စာပေဗိမာန်: တည်းဖြတ်မှု မူကွဲများ

clean up using AWB
စာကြောင်း ၂ -
[[File:Sarpay.jpg|thumb|ယနေ့ စာပေဗိမာန် အဆောက်အဦ]]
==သမိုင်းကြောင်း==
မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိရန်နှင့် ဒုတိယကမ္ဘာစစ်ဒဏ်မှ ပြန်လည်ထူထောင်ရန်အတွက် ၁၉၄၇-ခုနစ်တွင် [[ဆိုရန်တိုဗီလာစီမံကိန်း]] ရေးဆွဲရေးအစည်းအဝေး ကျင်းပခဲ့သည်။ အစည်းဝေးတွင် တိုင်းသူပြည်သားများအတွက် အသုံးကျမည့် ပြည်ပနိုင်ငံထုတ် စာအုပ်များကို ဘာသာပြန်ရန်နှင့် ပုံနှိပ်ထုတ်ဝေရန် ဘာသာပြန်စာပေဌာနကြီး တစ်ခုထူထောင်ရန် [[ဗိုလ်ချုပ်အောင်ဆန်း]]က ပြောကြားခဲ့သည်။ ဗိုလ်ချုပ် မိန့်ကြားခဲ့သည်မှာ ၁၉၄၇-ခုနှစ်၊ သြဂုတ်လ(၂၆)ရက်နေ့တွင် [[မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း|မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းကြီး]] စတင်ပေါ်ပေါက်လာခဲ့သည်။ ထိုအသင်းကြီးကို ၁၉၄၈-ခုနှစ်၊ မေလတွင် စာပေဗိမာန်ဟု ခေါ်တွင်စေခဲ့သည်။ စာပေဗိမာန်အဖွဲ့သည်မူလက ပြည်လမ်း ဟံသာဝတီအဝိုင်းအနီးရှိ [[ဆိုရန်တိုဗီလာ]] အဆောက်အအုံတွင် တည်ရှိခဲ့သည်။ ၁၉၅၅-ခုနှစ်၊ မေလတွင် (၅၂၉-၅၃၁)ကုန်သည်လမ်း (လက်ရှိနေရာ)သို့ ပြောင်းရွှေ့ခဲ့သည်။ ၁၉၆၀-ပြည့်နှစ်၊ ဇူလိုင်လတွင် စာပေဗိမာန် စာအုပ်အသင်းကို စတင်တည်ထောင်ခဲ့သည်။ ၁၉၆၅-ခုနှစ်တွင် စာပေဗိမာန်အုပ်ချုပ်ရေးအဖွဲ့ ဥပဒေကိုပြဌာန်းခဲ့သည်။ ၁၉၇၂-ခုနှစ် မတ်လတွင် စနစ်သစ်အုပ်ချုပ်ရေးအရ ဗဟိုပုံနှိပ်တိုက်နှင့် ပေါင်းပြီး စာပေဗိမာန်သည်ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်း၏လက်အောက်ခံဌာနခွဲတစ်ခု ဖြစ်လာခဲ့သည်။ ထိုအချိန်မှစ၍ စာပေဗိမာန်သည် ပြန်ကြားရေး ဝန်ကြီးဌာန၏မီဒီယာလုပ်ငန်းများတွင် ပုံနှိပ်မီဒီယာလက်ရုံးတစ်ခု ဖြစ်လာခဲ့သည်။ <ref>http://www.sarpaybeikman.gov.mm </ref>
 
==ရည်ရွယ်ချက် နှင့် ဖွဲ့စည်းပုံ==
စာကြောင်း ၁၅ -
၁၉၄၈ ခု၊​ ​မေလတွင် ရန်ကုန်မြို့​ ပြည်လမ်း​ရှိ [[ဆိုရန်တိုဗီလာ]] အ​ဆောက်အအုံကို အသင်း​တည်ရာ အဖြစ် သတ်မှတ်ပြီး​ ထို အ​ဆောက်အအုံကို ‘စာ​ပေဗိမာန် အဖြစ် အမည်​ပေး​ခဲ့​သည်။ အသင်း​၏ ​ဆောင်ပုဒ်မှာ '''အ​မှောင်ခွင်း​၍ အလင်း​ဆောင်အံ့​''' ဟူ၍ပင် ဖြစ်သည်။ အသင်း​ကို တည်​ထောင်စဉ်က အသင်း​သား​များ​ စည်း​ရုံး​ရန်ဟူ​သော ရည်ရွယ်ချက်ဖြင့်​ ဝင်​ကြေး​ နှစ်စဉ်​ကြေး​များ​ သတ်မှတ်ပြီး​ အသင်း​သား​များ​ စည်း​ရုံး​ခဲ့​သေး​၏။ ​နောင်တွင် အသင်း​သား​စနစ်ကို ဖျက်ခဲ့​၏။ဘာသာပြန်စာ​ပေအသင်း​ဟု အမည်ခံထား​စေကာမူ ဖွဲ့​စည်း​ပုံမှာ အသင်း​အဖွဲ့​ပုံစံမဟုတ်။ ဘာသာပြန်လုပ်ငန်း​မှာလည်း​ ထိုဌာန၏ တစ်စိတ်တစ်​ဒေသ ဖြစ်ခဲ့​သည်။
စတင်တည်​ထောင်ကာစက လူထုအလင်း​စာစဉ်၊​ လူထုအိတ်​ဆောင်စာစဉ်၊​ လူထုတက္ကသိုလ်စာစဉ် ဟူ​သော စာစဉ်အမည်များ​ဖြင့်​ စာအုပ်များ​ စတင်ထုတ်​ဝေခဲ့​သည်။ ​ကျောင်း​များ​နှင့်​ တက္ကသိုလ်များ​တွင် ဆိုင်ရာဘာသာရပ်များ​ကို မြန်မာစာဖြင့်​ သင်ကြား​ရန်အတွက် ​ကျောင်း​သုံး​စာအုပ်များ​ ဘာသာပြန် ပြုစု​ရေး​ လုပ်ငန်း​များ​ကိုလည်း​ ​ဆောင်ရွက်ခဲ့​၏။ ထိုစာအုပ်များ​ ပြုစုတည်း​ဖြတ်​ရေး​ အတွက် ဝိဇ္ဇာဌာနနှင့်​ သိပ္ပံဌာန ဟူ၍ ခွဲထား​ခဲ့​သည်။
 
 
၁၉၄၉ မှစ၍ မြန်မာ့​စွယ်စုံကျမ်း​ ပြုစု​ရေး​ လုပ်ငန်း​ကို ​ဖော်ပြပါ ဝိဇ္ဇာနှင့်​ သိပ္ပံဌာန နှစ်ခုက တာဝန်ယူခဲ့​သည်။ ထိုဌာနနှစ်ခုသည် ၁၉၅၇ တွင် မြန်မာ့​စွယ်စုံဌာန ဖြစ်လာ၏။
Line ၂၉ ⟶ ၂၈:
 
၁၉၇၂ ခုနှစ်တွင် စနစ် အုပ်ချုပ်​ရေး​ စတင်လာ​သောအခါ စာ​ပေဗိမာန်သည် ဗဟိုပုံနှိပ်တိုက်နှင့်​ ပူး​ပေါင်း​ကာ ပုံနှိပ်​ရေး​နှင့်​ စာအုပ်ထုတ်​ဝေ​ရေး​ လုပ်ငန်း​ ​ကော်ပို​ရေး​ရှင်း​ဟူ၍ ဖြစ်လာသည်။ ​နောင်တွင် လုပ်ငန်း​မပါရှိ​တော့​ဘဲ ပုံနှိပ်​ရေး​နှင့်​ စာအုပ်ထုတ်​ဝေ​ရေး​ ​ကော်ပို​ရေး​ရှင်း​ဟု ​ခေါ်တွင်သည်။ နိုင်ငံ​တော် ငြိမ်ဝပ်ပိပြား​မှု တည်​ဆောက်​ရေး​ အဖွဲ့​လက်ထက်တွင် ပုံနှိပ်​ရေး​နှင့်​ စာအုပ်ထုတ်​ဝေ​ရေး​လုပ်ငန်း​ ဖြစ်လာသည်။ စာ​ပေဗိမာန် စာတည်း​မှူး​ချုပ်၊​ စာတည်း​မှူး​၊​ စာတည်း​ (တာဝန်ခံ) များ​၊​ စာတည်း​များ​နှင့်​ စာ​ပေလက်​ထောက်များ​ ပါဝင်​သော စာတည်း​ဌာန၊​ မန်​နေဂျာ ဦး​ဆောင်​သော အ​ရောင်း​ဌာန၊​ စာကြည့်​တိုက်မှူး​ ဦး​စီး​သော ပြည်သူ့​စာကြည့်​တိုက်နှင့်​ ဌာနခွဲမှူး​ (စီမံ) တာဝန်ခံ ကြီး​ကြပ်​ရေး​ဌာန ဟူ၍ ရှိသည်။
 
 
အ​ရောင်း​ဌာနက အ​ရောင်း​ဆိုင်ခန်း​ဖွင့်​ကာ စာအုပ်များ​ ​ရောင်း​ချ​ပေး​သည်။ ကိုယ်စား​လှယ်များ​နှင့်​ တစ်ဆင့်​ စာအုပ်များ​ကို အနယ်နယ် အရပ်ရပ်သို့​ ဖြန့်​ချီ​ပေး​သည်။ ပြည်သူ့​စာကြည့်​တိုက်က စာအုပ်များ​ ဝယ်ယူ စင်တင်ပြီး​ စာဖတ်ပရိသတ်များ​သို့​ ငှါး​ရမ်း​ပေး​သည်။ သု​တေသီများ​ အတွက် ရည်ညွှန်း​ကျမ်း​များ​ ရှာ​ဖွေ​ပေး​သည်။ စီမံ​ရေး​ ဌာနက စီမံခန့်​ခွဲ​ရေး​ လုပ်ငန်း​များ​ကို ​ဆောင်ရွက်​ပေး​သည်။
Line ၅၆ ⟶ ၅၄:
*(ခ) မလိခ၊​ မြန်မာစာ​ပေအဘိဓာန် အတွဲ(၂)ရန်ကုန်၊​ သစ္စာစာ​ပေ၊​ ၁၉၇၄ ခု၊​ စာ ၄၇၊​ ၅၁။
*(ဂ) မြန်မာ့​စွယ်စုံကျမ်း​နှစ်ချုပ် (၁၉၉၇)၊​ စာ ၁၂၅၊​ ၁၃၄။
 
[[Category:စာပေ]]