သမဝါယမကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာန: တည်းဖြတ်မှု မူကွဲများ

"သမဝါယမကုန်သွယ်..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၁၀:၂၃၊ ၁၈ အောက်တိုဘာ ၂၀၁၄ ရက်နေ့က မူ

သမဝါယမကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာန သမဝါယမ ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာန တစ်ခုဖြစ်သည်။

သမိုင်းကြောင်း

သမဝါယမဝန်ကြီးဌာန၏ ကြီးကြပ်မှုအောက်တွင် သမဝါယမကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာန (Co-operative Trade Promotion Department) ကို ၂၀၁၄ ခုနှစ်၊မတ် ၂၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၆/၂၀၁၄ ဖြင့် တည်ထောင် ဖွဲ့စည်းခဲ့ပါသည်။ ဖော်ပြပါ အမိန့်ကြော်ငြာစာအရ သမဝါယမကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန မှာ ၂၀၁၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့သည်။ [၁]

ရည်ရွယ်ချက်

သမဝါယမကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာန၏ လုပ်ငန်းရည်ရွယ်ချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။

  • နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်ရာတွင် နိုင်ငံခြားကုန်သွယ်မှု တိုးတက်စေရန်အတွက် သမဝါယမစီးပွားရေးလုပ်ငန်းများဖြင့် အထောက်အကူပြု ဆောင်ရွက်ပေးရန်၊
  • သမဝါယမအသင်းအဖွဲ့များ၏ ထုတ်ကုန်များ၊ ပို့ကုန်အမယ်သစ်များ ပြည်ပသို့ ပိုမို တိုးမြှင့်တင်ပို့နိုင်စေရန်နှင့် ကုန်သွယ်မှုတိုးမြှင့် ဆောင်ရွက်နိုင်ရန်၊
  • သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ သမဝါယမလုပ်ငန်းများအား စနစ်တကျ မှန်ကန်စွာ ဆောင်ရွက်နိုင်စေရေး စစ်ဆေးကြပ်မတ် ဆောင်ရွက်သွားရန် တို့ဖြစ်သည်။

ဖွဲ့စည်းပုံ

သမဝါယမကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာန၏ ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်းဖြစ်သည်။

  • ပညာရေး၊ သုတေသနနှင့် ဖွံ့ဖြိုးရေး၊ သတင်းမီဒီယာဌာနခွဲ
    • ပညာရေး၊ သုတေသနနှင့်၊ ဖွံ့ဖြိုးရေး ဌာနစု
    • သတင်းမီဒီယာ ဌာနစု
  • ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စာရင်းစစ်ဆေးရေးဌာနခွဲ
    • ကုန်သွယ်မှုမြှင့်တင်ရေးဌာနစု
    • စာရင်းစစ်ဆေးရေးဌာနစု
  • စီမံရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
    • စီမံရေးရာ ဌာနစု
    • ဘဏ္ဍာရေးရာ ဌာနစု

လုပ်ငန်းတာဝန်များ

သမဝါယမကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာနရှိ ဌာနခွဲများ၏ လုပ်ငန်းတာဝန်သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

ပညာရေး၊ သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနစု

  • သမဝါယမအသင်းများအတွက် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းဆိုင်ရာများနှင့် ပြည်တွင်း၊ ပြည်ပ ဈေးကွက်ရှာဖွေခြင်း၊ နည်းလမ်းများကို သုတေသနပြုခြင်း၊ ပညာပေးခြင်း။
  • ကုန်ပစ္စည်း သိုလှောင်ထိန်းသိမ်းမှုနည်းပညာ၊ ကုန်ထုတ်လုပ်မှုနည်းပညာနှင့် ကုန်ပစ္စည်းများအား အရည်အသွေး စံချိန်စံညွှန်းထိန်းသိမ်းခြင်းနည်းပညာများ အား သုတေသနပြုခြင်း၊ ပညာပေးခြင်း။
  • နိုင်ငံတော်နှင့် နိုင်ငံတကာ၏ ကုန်သွယ်မှုမူဝါဒများ၊ လုပ်ထုံးလုပ်နည်းများကို စဉ်ဆက်မပြတ်လေ့လာ၍ ပညာပေးခြင်း။
  • အခါအားလျော်စွာ ပြည်တွင်း၊ ပြည်ပပညာရှင်များအားဖိတ်ကြား၍ ဆွေးနွေး ပွဲများ၊ စာတမ်းဖတ်ပွဲများ ပြုလုပ်ကျင်းပခြင်း။

သတင်းမီဒီယာဌာနစု

  • ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ သတင်းအချက်အလက်များကို သမဝါယမအသင်းများသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ဖြန့်ဝေပေးခြင်း။
  • ၀န်ကြီးဌာန၏ရည်မှန်းချက်၊ လုပ်ငန်းစဉ်များ အောင်မြင်စေရေးအတွက် ပြည်သူလူထုနှင့် သမဝါယမအသင်း/အသင်းသားများ ကျယ်ကျယ်ပြန့်ပြန့် ပါ၀င်လာစေ ရေးအတွက် မီဒီယာမှတဆင့် ပညာပေးခြင်း။
  • ၀န်ကြီးဌာနနှင့် သမဝါယမကဏ္ဍလှုပ်ရှားမှုများအား ပြည်သူလူထုနှင့် အသင်း သားများ အမှန်ကန်ဆုံးနှင့် မြန်ဆန်ထိရောက်စွာ သိရှိနိုင်ရေး မီဒီယာကဏ္ဍမှ အသိပေးတင်ပြခြင်း။

ကုန်သွယ်မှုမြှင့်တင်ရေးဌာနစု

  • နည်းပညာ၊ သွင်းအားစုနှင့် သတင်းအချက်အလက်အရင်းအမြစ် တည်ဆောက်ခြင်း၊
  • ကုန်ထုတ်ခြင်း၊ အရည်အသွေးစစ်ဆေးထုတ်ပိုးခြင်း၊ ထိုက်တန်သောဈေးနှုန်း ရရှိအောင် ဈေးကွက်တည်ဆောက်ခြင်း၊ ဈေးကွက်သို့ တင်ပို့ရောင်းချခြင်း လုပ်ငန်းစဉ် တည်ဆောက်ခြင်း၊
  • ပြည်တွင်း/ပြည်ပကုန်စည်ပြပွဲများတွင် ၀င်ရောက်ပြသနိုင်ရေးညှိနှိုင်း ဆောင်ရွက်ခြင်း၊
  • သမဝါယမအသင်းများ၏ ကုန်သွယ်မှု၊ ထုတ်လုပ်မှု၊ ၀န်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် ကူညီ ဆောင်ရွက်ခြင်း။

စာရင်းစစ်ဆေးရေးဌာနစု

  • စာရင်းစစ်ချုပ်ရုံး၏ ၆လပါတ်နှင့် နှစ်ချုပ်စာရင်း စစ်ဆေးခြင်းများအတွက် အစစ်ဆေးခံရန် ဌာနတွင်းစာရင်းများအား ကြိုတင်စစ်ဆေးခြင်း၊
  • ၀န်ကြီးဌာနမှ တာဝန်ပေးအပ်လာပါက သမဝါယမအသင်းများအား စာရင်း စစ်ဆေး၍ ထိိန်းကျောင်းတည့်မတ်ပေးခြင်း၊ ပြန်လည်အစီရင်ခံတင်ပြခြင်း။

စီမံဌာနစု

  • ၀န်ထမ်းစီမံရေးရာကိစ္စရပ်များ ဆောင်ရွက်ခြင်း၊
  • အထွေထွေစီမံရေးရာကိစ္စရပ်များ ဆောင်ရွက်ခြင်း။

ဘဏ္ဍာရေးဌာနစု

  • ရငွေ၊ ပေးငွေများ ကြီးကြပ်ဆောင်ရွက်ခြင်း၊
  • လချုပ်၊ နှစ်ချုပ်ငွေစာရင်းများ အစီရင်ခံခြင်း၊
  • ရသုံးမှန်းခြေငွေစာရင်းကိစ္စရပ်များဆောင်ရွက်ခြင်း၊
  • ၀န်ထမ်းလစာများ၊ စရိတ်များကျခံသုံးစွဲရန်စီမံခြင်း၊
  • စာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးခြင်းများအတွက် အခြားဌာနခွဲများနှင့် ညှိနှိုင်း ဆောင်ရွက်ခြင်း၊
  • ရန်ပုံငွေလွှဲအပ်စာရင်းဖွင့်လှစ်ခြင်း၊ ကြီးကြပ်သူအရာရှိနှင့်ငွေထုတ်သူ အရာရှိစာရင်းပေးပို့ခြင်း။

ကိုးကား