ညောင်ရမ်းမင်းဆက်: တည်းဖြတ်မှု မူကွဲများ

စာမျက်နှာအသစ်: တပင်ရွှေထီးဘုရင့်နောင် တို့တည်ထောင်ခဲ့သည့် ဒုတိယပြ…
 
No edit summary
စာကြောင်း ၁ -
[[တပင်ရွှေထီး]]၊[[ဘုရင့်နောင်]] တို့တည်ထောင်ခဲ့သည့် ဒုတိယပြည်ထောင်စု မြန်မာနိုင်ငံကြီးသည် ဘုရင့်နောင်၏ သားတော် [[နန္ဒဘုရင်]] လက်ထက်အရောက်တွင် အချိန်တိုတိုဖြင့် လွယ်ကူစွာပြိုကွဲသွားရပြီးနောက် နိုင်ငံတဝန်းလုံးတွင် ပဒေသရာဇ်ငယ်များ တစ်နယ်တစ်မင်း အသီးသီး ထူထောင်ကြပြီး အချင်းချင်းတိုက်ခိုက်ခဲ့ကြသည်။ ထိုသို့သောအခြေအနေတွင် ဘုရင့်နောင်၏ သားတော် တစ်ပါးဖြစ်သည့် ညောင်ရမ်းစား မင်းရဲနန္ဒမိတ်ဘွဲ့ခံ ရှင်သစ္စာသည် [[မင်းရဲနန္ဒမိတ်]]ဘွဲ့ဖြင့်မဟာသီဟသူရ ဓမ္မရာဇာဘွဲ့ဖြင့် ညောင်ရမ်းမင်းဆက် ကိုစတင်တည်ထောင်သည်။၄င်းနှင့် ၄င်းနောက် နန်းတက်ကြသည့် [[အနောက်ဖက်လွန်မင်း]]၊[[သာလွန်မင်း]] တို့သည် [[အင်းဝ]]၊[[ပြည်]]၊[[တောင်ငူ]]၊[[ဟံသာဝတီ]] နှင့် [[သန်လျင်]]စသည့် ဒေသများကို အစဉ်အဆက် သိမ်းပိုက်ကာ မတည်မငြိမ်ဖြစ်မှုများကို အဆုံးသတ်ခဲ့ကြသည်။ညောင်ရမ်းမင်းဆက် ၁၀ဆက်သည် အင်းဝကို ဗဟိုပြုကာ အုပ်ချုပ်ကြသည့်အတွက် ညောင်ရမ်းခေတ်ကို ဒုတိယအင်းဝခေတ် ဟုလည်းခေါ်ဝေါ်ကြသည်။ညောင်ရမ်းမင်းဆက်သည် သာလွန်မင်းလက်ထက်တွင် အထွန်းတောက်ဆုံးဖြစ်ခဲ့ပြီး နောက်ပိုင်းမင်းများလက်ထက်တွင် အင်အားသြဇာလျော့နည်းလာခဲ့သည်။ နောက်ဆုံးမင်းဖြစ်သည့် [[စနေမင်း]](ဟံသာဝတီရောက်မင်း)လက်ထက်တွင် မွန်တို့ကို ဇင်းမယ်ရှမ်းဇာတိဖြစ်သည့် ဆင်ဝန်ဦးအောင်လှက ဗြမိုင်းဓိရာဇာဘွဲ့ခံကာ ပုန်ကန်သည်။နောက်ဆုံး အင်းဝကိုပါသိမ်းယူ၍ အင်းဝဘုရင် မဟာဓမ္မရာဇာကို ဟံသာဝတီသို့ခေါ်ဆောင်သွားပြီး ကွပ်မျက်ခဲ့သည်။ထိုနောက်တွင် မုဆိုးဖိုရွာသူကြီး ဦးအောင်ဇေယျက [[အလောင်းဘုရား]]ဘွဲ့ဖြင့် မွန်တို့ကို တွန်းလှန်ကာ တတိယပြည်ထောင်စု မြန်မာနိုင်ငံကြီး ကိုတည်ထောင်ခဲ့သည်။
 
*ညောင်ရမ်းမင်းဆက်များမှာ
#မင်းရဲနန္ဒမိတ် (ရှင်သစ္စာ)
#[[ညောင်ရမ်းမင်းတရားကြီး]](မဟာသီဟသူရ ဓမ္မရာဇာ)(၁၆၀၀-၁၆၀၆)
#မင်းရဲဒိဗ္ဗ (အနောက်ဖက်လွန်မင်း)
#[[အနောက်ဖက်လွန်မင်း]](မဟာဓမ္မရာဇာ)(သာလွန်မင်း၁၆၀၆-၁၆၂၈)
#[[မင်းရဲဒိဗ္ဗ]](၁၆၂၈)
#ပင်းတလဲမင်း
#[[သာလွန်မင်း]](သတိုးဓမ္မရာဇာ)(၁၆၂၈-၁၆၄၈)
#
#[[ပင်းတလဲမင်း]](သီရိနန္ဒသူရဓမ္မရာဇာ) (၁၆၄၈-၁၆၆၁)
#[[ပြည်မင်း]](၁၆၆၁-၁၆၇၇)
#[[မင်းရဲကျော်ထင်]](သီရိပရ၀ မဟာဓမ္မရာဇာ)(၁၆၇၇ -၁၆၉၈ )
#[[စနေမင်း]](၁၆၉၈-၁၇၁၄ )
#[[တနင်္ဂနွေမင်း]](၁၇၁၄-၁၇၃၃ )
#[[မဟာဓမ္မရာဇာဓိပတိ]](ဟံသာဝတီရောက်မင်း/လောကသရဖူ ဒါယကာမင်း)(၁၇၃၃-၁၇၅၂)
: တို့ဖြစ်ကြသည်။
 
[[Category:သမိုင်း]]