"နတ်နွယ်" ၏ တည်းဖြတ်မှု မူကွဲများ

၃၆၀၂ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၆ နှစ်
အရေးမကြီး
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
အရေးမကြီး
အရေးမကြီး
 
|}
==နတ်နွယ်(၁၉၃၃-၂၀၁၁)==
[[အမျိုးသားစာပေဆု]]ရ စာရေးဆရာနတ်နွယ်ကို ဦးဘဝမ်း၊ ဒေါ်စောလုံတို့က ၁၉၃၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် [[ကချင်ပြည်နယ်]]၊ [[မြစ်ကြီးနားမြို့]]၌ မွေးဖွားသည်။ အမည်ရင်းမှာ ဦးလှမြင့်ဖြစ်သည်။ မြစ်ကြီးနားမြို့ စောင်းဖန်းအထက်တန်းကျောင်း၊ [[မန္တလေးမြို့]] ဗုဒ္ဓဘာသာသာသနာ့နုဂ္ဂဟ အထက်တန်းကျောင်းနှင့် [[ရန်ကုန်တက္ကသိုလ်]]တို့တွင် ပညာသင်ယူခဲ့သည်။
 
# ကလောင် အမည်ခွဲများ - မောင်မြင့်နောင်၊ ကလောင်သစ်၊ နီနီ၊ မောင်တင်အေး၊ မုလာဒင်၊ အေးနီ၊ မြင့်ကေသီ၊ လှမြင့်၊ ကျောက်တိုင်၊ မိုးဇော်ဟိန်း၊ ပျံလွှား၊ မှန်ပြောင်းသစ်၊ စိန်အိုးစည်၊ ဘွဲ့ဖြူ၊ ကောင်းမြတ်၊ ဇင်သောင်း၊ ရွှေစင်၊ မင်းရာကျော်၊ မလိခ (မင်းကျော်နှင့်တွဲလျက်) ကောလိယ
 
စာပေနယ်သို့ ၁၉၅၀ ပြည့်နှစ်၊ ဇွန်လ ၂၈ ရက်နေ့ထုတ် ဟံသာဝတီသတင်းစာ မဂ္ဂဇင်းကဏ္ဍပါ"ကျောင်းသူမ" ကဗျာဖြင့် စတင်ဝင်ရောက်ခဲ့သည်။
ထို့နောက် မဂ္ဂဇင်း၊ ဂျာနယ်များတွင် ဆောင်းပါး၊ ဝတ္ထု၊ ဝေဖန်စာနှင့်ဘာသာပြန်များ ဆက်တိုက်ရေးသားခဲ့ရာ ပင်ကိုယ်ရေးလုံးချင်းဝတ္ထု ၁၀ဝ ကျော်နှင့် ဘာသာပြန် လုံးချင်းဝတ္ထုပေါင်း ၂၀ ကျော် ဘာသာပြန်ဆို ရေးသားခဲ့သည်။ ၁၉၅၄ ခုနှစ်၊ ဇန်နဝါရီလထုတ် "မိုးထဲလေထဲ"မှစ၍ ရေးသားခဲ့သောလုံးချင်းဝတ္ထုများအနက် အပြာ(၁၉၅၆၊ ဖေဖော်ဝါရီ)၊ အဝါ (၁၉၆၀၊ စက်တင်ဘာ)၊ တစ်ကွေ့တော့တွေ့ကြဦးမည် (၁၉၆၃၊ အောက်တိုဘာ)၊ တံခွန်တိုင်မောင်နှမများ (၁၉၇၂၊ စက်တင်ဘာ)နှင့် မြန်မာပြည်မြောက်ပိုင်း (ပထမတွဲ) (၁၉၆၆၊ သြဂုတ်)(ဒုတိယတွဲ) (၁၉၆၇၊ ဒီဇင်ဘာလ) တို့မှာ ဆရာနတ်နွယ်၏ ထင်ရှားသော ပင်ကိုရေးဝတ္ထုများ ဖြစ်သည်။ ရောမက မိန်းမပျက် (၁၉၉၄၊ နိုဝင်ဘာလ)နှင့်စိန်ခေါ်ပွဲ (၁၉၈၇၊ နိုဝင်ဘာလ) တို့မှာ ထင်ရှားသည့် ဘာသာပြန်လက်ရာများ ဖြစ်သည်။
 
== ကိုယ်ရေးဖြစ်စဉ် ==
 
စာရေးဆရာ နတ်နွယ်သည် ငယ်စဉ်က [[မြစ်ကြီးနားမြို့]] စောင်းဖန်း အထက်တန်းကျောင်း၊ [[မန္တလေးမြို့]]ဗုဒ္ဓသာသနာ့နုဂ္ဂဟ အထက်တန်းကျောင်းနှင့် [[ရန်ကုန်တက္ကသိုလ်]]တို့တွင် ပညာသင်ကြား ခဲ့သည်။
 
 
စုံထောက်မဂ္ဂဇင်းအယ်ဒီတာ၊ အယ်ဒီတာချုပ်၊ လျှို့ဝှက်သည်းဖိုမဂ္ဂဇင်းတွင် တာဝန်ခံအယ်ဒီတာ၊ အမျိုးသားသတင်းစာတွင် ဘာသာပြန်အယ်ဒီတာ၊ မိုးဝေ မဂ္ဂဇင်းတွင် အယ်ဒီတာချုပ်နှင့် နွယ်နီမဂ္ဂဇင်း အယ်ဒီတာချုပ်အဖြစ် လုပ်ကိုင်ခဲ့သည်။
 
 
၁၉၅ဝ ပြည့်နှစ်၊ ဇွန်လ ၂၈ ရက်နေ့ထုတ် ဟံသာဝတီသတင်းစာ မဂ္ဂဇင်းကဏ္ဍတွင် ကျောင်းသူမ ကဗျာဖြင့် စာပေလောကသို့ ရောက်ခဲ့သည်။ မဂ္ဂဇင်း၊ ဂျာနယ်များတွင် ဆောင်းပါး၊ ဝတ္ထု၊ ဝေဖန်စာနှင့် ဘာသာပြန်များ အမြောက်အမြားရေးခဲ့ပြီး လုံးချင်းဝတ္ထုနှင့် ဘာသာပြန်လုံးချင်းဝတ္ထုများလည်း (၁ဝဝ) ကျော် ရေးသားခဲ့သည်။
 
 
မိုးဇော်ဟိန်း အမည်ဖြင့်လည်း ဘာသာပြန်လုံးချင်းဝတ္ထုများ ရေးသားခဲ့သည်။ [[မင်းကျော်]]နှင့်တွဲပြီး မလိခကလောင် အမည်ဖြင့် မြန်မာဝတ္ထုအညွှန်းများ ရေးသားခဲ့သည်။
 
ဆရာနတ်နွယ်သည် ၂၀၁၁ခုနှစ်၊ မေလ၊ ၁၁ရက်နေ့၊ နံနက် ၁၁ခွဲအချိန်တွင် သူနေထိုင်ရာ [[ရန်ကုန်မြို့]]၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ၄၈ရပ်ကွက်၊ မဟာဆွေလမ်းနေအိမ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။
 
ရုရှားစာရေးဆရာ ဖျိုဒါဒေါ့စတာ ယက်စကီ(Fyodor Dostoevsky)၏ အကျော်ကြားဆုံးနှင်နောက်ဆုံးလက်ရာဖြစ်သောThe Brothers Karamazovကို "ကာရာမာဇော့ညီအစ်ကိုများ" အမည်ဖြင့်ဘာသာ
ပြန်ဆိုခဲ့ရာ ၂၀ဝ၂ ခုနှစ်အတွက် အမျိုးသားစာပေဆု၊
ဘာသာပြန် (ရသ)ဆုကို ရရှိခဲ့သည်။
နတ်နွယ်သည် စာပေရေးသားခြင်းအပြင်
စုံထောက်မဂ္ဂဇင်း၌ အယ်ဒီတာ၊ အယ်ဒီတာချုပ်အဖြစ်
လည်းကောင်း၊ လျှို့ဝှက်သည်းဖိုမဂ္ဂဇင်းတွင် တာဝန်ခံ
အယ်ဒီတာ၊ အမျိုးသားသတင်းစာတွင် ဘာသာပြန်
အယ်ဒီတာ၊ မိုးဝေနှင့် နွယ်နီမဂ္ဂဇင်းတို့တွင် အယ်ဒီ
တာချုပ်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။
မိုးဇော်ဟိန်းအမည်ဖြင့်လည်း ဘာသာပြန်
လုံးချင်းဝတ္ထုများရေးသားခဲ့ရာ မိုးအဆုံး၊ မြေအဆုံး၊
သေမင်းနှင့်လက်တစ်ကမ်း၊ အာဖရိကဧကရီတို့မှာ
ထင်ရှားသည်။ နတ်နွယ်သည် မောင်မြင့်နောင်၊
ကလောင်သစ်၊ နီနီ၊ မောင်တင်အေး၊ စိန်အိုးစည်၊
မှန်ပြောင်းသစ်၊ ပျံလွှား၊ ကျောက်တိုင်၊ ဘွဲ့ဖြူ၊
ကောင်းမြတ်၊ ဇင်သောင်း၊ ရွှေစင်၊ မင်းရာကျော်၊
ကောလိယ စသည့်ကလောင်ခွဲများဖြင့်လည်း စာပေ
လက်ရာများစွာ ရေးသားခဲ့သည်။ စာရေးဆရာ
မင်းကျော်နှင့် တွဲဖက်၍ မလိခ ကလောင်အမည်ခံယူကာ
မြန်မာဝတ္ထု အညွှန်းကို ရေးသားခဲ့သည်။ ကမ္ဘာ့ဝတ္ထု
အညွှန်း၊သမိုင်းအဘိဓာန်ကိုလည်းရေးသားပြုစုခဲ့သည်။
၁၉၅၅ ခုနှစ်တွင် ဒေါ်တင်တင်အေးနှင့်
လက်ထပ်သည်။ နတ်နွယ်သည် အသက် ၇၉ နှစအရွယ် ၂၀၁၁ခုနှစ်၊ မေလ ၁၁ ရက်တွင် ရန်ကုန်တိုင်း
ဒေသကြီး မြောက်ဥက္ကလာပမြို့နယ် နေအိမ်၌ကွယ်လွန်သည်။ <ref>စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၂)</ref>
# ကလောင် အမည်ခွဲများ - မောင်မြင့်နောင်၊ ကလောင်သစ်၊ နီနီ၊ မောင်တင်အေး၊ မုလာဒင်၊ အေးနီ၊ မြင့်ကေသီ၊ လှမြင့်၊ ကျောက်တိုင်၊ မိုးဇော်ဟိန်း၊ ပျံလွှား၊ မှန်ပြောင်းသစ်၊ စိန်အိုးစည်၊ ဘွဲ့ဖြူ၊ ကောင်းမြတ်၊ ဇင်သောင်း၊ ရွှေစင်၊ မင်းရာကျော်၊ မလိခ (မင်းကျော်နှင့်တွဲလျက်) ကောလိယ
== နတ်နွယ် ရေးသား ပြုစု ထုတ်ဝေခဲ့သော စာအုပ်များ ==
{| class="wikitable sortable"
၂၅၈၂၇

တည်းဖြတ်မှုများ