ဦးပိန်တံတား: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၁ -
{{Infobox bridge
[[File:U pain Bridge.jpg | right | thumb | ဦးပိန်တံတား ]]
|bridge_name= ဦးပိန်တံတား
အမရပူရမြို့နယ်အတွင်းရှိ တောင်တမန်အင်းကို ဖြတ်ကျော်ကာ အမရပူရမြို့ဟောင်းနှင့် [[ရတနာပုံတက္ကသိုလ်]]ကို ဆက်သွယ် တည်ဆောက်ထားသည့် ဦးပိန်တံတားသည် မြန်မာနှင့် ကမ္ဘာကျော် ရှုခင်းကောင်းတစ်ခု၊ အပန်းဖြေလေ့လာရန်နေရာတစ်ခုအဖြစ် ကျော်ကြားပေသည်။ ဦးပိန်တံတားသည် ၁.၂ ကီလိုမီတာ (သို့မဟုတ်) တစ်မိုင် ၏ ၄ ပုံ ၃ ပုံ ရှည်လျား ၍ ကမ္ဘာပေါ်တွင် အရှည်ဆုံး ကျွန်းသား တံတားဖြစ်သည်။
|image=U pain Bridge.jpg
|other_name= တောင်သမန်တံတား
|carries=
|Type= ခြေလျင်လျောက် သစ်သားတံတား
|crosses= [[တောင်သမန်အင်း]]
|locale= [[အမရပူရမြို့နယ်]]၊ [[မန္တလေးတိုင်းဒေသကြီး]]
|maint=
|id=
|design= ခြေလျင်လျောက် သစ်သားတံတား (ကျွန်းသားတံတား)
|mainspan=
|length= ၃၉၆၇ ပေ (၁၂၀၉ မီတာ)
|width= တစ်လမ်းသွား
|below =
|begin = ၁၈၄၉ ခုနှစ်
|complete= ၁၈၅၁ ခုနှစ်
|map_cue=
|map_image=
|map_text=
|map_width=
|coordinates= {{coord|21|53|29.14|N|96|3|22.12|E}}
}}
 
အမရပူရမြို့နယ်အတွင်းရှိ[[အမရပူရမြို့နယ်]]အတွင်းရှိ တောင်တမန်အင်းကို ဖြတ်ကျော်ကာ အမရပူရမြို့ဟောင်းနှင့် [[ရတနာပုံတက္ကသိုလ်]]ကို ဆက်သွယ် တည်ဆောက်ထားသည့် ဦးပိန်တံတားသည် မြန်မာနှင့် ကမ္ဘာကျော် ရှုခင်းကောင်းတစ်ခု၊ အပန်းဖြေလေ့လာရန်နေရာတစ်ခုအဖြစ် ကျော်ကြားပေသည်။ ဦးပိန်တံတားသည် ၁.၂ ကီလိုမီတာ (သို့မဟုတ်) တစ်မိုင် ၏ ၄ ပုံ ၃ ပုံ ရှည်လျား ၍ ကမ္ဘာပေါ်တွင် အရှည်ဆုံး ကျွန်းသား တံတားဖြစ်သည်။
 
== ဦးပိန်တံတားသမိုင်း ==
ကုန်းဘောင်ခေတ်၊[[ကုန်းဘောင်ခေတ်]]၊ [[ပုဂံမင်း]]လက်ထက်တွင် ဦးပိန်တံတားကို တည်ဆောက်ခဲ့သည်။ ပုဂံမင်းမှာ ကြက်၊ ငှက် အစရှိသည်သာမက အခြားသော တိရိစ္ဆာန်များကိုပါ ဖမ်းဆီး၍ တိုက်ပွဲကစားသည်ကို အထူးဝါသနာပါပြီး နေ့စဉ်နှင့်အမျှ ကစားပွဲကျင်းပလေ့ရှိသည်။ တိုင်းရေးပြည်ရာများကို ညီတော်နှစ်ပါးဖြစ်သည့် [[မင်းတုန်းမင်း|မင်းတုန်း]]နှင့် [[ကနောင်မင်းသား]]နှစ်ပါး ဦးဆောင်သည့် လွှတ်တော်ကသာ ကိုင်တွယ်ဖြေရှင်းနေခဲ့ရသည်။ ပုဂံမင်း၏ တိရိစ္ဆာန်ရေးရာ ကျွမ်းကျင်သူမှာ ဘိုင်ဆပ် ဟုခေါ်သည့် ကုလား (မွတ်ဆလင်) တစ်ဦးဖြစ်သည်။ ထိုသူကို ပုဂံမင်းက ကြိုက်နှစ်သက်လှသဖြင့် [[အမရပူရ]]တွင် မြို့ဝန်အဖြစ်ပင် ချီးမြှောက်ခဲ့သည်။ ထိုဘိုင်ဆပ်နှင့် အတူချီးမြှောက်ခြင်းခံရသူမှာ ၄င်း၏တပည့်မြို့စာရေး မောင်ပိန်ဆိုသူဖြစ်သည်။ ထိုသူတို့နှစ်ဦး သောင်းကျန်းလှသဖြင့် အမရပူရတစ်မြို့လုံးသည် ခြောက်ခြားရသည်။ ထိုသူနှစ်ဦးစကားမှာ မင်းနားပေါက်သဖြင့် ကြောက်ကြရသည်။ လှန်ဝံ့သူမရှိခဲ့ပေ။ သို့သော် နောက်ဆုံးတွင် ၄င်းတို့၏ အပြစ်များကို ပုဂံမင်းသိသဖြင့် ဖမ်းဆီးကာ အပေါင်းအပါများနှင့်တကွ ကွပ်မျက်ခဲ့သည်။
 
ထို မြို့စာရေးမောင်ပိန်သည် အသက်ရှိစဉ်၊ အာဏာရှိစဉ်အတွင်းက အမရပူရမြို့တော်မှ တောင်တမန်အင်းကို ဖြတ်၍ အခြားဖက်ကမ်းသို့ တံတားကြီးတစ်ခုကို တည်ဆောက်လေသည်။ တံတားတိုင်များမှာကား အခြားမဟုတ်။ [[အင်းဝ]] နှင့် [[စစ်ကိုင်း]]မြို့ဟောင်းများမှ နန်းတော်တိုင်များဖြစ်သည် ဟုဆိုသည်။ ဦးပိန်တံတားသည် ယနေ့အခါတွင် တောင်တံမန်အင်း၏ အထင်ကရပြယုဂ်အနေဖြင့် ထင်ရှားလျက်ရှိပေသည်။
{{DEFAULTSORT:ပ|ဦးပိန်တံတား}}
 
[[Category:မန္တလေးတိုင်းဒေသကြီး]]
[[Category:မန္တလေးတိုင်း]]
[[Category:မြန်မာနိုင်ငံရှိ တံတား​များ]]
[[Category:မြန်မာပြည်]]
{{Commonscat|U Bein Bridge}}
[[Category:ဒေသ]]
[[Category:တံတားများ]]