ဖိုးစိန်၊ ဦး (ဂရိတ်): တည်းဖြတ်မှု မူကွဲများ

မြန်မာ သရုပ်ဆောင်၊ အဆိုတော် နှင့် ဇာတ်မင်းသား
စာမျက်နှာအသစ်: ==ဦးဘိုးစိန်== မြန်မာ့သဘင်လောက၌ သရဖူဖြစ်ခဲ့သော် ဦးဘိုးစိန…
(ကွဲပြားမှု မရှိ)

၁၁:၃၄၊ ၂၈ မတ် ၂၀၀၉ ရက်နေ့က မူ

ဦးဘိုးစိန်

မြန်မာ့သဘင်လောက၌ သရဖူဖြစ်ခဲ့သော် ဦးဘိုးစိန်သည် မြန်မာပြည်တွင် အဘယ်မျှရေပန်းစားခဲ့ကြောင်း သက်သေပြချက်တစ်ခုမှာ သူနေထိုင်ခဲ့ရာ တာမွေလမ်းကို ဘိုးစိန်လမ်းအဖြစ် နာမည်တွင်သွားခဲ့ခြင်းပင်ဖြစ်သည် ။ ရုပ်ရည်ချောမောလှပခါ အချိုးအဆစ်ကျသော ကိုယ်လုံးကိုယ်ပေါက်နှင့် ဦးဘိုးစိန်သည် အဆိုကောင်း ၊ အကကောင်း ၊ အပြောကောင်း စသည်ဖြင့် ဘက်စုံထူးချွန်သူ တဦးဖြစ်သည် ။ သူသည် ရိုးရာမြန်မာအကကို ကျွမ်းကျင်နိုင်နင်းသည်နှင့် အားမရ ၊ ကနည်း ကကွက် အသစ်အဆန်း တို့ကို တီထွင်နိုင်ရန် ရောက်လေရာတွင် အမြဲလေ့လာတတ်သူ ဖြစ်သည် ။

ထိုအချိန်က မြန်မာ အကသည် လက်ကိုသာ အဓိက အသုံးပြုကြောင်း ဦးဘိုးစိန်က သုံးသပ်မိသောအခါ ၊ မြန်မာနိုင်ငံရောက် ကပ္ပလီလူမျိုးတဦးထံမှ တစ်နာရီလျှင် ရွှေဒင်္ဂါး တစ်ပြားပေး၍ ခြေက (Tap dance) ကို သင်ယူပြီး ၊ မြန်မာခြေက အဖြစ် ပြန်လည် တီထွင်ဖန်တီးခဲ့သည် ။ ထို့အပြင် ရုပ်သေးမင်းသားရုပ်အကကိုကြည့်ပြီး သွက်လက် ဖျတ်လတ်သော ကနည်း ကဟန်တို့ ပါဝင်သည့် အရုပ်ကြိုးက ကို ဖန်တီးခဲ့၏ ။ အိန္ဒိယနိုင်ငံ ဘုံဘေမြို့သို့ရောက်စဉ် အင်္ဂလိပ်ကပွဲတခု၌ မိန်းကလေးများ ပြိုင်တူ ယိမ်းနွဲ့ကနေကြသည်ကို ကြည့်ပြီး မြန်မာနိုင်ငံတွင် ယိမ်းအကကို တီထွင်ခဲ့သည် ။

ဦးဘိုးစိန်သည် သူ့ခေတ်တွင် ဇတ်သဘင်ကရာ သမားရိုးကျ ပေါက်ကျိုင်းဇာတ် ၊ ဖာတစ်လုံး ခေါင်းကျား ဇာတ် စသည့် ဒဏ္ဍာရီ ၊ ရာဇဝင် ၊ သိုက်သမိုင်း ဇာတ်တို့နှင့်ပဲ မတင်းတိမ်နိုင်ခဲ့ ။ ဇာတ်နိပါတ်များကိုပါ ကပြခဲ့သည် ။ ထို ဇာတ်နိပါတ်များကို ထည့်သွင်းကပြရသည့် နောက်ထပ်အကြောင်းရင်းမှာ သူ၏ ဒဏ္ဍာရီ ၊ ရာဇဝင် ၊ သိုက်သမိုင်း ဇာတ်များသည် အလွန်သက်ဝင်ထင်ရှားလှသောကြောင့် မဖြစ်သင့်သော နောက်ဆက်တွဲများ ဖြစ်ပေါ်လာခဲ့သောကြောင့် ဖြစ်သည် ။ ဥပမာ - - ထိလပ် -ပိုးဥ မည်သော ကိုယ်ပျောက်အတတ်တတ်ရန် ဇနီးသည်၏ ဗိုက်ကိုခွဲ ၊ ဝမ်းထဲမှကလေးကို အရှင်လတ်လတ် မီးကင်စားသော ဇာတ်ကို ဦးဘိုးစိန် ကပြသည်မှာ သရုပ်ပါလွန်းသဖြင့် ၊ မှောင်အင်းရှိ ရွာတရွာမှ လူတယောက်သည် ထိုသို့ တကယ်လက်တွေ့ပြုကျင့်သောကြောင့် ထောင်ကျသွားခဲ့လေသည် ။ ထိုစဉ်မှစ၍ ဦးဘိုးစိန်သည် ထို ထိလပ် - ပိုးဥ ဇာတ်ကို မကတော့ချေ ။ ထို့အပြင် လူတို့အား အကျိုးပြုစေမည့် ဘုရားဟော ဇာတ်နိပါတ်များကိုသာ အလေးထား ကပြခဲ့သည် ။ ထိုဇာတ်တော်များကို ကြည့်ရသော ဆရာတော်အချို့က


“ဘိုးစိန် ဇာတ်နိပါတ်ကို ကပြတာဟာ တို့ တရားဟောတာထက် ပိုပြီးတောင် ဇာတ်တော်ကို ကွက်ကွက်ကွင်းကွင်း အရုပ်သဏ္ဌာန်နဲ့ မြင်အောင် ပြနိုင်တယ်” ဟု မိန့်ကြားခဲ့ကြသည် ။ ကကွက် နှင့် ဇာတ်များကို တီထွင်ရုံသာမက ဇာတ်ခုံကိုလည်း အမျိုးမျိုး ပြောင်းလဲဖန်ဆင်းတတ်သည် ။ သူ့ခေတ် ဇာတ်ခုံများတွင် သုံးလေ့ရှိသော လသာ မှန်အိမ်များသုံးရသည် အားမရဘဲ ၊ အောက်လင်းဓါတ်မီး ၊ လျှပ်စစ်ဒိုင်နမို ဖြင့် ဓါတ်မီးများ ထွန်းခါ ဇာတ်ခုံကို ပထမဆုံး တန်ဆာဆင်ခဲ့သည် ။ သူ၏ ဇာတ်ခုံ တီထွင်မှုများသည် ပရိသတ်အား အလွန် ဆွဲဆောင်နိုင်စွမ်းရှိခဲ့လေသည် ။ တခါ နှစ်ပါးသွားအကကို လျှပ်စစ်ဓါတ်မီးဖြင့် အလှပြကစား ကပြဖျော်ဖြေရာ အမြင့်ပေါ်မှ ထိုင်ကြည့်နေသော ပွဲကြည့်ပရိသတ်တယောက်က အလွန်သဘောကျပြီး စိတ်လွတ် ကိုယ်လွတ် အားပေးလိုက်ရာ ၊ နောက်ပြန် ပက်လက်လန်ပြီး နောက်ဘက်ရှိ ဝင်းထရံ အချွန်များပေါ်ကျပြီး ပွဲချင်းပြီး သေဆုံးသွားသည်ဟုပင် ဆိုကြလေသည် ။


အဆိုလည်းကောင်းသော ဦးဘိုးစိန် စပ်ဆိုထားသော သီချင်းများကို လယ်သမား ၊ ယာသမား ၊ အလုပ်သမားများက လယ်လုပ်ရင်း ၊ ယာလုပ်ရင်း ၊ အလုပ်လုပ်ရင်း သီဆိုခဲ့ကြသည် ။ မြန်မာသီချင်းများကိုသာမက အင်္ဂလိပ်သီချင်းများကို နားထောင်ပြီး မြန်မာမှုပြုကာ မြန်မာ့သီချင်းများအဖြစ် တီထွင် စပ်ဆိုခဲ့သေးသည် ။ စာအုပ် စာပေ အလွန်ဖတ်သော ဦးဘိုးစိန်သည် စကားပြောကောင်းသူလည်း ဖြစ်သည် ။ သူ၏ စကားများသည် ဆွဲဆောင်မှုကောင်းလွန်းသောကြောင့် သူ့ဇာတ်အဖွဲ့မှ စာရေးဆရာများသည် သူ့စကားများကို ရေးမှတ်ထားပြီး သီချင်းစပ်ဆိုသည်အထိ ဖြစ်သည် ။


ဦးဘိုးစိန် လက်ထက်တွက် ဇာတ်သဘင်ကို လူမျိုးမရွေး (မြန်မာ ၊ တရုတ် ၊ ကုလား ၊ ပသျှူး ၊ အင်္ဂလိပ် မျက်နှာဖြူ) ၊ တောနေ မြို့နေမရွေး ၊ ဆင်းရဲ ချမ်းသာမရွေး ၊ ကျားမ မရွေး ၊ အသက်အရွယ် မရွေး တခဲနက်အားပေးခဲ့ကြသည် ။ ဦးဘိုးစိန်၏ စိန်မဟာသဘင် ဇာတ်အဖွဲ့သည် “စလေဒင်” အမည်ရှိ ဦးဘိုးစိန်ပိုင်သော မီးနှစ်ထပ်သင်္ဘောကြီးနှင့် မြို့တကာလှည့် ကပြ အသုံးတော်ခံခဲ့သည် ။ ထိုသင်္ဘောကြီးတွင် အင်္ဂလိပ် နှင့် ကပြား အမျိုးသားများကို လက်မှတ်ရောင်း အပေါက်စောင့် ၊ သင်္ဘောတာဝန်ခံ စသည့်နေရာများတွင် ခန့်ထားသည်ကို မြင်ရသောအခါ ၊ အင်္ဂလိပ်အောက်တွင် ဖိနှိပ်ခံမြန်မာလူမျိုးတို့သည် ဦးဘိုးစိန်အတွက် ဂုဏ်ယူဝမ်းသာမဆုံး ဖြစ်ခဲ့ရ၏ ။ ချမ်းသာကြွယ်ဝသော ဦးဘိုးစိန်သည် ဘုရားစေတီပေါင်း ၆၈ ဆူ တည်ခဲ့သော ဘုရားဒါယကာကြီးလည်း ဖြစ်ခဲ့ပေသည် ။ [၁]


ကိုးကား

  1. မင်းယုဝေ ရေး-ပထမမြန်မာများ