မောင်သင် (ရုပ်ရှင်သရုပ်ဆောင်): တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး clean up using AWB
စာကြောင်း ၁ -
''၂ဝဝ၅ ခု၊ ဇူလိုင်ထုတ် ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်တဲ့ '၂ဝ ရာစု မြန်မာ စာရေး ဆရာ ၁ဝဝ အတ္ထုပ္ပတ္တိ အကျုဉ်း' စာအုပ်မှ စာရေးတွေရဲ့ အတ္ထုပ္ပတ္တိ အကျုဉ်း တွေကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။''
 
 
== မောင်သင် [၁၉၂၁ - ၁၉၉၃] ==
မြင်းခြံခရိုင် နွားထိုးကြီး မြို့နယ် ထန်းခွ ရွာ၌ အဖ ရွာသူကြီး ဦးငွေဇင်၊ အမိ ဒေါ်သီလှ (ဒေါ်သီလှ) တို့က ၁၉၂၁ ခု မေလ ၂၂ ရက် တနင်္ဂနွေ နေ့တွင် မွေးဖွား ခဲ့သည်။ ငယ်မည် 'မောင်သင်'၊ အမည်ရင်း 'မောင်မောင်သင်'၊ စာရေးဆရာ၊ ရုပ်ရှင် မင်းသား အဖြစ်တွင် ငယ်မည်ကို အသုံး ပြုခဲ့သည်။ မွေးချင်း ရှစ်ယောက်တွင် ဆဋ္ဌမမြောက် ဖြစ်သည်။
 
 
ထန်းခွရွာ မြန်မာ မူလတန်း ကျောင်းတွင် စတုတ္ထတန်း အောင်သည်ထိ လည်းကောင်း၊ ရေနံချောင်း အမျိုးသား အထက်တန်း ကျောင်းတွင် ၄ တန်း၊ ၅ တန်း အောင်သည် အထိ လည်းကောင်း၊ မြင်းခြံ အစိုးရ အထက်တန်း ကျောင်းတွင် ၁ဝ တန်းထိ လည်းကောင်း ပညာ သင်ယူ ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ကြီး အတွင်း ဆေးပညာရပ် များကို တပိုင်းတစ သင်ကြား ခဲ့ရသည်။ စစ်ပြီး ခေတ်တွင်မှ ဆရာဝန် စာမေးပွဲ အောင်မြင် ခဲ့သည်။ ရှေ့တန်း စစ်မျက်နှာသို့ အများဆုံး လိုက်ပါ အမှုထမ်း ခဲ့သည်။ ၄ နိုဝင်ဘာ ၁၉၅၈ တွင် အရပ် ဆရာဝန် ဘဝသို့ ပြောင်းခဲ့သည်။ စာပေ၊ ရုပ်ရှင်၊ ဆေးလောက နယ်ပယ်တွင် ကျင်လည် ခဲ့သည်။
 
 
မူလတန်း ကျောင်းသား ဘဝ ကပင် စာပေ၌ ဝါသနာ ပါခဲ့သည်။ ဒုတိယ ကမ္ဘာစစ် မဖြစ်မီ နဂါးနီ ဂျာနယ်ကျော် ပေါ်လာသော အခါတွင်ကား 'မောင်သင့် ကိုယ်တွေ့' ဆောင်းပါး၊ ဝတ္ထုများဖြင့် ထင်ရှား လာခဲ့သည်။ စစ်ပြီး ခေတ်တွင် သွေးသောက်၊ ရှုမဝ၊ မြဝတီ၊ ငွေတာရီ တို့တွင် ဆေးပညာ အခြေခံ ဝတ္ထုပေါင်း မြောက်မြားစွာ ရေးသား ခဲ့သည်။ ဆရာ့ ဇာတ်လမ်းစုံ [ငါးတွဲ] (၁၉၅၉ - ၁၉၇၁)၊ ချစ်သော အညို ('အညို့ကို ဘယ်လို ပြောရပါ့' - ၁၉၆၉)၊ တင့်လှပေဟန်၊ အရိပ်ပမာ၊ မိုးမဲ၊ မိန်းမများကို လှစေသူ (၁၉၆၈)၊ အောင်အောင်မြင်မြင် (၁၉ရဝ)၊ မြရည်နန္ဒာ (၁၉၇၁)၊ မိုးကိုမျှော်သည် (၁၉၇၁) တို့မှာ ထင်ရှားသည်။ "ဆရာ့ ဇာတ်လမ်းစုံ အမှတ် ၁" ဖြင့် ၁၉၅၉ ခုနှစ် စာပေဗိမာန် ဝတ္ထု ပေါင်းချုပ်ဆု၊ "ဆရာ့ ဇာတ်လမ်းစုံ အမှတ် ၅" ဖြင့် ၁၉၇၁ ခုနှစ် အမျိုးသား စာပေဆုတွင် ဝတ္ထုတို ပေါင်းချုပ်ဆုများ ရရှိ ခဲ့သည်။
 
 
"ဆရာ့ဇာတ် လမ်းစုံ" တွင် ပါဝင်သည့် 'ရေတိမ်နစ်ခြင်း' ဝတ္ထုတိုကို "ချစ်သွေး သစ္စာ" အမည်ဖြင့် ရုပ်ရှင် ရိုက်ကူး ရာတွင် ကိုယ်တိုင် ပါဝင် သရုပ် ဆောင်ရာမှ ရုပ်ရှင် လောက ထဲတွင် သရုပ်ဆောင် မင်းသား၊ ဒါရိုက်တာ အဖြစ် ကျင်လည် ခဲ့ရ တော့သည်။ ချစ်သွေး သစ္စာ၊ စိုးပါနဲ့မေရယ်၊ ရေမြေဆုံးတိုင်၊ တင့်လှပေဟန်၊ သူ၊ အတွေ့ စသည့် ဇာတ်ကား များစွာတွင် ပါဝင် သရုပ်ဆောင် ခဲ့သည်။ "ချစ်သွေးသစ္စာ" ဇာတ်ကားဖြင့် ၁၉၆ဝ ပြည့်နှစ် အကောင်းဆုံး အမျိုးသား သရုပ်ဆောင် [[ရွှေစင် ရုပ်]]ဆုနှင့် ပြည်သူ တို့၏ [[သူရဿတီ]]မယ်တော်ဆု တို့ကို တပြိုင်တည်း ရရှိခဲ့သည်။
Line ၂၇ ⟶ ၂၃:
# နာရေး ကြော်ငြာ၊ မြန်မာ့ အလင်း သတင်းစာ (၁၉ - ၇ - ၉၃)။ စာ ၁၅။
# မလိခ။ မြန်မာ စာပေ အဘိဓာန်၊ မိုးဝေ (နိုဝင်ဘာ ၁၉၈၅)။ စာ ၆၂ - ၆၃။
# Who's who in Burma (Myanmar). Rangoon (Yangon), People's Literature Committee and House. 1961. p.  176-177.
 
 
[[Category:မြန်မာ ရုပ်ရှင်သရုပ်ဆောင်များ]]