အင်တာနက်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Migrating 172 interwiki links, now provided by Wikidata on d:q75 (translate me)
အရေးမကြီးNo edit summary
စာကြောင်း ၂ -
[[File:Internet map 1024.jpg|thumb|200px|right|အင်တာနက်၏ တစ်စိတ်တစ်ပိုင်းကို ဖြတ်သွားသည့် အမျိုးမျိုးသော လမ်းကြောင်းများကို အမြင်ပုံဖော်ထားပုံ။ ‘The Opte Project’ မှ။]]
 
'''အင်တာနက်''' ( [[အင်္ဂလိပ်ဘာသာ|အင်္ဂလိပ်]]=The Internet) ဆိုသည်မှာ စံနမူနာ Internet Protocol Suite (TCP/IP) ကိုသုံး၍ ကွန်ပျူတာ ကွန်ယက်များ ချိတ်ဆက်ကာ သန်းထောင်နှင့်ချီသော ကမ္ဘာအနှံ့သုံးစွဲ သူများအား သုံးစွဲသူများအား ဝန်ဆောင်မှုပေးနေသော [[ကမ္ဘာ]]နှင့် အဝှမ်း ချိတ်ဆက်ထားသော စနစ်တစ်ခုပင် ဖြစ်သည်။ ဒေသတွင်းမှသည် ကမ္ဘာလုံးအနှံ့ အတိုင်းအတာအထိ ကျယ်ပြန့်စွာ သွယ်တန်းထားသော [[အီလက်ထရွန်းနစ်]] အချက်အလက်တည်ဆောက်မှုနှင့် အမြင်ဆိုင်ရာ ကွန်ယက်[[နည်းပညာ]]များဖြင့် ချိတ်ဆက်ထားသည့် သန်းပေါင်းများစွာသော ပုဂ္ဂလိက၊ အများပြည်သူ၊ [[ပညာရေး]]၊ စီးပွားရေးနှင့် [[အစိုးရ]]ပိုင်းဆိုင်ရာ ကွန်ယက်များ ပါဝင်သည့် ကွန်ယက်များ၏ ကွန်ယက် တစ်ခု ဖြစ်သည်။ ကမ္ဘာ့ပင့်ကူအိမ်ဟု တင်စားသည့် World Wide Web (WWW) ၏ အချင်းချင်း ချိတ်ဆက်နေသော ဟိုက်ပါတက်(စ်) (hypertext) စာရွက်စာတမ်းများနှင့် အီလက်ထရွန်းနစ်စာပို့စနစ် (electronic mail) ကို ပံ့ပိုးသော အခြေခံဖွဲ့စည်းတည်ဆောက်ပုံကဲ့သို့ အမျိုးအစား များပြားလှစွာသော သတင်းအချက်အလက် အရင်းအမြစ်များ နှင့် ဝန်ဆောင်မှုများကို အင်တာနက်က သယ်ဆောင်ပေးပါသည်။
 
[[တယ်လီဖုန်း]]၊ တေး[[ဂီတ]]၊ [[ရုပ်ရှင်]] နှင့် ရုပ်မြင်သံကြားကဲ့သို့ ထုံးတမ်းစဉ်လာ လူထုဆက်သွယ်ရေးများ သည် အင်တာနက်အားဖြင့် အသွင်သဏ္ဍာန်နှင့် အနက်အဓိပ္ပာယ် တဖန်ပြောင်းလဲလာကြသည်။ သတင်းစာ၊ စာအုပ် နှင့် အခြားပုံနှိပ်လုပ်ငန်းများသည် Web sitesWebsites ဝက်(ဘ်)ဆိုဒ်များ Blogs ဘလော့များနှင့် ကိုက်ညီအောင် ပြုပြင်လာကြသည်။ အမြန်သတင်းပို့ဆက်သွယ်ခြင်း (instant messaging), အင်တာနက် စုပေါင်းဆွေးနွေးခန်းများ (Internet Forums) နှင့် [[လူမှုရေး]]ကွန်ယက်များ (social networking) များတို့မှတစ်ဆင့် လူအချင်းချင်း အပြန်အလှန် ဆက်သွယ်ရာတွင် အသွင်သစ်များကို အင်တာနက်က စွမ်းဆောင်ပေးသည် သို့မဟုတ် အရှိန်မြှင့်တင်ပေးသည်။ အဓိက လက်လီအရောင်းဆိုင်ခွဲ များ၊ လက်လုပ်လက်စား ဈေးသည်များ ၊ ကုန်သည်များ အတွက် အင်တာနက်ပေါ်တွင် ဈေးဝယ်ခြင်း (online shopping) လျင်မြန်စွာ တိုးတက်ဖွံ့ဖြိုးလာသည်။ အင်တာနက်ပေါ်ရှိ စီးပွားရေးလုပ်ငန်းတစ်ခုနှင့်တစ်ခု တိုက်ရိုက်ဆက်ဆံမှု နှင့် ငွေကြေး ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ က စက်မှုလုပ်ငန်းတစ်ခုလုံး ထုတ်ကုန်စီးဆင်းမှု ကို အကျိုး သက်ရောက် စေသည်။
 
၁၉၆၀ခုနှစ်များက ပုဂ္ဂလိကနှင့် [[အမေရိကန်ပြည်ထောင်စု]]စစ်တပ် နှစ်မျိုးလုံး၏ ကြံ့ခိုင်ပြီး တော်ရုံအမှားခံနိုင်သော၊ ဖြန့်ဝေပေးသည့် ကွန်ပျူတာ ကွန်ယက်များအကြောင်း သုတေသန ပြုခြင်းများသည် အင်တာနက်၏ မူလအစ ဖြစ်ခဲ့သည်။ အမျိုးသား [[သိပ္ပံ]]ရေးရာ ဖောင်ဒေးရှင်း က ပံ့ပိုးသော အမေရိကန်ပြည်ထောင်စု၏ ကွန်ယက်နောက်ကျောရိုးသစ် အတွက် ရံပုံငွေ နှင့် အခြားသော စီးပွားရေးကွန်ယက် နောက် ကျော ရိုးသစ် အတွက် ကိုယ်ပိုင် ရန်ပုံငွေ တို့ကို ကမ္ဘာတဝှမ်းလုံးကို ကွန်ယက်ချိတ်ဆက်မှု နည်းပညာသစ်များ နှင့် ကွန်ယက်အများအပြားကို စုပေါင်းခြင်းများ တည်ဆောက်ဖွံ့ဖြိုးမှုတွင် ပါဝင်လာစေရန် ဦးဆောင်ဦးရွက်ပြုခဲ့သည်။ ၁၉၉၀ခုနှစ်များ၏ အလယ်နှစ်များက အပြည်ပြည်ဆိုင်ရာ ကွန်ယက်ကို စီးပွားဖြစ် ပြုလုပ်ခြင်းကြောင့် အင်တာနက်သည် လူသိများလာပြီး ခေတ်သစ်လူသားဘဝ၏ အရာရာတိုင်း နီးပါးတွင် ပေါင်းစပ်ဖွဲ့စည်းခြင်း အကျိုးများရရှိခဲ့သည်။ ၂၀၀၉ခုနှစ်မှစ၍ ကမ္ဘာ့လူဦးရေ၏ လေးပုံတစ်ပုံခန့်သည် အင်တာနက် ဝန်ဆောင်မှုများကို အသုံးပြုနေပြီဖြစ်သည်။
စာကြောင်း ၆၉ -
အင်တာနက်အလွှာသည် ကွန်ပျူတာများကို အင်တာနက် ပရိုတိုကော(လ်) IP လိပ်စာများမှတဆင့် အချင်းချင်း သိမှတ်ရန်နှင့် နေရာချထားရန် ဆောင်ရွက်နိုင်ပြီး ကွန်ပျူတာတစ်ခုနှင့်တစ်ခုကို ကြားခံ(တဆင့်ခံ) ကွန်ယက်များမှတဆင့် ချိတ်ဆက်ရန် လုပ်ဆောင်ခွင့်ပြုသည်။ နောက်ဆုံးဖြစ်သော တည်ဆောက်ပုံ၏ အောက်ဆုံးလွှာမှာ ဆော့(ဖ်)ဝဲအလွှာဖြစ်သည့် ချိတ်ဆက်အလွှာဖြစ်သည်။ ၎င်းက တူညီသော ကွန်ယက် အချိတ်အဆက်နယ်ပယ်တွင်း လက်ခံဟို့(စ်)များအကြား ဆက်သွယ်ချိတ်ဆက်မှုကို ထောက်ပံ့ပေးသည် - ဥပမာ ဒေသန္တရနယ်ပယ်ကွန်ယက် (local area network - LAN) သို့မဟုတ် ဖုန်းဖြင့်ချိတ်ဆက်ခြင်း။ TCP/IP ဟုလူသိများသော ပုံစံငယ်ကို အောက်ခံ ဟာ့ဒ်ဝဲအား မှီခိုမှုကင်းလွတ်ရန် ဒီဇိုင်းပြုလုပ်ထားသည်။ ထို့ကြောင့် ပုံစံငယ်သည် ၎င်းသက်သက်ဆိုလျှင် မည်သည့် အစိတ်အပိုင်းနှင့်မျှ ပတ်သက်ခြင်းမရှိပေ။ Open Systems Interconnection (OSI) ပုံစံငယ်ကဲ့သို့ အခြား ပုံစံငယ်များကိုလည်း ဖန်တီးတည်ဆောက်ခဲ့သည်။ သို့သော် ၎င်းတို့သည် ဖော်ပြချက် အသေးစိတ်များ နှင့်လည်းကောင်း အကောင်ထည်ဖော်ခြင်းတွင်လည်းကောင်း သဟဇာတဖြစ်မဖြစ်ပါ။ သို့သော် ဆင်တူမှု များစွာ ရှိနေပြီး ပုံမှန်အားဖြင့် OSI ကွန်ယက်ဖွဲ့ခြင်း ဆွေးနွေးမှုများတွင် TCP/IP ပရိုတိုကော(လ်)များအကြောင်း ပါဝင်သည်။
 
အင်တာနက် မော်ဒယ်၏ အထင်ရှားဆုံး အစိတ်အပိုင်းမှာ အင်တာနက် ပရိုတိုကော(လ်) (Internet Protocol - IP) ဖြစ်သည်။ ၎င်းက အင်တာနက်ပေါ်တွင် ကွန်ပျူတာများအတွက် လိပ်မူခြင်း စနစ်များ(IP လိပ်စာများ) ကို လုပ်ဆောင်သည်။ IP သည် ကွန်ယက်အချင်းချင်း ချိတ်ဆက်ခြင်းနှင့် အခြေခံအားဖြင့် အင်တာနက်ကို ၎င်းဘာသာ တည်ဆောက်ခြင်းကို လုပ်ဆောင်နိုင်သည်။ IP မူကွဲ ၄ (IPv4) သည် ယနေ့အင်တာနက်၏ ပထမ မျိုးဆက်တွင် အသုံပြုခဲ့သော စဦးမူကွဲ ဖြစ်ပြီး အဓိက အသုံးပြုဆဲဖြစ်သည်။ အင်တာနက် လက်ခံဟို့(စ်) ~သန်းထောင်ပေါင်း ၄.၂ (၁၀၉)အထိ လိပ်မူရန် ရည်စူးထားသည်။ သို့သော် အင်တာနက်၏ အရှိန်အဟုန်ကြီးစွာ ကြီးထွားလာမှုက IPv4 လိပ်စာ ကုန်ခန်းမှု ကိုဖြစ်စေခဲ့ရာ ၂၀၁၁ခုနှစ်ခန့်တွင် ၎င်း၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိလာဖွယ်ရှိသည်ဟု ခန့်မှန်းရသည်။ပိုမိုကြီးမားသော လိပ်မူနိုင်စွမ်းရှိပြီး အင်တာနက် သွားလာရေး လမ်းကြောင်း သတ်မှတ်ခြင်းကိုလည်း ပိုမိုထိရောက်စွာ စွမ်းဆောင်နိုင်သည့် ပရိုတိုကော(လ်) မူကွဲအသစ်ဖြစ်သော IPv6 ကို ၁၉၉၀နှစ်များ အလယ်က ထုတ်လုပ်ခဲ့သည်။ထုတ်လုပ်ခဲ့သည်။ထိုIPv6တွင် နက်ဝက်လိပ်စာပေါင်း 3.4×10power38 ခန့်ရှိပြီး ယခင် IPV4ထက် 7.9×10power28 ဆခန့်ပိုမိုကြီးမားသည်။ ယခုအခါ IPv6 သည် ကမ္ဘာတဝှမ်းတွင် စီးပွားဖြစ်ထုတ်လုပ်သော လက်တွေ့အသုံးချမှု အဆင့်တွင် တည်ရှိနေပြီး အင်တာနက် လိပ်စာ မှတ်ပုံတင်လုပ်ငန်းများ(RIRs) သည် အရင်းအမြစ် မန်နေဂျာများကို ဤ စနစ်သစ်အား အလျင်အမြန် လက်ခံခြင်းနှင့် ပြောင်းလဲခြင်းတို့ကို စီစဉ်ဆောင်ရွက်ကြရန် တိုက်တွန်း လှုံ့ဆော်ခဲ့ပြီး ဖြစ်သည်။
 
IPv6 သည် IPv4 နှင့် အပြန်အလှန်အသုံးပြု၍ မရပါ။ ၎င်းသည် IPv4 ဆော့(ဖ်)ဝဲနှင့် တိုက်ရိုက် ဆက်သွယ်ရယူနိုင်မှုမရှိဘဲ အင်တာနက်၏ ပြိုင်တူဖြစ်သော မူကွဲတစ်ခုကို အခြေခံအားဖြင့် တည်ဆောက်သည်။ ဆိုလိုသည်မှာ IPv6 အင်တာနက်ပေါ်တွင် ဆက်သွယ်ရန် လိုအပ်သော ကွန်ယက် ကိရိယာတိုင်းအတွက် ဆော့(ဖ်)ဝဲ အဆင့်မြှင့်ခြင်းများ သို့မဟုတ် ဘာသာပြန် အထောက်အပံ့များ လိုအပ်သည်။ ခေတ်သစ် ကွန်ပျူတာ မောင်းနှင် လည်ပတ်မှုစနစ် အများစုမှာ အင်တာနက် ပရိုတိုကော(လ်) မူကွဲနှစ်မျိုးလုံးနှင့် လုပ်ဆောင်နိုင်ရန် ပြောင်းလဲပြီးဖြစ်သည်။ သို့သော် ကွန်ယက် အခြေခံ ဖွဲ့စည်းတည်ဆောက်မှုများသည် ဤတိုးတက်ဖြစ်ပေါ်မှုတွင် နောက်ကျ ကျန်နေခဲ့ဆဲဖြစ်သည်။ ၎င်း၏ အခြေခံ ဖွဲ့စည်းတည်ဆောက်ပုံကို ဖြစ်စေသော ခက်ခဲရှုပ်ထွေးသည့် အမှန်တကယ် ချိတ်ဆက်မှုများမှအပ အင်တာနက်ကို နှစ်ဦးနှစ်ဘက်နှင့်ဆိုင်သော သို့မဟုတ် အများနှင့်ဆိုင်သော ကုန်သွယ်မှု သဘောတူစာချုပ်များ (ဥပမာ- ဂုဏ်ရည်တူသဘောတူညီချက်များ) နှင့် နည်းပညာပိုင်းဆိုင်ရာ သတ်မှတ်ချက်များ သို့မဟုတ် ကွန်ယက်ပေါ်တွင် အချက်အလက်များကို မည်သို့ လဲလှယ်ရမည်ကို ဖော်ပြသော ပရိုတိုကော(လ်)များက ပံ့ပိုးဆောင်ရွက်သည်။ အမှန်တကယ်ပင် အင်တာနက်ကို ၎င်း၏ အပြန်အလှန် ချိတ်ဆက်မှုများနှင့် လမ်းကြောင်းပေါ်လစီများအားဖြင့် အနက်ဖွင့်ကြသည်။
စာကြောင်း ၁၄၀ -
[[File:800px-Internet users per 100 inhabitants 1997-2007 ITU.svg.png|thumb|left|150px|အပြည်ပြည်ဆိုင်ရာ ရပ်ဝေးဆက်သွယ်ရေး အတတ်ပညာအဖွဲ့ ကထုတ်ပြန်သော ၁၉၉၇ မှ ၂၀၀၇ အကြား အခြေချနေထိုင်သူဦးရေ ၁၀၀ တွင် အင်တာနက်သုံးသူ အရေအတွက် ဇယားပုံ]]
 
အင်တာနက်ပေါ်တွင် ဆက်သွယ်ရန်အတွက် ပျ့ံနှ့ံသုံးစွဲသောပျံ့နှံ့သုံးစွဲသော ဘာသာစကားမှာ အင်္ဂလိပ်ဘာသာ ဖြစ်သည်။ အင်တာနက်၏ ပေါက်ဖွားလာသော နေရာကြောင့် သော်လည်းကောင်း၊ အင်္ဂလိပ်ဘာသာ၏ ဘာသာစကားမတူသူချင်း ဆက်သွယ်ပြောဆို ကြသည့်စကားအဖြစ် အခန်းကဏ္ဍအရကြောင့် သော်လည်းကောင်း ဖြစ်နိုင်ပေသည်။ အဓိကအားဖြင့် အမေရိကန် ပြည်ထောင်စုတွင် စတင်ပေါ်ပေါက်လာခဲ့သော ရှေးဦး ကွန်ပျူတာများ၏ လက်တင်အက္ခရာများကို သုံးသော အင်္ဂလိပ် မူကွဲများမှအပ အခြားသော စာလုံးများကို စီမံခန့်ခွဲရန်အတွက် စွမ်းဆောင်နိုင်မှု အားနည်းမှုနှင့်လည်း ဆက်စပ်နိုင်ကောင်း ဆက်စပ်ပေလိမ့်မည်။ World Wide Web ပေါ်၌ တောင်းဆိုမှု အများဆုံး ဘာသာစကားဖြစ်သည့် အင်္ဂလိပ်ဘာသာ(၂၈%)ပြီးလျှင် တရုတ် (၂၃%)၊ စပိန်(၈%)၊ ဂျပန်(၅%)၊ ပေါ်တူဂီ နှင့် ဂျာမန်(၄% စီ)၊ အာရဗီ၊ ပြင်သစ်နှင့် ရုရှား (၃%စီ)နှင့် ကိုရီးယား (၂%)တို့ ဖြစ်ပါသည်။
 
ဒေသများအားဖြင့်၊ ကမ္ဘာ့အင်တာနက် အသုံးပြုသူဦးရေ ၄၂%သည် အာရှတွင် အခြေပြုသူများ ဖြစ်ပြီး၊ ၂၄%မှာ ဥရောပ၊ ၁၄%မှာ မြောက်အမေရိက၊ ၁၀%မှာ လက်တင် အမေရိကနှင့်တကွ ကာရစ်ဘီယံဒေသ၊ ၅%မှာ အာဖရိက၊ ၃%မှာ အရှေ့အလယ်ပိုင်းနှင့် ၁%မှာ ဩစတြေလျ/ ပစိဖိတ်သမုဒ္ဒရာ ဒေသများတို့မှ ဖြစ်ကြပါသည်။လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း အင်တာနက်၏ နည်းပညာများ လုံလောက်စွာပင် ဖွ့ံဖြိုးတိုးတက်ဖွံ့ဖြိုးတိုးတက် လာခဲ့သည်။ အထူးသဖြင့် ယူနီကုတ် ကိုအသုံးပြုခြင်းဖြင့် ကမ္ဘာ့ အသုံးအများဆုံး ဘာသာစကားများကို အသုံးပြု၍ ဖွ့ံဖြိုးတိုးတက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးတို့အတွက် ကောင်းမွန်သော လိုအပ်သည့် အထောက်အပံ့ပစ္စည်းများကို ရရှိနိုင်ပြီဖြစ်သည်။ သို့ရာတွင် မိုဂျီဘာကေ (mojibake) (အချို့သော ဘာသာစကားများ၏ စာလုံးများကို မှားယွင်းစွာဖော်ပြခြင်း) ကဲ့သို့ အချို့အမှားများမှာ ရှိနေဆဲပင်ဖြစ်သည်။
 
အိမ်များတွင် အင်တာနက် ဆက်သွယ်ရရှိမှု အတွက် သုံးလေ့ရှိသော နည်းလမ်းများတွင် ဒိုင်း(လ်)အပ်(dial-up)၊ ကုန်းပေါ် ကြိုးးကြိုး ဘရော့(ဒ်)ဘဲန်(broadband) (ပျော့ပြောင်းသော ကိုအက်(စ်)ဝိုင်ယာကြိုး၊ အကြည်ရောင်ဖန်မျှင် ၊ သို့မဟုတ် ကြေးနီဝိုင်ယာများ မှတဆင့်)၊ဖိုင်ဘာ၊ ဝိုင်ဖိုင်၊ ဂြိုလ်တုနှင့် 3G နည်းပညာ ဆဲ(လ်)ဖုန်းများတို့ ပါဝင်ပါသည်။ အင်တာနက်ကို အများပြည်သူ အသုံးပြုနိုင်သော နေရာများတွင် အင်တာနက်နှင့် ဆက်သွယ်ထားသော ကွန်ပျူတာများရှိသည့် စာကြည့်တိုက်များနှင့် အင်တာနက် ကဖေးများတို့ ပါဝင်သည်။ လေဆိပ် ဟောခန်းမနှင့် ကော်ဖီဆိုင်များကဲ့သို့ အများပြည်သူနှင့် သက်ဆိုင်သော နေရာအများအပြားတွင်လည်း အင်တာနက်ဆက်သွယ်ရရှိနိုင်သော နေရာများရှိသည်။ အချို့နေရာများတွင် မတ်တတ်ရပ်လျက် ခေတ္တခဏမျှသာ အသုံးပြုရန်အတွက် ဖြစ်သည်။ “ပြည်သူ့အင်တာနက်ဆိုင်ငယ်” ၊ “ပြည်သူများသုံးစွဲနိုင်သည့် တာမင်နယ်(လ်)များ” နှင့် “ပိုက်ဆံပေးရသည့် အများပြည်သူသုံးဖုန်း ဝက်(ဘ်)” ဟူ၍ အမျိုးမျိုး ခေါ်ကြသည်။
ယခုအခါတွင် ဟိုတယ်(လ်)အများအပြားတွင်လည်း အခကြေးငွေ ပေးရလေ့ ရှိသော်လည်း အများပြည်သူ အသုံးပြုနိုင်သည့် တာမင်နယ်(လ်)များ ရှိပါသည်။ လက်မှတ်ဝယ်ခြင်း၊ ဘဏ်တွင် ငွေအပ်နှံခြင်း၊ အွန်လိုင်းမှတဆင့် ငွေပေးချေခြင်း စသည်ဖြင့် အသုံးအမျိုးမျိုး တို့အတွက် ဤတာမင်နယ်(လ်)များကို ကျယ်ပြန့်စွာ အသုံးပြုကြသည်။ ကြိုးမဲ့ ကွန်ပျူတာ ကွန်ယက် ဆက်သွယ်ခြင်းများ အသုံးပြုရန် ဝိုင်ဖိုင်က ထောက်ပံ့ပေးသည်။ ထို့ကြောင့် ယင်းက အင်တာနက်သို့ ဆက်သွယ်ရန်ကိုလည်း စွမ်းဆောင်နိုင်သည်။ လက်(ပ်)တော့(ပ်) သို့မဟုတ် PDA ကဲ့သို့သော ကိုယ်ပိုင် ကြိုးမဲ့သုံးနိုင်သော ကိရိယာပစ္စည်းများကို အသုံးပြုသူများက ယူဆောင်လာဖို့ လိုအပ်သော ဝိုင်ဖိုင်ကဖေးများ အပါအဝင် ဤကဲ့သို့ အသုံးပြုနိုင်မှုများကို ဟော့(တ်)စပေါ့(တ်)များ(HotSpot) (ရောက်တာကိုအသုံးပြုပြီးရောက်တာများ(Router)ကိုအသုံးပြုပြီး အင်တာနက် ဝန်ဆောင်မှု ထောက်ပံ့ပေးသူထံမှ ကြိုးမဲ့ နေရပ်တွင်း ဧရိယာကွန်ယက် ပေါ်မှ တဆင့် အင်တာနက် အသုံးပြုခွင့် ပေးသော နေရာများ)က ထောက်ပံ့ပေးသည်။ ဤဝန်ဆောင်မှုများမှာ အားလုံးအတွက် အခမဲ့၊ ဈေးဝယ်များအတွက်သာ အခမဲ့၊ သို့မဟုတ် အခကြေးငွေ ကောက်ခံသော ဝန်ဆောင်မှုများ ဖြစ်နိုင်ပါသည်။ ဟော့(တ်)စပေါ့(တ်) ပိတ်ထားသော နေရာတစ်ခုအတွင်း ကန့်သတ်ထားဖို့ မလိုပေ။ ပရိဝုဏ် သို့မဟုတ် ပန်းခြံတစ်ခုလုံး သို့မဟုတ် မြို့တစ်ခုလုံးမှာ အသုံးပြုနိုင်ပေသည်။ အခြေခံလူတန်းစားများ၏ လှုပ်ရှား ကြိုးပမ်းမှုများက ကြိုးမဲ့ လူမှုအသိုင်းအဝိုင်း ကွန်ယက်များ၌ လမ်းပြ ခေါ်ဆောင်ခဲ့သည်။ လန်ဒန်၊ ဗီယင်နာ၊ တိုရန်တို၊ ဆန်ဖရန်ဆစ်စကို၊ ဖီလာဒဲဖီးယား၊ ရှီကာဂိုနှင့် ပစ္စဘတ် မြို့များ၏ မြို့ဧရိယာ အများအပြားကို ဖုံးလွှမ်းထားသော စီးပွားဖြစ် ဝိုင်ဖိုင်ဝန်ဆောင်မှုများက နေရာတကျ ရှိနေပေသည်။ ထို့ကြောင့် ပန်းခြံထိုင်ခုံ တန်းလျားများ ကဲ့သို့ နေရာများ၌ပင် အင်တာနက်ကို အသုံးပြုနိုင်ပေသည်။
ယခုအခါတွင် ဟိုတယ်(လ်)အများအပြားတွင်လည်း အခကြေးငွေ ပေးရလေ့ ရှိသော်လည်း အများပြည်သူ အသုံးပြုနိုင်သည့် တာမင်နယ်(လ်)များ ရှိပါသည်။ လက်မှတ်ဝယ်ခြင်း၊ ဘဏ်တွင် ငွေအပ်နှံခြင်း၊
 
အွန်လိုင်းမှတဆင့် ငွေပေးချေခြင်း စသည်ဖြင့် အသုံးအမျိုးမျိုး တို့အတွက် ဤတာမင်နယ်(လ်)များကို ကျယ်ပြန့်စွာ အသုံးပြုကြသည်။ ကြိုးမဲ့ ကွန်ပျူတာ ကွန်ယက် ဆက်သွယ်ခြင်းများ အသုံးပြုရန် ဝိုင်ဖိုင်က ထောက်ပံ့ပေးသည်။ ထို့ကြောင့် ယင်းက အင်တာနက်သို့ ဆက်သွယ်ရန်ကိုလည်း စွမ်းဆောင်နိုင်သည်။ လက်(ပ်)တော့(ပ်) သို့မဟုတ် PDA ကဲ့သို့သော ကိုယ်ပိုင် ကြိုးမဲ့သုံးနိုင်သော ကိရိယာပစ္စည်းများကို အသုံးပြုသူများက ယူဆောင်လာဖို့ လိုအပ်သော ဝိုင်ဖိုင်ကဖေးများ အပါအဝင် ဤကဲ့သို့ အသုံးပြုနိုင်မှုများကို ဟော့(တ်)စပေါ့(တ်)များ (ရောက်တာကိုအသုံးပြုပြီး အင်တာနက် ဝန်ဆောင်မှု ထောက်ပံ့ပေးသူထံမှ ကြိုးမဲ့ နေရပ်တွင်း ဧရိယာကွန်ယက် ပေါ်မှ တဆင့် အင်တာနက် အသုံးပြုခွင့် ပေးသော နေရာများ)က ထောက်ပံ့ပေးသည်။ ဤဝန်ဆောင်မှုများမှာ အားလုံးအတွက် အခမဲ့၊ ဈေးဝယ်များအတွက်သာ အခမဲ့၊ သို့မဟုတ် အခကြေးငွေ ကောက်ခံသော ဝန်ဆောင်မှုများ ဖြစ်နိုင်ပါသည်။ ဟော့(တ်)စပေါ့(တ်) ပိတ်ထားသော နေရာတစ်ခုအတွင်း ကန့်သတ်ထားဖို့ မလိုပေ။ ပရိဝုဏ် သို့မဟုတ် ပန်းခြံတစ်ခုလုံး သို့မဟုတ် မြို့တစ်ခုလုံးမှာ အသုံးပြုနိုင်ပေသည်။ အခြေခံလူတန်းစားများ၏ လှုပ်ရှား ကြိုးပမ်းမှုများက ကြိုးမဲ့ လူမှုအသိုင်းအဝိုင်း ကွန်ယက်များ၌ လမ်းပြ ခေါ်ဆောင်ခဲ့သည်။ လန်ဒန်၊ ဗီယင်နာ၊ တိုရန်တို၊ ဆန်ဖရန်ဆစ်စကို၊ ဖီလာဒဲဖီးယား၊ ရှီကာဂိုနှင့် ပစ္စဘတ် မြို့များ၏ မြို့ဧရိယာ အများအပြားကို ဖုံးလွှမ်းထားသော စီးပွားဖြစ် ဝိုင်ဖိုင်ဝန်ဆောင်မှုများက နေရာတကျ ရှိနေပေသည်။ ထို့ကြောင့် ပန်းခြံထိုင်ခုံ တန်းလျားများ ကဲ့သို့ နေရာများ၌ပင် အင်တာနက်ကို အသုံးပြုနိုင်ပေသည်။
 
ဝိုင်ဖိုင်အပြင် ရီကိုချက် ကဲ့သို့ တစ်ဦးတည်းပိုင် ကြိုးမဲ့ မိုဘိုင်း(လ်) ကွန်ယက်များ၊ ဆဲလူလာဖုန်းကွန်ယက်များ ပေါ်ရှိ နှုန်းအမြင့် ဒေတာ ဝန်ဆောင်မှု အမျိုးမျိုး၊ နှင့် ပုံသေကြိုးမဲ့ဝန်ဆောင်မှုများနှင့်လည်း စမ်းသပ်မှုများ ပြုလုပ်လျက်ရှိသည်။ စမတ်ဖုန်းများ ကဲ့သို့ နောက်ဆုံးပေါ် နည်းပညာများပါရှိပြီး ဈေးကြီးသော မိုဘိုင်း(လ်)ဖုန်းများမှာ ဖုန်းကွန်ယက်မှတဆင့် အင်တာနက်အသုံးပြုနိုင်မှု ပုံမှန်အားဖြင့် ပါဝင်သည်။ အခြား အင်တာနက် ဆော့(ဖ်)ဝဲမျိုးစုံတို့ကိုပါ သုံးနိုင်သော အော်ပရာကဲ့သို့ ဝက်(ဘ်) ဘရောက်ဆာများမှာ ဤခေတ်မီသော လက်ကိုင်ဖုန်းများတွင် ရရှိနိုင်သည်။ ကျယ်ပြန့်စွာ အသုံးပြုကြခြင်း မရှိသော်ငြား အင်တာနက် အသုံးပြုနိုင်ခွင့်မှာ PC များမှာထက် မိုဘိုင်းဖုန်းများမှာ ပိုပေသည်။[ကိုးကားရန်လိုအပ်သည်] အင်တာနက် အသုံးပြုမှု ထောက်ပံ့သူနှင့် ပရိုတိုကောမက်ထရစ်တို့ အွန်လိုင်းသို့ ရောက်ရှိရန် နည်းလမ်းများကို ခွဲခြားသည်။
Line ၁၅၅ ⟶ ၁၅၃:
'''အင်တာနက် လူမှုရေးသိပ္ပံပညာ'''
 
အပြန်အလှန် လူမှုဆက်ဆံရေး၊ လှုပ်ရှားမှုများ နှင့် စည်းရုံး ဆောင်ရွက်ခြင်းတို့၏ လုံးဝ ပုံစံသစ်များအဖြစ် အင်တာနက်က စွမ်းဆောင်နိုင်ခဲ့သည်။ ၎င်း၏ ကျယ်ပြန့်စွာ အသုံးပြုနိုင်မှုနှင့် ရရှိနိုင်မှုကဲ့သို့သော အခြေခံ အရည်အသွေးများ၏ အကျိုးကျေးဇူးကြောင်း ဖြစ်သည်။ ဖေ့(စ်)ဘွတ်(ခ်)၊ တွစ်တာနှင့် မိုင်စပေ့(စ်) ကဲ့သို့ လူမှုရေးနှင့်ဆိုင်သော ကွန်ယက် ဝက်(ဘ်)ဆိုဒ်များကို ပေါင်းသင်းဆက်ဆံရန်နှင့် အပြန်အလှန်ဆက်သွယ်ရန် ဖန်တီးခဲ့ကြသည်။ ၎င်းဆိုဒ်များကို အသုံးပြုသူများသည် အမျိုးမျိုး များပြားသော သတင်းအချက်အလက်များကို စာမျက်နှာများပေါ် ထပ်၍ထည့်ရန်၊ အများစိတ်ဝင်စားသော အရာများကို လေ့လာလိုက်စားရန်နှင့် အခြားသူများနှင့် ဆက်သွယ်ရန် စွမ်းဆောင်နိုင်သည်။ ရှိရင်းစွဲ အသိမိတ်ဆွေများကို ရှာဖွေနိုင်ပြီး၊ ရှိရင်းစွဲ အုပ်စုအသင်းအဖွဲ့များနှင့် ဆက်သွယ်ရန်ကိုလည်း ခွင့်ပြုသည်။ LinkedIn ကဲ့သို့သောဆိုဒ်များက ကုန်သွယ်ရေးနှင့် စီးပွားရေးဆက်သွယ်မှုများကို ထိမ်းသိမ်းစောင့်ရှောက်သည်။ ယူကျု(ဘ်)နှင့် ဖလစ်ကာ (Flickr)တို့မှာ အသုုံးပြုသူများ၏အသုံးပြုသူများ၏ ဗီဒီယို နှင့် ဓါတ်ပုံများကို အထူးပြုသည်။
 
၂၁ ရာစု၏ ပထမဆယ်စုနှစ်တွင် ပထမမျိုးဆက်သည် အင်တာနက် ဆက်သွယ်မှု ကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်ခြင်း၊ ပုဂ္ဂိုလ်ရေး လွတ်လပ်မှုနှင့် သက်သေခံ ဆိုင်ရာ နယ်ပယ်များတွင် အကျိုးဆက်များနှင့် အာရုံစိုက်စရာများ ဆောင်ယူလာခြင်း၊ နှင့် မူပိုင်ခွင့်ရှိသော ပစ္စည်းများဖြန့်ဝေခြင်းတို့နှင့် ကြီးပြင်းလာခဲ့ရသည်။ ဤ "digital natives" သည် ယခင်မျိုးဆက်တို့ မကြုံတွေ့ခဲ့ရသော စိန်ခေါ်မှုမျိုးစုံကို ရင်ဆိုင်ရသည်။အင်တာနက်သည် နိုင်ငံရေးဆိုင်ရာ အသုံးချမှု ကိရိယာတစ်ခု အဖြစ် အသစ်သော ဆက်စပ်မှုကို အောင်မြင်ရရှိခဲ့ခြင်းသည် အချို့သောတိုင်းပြည်များတွင် အင်တာနက် ဆင်ဆာပြုလုပ်ခြင်းကို လုပ်ဆောင်စေခဲ့သည်။ အမေရိကန်ပြည်ထောင်စုတွင် ၂၀၀၄ခုနှစ်က ဟောင်းဝပ်ဒင်း(န်)၏ သမ္မတရွေးကောက်ပွဲနှင့် ဆိုင်သော စည်းရုံးလှုံ့ဆော်ခြင်းဖြစ်သည့် အင်တာနက်မှာတဆင့် အလှူငွေတောင်းခံခြင်း၏ အောင်မြင်မှုမှာ သတိပြုမိလောက်စရာ ဖြစ်သည်။ များပြားသော နိုင်ငံရေးအုပ်စုများသည် ၎င်းတို့၏ ရည်မှန်းချက် တာဝန်ကို ထမ်းဆောင်ရန်အတွက် စည်းရုံးခြင်း နည်းလမ်းအသစ်တစ်ခု ရရှိအောင်မြင်ရန်အတွက် အင်တာနက်ကို အသုံးပြုပြီး အင်တာနက် လှုပ်ရှားပြောင်းလဲရေး ကို ပေါ်ထွက်လာစေသည်။
 
အီရန်၊ မြောက်ကိုရီးယား၊ မြန်မာ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် ဆော်ဒီအာရေးဗီးယား တို့ကဲ့သို့သော အချို့သောအစိုးရများသည် ၎င်းတို့၏နိုင်ငံများတွင် အများပြည်သူများ အင်တာနက်ပေါ် ဝင်ရောက်ကြည့်နိုင်သော အကြောင်းအရာများ အထူးသဖြင့် နိုင်ငံရေးနှင့် ဘာသာရေးတို့ ပါဝင်သည့် အကြောင်းအရာများကို ကန့်သတ်ထားသည်။ဒိုမိန်းနှင့် ပါဝင်သော အကြောင်းအရာများကို စစ်ထုတ်သော ဆော့(ဖ်)ဝဲမှတဆင့် ယင်းကိိုယင်းကို အထမြောက်အောင် လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် အသေးစိတ်စီစဉ်ပြီး ဥပါယ်တံမျဉ်ဖြင့် ကျော်လွှားနိုင်အောင် မပြုလုပ်လျှင် ၎င်းတို့ကို လွယ်ကူစွာ ဝင်ရောက်ကြည့်နိုင်လိမ့်မည် သို့မဟုတ် ရယူနိုင်မည် မဟုတ်ပေ။ နော်ဝေ၊ ဒိန်းမတ်၊ ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့တွင် အဓိက အင်တာနက် ဝန်ဆောင်မှု ထောက်ပံ့သူများက ဥပဒေအဖြစ် ပြောင်းလဲသွားသော အစီအစဉ်များကို ရှောင်ရှားရန်အတွက် အာဏာပိုင်များ စာရင်းပြုစုထားသော ဆိုဒ်များသို့ ဝင်ရောက်ကြည့်ရှုနိုင်ခွင့်ကို ကန့်သတ်ရန် မိမိတို့ဆန္ဒအလျောက် သဘောတူညီခဲ့ကြသည်။ ဤပိတ်ပင်တားဆီးထားသော URLများ စာရင်းတွင် သိပြီးဖြစ်သည့် ညစ်ညမ်းသော ကလေးစာပေနှင့်စာပေနှင့် ဓါတ်ပုံဆိုဒ်များ ပါဝင်သည်ဟု မျှော်လင့်ရပြီး စာရင်းတွင်ပါဝင်သည့် အကြောင်းအရာများကို လျှို့ဝှက်ထားရှိသည်။
 
အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံအများအပြားတွင် အင်တာနက်မှ တဆင့် ညစ်ညမ်းသော ကလေးစာပေနှင့်ဓါတ်ပုံများ ကဲ့သို့သော အကြောင်းအရာ ပစ္စည်းများကို ပိုင်ဆိုင်ခြင်း သို့မဟုတ် ဖြန့်ဖြူးခြင်းတို့ကို ဆန့်ကျင်သည့် ဥပဒေများကို ပြဋ္ဌာန်းထားသည်။ သို့သော် စစ်ထုတ်သော ဆော့(ဖ်)ဝဲကိုမူ ပြဋ္ဌာန်းထားခြင်း မရှိပါချေ။ အခမဲ့သော်လည်းကောင်း၊ စီးပွားရေးအရ သော်လည်းကောင်း ရရှိနိုင်သည့် ပါဝင်သော အကြောင်းအရာများကို ထိန်းချုပ်သည့်ဆော့(ဖ်)ဝဲ (content-control software) ခေါ် ဆော့(ဖ်)ဝဲ ပရိုဂရမ်များ များစွာရှိသည်။ ထိုဆော့(ဖ်)ဝဲဖြင့် ကွန်ပျူတာတစ်လုံးချင်းစီ သို့မဟုတ် ကွန်ယက်များတွင် တိုက်ခိုက်လာသော ဝက်(ဘ်)ဆိုဒ်များကို ပိတ်ပစ်ရန် အသုံးပြုသူတစ်ဦးက ရွေးချယ်နိုင်သည်။ ညစ်ညမ်းသော ပစ္စည်းများ သို့မဟုတ် အကြမ်းဖက်မှု သရုပ်ဖော်ပုံများကို ကလေးများ ဝင်ရောက်ကြည့်နိုင်မှုအား ကန့်သတ်ရန်အတွက်ဖြစ်သည်။
 
အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံအများအပြားတွင် အင်တာနက်မှ တဆင့် ညစ်ညမ်းသော ကလေးစာပေနှင့်ဓါတ်ပုံများစာပေနှင့်ဓါတ်ပုံများ ကဲ့သို့သော အကြောင်းအရာ ပစ္စည်းများကို ပိုင်ဆိုင်ခြင်း သို့မဟုတ် ဖြန့်ဖြူးခြင်းတို့ကို ဆန့်ကျင်သည့် ဥပဒေများကို ပြဋ္ဌာန်းထားသည်။ သို့သော် စစ်ထုတ်သော ဆော့(ဖ်)ဝဲကိုမူ ပြဋ္ဌာန်းထားခြင်း မရှိပါချေ။ အခမဲ့သော်လည်းကောင်း၊ စီးပွားရေးအရ သော်လည်းကောင်း ရရှိနိုင်သည့် ပါဝင်သော အကြောင်းအရာများကို ထိန်းချုပ်သည့်ဆော့(ဖ်)ဝဲ (content-control software) ခေါ် ဆော့(ဖ်)ဝဲ ပရိုဂရမ်များ များစွာရှိသည်။ ထိုဆော့(ဖ်)ဝဲဖြင့် ကွန်ပျူတာတစ်လုံးချင်းစီ သို့မဟုတ် ကွန်ယက်များတွင် တိုက်ခိုက်လာသော ဝက်(ဘ်)ဆိုဒ်များကို ပိတ်ပစ်ရန် အသုံးပြုသူတစ်ဦးက ရွေးချယ်နိုင်သည်။ ညစ်ညမ်းသော ပစ္စည်းများ သို့မဟုတ် အကြမ်းဖက်မှု သရုပ်ဖော်ပုံများကို ကလေးများ ဝင်ရောက်ကြည့်နိုင်မှုအား ကန့်သတ်ရန်အတွက်ဖြစ်သည်။
အင်တာနက် စတင်ပေါ်ပေါက်သည့် အချိန်မှစ၍ ၎င်းသည် အပန်းဖြေလှုပ်ရှားမှုအတွက် အဓိကကဏ္ဍ ဖြစ်လာခဲ့သည်။ တက္ကသိုလ်ရှိ ဆာဗာများပေါ်တွင် MUDs နှင့် MOOs များကဲ့သို့ လူမှုရေး စမ်းသပ်ချက်များကိို ဖျော်ဖြေတင်ဆက်ခဲ့ပြီး၊ ဟာသနှင့် ဆိုင်သော Usenet အုပ်စုများသည် ဝင်ရောက်ကြည့်ရှုသူ အလွန်များပြားခဲ့သည်။ ယနေ့တွင်၊ များပြားစွာသော အင်တာနက် ဆွေးနွေပွဲ ဖိုရမ်များ တွင် ကစားနည်းများနှင့် ဟာသဗီဒီယိုများသီးသန့် ခွဲခြားထားသော အခန်း ကဏ္ဍများပါဝင်သည်။ Flash movies ပုံစံဖြင့် ကာတွန်းကား အတိုလေးများမှာလည်း ရေပန်းစားသည်။ သုံးစွဲသူ ၆ သန်းကျော်မှာ ဘလော့ဂ်များနှင့် သတင်းကြော်ငြာဘုတ်များကို ဆက်သွယ်ရေးနှင့် စိတ်ကူးစိတ်သန်းများကို ဖလှယ်ရေး အတွက် အသုံးပြုကြသည်။ ညစ်ညမ်းသော စာပေဓါတ်ပုံများနှင့် လောင်းကစား လုပ်ငန်းများမှာလည်း World Wide Web အပေါ်တွင် အခွင့်အရေးယူခဲ့ပြီး၊ အခြားသော ဝက်(ဘ်)ဆိုဒ်များအတွက် ကြော်ငြာခြင်းမှ ရရှိသောဝင်ငွေ၏ အရေးပါသောအရင်းအမြစ် တစ်ခုအဖြစ် ပံ့ပိုးပေးသည်။ [ကိုးကားရန်လိုအပ်သည်] အစိုးရ အများအပြားသည် ထိုလုပ်ငန်းနှစ်မျိုး၏ အင်တာနက် အသုံးပြုမှုကို ကန့်သတ်ရန် ကြိုးစားအားထုတ်ခဲ့သော်လည်း၊ ယင်းတို့၏ ပျံ့နှ့ံ ရေပန်းစားမှုကို တားဆီးရာတွင် ယေဘုယျအားဖြင့် အောင်မြင်မှု မရှိခဲ့ပါချေ။
 
အင်တာနက် စတင်ပေါ်ပေါက်သည့် အချိန်မှစ၍ ၎င်းသည် အပန်းဖြေလှုပ်ရှားမှုအတွက် အဓိကကဏ္ဍ ဖြစ်လာခဲ့သည်။ တက္ကသိုလ်ရှိ ဆာဗာများပေါ်တွင် MUDs နှင့် MOOs များကဲ့သို့ လူမှုရေး စမ်းသပ်ချက်များကိိုစမ်းသပ်ချက်များကို ဖျော်ဖြေတင်ဆက်ခဲ့ပြီး၊ ဟာသနှင့် ဆိုင်သော Usenet အုပ်စုများသည် ဝင်ရောက်ကြည့်ရှုသူ အလွန်များပြားခဲ့သည်။ ယနေ့တွင်၊ များပြားစွာသော အင်တာနက် ဆွေးနွေပွဲ ဖိုရမ်များ တွင် ကစားနည်းများနှင့် ဟာသဗီဒီယိုများသီးသန့် ခွဲခြားထားသော အခန်း ကဏ္ဍများပါဝင်သည်။ Flash movies ပုံစံဖြင့် ကာတွန်းကား အတိုလေးများမှာလည်း ရေပန်းစားသည်။ သုံးစွဲသူ ၆ သန်းကျော်မှာ ဘလော့ဂ်များနှင့် သတင်းကြော်ငြာဘုတ်များကို ဆက်သွယ်ရေးနှင့် စိတ်ကူးစိတ်သန်းများကို ဖလှယ်ရေး အတွက် အသုံးပြုကြသည်။ ညစ်ညမ်းသော စာပေဓါတ်ပုံများနှင့် လောင်းကစား လုပ်ငန်းများမှာလည်း World Wide Web အပေါ်တွင် အခွင့်အရေးယူခဲ့ပြီး၊ အခြားသော ဝက်(ဘ်)ဆိုဒ်များအတွက် ကြော်ငြာခြင်းမှ ရရှိသောဝင်ငွေ၏ အရေးပါသောအရင်းအမြစ် တစ်ခုအဖြစ် ပံ့ပိုးပေးသည်။ [ကိုးကားရန်လိုအပ်သည်] အစိုးရ အများအပြားသည် ထိုလုပ်ငန်းနှစ်မျိုး၏ အင်တာနက် အသုံးပြုမှုကို ကန့်သတ်ရန် ကြိုးစားအားထုတ်ခဲ့သော်လည်း၊ ယင်းတို့၏ ပျံ့နှ့ံပျံ့နှံ့ ရေပန်းစားမှုကို တားဆီးရာတွင် ယေဘုယျအားဖြင့် အောင်မြင်မှု မရှိခဲ့ပါချေ။
အင်တာနက်ပေါ်တွင် အပန်းဖြေလှုပ်ရှားမှု၏ အဓိကနယ်ပယ်တစ်ခုမှာ ကစားသူများစွာပါ်သောကစားသူများစွာပါ၀င်သော ကစားနည်း (multiplayer gaming) ဖြစ်သည်။ ဤသို့ အပန်းဖြေသည့် ပုံစံမှာ တစ်ယောက်ထက်ပို၍ ကစားနိုင်သော ကစားနည်း၏ အမြန်ဆုံးနှုန်းကမ္ဘာကို နှစ်ခြိုက်ကြသော အသက်အရွယ်မရွေး၊ လူမျိုးမရွေးတို့ပါဝင်သည့် လူ့အဖွဲ့အစည်းများကို ဖန်တီးပေးသည်။ ယင်းတို့မှာ MMORPG မှသည် မိမိမြင်ကွင်းမှ ပစ်ခတ်ကစားရခြင်း (first-person shooters) အထိ၊ ကိုယ်တိုင်ပါဝင်ကစားရသော ကစားနည်းများ (role-playing games) မှ အွန်လိုင်းကစားနည်းများ အထိ အမျိုးအစား ကွဲပြားသည်။ အင်တာနက်ပေါ်တွင် ၎င်းတို့၏ အားလပ်ချိန်များကို အသုံးပြုရာ၌ လူအပေါင်းတို့ တစ်ဦးနှင့် တစ်ဦး အပြန်အလှန် ဆက်သွယ်သည့်နည်းလမ်းကို တော်လှန်ခြင်း ဖြစ်သည်။ ၁၉၇၀ ပြည့်လွန်နှစ်များ ဝန်းကျင်ကတည်းကပင် အွန်လိုင်းကစားနည်းများ ရှိခဲ့စဉ် [ကိုးကားရန်လိုအပ်သည်] ခေတ်သစ် အွန်လိုင်း ကစားနည်းပုံစံများမှာ GameSpy နှင့်Mplayer ကဲ့သို့ အသင်းဝင်ခြင်း ဝန်ဆောင်မှုများနှင့် စတင်ခဲ့သည်။ အသင်းဝင် မဟုတ်သူများမှာ အချို့သော ကစားနည်းပုံစံများ သို့မဟုတ် ကစားနည်းများသို့ ကန့်သတ်ထားသည်။ လူအများအပြားသည် တေးဂီတ၊ ရုပ်ရှင်နှင့် အခြားသော နှစ်သက်ရာနှင့် စိတ်အပန်းဖြေရာ အလုပ်များကို ဝင်ရောက်အသုံးပြုရန်နှင့် ဒေါင်းလုဒ်ဆွဲချရန် အင်တာနက်ကို သုံးသည်။ ဤသို့သော လုပ်ဆောင်မှုများ အားလုံးအတွက် ဗဟိုမှထိမ်းချုပ်သော ဆာဗာများကို အသုံးပြုပြီး ဂုဏ်ရည်တူ နည်းပညာများကို ဖြန့်ဝေပေးသည်။ ယင်းအရင်းအမြစ် အချို့တို့သည် အခြားအရာများအနက် မူရင်းအနုပညာရှင်များ၏ မူပိုင်ခွင့်ကို လေးစားခြင်းဖြင့် ပိုမို ဂရုစိုက် လုပ်ဆောင်ကြသည်။
 
သတင်းများ၊ ရာသီဥတုနှင့် အားကစား အစီရင်ခံချက်များအား ဝင်ရောက်ကြည့်ရှုရန်၊ အားလပ်ရက်အပန်းဖြေခရီး စီစဉ်ခြင်းနှင့် လက်မှတ်ကြိုတင်ဝယ်ခြင်း၊ ၎င်းတို့ စိတ်ဝင်စားစရာများ ပိုမိုရှာဖွေခြင်းတို့အတွက် World Wide Web ကို လူအများက ရရှိသုံးစွဲကြသည်။ ကမ္ဘာအနှံ့ရှိ မိတ်ဆွေအပေါင်းအသင်းများနှင့် အဆက်အသွယ်မပြတ် ရှိစေရန်အတွက် စကားပြောခြင်း၊ သတင်းပို့ခြင်းနှင့် အီးမေး(လ်)ပို့ခြင်းတို့ကို လူအများ အသုံးပြုကြပါသည်။ အချို့တို့မှာ ယခင်က စာရေးမိတ်ဆွေများ ထားသကဲ့သို့ နည်းလမ်းတူသည်။ အသုံးပြုသူများသည် ယင်းတို့၏ ဖိုင်များနှင့် ဆက်တင်များကို အင်တာနက်မှတဆင့် ဆက်သွယ်ရရှိနိုင်သော ဝက်(ဘ်)ဒက်(စ်)တော့(ပ်) အရေအတွက်များ တိုးပွားလာသည်ကို အင်တာနက်က တွေ့ကြုံရသည်။