နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Migrating 2 interwiki links, now provided by Wikidata on d:q1062377 (translate me)
အရေးမကြီး clean up using AWB
စာကြောင်း ၁ -
{{Template:Merge|နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ}}
{{Template:Outdated}}
[[File:State_seal_of_Burma_2008State seal of Burma 2008.svg|thumb|alt=Politics and government of Burma.|]]
'''နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ''' (အတိုကောက် SPDC သို့မဟုတ် မြန်မာဘာသာဖြင့် န အ ဖ) သည် ၁၉၈၈ ခုနှစ်တွင် အာဏာသိမ်းခဲ့သည့် မြန်မာ စစ်အစိုးရ၏ တရားဝင်အမည်ဖြစ်သည်။ နအဖ သည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးကောင်စီ (နဝတ) ( SLORC) ဟု မူလအစက သိရှိထားခဲ့သည်။ နဝတ သည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) (BSPP) ၏ အခန်းကဏ္ဍကို အစားထိုးပြောင်းလဲထားပြီး၊ အပေါ်ယံကသာ အဓိကပြောင်းထားခြင်းဖြစ်သည်။ ၁၉၉၇ တွင် နဝတ ကို ဖျက်သိမ်းပြီး၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ) (SPDC)အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။
 
စာကြောင်း ၈ -
== သမိုင်း ==
နဝတ ကို [[ဗိုလ်ချုပ်ကြီးစောမောင်]] (နောက်ပိုင်းတွင် ဗိုလ်ချုပ်မှူးကြီး အထိ ကိုယ့်ကိုကိုယ်ရာထူးတင်ခဲ့ပြီး၊ ၁၉၉၇ ဂျူလိုင်လတွင်ကွယ်လွန်) ဦးစီးသည့် မြန်မာ့လက်နက်ကိုင်တပ်များ “[[၈၈၈၈ အရေးအခင်း (ရှစ်လေးလုံး)|ရှစ်လေးလုံးထကြွမှု]] ”ကိုနှိမ်နင်းပြီး အာဏာသိမ်းယူခဲ့သည့် ၁၉၈၈ စက်တင်ဘာလ ၈ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ အာဏာသိမ်းယူခဲ့သည့်နေ့တွင် နဝတ သည် အမိန့်အမှတ် ၁/၁၉၈၈
ဖြင့် [[တပ်မတော်]]မှအာဏာလွှဲပြောင်းရယူခြင်း နှင့် နဝတအဖွဲ့ ဖွဲ့စည်းကြောင်း အမိန့်ထုတ်ပြန်ခဲ့သည်။ အမိန့်အမှတ် ၂/၁၉၈၈ ဖြင့် နဝတ သည် ၁၉၇၄ မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ<ref>[[မြန်မာ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ]]</ref> အောက်တွင် တည်ရှိကြသော “နိုင်ငံတော်အာဏာပိုင်အဖွဲ့အစည်းများ” အားလုံးကို ဖျက်သိမ်းပစ်သည်။ ပြည်သူ့လွှတ်တော် (၁၉၇၄ အခြေခံဥပဒေအောက်ရှိ ဥပဒေပြုအဖွဲ့)၊ ဝန်ကြီးများကောင်စီ (ဝန်ကြီးများအဖွဲ့)၊ ပြည်သူ့တရားသူကြီးများကောင်စီ (တရားစီရင်ရေးအဖွဲ့)၊ ပြည်သူ့ ဥပဒေအကျိုးဆောင်များကောင်စီ (ရှေ့နေချုပ်ရုံး)၊ ပြည်သူ့စာရင်းစစ်များကောင်စီ (စာရင်းစစ်ချုပ်ရုံး)၊ ထိုနည်းတူစွာ ပြည်နယ်နှင့်တိုင်း၊ မြို့နယ်၊ ရပ်ကွက်နှင့်ကျေးရွာ ပြည်သူ့ကောင်စီများ ကို ဖျက်သိမ်းပစ်သည်။
 
နဝတ သည် ယခင်မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလပါတီ)တွင် ဒုဝန်ကြီးများ၏အလုပ်တာဝန်များအစားထိုးခြင်း ကိုလည်း ရပ်ဆိုင်းသည့်အမိန့် ထုတ်ပြန်ခဲ့သည်။ (၁၉၇၄ မြန်မာ့အခြေခံဥပဒေတွင် “ဝန်ကြီးများကောင်စီ” သည် ဝန်ကြီးများအဖွဲ့အဖြစ်ဆောင်ရွက်သော်လည်း ဒုဝန်ကြီးများကို ဝန်ကြီးများ ကောင်စီ၏ တရားဝင်အစိတ်အပိုင်းအဖြစ် မထားရှိခဲ့သည့်အတွက် နဝတ သည် တိကျသေချာစေရန် ယခင် မဆလ အစိုးရအတွင်းရှိ ဒုဝန်ကြီးများကို ဝန်ကြီးများနှင့်အတူထားရှိပြီး ရပ်ဆိုင်းခဲ့သည်။) အာဏာ သိမ်းသည့်နေ့တွင် ထုတ်ပြန်ခဲ့သည့် နဝတ ၏အမိန့်များကို ၁၉၈၈ စက်တင်ဘာ ၁၉ ရက်ထုတ် လုပ်သား ပြည်သူ့နေ့စဉ်သတင်းစာ တွင်တွေ့မြင်နိုင်သည်။ နဝတ ၏ပထမဦးဆုံးဥက္ကဌသည် ဗိုလ်ချုပ်ကြီးစောမောင် ဖြစ်ပြီး၊ နောက်ပိုင်းတွင် ဗိုလ်ချုပ်မှူးကြီး ဖြစ်လာပြီး ဝန်ကြီးချုပ်လည်းဖြစ်သည်။ သူသည် ၁၉၉၂ ဧပြီလ ၂၃ ရက်နေ့တွင် ရာထူးမှဖယ်ရှားခံရပြီး၊ ထိုစဉ်ကဗိုလ်ချုပ်ကြီး နောက်ပိုင်းတွင်ဗိုလ်ချုပ်မှူးကြီး ဖြစ်လာသည့် [သန်းရွှေ၊ (ဗိုလ်ချုပ်မှူးကြီး)|သန်းရွှေ] မှ နဝတဥက္ကဋ္ဌ နှင့် ဝန်ကြီးချုပ်ရာထူးများကို လွှဲပြောင်းရယူသွားသည်။ ၁၉၉၇ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် နဝတ ကို ဖျက်သိမ်းပြီး နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။ အများအားဖြင့် သို့မဟုတ် အားလုံးမဟုတ်သော စစ်အစိုးရ၏အဖွဲ့ဝင် အများစုသည် ဖျက်သိမ်းလိုက်သည့် နဝတအဖွဲ့ ထဲမှ အဖွဲ့ဝင်များပင်ဖြစ်သည်။
စာကြောင်း ၂၃ -
== လက်ရှိအဖွဲ့ဝင်များ ==
 
အစီအစဉ်အတိုင်းမှာ-
 
* ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၊ နအဖဥက္ကဋ္ဌ ၊ ကာကွယ်ရေးဦးစီးချုပ်
* [[အေး၊ မောင် (ဒုတိယဗိုလ်ချုပ်မှူးကြီး)| ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး ၊ နအဖဒုတိယဥက္ကဌ ၊ ဒုတိယကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် ကြည်းတပ်]]
* [[ရွှေမန်း (ဗိုလ်ချုပ်ကြီး၊ သူရ)|ဗိုလ်ချုပ်ကြီးသူရရွှေမန်း ၊ ကြည်း၊ ရေ၊ လေပူးတွဲစစ်ဦးစီးချုပ်]]
* [[သိန်းစိန်|ဗိုလ်ချုပ်ကြီးသိန်းစိန် ၊ ဝန်ကြီးချုပ်]]
စာကြောင်း ၅၅ -
 
== ကလေးစစ်သားများစုဆောင်းခြင်း ==
နအဖသည် ကလေးများ- အချို့အသက် ၁၀ နှစ်အရွယ်-အား ၎င်း၏စစ်တပ်၊ တပ်မတော်တွင် အမှုထမ်း ရန်အတွက် အတင်းအကြပ်လိုက်လံစုဆောင်းနေသည့်အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် အစီရင်ခံထားကြသည်။ လတ်တလောမြန်မာစစ်တပ်ထဲတွင်ကလေးစစ်သားမည်မျှရှိသည်ကိုခန့် မှန်းရန်ခက်ခဲသည်။ သို့သော်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့၊ ကလေးစစ်သားများကမ္ဘာ့အစီရင်ခံစာ ၂၀၀၈ နှင့် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့တို့၏အဆိုအရ ထောင်ဂဏန်း နီးပါး ရှိသည်။
 
ကလေးစစ်သားများစုဆောင်းနေခြင်းအတွက် အကြောင်းပြချက်များထဲမှတစ်ခုမှာ တစ်နိုင်ငံလုံးကို ပိတ်ဆို့ ထိမ်းချုပ်ထားနိုင်မည့် စစ်တပ်ဖြစ်ရန် စစ်သား ပို၍ များများလိုအပ်သောကြောင့်ဖြစ်သည်။