png|400px|thumb|alt=Periodic chart 02]]
 
ခရစ်ယာန်သာသနာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ထားသော နိုင်ငံများအော်သိုဒေါ့က်စ် ခရစ်ယာန်သာသန ပရိုတက်စတင့်ဘာသာရိုမန်ကက်သလစ်ဘာသာကက်သလစ်၊ပရိုတက်စတင့်နှင့် အော်သိုဒေါ့က်စ်ဟူသော အဓိက ဂိုဏ်းခွဲ၃ အုပ်စုကွဲပြားနေသည့် ယုံကြည်သူ ခန့်မှန်းအရေအတွက်ဖြစ်သော သန်းထောင်ပေါင်း ၂.၁ ခန့် ကြောင့်ခရစ်ယာန်သာသနာသည် ကမ္ဘာ့အကြီးဆုံး ဘာသာတရား ဖြစ်နေသည်။လွန်ခဲ့သော နှစ်တစ်ရာအတွင်း ခရစ်ယာန်များသည် ကမ္ဘာ့လူဦးရေ၏ ၃၃ ရာခိုင်နှုန်းနှင့် ရပ်တည်နေခဲ့သည်။ ၎င်းသည် ခရစ်ယာန် ယုံကြည်သူလူဦးရေကို အဓိက ပြောင်းလဲစေခဲ့သည်။ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် (တစ်နေ့လျှင် ၂၃၀၀၀ ခန့်) ကျယ်ပြန့်စွာ ပွားများလာမှုသည် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အလွန်အမင်းကျဆင်းမှုနှင့် အတူတွဲလျက် ဖြစ်ပေါ်နေသည်။ အဓိကအားဖြင့် ဥရောပနှင့် မြောက်အမေရိက (တစ်နေ့လျှင် ၇၆၀၀ ခန့်) တွင် အများဆုံး ဖြစ်သည်။
Line ၆၇ ⟶ ၆၆:
== ရည်ညွှန်းကိုးကား ==
<references/>
 
 
{{ကမ္ဘာ့ဘာသာ}}
 
[[Category:ခရစ်ယာန်ဘာသာ]]
 
[[Category:မြန်မာခရစ်ယာန်များ]]
 
[[Category:မြန်မာခရစ်ယာန်အသင်းတော်များ]]