မဟာဘာရတ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၈ -
သက္ကတစာပေတွင် လင်္ကာရှည်ကြီးများကို ဣတိဟာသ၊ အက္ခာန သို့မဟုတ် ပုရာဏ ဟူသော အမည်တို့ဖြင့် ရှိသည့် လင်္ကာစုများနှင့် ကာဗျဟူသော အမည်ဖြင့်ရှိသည့် လင်္ကာစုများဟူ၍ နှစ်မျိုးနှစ်စား ပိုင်းခြားနိုင်လေရာ မဟာဘာရတသည် ပထမအမျိုးအစားတွင် ပါဝင်သည်။ စင်စစ်သော် မဟာဘာရတသည် ပထမ အမျိုးအစားတွင် ရှေးအကျဆုံးနှင့် အထင်ရှားဆုံးသော လင်္ကာကြီးဖြစ်သည်။
 
မဟာဘာရတကို မူရင်းစီကုံးဖွဲ့နွဲ့သူမှာ [[ဝမ္မီကိရသေ့ကြီးဝါလ်မီကိရသေ့ကြီး]]ဟူ၍ ယူဆကြသည်။ သို့သော်လက်ရှိ မဟာဘာရတသည် ထိုရသေ့ကြီးတစ်ဦးတည်း၏ လက်ရာမဟုတ် မဟာဘာရတတွင် နှောင်းစာဆိုတို့၏ လက်ရာများလည်း ပါဝင်ရာ လင်္ကာတစ်စောင်လုံးကို ဘီစီ ၂ ရာစုမှ အေဒီ ၂ ရာစုအတွင်း စီကုံးခဲ့ခြင်း ဖြစ်မည်ဟု ပညာရှင်တချို့က ယူဆကြသည်။ အချို့ကမူ ဘီစီ ၄ ရာစုမှ အေဒီ ၄ ရာစုအတွင်းဟူ၍ ခန့်မှန်းကြသည်။
 
မဟာဘာရတ ထွန်းကားရာ အရပ်သော်ကား [[အိန္ဒိယနိုင်ငံ]] အနောက်မြောက်ပိုင်း ဖြစ်သည်။ မဟာဘာရတတွင် အသုံးပြုသော မတြာမှာ ရှေးဟောင်း သက္ကတလင်္ကာတို့တွင် အသုံးပြုလေ့ရှိသည့် သိလောကမတြာမျိုးပင် ဖြစ်သည်။ သို့သော် ဥပဇာတိနှင့် ဝံသဋ္ဌမတြာမျိုးဖြင့် ရှိသည့် ပေါရာဏပဒများ သာမက ရှေးက စကားပြေဖြင့် ရှိခဲ့သည့် ပုံဝတ္ထုများလည်း ပါဝင်သည်။ အဓိကအားဖြင့် မဟာဘာရတသည် ဇာတ်ကြောင်းနှင့် အဆိုအမိန့်များ တွဲဖက်လျက် ရှိသည်။