ရေ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၈၁ -
လူ့ခန္ဓာကိုယ်တွင် အရွယ်အစားအလိုက် ရေပါဝင်နှုင်း ၅၅ % မှ ၇၈ % အထိပါရှိသည်။ <ref> [http://www.madsci.org/posts/archives/2000-05/958588306.An.r.html Re: What percentage of the human body is composed of water?] Jeffrey Utz, M.D., The MadSci Network </ref> အလုပ်ကောင်းကောင်းလုပ်နိုင်ရန် လူ့ခန္ဓာကိုယ်သည် နေ့စဉ် ရေ ၇ လီတာ လိုအပ်သည်။ တိကျသည့် ပမာဏမှာ လှုပ်ရှားမှု၊ အပူချိန်၊ စိုထိုင်းဆနှင့် အခြားအချက်များပေါ်တွင်လည်း မူတည်သည်။ ရေဓာတ်အများစုကို တိုက်ရိုက်သောက်သုံးခြင်းအပြင် အစားအစာနှင့် ဖျော်ရည်များမှ ရရှိသည်။ သန်မာသည့် လူတစ်ဦး ရေမည်မျှ သောက်သုံးရန် လိုအပ်သည်ကို တိတိကျကျ မသိရသေးသော်လည်း အနည်းဆုံးအားဖြင့် နေ့စဉ် ၆-၇ ဖန်ခွက်ခန့် (၂ လီတာခန့်) သောက်သုံးသင့်သည်ဟု ယူဆထားကြသည်။ <ref>{{cite web |url=http://www.bbc.co.uk/health/healthy_living/nutrition/drinks_water.shtml |title=Healthy Water Living|producer=BBC|accessdate=2007-02-01|archiveurl=https://archive.is/KiQm|archivedate=2012-05-24}}</ref> ဆေးပညာကျမ်းဂန်များတွင်မူ ကိုယ်လက်လှုပ်ရှားမှုနှင့် ပူအိုက်သည့် ရာသီကြောင့် ချွေးထွက်ြခင်းကို ထည့်မတွက်လျှင် သာမန် ယောက်ျားတဦးသည် နေ့စဉ် ရေ ၁ လီတာ သောက်သုံးသင့်ကြောင်း ဖော်ပြထားသည်။ <ref name=Rhoades_2003>{{cite book | author = Rhoades RA, Tanner GA | title = Medical Physiology | publisher = Lippincott Williams & Wilkins | edition = 2nd ed. | location = Baltimore | year = 2003 | isbn = 0781719364 | oclc = 50554808 }}</ref>
 
[[File:DIN_4844-2_D-P005_Kein_TrinkwasserP005.svg|thumb|right|''သောက်သုံးရန်မသင့်သည့်ရေ''ကို ညွှန်းသည့် သင်္ကေတ]]
ကျောက်ကပ် ပုံမှန်အလုပ်လုပ်သူများအဖို့ ရေများများ သောက်သုံးရန် ခက်ခဲသော်လည်း (အထူးသဖြင့် ပူအိုက်စွတ်စိုသည့်ရာသီနှင့် အားကစား လှုပ်ရှားချိန်တွင်) ရေအသောက်နည်းပါက ဥပဒ်ဖြစ်နိုင်သည်။ အားကစားလုပ်ချိန်တွင် လိုသည်ထက်ပို သောက်သုံးနိုင်သော်လည်း အသက်အန္တရာယ်ဖြစ်စေနိုင်သည့် ရေအဆိပ်သင့်မှု ဖြစ်ပွားတတ်သည်။ ထို့ကြောင့် နေ့စဉ် ရေ ၈ ခွက် သောက်သုံးသင့်သည်ဆိုသည့်အချက်မှာ သိပ္ပံပညာအရ အထောက်အထားများ မရှိသေးပါ။<ref>[http://ajpregu.physiology.org/cgi/content/full/283/5/R993 "Drink at least eight glasses of water a day." Really? Is there scientific evidence for "8 × 8"?] by Heinz Valdin, Department of Physiology, Dartmouth Medical School, Lebanon, [[New Hampshire]]</ref>
 
"https://my.wikipedia.org/wiki/ရေ" မှ ရယူရန်