ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +...
စာကြောင်း ၅ -
 
==သမိုင်းကြောင်း==
[[နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့|ပြည်ထောင်စုမြန်မာနိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့]]၏ ၁၉၉၂ခုနှစ်၊ ဇန်နဝါရီ (၂၉)ရက်နေ့တွင် ထုတ်ပြန် သော အမိန့်ကြော်ငြာစာအမှတ်၊ (၁၀/၉၂)ဖြင့် နိုင်ငံတော်၏ စီးပွားရေး၊ တည်ဆောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်း ဆက်သွယ်ရေး လုပ်ငန်းများကိုပိုမိုထိရောက် အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနကို [[ပို့ဆောင်ရေးဝန်ကြီးဌာန]]၊ [[ရထားပို့ဆောင်ရေး ဝန်ကြီးဌာန]]နှင့် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနဟူ၍ ၀န်ကြီးဌာနဝန်ကြီးဌာန (၃)ခုအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ၁၉၉၂ခုနှစ်၊ ဖေဖော်ဝါရီ(၃)ရက်နေ့တွင် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနကို [[မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန]]၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တို့ဖြင့်ဖွဲ့စည်းခဲ့သည်။ ၁၉၉၉ခုနှစ်၊ ဩဂုတ်လ (၁၉)ရက်နေ့တွင်ကျင်းပသော အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(၃၀/၉၉)တွင် ဆုံးဖြတ်ချက် အရ၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနအား ၁၉၉၉ခုနှစ်၊ ဩဂုတ်လ(၂၀)ရက်နေ့တွင် ပို့ဆာင်ရေးဝန်ကြီးဌာန ကြီးကြပ်မှုအောက် သို့လွှဲပြောင်းပေးခဲ့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ၉-၁၁-၂၀၁၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၈၃/၂၀၁၂)ဖြင့် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနအား '''ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာန''' အဖြစ် ပြည်ထောင်စုဝန်ကြီးဌာနအမည်ကို ပြောင်းလဲသတ်မှတ်ခဲ့သည်။ <ref>[http://www.president-office.gov.mm/?q=briefing-room/notifications/2012/11/10/id-1780 နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ အမှတ်(၈၃/၂ဝ၁၂)]</ref>