"အမာ၊ ဒေါ် (လူထု)" ၏ တည်းဖြတ်မှု မူကွဲများ

၁၃၈ ဘိုက် ဖယ်ရှားခဲ့သည် ,  ပြီးခဲ့သည့် ၅ နှစ်
အရေးမကြီး
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
အရေးမကြီး (clean up using AWB)
အရေးမကြီး
{{Infobox စာရေးဆရာ
| အမည် = လူထု ဒေါ်အမာ
| ပုံဓာတ်ပုံ = Ludu Daw Amar 1portrait.JPGjpg
| ဓါတ်ပုံစာတမ်း = လူထု ဒေါ်အမာ ငယ်ရွယ်စဉ်က ဓါတ်ပုံ
| သက်တမ်း = (၁၉၁၅ - ၂ဝဝ၈)
| မွေးသက္ကရာဇ် = ၂၉၊ ၁၁၊ ၁၉၁၅
| အမည်ရင်း = အမာ
| မိဘအမည် = ဦးထင် + ဒေါ်စု
| မွေးဖွားရာဒေသ = မန္တလေးမြို့၊[[မန္တလေးမြို့]]၊ ဂုန္တန်ရပ်
| နိုင်ငံသား = [[မြန်မာနိုင်ငံ]][[File:Flag of Myanmar.svg|25px]]
| လူမျိုး = ဗမာ
| ထင်ရှားသည့်စာ =
| ရရှိသည့်ဆု =စာပေဗိမာန် မြန်မာ့ယဉ်ကျေးမှု အနုပညာ ဆိုင်ရာ စာပေပထမဆု၊
| ကြင်ဖော် = [[လှ၊ ဦး (လူထု)|လူထုဦးလှ]] (ခ) ကြီးပွားရေးဦးလှ
| သားသမီး =ကိုစိုးဝင်း (ရဲဘော် ထွန်းကျော်)၊ ဒေါက်တာ ဒေါ်သန်းရင်မာ၊ ကိုဖိုးသံချောင်း၊ ဒေါ်တင်ဝင်း၊ ကိုငြိမ်းချမ်း (စာရေးဆရာ ညီပုလေး)
| ကွယ်လွန်ရက် =၂ဝဝ၈ ခုနှစ်၊ ဧပြီလ(၇)ရက်၊ မနက် ၈နာရီ ၃၇မိနစ်
}}
== '''ဒေါ်အမာ (လူထု ဒေါ်အမာ) (၁၉၁၅ - ၂ဝဝ၈)''' ==
၂ဝဝ၈ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့ မြန်မာ စံတော်ချိန် မနက် ၈ နာရီ ၃၇ မိနစ် ခန့်တွင် မန္တလေးမြို့ ပြည်သူ့ ဆေးရုံကြီးရဲ့ နှလုံးရောဂါ အထူး ကုသဆောင်မှာ ကွယ်လွန်ခဲ့သော မြန်မာပြည် လွတ်လပ်ရေး လှုပ်ရှားမှု၊ မြန်မာပြည် ငြိမ်းချမ်းရေး လှုပ်ရှားမှု၊ မြန်မာ့ စာပေ စာနယ်ဇင်း လောကရဲ့ မီးရှူးတန်ဆောင်၊ အဖိနှိပ်ခံ ပြည်သူတို့ ဘက်က အစဉ်အမြဲ ရပ်တည်ခဲ့တဲ့ နေတစင်း၊ လတစင်း ဖြစ်သူ လူထု ချစ်တဲ့ လူထု မိခင် လူထု ဒေါ်အမာ (အသက် ၉၃ နှစ်)၊ အစား ထိုးစရာလည်း မရှိသလို၊ အစားထိုး လို့လည်း မရတဲ့ မဟာမှိုင်းရဲ့ အမွေခံ သမီး အမေမာ ဒါမဟုတ် လူထုချစ်တဲ့ လူထုရဲ့ မိခင် သတင်းစာ၊ စာရေးဆရာမကြီး လူထု ဒေါ်အမာရဲ့ အတ္ထုပ္ပတ္တိ အကျုဉ်း ဖြစ်ပါတယ်။
 
== ကိုယ်ရေးဖြစ်စဉ် ==
# မွေးချင်း - မွေးချင်း ၁၂ ယောက်ရှိပြီး၊ စတုတ္ထသမီး
 
* ၁၉၂ဝ ခုနှစ်တွင် မန္တလေးမြို့ ဒေါ်စောအုံ၏ အမျိုးသမီး နေရှင်နယ်ကျောင်း၌ ဒုတိယတန်း အထိ ပညာ သင်ကြား ခဲ့သည်။ အေဘီအမ် ကျောင်းတွင် ၁၉၂၃ မှ ၁၉၃၁ ထိ ပညာ ဆက်လက် သင်ကြား ခဲ့ပြီး ဆက်တန်းကို မန္တလေး ဗဟို အမျိုးသား ကျောင်းမှ ၁၉၃၃ တွင် အောင်မြင် ခဲ့သည်။ မန္တလေး ဥပစာ ကောလိပ် (၁၉၃၃-၁၉၃၅)၊ ရန်ကုန် တက္ကသိုလ်[[ရန်ကုန်တက္ကသိုလ်]] (၁၉၃၆-၁၉၃၇) တို့တွင် ပညာ ဆည်းပူး ခဲ့သည်။ ၁၉၃၆ တွင် အင်းလျားဆောင် သဟာယနှင့် စာဖတ် အသင်း၏ အတွင်းရေးမှူး အဖြစ် ဆောင်ရွက် ခဲ့သည်။ ၁၉၃၆ ဒုတိယ ကျောင်းသား သပိတ်ကြီးတွင် တက်ကြွစွာ ပါဝင် ခဲ့သည်။ အိုးဝေ မဂ္ဂဇင်း၊ ကြီးပွားရေး မဂ္ဂဇင်း၊ ဘားမား ဂျာနယ် တို့တွင် ဝတ္ထု၊ ဆောင်းပါးများ ရေးသား ခဲ့သည်။ ကြီးပွားရေး ဦးလှနှင့် စတင် သိကျွမ်း ခဲ့ပြီး၊ ကြီးပွားရေး မဂ္ဂဇင်း၌ ကလောင် အမည် ခင်လဝင်း၊ မြမဉ္စူ ကလောင် အမည်များဖြင့် ရေးသား ခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ဘီအေ နောက်ဆုံးနှစ် စာမေးပွဲ ကျရှုံးပြီး ကျောင်းထွက်သည်။ ထိုနောက် မန္တလေး၌ မြန်မာ စက္ကူဆိုင် ဖွင့်ခဲ့သည်။
 
* ၁၉၃၈ တွင် မောရစ် ကောလစ် (Maurice Collis) ၏ Trails In Burma စာအုပ်ကို ‘မြန်မာပြည်တွင် စစ်ဆေး ခဲ့သော အမှုအခင်းများ’ အမည်ခြင့် ဆရာကြီး ဦးရာဇတ်၏[[ဦးရာဇတ်]]၏ တိုက်တွန်းချက် အရ တက္ကသိုလ် သပိတ်မှောက် ကျောင်းသူ အမာ အမည်ဖြင့် ဘာသာပြန် ထုတ်ဝေ ခဲ့ရာ ယင်း စာအုပ်ဖြင့် စာပေနယ်တွင် အမည် ထင်ရှား လာခဲ့သည်။
 
* ၁၉၃၉ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်တွင် ကြီးပွားရေး ဦးလှနှင့် လက်ထပ် ခဲ့ပြီး၊ သားသမီး ၅ ဦး ဖြစ်တဲ့ ကိုစိုးဝင်း (ရဲဘော် ထွန်းကျော်)၊ ဒေါက်တာ ဒေါ်သန်းရင်မာ၊ ကိုဖိုးသံချောင်း၊ ဒေါ်တင်ဝင်းနဲ့ ကိုငြိမ်းချမ်း ([[ညီပုလေး၊ စာရေးဆရာ|စာရေး ဆရာ ညီပုလေး]]) တို့ ထွန်းကား ခဲ့သည်။ သားအကြီးဆုံး ကိုစိုးဝင်းနဲ့ တတိယသား ကိုဖိုးသံချောင်း တို့သည် လက်နက်ကိုင် တော်လှန်နေသည့် [[ဗမာပြည် ကွန်မြူနစ် ပါတီ]] (ဗကပ) နှင့် သွားရောက် ပူးပေါင်းခဲ့ကြသည်။ ကိုစိုးဝင်းသည် ဗကပရဲ့ ပါတီတွင်း အစွန်းရောက် ဖြုတ် ထုတ် သတ် လှုပ်ရှားမှုများတွင် အသက် စတေး သွားခဲ့ရပြီး၊ ကိုဖိုးသံချောင်းကတော့ ဗကပမှာ ရှိနေဆဲ ဖြစ်သည်။
 
* နိုင်ငံရေးကြောင့် မိသားစု တခုလုံး သေကွဲရော ရှင်ကွဲပါ အကွဲကွဲ အပြားပြား ကြုံတွေ့ ခဲ့ရသော်လည်း လောကဓံ အထု အထောင်းကို ကြံ့ကြံ့ခံကာ နောက်ဆုံး အချိန် အထိ နိုင်ငံရေး လူမှုရေး အရ ပြည်သူ လူထုဘက်က ခိုင်ခိုင်မာမာ ရပ်တည်ခဲ့သူ လူထု ချစ်တဲ့ စာရေး ဆရာမကြီး တဦး ဖြစ်သည်။
 
* ၁၉၄၂ - ၄၄ ခု [[ဒုတိယ ကမ္ဘာစစ်ကြီးကမ္ဘာစစ်]]ကြီး အတွင်း ကပိုင်ရွာကို ခေတ္တ ပြောင်းရွှေ့ နေထိုင်ပြီး၊ စာအုပ် ထုတ်ဝေရေး လုပ်ငန်းတွေကို ဆက်လက် လုပ်ကိုင် ခဲ့သည်။
 
* ၁၉၄၅ ဇူလိုင်မှာ လူထု ဂျာနယ် စတင် ထုတ်ဝေတဲ့ အခါ လက်ထောက် အယ်ဒီတာ အဖြစ် ဆောင်ရွက် ခဲ့ပြီး၊ ၁၉၄၆ ဧပြီ ၁၉ ရက်နေ့မှာ လူထု သတင်းစာ စတင် ထုတ်ဝေတဲ့ အခါ အယ်ဒီတာ အဖွဲ့ဝင် အဖြစ် ဆောင်ရွက်ကာ ‘ဖခင် အောင်နိုင်’ ကလောင်ခွဲနဲ့ ‘နိုင်ငံရေး ဆွေးနွေးခန်း’ ပင်တိုင် ဆောင်းပါးကို ရေးသား ခဲ့သည်။ ၁၉၄၆ မေလမှာ လူထု ဂျာနယ်ကို ရပ်နား ခဲ့သည်။
 
* ၁၉၄၇ မှာ လူထု ဦးလှနဲ့ အတူ လွတ်လပ်ရေး အတွက် ဦးဆောင် နေတဲ့ [[ဖဆပလ]] အဖွဲ့ရဲ့ အာဘော်နဲ့ ထပ်တူ ရေးသား တိုက်ပွဲဝင် ခဲ့သည်။
 
* ၁၉၄၉ မှာ လူထု သတင်းစာနဲ့ ကြီးပွားရေး ပုံနှိပ်စက်များ တည်ရှိရာ အဆောက်အဦကို စစ်တပ်က ဒိုင်းနမိုင်းနဲ့ ဖောက်ခွဲ ဖျက်ဆီး ခဲ့သည်။ ၁၉၄၉ ဧပြီ ၂၄ ရက်နေ့မှာ လူထု သတင်းစာ ပိတ်ပင် ခံရသည်။
* ၁၉၆ဝ မေ ၁ဝ ရက်မှာ လူထု သတင်းစာ ပြန်လည် ထွက်ရှိ ခဲ့သည်။
 
* ၁၉၆၂ ဖေဖော်ဝါရီ ၃ ရက် အေရို ဖလုတ် လေကြောင်း ဖွင့်ပွဲသို့ သတင်းစာ ဆရာ ကိုယ်စားလှယ် အဖြစ် ဖိတ်ကြား ခံရ သဖြင့် မော်စကိုသို့[[မော်စကိုမြို့|မော်စကို]]သို့ သွားရောက် ခဲ့သည်။ အပြန်တွင် အရှေ့ ဂျာမဏီ၊ ချက်ကို စလိုဗက်ကီးယားနှင့် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံများကို[[တရုတ်ပြည်သူ့သမ္မတနိုင်ငံ]]များကို လည်ပတ် ခဲ့သည်။ ဒီ ဥရောပ ခရီးစဉ် တွေကို ‘ဆိုရှယ်လစ် တိုင်းပြည် များသို့’ အမည်ဖြင့် စာအုပ် ရေးသား ထုတ်ဝေ ခဲ့သည်။
 
* ၁၉၆၄ တွင် ‘ပြည်သူ ချစ်သော အနုပညာရှင်များ’ စာအုပ်ဖြင့် [[စာပေဗိမာန်]] မြန်မာ့ယဉ်ကျေးမှု အနုပညာ ဆိုင်ရာ စာပေ ပထမဆုကို ရရှိ ခဲ့သည်။
 
* ၁၉၆၇ ဇူလိုင် ၇ ရက်မှာ လူထု သတင်းစာ ရပ်စဲ ခံရသည်။
 
* ၁၉၇ဝ မတ်လ ၃ ရက်နေ့မှာ ကျင်းပတဲ့ မန္တလေး ကွန်သာယာ စာတမ်း ဖတ်ပွဲမှာ ‘ဗမာ့ ဖန်ကျီ လုပ်ငန်း’ စာတမ်းကို ဖတ်ကြား ခဲ့သည်။ ၁၉၇၁ မန္ဈလေးမန္တလေး ဓမ္မ ဗိမာန်မှာ ‘ကနေ့ ဗမာသဘင်’ စာတမ်းကို ဖတ်ကြား ခဲ့သည်။ ၁၉၇၆ ဩဂုတ် ၁၉ ရက်နေ့ ဟံသာဝတီ သတင်းစာ ‘စနေ စာပေဝိုင်း’ စာတမ်း ဖတ်ပွဲတွင် ‘အတ္ထုပ္ပတ္တိ စာပေ’ စာတမ်း ဖတ်ကြား တင်သွင်း ခဲ့သည်။
 
* ၁၉၇၈ ဩဂုတ် ၂၁ ရက်နေ့မှာ ခင်ပွန်းသည် လူထု ဦးလှ၊ သား ညီပုလေး (ကိုငြိမ်းချမ်း) တို့နဲ့ အတူ ထိန်းသိမ်း ခံရသည်။ အထိမ်းသိမ်းအထိန်းသိမ်း ခံရသည်မှာ ၁ နှစ်၊ ၁ လ၊ ၁ ရက် ကြာမြင့် ခဲ့ပြီး၊ ၁၉၇၉ ခု ဩဂုတ်လ ၂၂ ရက်နေ့ မှာမှ ပြန်လည် လွတ်မြောက် ခဲ့သည်။
 
* ၁၉၈၂ ဩဂုတ်လ ၇ ရက်နေ့၌ ခင်ပွန်းသည် လူထု ဦးလှ ကွယ်လွန် ခဲ့သည်။
ထင်ရှားသော စာအုပ်များမှာ မြန်မာပြည်တွင် စစ်ဆေး ခဲ့သော အမှုအခင်းများ (၁၉၃၈)၊ စန္ဒမာလာ (၁၉၄ဝ)၊ ပြည်သူ ချစ်သော အနုပညာသည်များ (၁၉၆၄)၊ ဘဝချင်း မတူသည့် တရုတ်ပြည် (၁၉၆၆)၊ အောင်ဗလ ဖိုးစိန် စိန်ကတုံး (၁၉၆၇) ၊ ရွှေရိုး ဦးဘကလေး (၁၉၆၉)၊ ရွှေမန်း တင်မောင် (၁၉၇ဝ)၊ အငြိမ့် (၁၉၇၃)၊ ရွှေဒေါင်းတောင် ဆောင်းပါးများ (၁၉၇၅)၊ ဆရာကြီး သခင် ကိုယ်တော်မှိုင်း (၁၉၇၆)၊ အာဖရိက ဝတ္ထုတိုများ (၁၉၈၉)၊ မန္တလေးသူ မန္တလေးသားများ (၁၉၉၁)၊ ထိုင်း ဝတ္ထုတိုများ (၁၉၉၂)၊ ထိုင်း ဝတ္ထုတိုများ (၂) (၁၉၉၃)၊ ရတနာပုံ မန္တလေး ကျွန်မတို့ မန္တလေး (၁၉၉၃)၊ သာသနာ့ တန်ဆောင် ဆရာတော်ကြီးများ (၁၉၉၄)၊ ကျွန်မတို့ ငယ်ငယ်က (၁၉၉၄)၊ အမေ့ ရှေးစကား (၁၉၉၇) တို့ ဖြစ်ကြသည်။
 
=== လူထု ဒေါ်အမာ ရေးသား ထုတ်ဝေခဲ့သည့် စာအုပ်များ ===
လူထု ဒေါ်အမာသည် ယခု အခါ မန္တလေးမြို့ ချမ်းအေး သာဇံ မြို့နယ် တိုက်နံပါတ် ၂၂၁၊ ၃၃/၈၄ လမ်းထောင့် လက်ဆည်ကန် အနောက်ရပ်တွင် နေထိုင်လျက် ရှိသည်။
 
=== လူထု ဒေါ်အမာ ရေးသား ထုတ်ဝေခဲ့သည့် စာအုပ်များ ===
# ကောလစ် ကြုံခဲ့ရတဲ့ မြန်မာပြည် - ၁၉၆ဝ ခုနှစ်
# ကမ္ဘာ့ အကြီးဆုံး စာအုပ် - ၁၉၄၅ ခုနှစ်