မဟာဘာရတ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၂၅ -
[[image:မဟာဘာရတ.jpg|thumb|ကုရုခေတ္တစစ်မြေပြင်တွင် သူရဲကောင်းအဇ္ဇုနနှင့် ရထားထိန်း ကဏှ(ကရစ်သျှဏဘုရားရှင်)ကို တွေ့ရစဉ်]]
 
ပဏ္ဍဝတို့ဖက်မှ ကူညီကြသူတို့အနက် အထင်ရှားဆုံးမှာ ကဏှပင်ဖြစ်သည်။ မိမိတို့၏ ညီနောင်တဝမ်းကွဲတို့အား မငဲ့မကွက် ရက်စက်စွာ သတ်ဖြတ်တိုက်ခိုက်ရန် ကဏှက အားပေးလှုံ့ဆော်ချက်မှာ ဘဂဝါဂီတာဟူသော[[ဘဂဝါဂီတ]]ဟူသော အမည်ဖြင့် ဤအခန်းဝယ် သီးသန့်ပါရှိသည်။ စစ်ပွဲကြီးကား ၁၈ ရက်တိုင်ကြာမြင့်၍ အပြီးသတ်ဝယ် ကောရဗျမင်းသားတို့ ပျက်စီးဆုံးရှုံးကြလေသည်။ ထိုတွင် ဘုရင်အိုကြီးဖြစ်သူ ဦးရီးတော် ဓတရဋ္ဌသည် တူတော်တို့နှင့် စေ့စပ်ကာ ဟတ္ထနာပုရပြည့်ရှင်အဖြစ် ယုဓိဋ္ဌိလအား တင်မြှောက်လေသည်။ ဓတရဋ္ဌလည်း ဟတ္ထိနာပုရမြို့တော်တွင်ပင် ၁၅ နှစ်တာမျှ နေထိုင်ပြီးနောက် မိဖုရားနှင့်အတူ တောထွက်လျှင် တောမီးလောင်၍ အနိစ္စရောက်လေသည်။ ယာဒဝမျိုးတို့လည်း အချင်းချင်း ပဋိပက္ခဖြစ်၍ တမျိုးလုံး ပျက်စီးပြီးနောက် ကဏှလည်း ဝမ်းနည်းပက်က်ဖြင့် တောသို့သွားလျှင် မုဆိုးတယောက်၏ မျှားချက်ဖြင့် အသက်ပျောက်ရလေသည်။ ပဏ္ဍဝမင်းသားများ ကိုယ်တိုင်မှာလည်း ဘဝကို ငြီးငွေ့ကာ အဇ္ဇုနမင်းသား၏ မြေးတော် ပရိက္ခိတအား တိုင်းပြည်ကို အပ်နှံ၍ မေရုတောင်သို့ ဦးတည်ကြွလှမ်းစဉ်ပင် မိမိတို့၏ ကြင်ယာတော်နှင့်အတူ နတ်ရွာစံကြသည်။
 
ဤတွင် မဟာဘာရတ ဇာတ်လမ်း ပြီးဆုံးလေသည်။ နောက်ဆက်တွဲ ဟရိဝံသမှာမူ ကဏှအကြောင်း သက်သက်ကိုသာ ပြဆိုလေသည်။