စတိဗ် ဂျော့စ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
clean up using AWB
စာကြောင်း ၃၀ -
ဂျော့ဘ်စ်၏လက်အောက်တွင် ကုမ္ပဏီသည် ပထမဆုံးသော Apple ကွန်ပျူတာများနှင့် ၁၉၈၀ ပြည့်လွန် နှစ်များတွင် ကျော်ကြားခဲ့သည့် Macintosh ကွန်ပျူတာများကို မိတ်ဆက်ခဲ့သည်။ ထို့နောက် ဂျော့ဘ်စ်သည် ကျေးလက် အဆိုတော် ဂျုံးဗစ်နှင့် မေတ္တာမျှခဲ့ပြီး Palo Alto တွင် အခြေချခဲ့သည်။ ဂျော့ဘ်စ်သည် ၁၉၉၁ ခုနှစ်တွင် ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ပါး၏ ရှေ့မှောက်တွင် လက်ထပ် အခမ်းအနားကို ကျင်းပခဲ့သည်။ ဂျော့ဘ်စ်တွင် ထိုဇနီးနှင့်အတူ သားသမီးသုံးဦး ရရှိခဲ့သည်။ ထို့ပြင် လက်မထပ်ခင် ချိန်းတွေ့ခဲ့သော အမျိုးသမီး တစ်ဦးနှင့် သမီးတစ်ယောက် ရခဲ့သည်။ ဂျော့ဘ်စ်သည် ၁၉၈၅ ခုနှစ်တွင် Apple မှ ထွက်ခွာလာခဲ့ပြီး စီးပွားရေးလုပ်ငန်းများ အတွက် ခေတ်မီသည့် ကွန်ပျူတာကြီးများ အဓိက ထုတ်လုပ်သည့် NeXT ကွန်ပျူတာ ကုမ္ပဏီကို စတင် လုပ်ကိုင်ခဲ့သည်။ ဂျော့ဘ်စ်သည် လူးကပ်ရုပ်ရှင် ကွန်ပျူတာ ဂရပ်ဖစ်ပညာရှင် တစ်ဦးနှင့်အတူ Pixar ကို ၁၉၈၆ ခုနှစ်တွင် ပူးတွဲ တည်ထောင်ခဲ့သည်။
 
Apple သည် ၁၉၉၆ ခုနှစ်တွင် Next ကွန်ပျူတာကုမ္ပဏီကို ဒေါ်လာ ၄၂၉ သန်းဖြင့် ဝယ်ယူခဲ့ပြီးနောက် ဂျော့ဘ်စ်နှင့် Apple ပြန်လည် ပေါင်းစည်းခဲ့သည်။ ဂျော့ဘ်စ်သည် ၂၀၀၄ ခုနှစ်တွင် ပန်ကရိယကင်ဆာ အတွက် ခွဲစိတ် ကုသခံခဲ့ရသည်။ ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလတွင် ဆေးခွင့်ယူခဲ့ပြီးနောက် ဂျော့ဘ်စ်သည် ဇွန်လတွင် လုပ်ငန်းခွင်သို့ ပြန်လည် ဝင်ရောက်ခဲ့သည်။<ref>http://www.news-eleven.com</ref>
 
Steven Paul Jobs (ဖေဖော်ဝါရီ ၂၄၊ ၁၉၅၅ - အောက်တိုဘာ ၅၊ ၂၀၁၁) ဟာ Apple ကို တွဲဖက်ထူထောင်ခဲ့သူဖြစ်ပြီး နဲ့ အမှုဆောင်အရာရှိချုပ် တာဝန်ကို Apple မှာ လုပ်ဆောင်ခဲ့ပါတယ်။ ထို့အပြင် Pixar ကိုလည်း Disney မပိုင်ဆိုင်ခင်ကတည်း အမှုဆောင်အရာရှိချုပ် တာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။ သူက Disney ရဲ့ ရှယ်ယာ အများဆုံးကို ပိုင်ဆိုင်သူ ဖြစ်ပြီး Disney ရဲ့ ဒါရိုက်တာဘုတ်မှာ အဖွဲ့ဝင်ဖြစ်ပါတယ်။ သူဟာ ကွန်ပြူတာ ဆိုင်ရာ နဲ့ ဖျော်ဖြေရေးဆိုင်ရာအပိုင်းတွေမှာ ဦးဆောင်နေတဲ့သူ တစ်ယောက်ပါ။ ၂၀၁၁ ခုနှစ်ဩဂုတ် ၂၄ ရက်တုန်းက ကျန်းမာရေး အခြေအနေကြောင့် ရာထူးက အနားယူခဲ့ ရပါတယ်။