ဇာဂနာ(ရုပ်ရှင်နှင့် သဘင်ပညာရှင်): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-?? +??, -?? +??, -?? +??, -?? +??, -?? +??, -?? +??, -?? +?, -?? +?, -? +?, -?? +??, -?? +??, -?? +??, -?? +??, -?? +??, -??...
စာကြောင်း ၅၆ -
== အကျဉ်းထောင် ဘဝ ==
သို့သော် ၁၉၈၈ ခုနှစ်တွင် အားလုံးပြောင်းလဲခဲ့သည်။ ဇာဂနာသည် ၁၉၈၈ ခုနှစ် [[ပြည်လုံးကျွတ် ဆန္ဒပြပွဲကြီး]] တွင် ပူးပေါင်းပါဝင်ခဲ့မှုကြောင့် အဖမ်းခံခဲ့ရသည်။ ထိုအချိန်မှ စ၍ ၆ နှစ်ကာလအတွင်းရှိ ၅ နှစ်အချိန်အတွင်းတွင် ထောင်မှ ဝင်လိုက်၊ ထွက်လိုက် နှင့်သာ မကြာခဏ နေထိုင်နေခဲ့ရသည်။ ၁၉၉၄ ခုနှစ်တွင် ထောင်မှ လွတ်မြောက်လာပြီးနောက်၊ ဇာဂနာသည် အငြိမ့်လောကတွင် ပါဝင်ခွင့် ပိတ်ပင်ခံခဲ့ရပြီး၊ ရုပ်ရှင်ထုတ်လုပ်မှု၊ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးသားခြင်းတို့ကိုသာ စစ်အစိုးရမှ ခွင့်ပြုခဲ့သည်။ သူထုတ်လုပ်ခဲ့သည့် ရုပ်ရှင်ကားများအား
စစ်အစိုးရ၏ ရုပ်ရှင်ဆင်ဆာ အဖွဲ့အစည်းမှ အမြဲမျက်ခြေမပြတ် ဖြတ်တောက်မှုများ ပြုလုပ်ခဲ့သည်။ သူ၏ ကြောင်နှင့်ကြွက်(??) ဗီဒီယိုသည် စစ်တပ်အစိုးရအား မသိမသာ သရော်ထားမှုများကြောင့် ပရိသတ်အများ သဘောကျခဲ့ကြသည်။
 
၁၉၉၇ ခုနှစ်တွင် စစ်တပ်အစိုး၏ ချမှတ်ထားသော ရုပ်ရှင်စည်းကမ်းများ ကို မလိုက်နာဟု ဆိုကာ၊ သူ၏ ရုပ်ရှင်ထုတ်လုပ်ခွင့်ကို ပိတ်ပင်ခဲ့သည်။ သူသည် ၂၀၀၀ ခုနှစ်တွင် ရုပ်ရှင်လောကတွင် ပြန်လည်ဝင်ခွင့်ရခဲ့သော်လည်း (ဇာတ်သဘင်လောကအတွက်မူ ပိတ်ပင်ခံထားရဆဲ ဖြစ်သည်)။ ၂၀၀၆ ခုနှစ် မေလမှစ၍ ဘီဘီစီ အသံလွှင့်ဌာနနှင့် အမေးအဖြေကဏ္ဍတွင် ပါဝင်ခဲ့သည်ဆိုကာ ဇာဂနာ ၏ ရုပ်ရှင်ဇာတ်ကားများ ထုတ်ဝေခွင့် အားစစ်တပ်အစိုးရမှပိတ်ပင်ခဲ့ပြန်သည်။