ဂိုအင်ကာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး clean up using AWB
အရေးမကြီးNo edit summary
စာကြောင်း ၂ -
ဝိပဿနာတရားပြဆရာတစ်ဦးဖြစ်သော ဂိုအင်ကာမှာ မွန်ဘိုင်းမြို့ ရှိ ၎င်း၏ သားဖြစ်သူ၏ နေအိမ်တွင် တနင်္ဂနွေနေ့က ငြိမ်းချမ်းစွာဖြင့် ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။ ၎င်း၏ ဇာပနအခမ်းအနားအား မွန်ဘိုင်းမြို့ တွင် ကြာသာပတေးနေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် ပြုလုပ်သွားမည်ဖြစ်သည်။
 
ဆရာဂိုအင်ကာမှာ ဆရာကြီး[[ဘခင်၊ ဦးဘခင်၏ဦး၊ စည်သူ| ဦးဘခင်]]၏ ဝိပဿနာတရားထိုင်နည်းများအား လေ့ကျင့်သင်ကြားပေးသူ ဖြစ်ပြီး၊ ၎င်း၏သင်ကြားမှုမှတစ်ဆင့် လက်ထောက်တရားပြဆရာပေါင်း ၈၀၀ အား မွေးထုတ်ပေးနိုင်ခဲ့ပြီး ဂိုအင်ကာနည်းလမ်းဖြင့် ဝိပဿနာတရားအားထုတ်သည့် သင်တန်းများသို့ နှစ်စဉ် လူတစ်သိန်းကျော် တက်ရောက်လေ့ရှိသည်။ ဆယ်ရက်ကြာ ဝိပဿနာတရားထိုင်နည်းသင်တန်းများကို ကမ္ဘာ့အနှံ့ဖွင့်လှစ်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။
ဆယ်ရက်ကြာ ဝိပဿနာတရားထိုင်နည်းသင်တန်းများကို ကမ္ဘာ့အနှံ့ဖွင့်လှစ်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။
 
ဆရာကြီး ဂိုအင်ကာ၏ နည်းလမ်းများမှာ ဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က နည်းလမ်းတစ်ခုအား အသုံးပြုထားခြင်းဖြစ်သည်။ ၎င်းအနေဖြင့် “ဗုဒ္ဓမှာ ဂိုဏ်းဂဏဆိုင်ရာ ဘာသာရေးအား မည်သည့်အချိန်အခါကမျှ မသင်ကြားပေ။ ဗုဒ္ဓက ကမ္ဘာ့အမှန်တရားဖြစ်သည့် လွတ်မြောက်ရာနည်းလမ်းဖြစ်သော တရားဓမ္မကိုသာ သင်ကြားသည်” ဟူသော အယူအဆပေါ်တွင် အဓိကအခြေခံသည်။ ဆရာကြီး ဂိုအင်ကာ ဆိုလိုသည့် “လွတ်မြောက်မှု” ဆိုသည်မှာ သန့်ရှင်းသည့် စိတ်ဓာတ်အား ပြုစုပျိုးထောင်ခြင်း၏ အကျိုးဆက်တစ်ခုဖြစ်သော ညစ်ညမ်းသည့် စိတ်ဓာတ်မှ လွတ်ကင်းရေးနှင့် ဝမ်းနည်းကြေကွဲမှုများမှ လွတ်ကင်းရေးတို့အား ဆိုလိုခြင်းဖြစ်သည်။
 
ဆရာကြီး ဂိုအင်ကာမှာ အိန္ဒိယနိုင်ငံသားဖြစ်သော်လည်း မြန်မာနိုင်ငံတွင် မွေးဖွားကြီးပြင်းခဲ့သူတစ်ဦးဖြစ်သည်။ စက်မှုလုပ်ငန်းရှင်တစ်ဦးအဖြစ် ရပ်တည်နေစဉ် ဆရာကြီး [[ဦးဘခင်]]နှင့်ဦးဘခင်နှင့် ဆုံတွေ့ခဲ့ပြီး ၎င်းထံမှ ဝိပဿနာ တရားအားထုတ်သည့် နည်းလမ်းများအား သင်ယူခဲ့သည်။
 
၁၄ နှစ်ကြာ လေ့လာဆည်းပူးပြီးနောက် အိန္ဒိယနိုင်ငံသို့ ပြန်သွားခဲ့ပြီး ၁၉၆၉ ခုနှစ်တွင် ဝိပဿနာတရားများ အား သင်ကြားပြသပေးခဲ့သည်။ လူတန်းစားခွဲခြားသော စနစ်များနှင့် ယုံကြည်ကိုးကွယ်မှု မျိုးစုံဖြင့် အုပ်စုခွဲနေသည့် အိန္ဒိယနိုင်ငံတစ်ဝန်းလုံးမှ ထောင်နှင့်ချီသော လူသားများအား ဆွဲဆောင်နိုင်ခဲ့သည်။ ထို့အပြင် ကမ္ဘာ့အနှံ့အပြားမှ လူပုဂ္ဂိုလ်များမှာလည်း ဆရာကြီးဂိုအင်ကာ၏ ဝိပဿနာတရားသင်တန်းများတွင် လာရောက်လေ့ကျင့်ခဲ့ကြသည်။
 
 
 
[[Category:ဗုဒ္ဓဘာသာ ပြန့်ပွားအောင် ဆောင်ရွက်သူများ]]