အင်း​ယား​လိတ်ဟိုတယ်: တည်းဖြတ်မှု မူကွဲများ

"==အင်း​ယား​လိတ်..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
အရေးမကြီး clean up using AWB
စာကြောင်း ၁ -
==အင်း​ယား​လိတ်ဟိုတယ်==
အင်း​ယား​လိတ်ဟိုတယ်ကို ၁၉၆၂ ခုနှစ်၊​ ​အောက်တိုဘာလ ၁၅ ရက်​နေ့​တွင် စတင်ဖွင့်​လှစ်ခဲ့​သည်။ ယင်း​ဟိုတယ် ဖွင့်​ပွဲအခမ်း​အနား​ကို ​အောက်တိုဘာလ ၁၆ ရက်​နေ့​ထုတ် မြန်မာ့​အလင်း​ သတင်း​စာ၌ 'နိုင်ငံခြား​အဆင့်​အတန်း​မီဟိုတယ် ၊​ ကလိုသူကို ​ခေါ်လာ၍ တွဲကနိုင်သည်။ က​ချေသည်​တော့​ ထား​မည်မဟုတ်ဆိုခြင်း​' ဟူ​သော ​ခေါင်း​စဉ်ဖြင့်​ သတင်း​ဖော်ပြခဲ့​၏။ အင်း​ယား​လိတ်ဟိုတယ်သည် ကျပ် ၂၆၅ သိန်း​ ကုန်ကျခဲ့​ပြီး​ ရုရှနိုင်ငံမှ လက်​ဆောင်အဖြစ် ​ဆောက်လုပ်​ပေး​ခဲ့​ခြင်း​ ဖြစ်သည်ဟု ဆိုပါသည်။ ဟိုတယ်ဖွင့်​ပွဲသို့​ ဟိုတယ် မန်​နေဂျင်း​ ဒါရိုက်တာ ဗိုလ်မှူး​ချုပ်တီကလစ်၊​ အင်း​ယား​လိတ်ဟိုတယ် အုပ်ချုပ်​ရေး​အဖွဲ့​ သဘာပတိ၊​ အစ်စ​ရေး​သံအမတ်ကြီး​နှင့်​ ဟိုတယ်မန်​နေဂျာ မစ္စတာမာတစ်တို့​ တက်​ရောက်ခဲ့​ကြသည်။ ယင်း​ဟိုတယ်ကြီး​ကို အစ္စ​ရေး​နိုင်ငံမှ ဖင်ဒါမင်အာတာပရိတ်က ဦး​စီး​ဆောက်လုပ်ခဲ့​ပြီး​ တစ်​ယောက်ခန်း​ (၇၅)ခန်း​ ၊​ နှစ်​ယောက်ခန်း​ (၁၂၄)ခန်း​ ရှိသည်ဟု ဆို၏။ ဟိုတယ် တည်း​ခိုး​ခနှုန်း​မှာ တစ်​နေ့​ (၂၄) နာရီ အတွက် တစ်​ယောက်ခန်း​ ၅၂ ကျပ် ၂၅ ပြား​ မှ ၅၉ ကျပ် ၅၀ ပြား​ ၊​ နှစ်​ယောက်ခန်း​ ၈၀ ကျပ် ၇၅ ပြား​ မှ ၉၂ ကျပ် ၇၅ ပြား​ ဖြစ်ပါသည်။
အင်း​ယား​လိတ်ဟိုတယ်တွင် ခန်း​မကျယ်ကြီး​များ​လည်း​ ရှိပြီး​ တစ်​နေကုန် အသုံး​ပြုလျှင် ၁၁၈ ကျပ် ၇၅ ပြား​မှ ၂၈၅ ကျပ် အထိ ကျသင့်​ပါသည်။ အစား​အ​သောက်နှုန်း​ထား​များ​မှာမူ နံနက် လက်ဖက်ရည် ၂ ကျပ် ၅၀ ပြား​ ၊​ ​နေ့​လယ်စာ ၁၁ ကျပ် ၇၅ ပြား​ နှင့်​ ညစာ ၁၆ ကျပ် ၅၀ ပြား​တို့​ အသီး​သီး​ ဖြစ်ကြ၏ ဟူ၍ ဖတ်ရှုရပါသည်။